သံစဉ်ချိုမြ လေးတောင်ည - Group












VCD Cover

၀၁။ ရွှေရောင်အိပ်မက်
၀၂။ ဒေဘ၀ကို
၀၃။ ညီညွတ်ကတ်ပါမေ

၀၄။ အိမ်ပြန်ချိန်
၀၅။ ဗျာလ်
၀၆။ ဖြူစင်အလွမ်း

၀၇။ အိမ်အပြန်
၀၈။ စက်တင်ဘာကိုး
၀၉။ ၀ဋ်ကြွီး

၁၀။ ရက္ခိုင်ကမ်းခြီ
၁၁။ မပျော်နိုင်
၁၂။ လေးဝတီသား

အမွီ - Group

VCD Cover
၀၁။ အမွီ
၀၂။ မောင်တော

၀၃။ ဆုပန်မေ
၀၄။ ဂေါရီ
၀၅။ လှည့်စား

၀၆။ ရခိုင်သူ
၀၇။ top 8 my top ထိပ်
၀၈။ ငါ့ကြယ်စင်

၀၉။ တောင်းဆု
၁၀။ တဒင်္ဂအလွမ်း
၁၁။ ၀ဋ်လည်မေ

၁၂။ ပကာသန
၁၃။ အမောင်
၁၄။ မာယာ

ရခိုင်လူမျိုးနှင့် အမျိုးဘာသာ သာသနာ - ရက္ခ

အမျိုးသီလ၊ နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်
ရက္ခိုင်နာမ၊ ဘွဲ့မည်လှဖြင့်
အနွတ္တသညာ၊ ခေါ်အပ်ရာတည်း
(အသျှင်နဂိန္ဒ မော်ကွန်း၊ ဦးရွှေဇံ(ကျမ်းကိုး)

ရခိုင်လူမျိုးတို့သည် အမျိုးသီလ နှစ်ဌာနကို ရာဇ၀င်တင့်အောင်၊ သမိုင်းလှပအောင် ခေတ်အဆက်ဆက်တို့၌ မျိုးရိုးစဉ်ဆက်မပြတ် လက်ဆင့်ကမ်းထမ်းရွက်လာခဲ့ကြသော လူမျိုးဖြစ်သည်။ ရခိုင်လူမျိုးတို့၏ အမျိုးဂုဏ်၊ သီလသမာဓိဂုဏ်နှင့် ထေရ၀ါဒ ဗုဒ္ဓသာသနာအပေါ် သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့ကြမှုများသည် ရခိုင် သမိုင်း ခေတ်အဆက်ဆက်တွင် စီးနေသော မြစ်ချောင်းရေတို့ပမာ အလျင်မပြတ်ရှိခဲ့သည်။ လှပသော၊ ဂုဏ်တင့်သော သမိုင်းတစ်ခုကို ဖြစ်စေခဲ့သည်။

မခင်ပု (သို့မဟုတ်) "လူတစ်ယောက် ဘ၀နှစ်ခု"

၁၉၆၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတွင် ရွှေတံဆိပ် (၄)ခု ပိုင်ရှင်

မခင်ပုကို ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် သရွဲ (မယ်ဇလီကိုင်း) ကျေးရွာ၌ အဘဦးငချိန်၊ အမိ ဒေါ်ပသိမ်တို့မှ (၁၃၁၅)ခု နတ်တော်လဆန်း(၈)ရက် (၁၄-၁၂-၁၉၅၃) တနင်္လာနေ့တွင် မခင်ပုကို မွေးဖွားခဲ့သည်။ မွေးချင်း ခုနစ်ယောက်အနက် ငယ်စဉ်ကပင် ခုံပေါက်ပြေးလွှားကစားခြင်းကို ၀ါသနာထုံခဲ့သည်။ မိဘများ ကျောက်ဖြူ မြို့သို့ ပြောင်းရွှေ့လာသောအခါ ကျောက်ဖြူမြို့တွင် အစိုးရ အခြေခံပညာအထက် တန်းကျောင်း၌ ပညာသင် ကြားခဲ့သည်။

နွယ် (စစ်တွေ)၊ ကဗျာဆရာမ

ကဗျာဆရာမ နွယ်(စစ်တွေ)၏ ကဗျာများကို မြန်မာစာပေ ချစ်မြတ်နိုးသူတိုင်း နှစ်သက် မြတ်နိုးကြ သည်။ နွယ် (စစ်တွေ)ကား အမိမြေကို ချစ်မြတ်နိုးသူ၊ ကလောင်လက်နက်စွဲကိုင်လျက် စစ်ထွက်ခဲ့သူ ကဗျာ ဆရာမတစ်ဦးပင် ဖြစ်ပါသည်။

နွယ်(စစ်တွေ)ကို (၂၄)ရက်၊ မေလ၊ (၁၉၃၂)ခုနှစ်တွင် စစ်တွေမြို့၌ ဦးအောင်ထွန်းဦး၊ ဒေါ်စိန်ပုတို့က ဖွားမြင်ခဲ့သည်။ အမည်ရင်းက မအုန်းခင် ဖြစ်သည်။ မအုန်းသည် အသက် (၄)နှစ်အရွယ်ကပင် အစိုးရ ၀န်ထမ်း မိဘများပြောင်းရွှေ့ရာ မြို့ကြီးများသို့ ပြောင်းရွှေ့လိုက်ပါ နေထိုင်ခဲ့ရသည်။ သို့ဖြင့် ပုသိမ်၊ မော် လမြိုင်၊ ပဲခူးမြို့ကြီးများ၌ ပညာဆည်းပူးခဲ့ရသည်။

လူမျိုးနဲ့စာပေ ပျောက်ဆုံးခြင်းနိဒါန်း - ခိုင်လင်း(မေဃ၀တီ)

