အမှိုက်များ

တို့အိမ်သန့်ရှင်း၊ လှပခြင်းတွက်
လှဲကျင်းလိုက်သော အမှိုက်ပုံ။

အမှိုက်ပုံကား၊ ကြီးထွားပေါင်းစု
တစ်ခုအင်အားဖြစ်လာခဲ့။

ခြင်,ယင်,ပုရွက်၊ ခြ,လောက်တက်၍
ပုပ်လျက်သိုးနံ့၊ ၀န်းကျင်ဖြန့်လျက်
မဆန့်ဗိုင်းရပ်(စ)၊ ထပ်ထပ်တိုးလာ
ရောဂါမျိုးဆောင်၊ တဟောင်ဟောင်တည့်။

ဘက်တီးရီးယား၊ အနီးနားမှာ
တို့များအသက်ပင်၊ ရန်ရှာချင်နေ
မြေတပြင်တည်း၊ ကြည့်မြင်လက်ပိုက်
ချိန်မီလိုက်ကာ၊ မနှိမ်ပါက
ကြီးစွာအန္တရာယ်၊ ပုန်းခိုတွယ်လိမ့်။။

စွန့်ပစ်အမှိုက်ပုံ
ခြအုံလိုပွား၊ “ပွဲကြည့်”ထားမလား
မြေသားကျင်းနက်၊ မြှုပ်လျက်သင်္ဂြိုဟ်
အမြစ်ကိုဖြတ် ဇာတ်သိမ်းမလား။

ဗိုင်းရပ်(စ)ပိုးမွှား၊ မပြန့်ပွားအောင်
ဓါတ်အားလောင်စာ၊ ၀ိုင်းကျွေးကြမလား။

ကဲ အမှိုက်ပြဿနာ၊ တို့ပြဿနာဟု
မြန်စွာရှင်းရန် ချိန်တန်ပြီ။

စစ်တွေပွင့်လွှာ

အောင်တံခွန်ဝံသရက္ခိတမဂ္ဂဇင်း အတွဲ(၆)၊ အမှတ်(၂) မှ-

No comments:

Post a Comment