တရားကိုသွေးပြီး
သားကိုထွေးနေရုံနဲ့ မရတော့ဘူး။
ကြည့်လေ... နေစရာမြေသာမက
ငါတို့ဘ၀တွေကိုပါ ၀င်လု
ရှင်သန်မှုအသက်တွေကိုပါ ၀င်လု
ဘာကိုမှ ဂရုမထား
ငါတို့သွေးသားတွေကိုလည်း ၀င်လု
ဘိုးဘေးအစဉ်အဆက်
မပျက်တဲ့ ယဉ်ကျေးမှုတွေကိုလည်း ၀င်လုနေကြ
ရောမအင်ပါယာထဲက နီရိုးဘုရင်လိုမျိုး
ခင်ဗျားကော တယောထိုးနေနိုင်အုံးမလား။
တိုင်းရင်းသားဆို ရိုင်းပင်းသွားဖို့အသင့်
ချင့်ချိန်ကြည့်လေ...
မိမွေဖမွေ ဖဲ့ဖြိုဖို့၊ ခေါင်လျှိုလို့ တိုးဝင်လာ
ခန္ဓာကိုယ်ပါ ဆံ့အောင်ချဲ့၊ ငါတို့ သတိတစ်ချက်မဲ့ရုံမျှနဲ့
ဘလက်ဟိုး (Black hole)ထဲကျသလို
ဘ၀ပျက်သွားနိုင်တယ်နော်။
ဘာလဲ အာရကန်သွေး
စွေးစွေးနီသတဲ့လား
ဒီပဲယင်းဝန်ထောက် ဦးမြဲရဲ့စကား
နှလုံးသားထဲမှာ မြဲမြဲခတ်နှိပ်ထားကြ
“လူမျိုမှ လူမျိုးပျောက်”ဆိုတာလေ။
လခြမ်းမြေတဲ့ ဘိုးဘေးတွေရဲ့ အမွေပ
လခြမ်းဆိုတာ ခြမ်းရာက ပြည့်နိုင်သလို
ခြမ်းရာက ပဲ့ပဲ့သွားရင်းပျောက်
လမဲ့ညလည်း ရောက်သွားနိုင်တယ်နော်။
ငါ့သဘောက လခြမ်းမြေမဟုတ်
“ဆန်းလမြေ”
ဆန်းလဆိုတာ အကျအပဲ့အပြိုမရှိ
တတိတိပြည့်ပြည့်သွားရင်း
အားပြင်းပြင်းနဲ့ အလင်းပေး
အမြဲသတင်းမွှေးနေရမယ့် ရခိုင်မြေ။
မောင်နှစ်သိမ့်(တောင်ကုတ်)
အောင်တံခွန် ၀ံသရက္ခတမဂ္ဂဇင်း အတွဲ(၆)၊ အမှတ်(၂)မှ-
No comments:
Post a Comment