ကိုယ့်အမျိုးသား ယဉ်ကျေးမှုတွေနေရာမှာ အခြား ယဉ်ကျေးမှုတွေက လွှမ်းမိုးအားကြီးမားလာတာနဲ့အမျှ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ တစတစ ပျောက်ဆုံးသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် မိမိရဲ့အမျိုးသား ယဉ်ကျေးမှုတွေကို အမျိုးသားရေးအသိစိတ်ဓါတ်နဲ့ ထိန်းသိမ်းကာကွယ်တတ်ကြပါတယ်။

ဒေါ်ကြာဇံ

ဂျပန်ခေတ် တော်လှန်ရေး အမျိုးသမီးကြီး ဒေါ်ကြာဇံမှာ စစ်တွေမြို့သူ ဖြစ်ပါသည်။ မိဘများမှာ စစ်တွေမြို့ ၊ ရွှေပြားရပ်နေ သမ၀ါယမ၀န်ထောက် ဦးထွန်းအောင်ကျော်နှင့် ဒေါ်ဒါဦးဖြူတို့ ဖြစ်ကြ၍ ၁၉၁၂ ခု၊ အောက် တိုဘာလ (၄)ရက်တွင် ဖွားမြင်ခဲ့သည်။ မွေးပေါက်ဖော် ငါးဦးအနက် အကြီးဆုံးဖြစ်သည်။

ဒေါ်ကြာဇံသည် ငယ်စဉ်က မန္တလေးမြို့ရှိ ဘီ-တီ-အမ် ဗုဒ္ဓဘာသာအမျိုးသမီး မိန်းကလေးကျောင်း၌ ပညာ သင်ခဲ့သည်။ ထိုစဉ်က ကျောင်းသားသပိတ်များ ပေါ်ပေါက်ချိန်ဖြစ်၍ နိုင်ငံရေးလှုပ်ရှားမှုနှင့် ကြုံကြိုက်သဖြင့် စိတ်ပါဝင်စားမှု စတင်ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုသည်။ မိဘများ စစ်တွေပြောင်းလာသည့်နောက် ကျောင်း ဆရာ ဦးစောဟန် ဘီ-အေ-ဘီ-အီး-ဒီနှင့် အိမ်ထောင်ပြုခဲ့ပြီး ၁၉၄၂ ခုတွင် ဂျပန်များ ၀င်ရောက်လာချိန်၌ ကွယ်လွန်ခဲ့သည်။

လမ်းပြကြယ်

ပုပ္ပါစရိယ မိနှင့်ဖ
လမ်းပြကြယ်ဆိုစွာ
... ... ... ...
ဘာဘာ!
ဒေမြီမှာမွီး
ဒေရီကိုသောက်
မိသားစုအရေး
ချွေးနန့်တည်ဆောက်
စွမ်းရေအား
ချစ်ခြင်း မုန်းခြင်း
ဇာသူကိုလဲ
ဘက်မလိုက်ဘဲ ပွင့်လင်းစွာနန့်
ပြောလိုက်စွာဗျာယ်
ကြမ်းတမ်းခရီး
လမ်းတစ်ဝက်မှာ
မပြိုကွဲအောင် သတ္တိဟိဖို့ 
သားသမီးတိကို မှာကြားခယင့်
သား မြီး မြစ်ရို့
ညီညွတ်စွာနန့်
ပန်းတိုင်ခရီး တည့်တည့်လားဖို့
လက်ချင်းဆက်ဗျာယ် ချီတက်လိုက်ကေ
လမ်းပြကြယ်ဆိုစွာ
ကြိုဆိုနိန်ရေ...
... ... ... ... ...။

ရက္ခ

မြောက်ဦးကဗျာသျှင်များစုစည်းထုတ်ဝေသည့်  FATHER DAY ကဗျာစာအုပ်မှ-

သမိုင်းထဲက အက္ခရာများ - ရက္ခ


ရခိုင်သမိုင်းကို လေ့လာသောအခါ အားရစရာကောင်းသည်မှာ ရခိုင်လူမျိုးတို့၏ ခေတ်ဦးစာပေယဉ်ကျေးမှု ထွန်းကားခဲ့သည်ကို မြင်တွေ့ရခြင်းပင်ဖြစ်သည်။ ရခိုင်နယ်မြေအနှံအပြားတွင် မြေကြီးသက်သေ သမိုင်း ကြွင်းအဆောက်အအုံများ ဘာသာရေးဗိသုကာလက်ရာများဖြစ်သော ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း များ စသည်တို့ အများအပြားတည်ရှိနေကြရာ ၎င်းတို့ကို သေချာသော ခေတ်ကာလ ပြုလုပ်သူအမည်နာမ တို့နှင့်တကွ အက္ခရာစာတင် မှတ်ထားခဲ့ကြသည်ကို တွေ့ရသည်။

မြန်မာ့ဒင်္ဂါးသမိုင်း - သန်းဝင်းလှိုင်


မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်မှစ၍ ဒင်္ဂါးများကို အသုံးပြုကြသည် ဆိုသည်။ မြန်မာ တို့သည် ဒင်္ဂါးဟူသော ဝေါဟာရကို ပါဠိစကားလုံး “ဋင်္က" မှ ထုတ်ယူသုံးစွဲသည်ဟု အဆိုရှိသည်။ “ဘုရင့် တံဆိပ် လက်ရာရှိသောငွေကြေး”ဟု အဓိပ္ပာယ်ရသည်။ အချို့ကလည်း မြန်မာအခေါ် ဒင်္ဂါးသည် သက္ကတ ဘာသာ “တင်္က” ဟူသော စကားလုံးမှ ရွေ့လျောလာသည်ဟု ဆိုသည်။