ပစ္ဆိမကဗျာ (Tape) - Group

ပစ္ဆိမကဗျာ VCD က တေးခြင်း (၁၀)ကို တင်ပီးထားစွာတော့ ကြာပါယာ...
အဂု တင်ပီးထားစွာကတော့ကေ ပစ္ဆိမကဗျာ တိပ်ခွေထဲက တေးခြင်း (၁၄) ပုဒ်ဖြစ်ပါရေ...
VCD ထွက်တုန်းက မပါဖြစ်ခရေ တေးခြင်းကောင်းတိဖြစ်ရေ
* ကမ္ဘာစောင့်တေး - အဖွဲ့
* နှလုံးသားအရင်းအမြစ် - ၀င်းကိုခိုင်
* ချစ်ခြင်းရင်ခုန်သံ - ခိုင်မြတ်မင်း + ခိုင်မိုး + ကိုခိုင်ဇော်
* ဗုဒ္ဓတရား - ၀င်းကိုခိုင်
စရေ တေးခြင်း (၄)ပုဒ်ကို ပြန်ခံစားနိုင်အောင်လို့
ဒေတိပ်ထဲက တေးခြင်းတိကို ပြန်တင်ပီးရခြင်းဖြစ်ပါရေ...
ဒေစီးရီးထဲမှာ အထူးခြားဆုံးအနီနန့်ဆိုကေ အသံကာလာတိတူရေ ခိုင်မြတ်မင်း၊ ခိုင်မိုး၊ ကိုခိုင်ဇော်ရို့ ဆိုထားကတ်တေ ချစ်ခြင်းရင်ခုန်သံ တေးခြင်းဖြစ်ဖို့ထင်ပါရေ... တေးခြင်းထဲမှာ ဇာအပိုဒ်ကို ဇာသူက ဆိုထားရေဆိုစွာကို တေးခြင်းနှစ်သက်တေ အမျိုးတိ ခန့်မှန်းပြီး ပျော်နိုင်ကတ်ပါစီ...

Tape Cover

၀၁။ ကမ္ဘာစောင့်တေး (အဖွဲ့)
၀၂။ ကျွန်းသမသျှေ (ကိုခိုင်ဇော်)
၀၃။ ရင်ခွင်ရတနာ (ခိုင်မိုး)

၀၄။ အနှိုင်းမဲ့အမင် (၀င်းကိုခိုင်)
၀၅။ သူပျော်ဖို့ဆိုကေ (စံမော်သိန်း)
၀၆။ မိုးနတ်သားထွက်ပါလတ် (ခိုင်မြတ်မင်း)

၀၇။ နှလုံးသားအရင်းအမြစ် (၀င်းကိုခိုင်)
၀၈။ တစ်ခါပြန်နမ်းပါ (ခိုင်မိုး)
၀၉။ ၀ီးလွင့်ခြင်း (စံမော်သိန်း)

၁၀။ ချစ်ခြင်းရင်ခုန်သံ (ခိုင်မြတ်မင်း + ခိုင်မိုး + ကိုခိုင်ဇော်)
၁၁။ နှလုံးသားအော်သံ (ကိုခိုင်ဇော်)
၁၂။ ဗုဒ္ဓတရား (၀င်းကိုခိုင်)

၁၃။ ရက္ခဌာနီ (ခိုင်မြတ်မင်း)
၁၄။ ညဥ့်ဝင်စားသူ (၀င်းကိုခိုင်)
၁၅။ Ending Music

ပြည်ထောင်စု၏ ဗိသုကာ (သို့) လွတ်လပ်ရေးဗိသုကာ

၁၉၃၉၊ စက်တင်ဘာ (၉)ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ၊ တစ်နည်းအားဖြင့် ပြည်ထောင်စု တည်ဆောက်ရေးကို မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့်နေ့။ ၂၀၁၀ စက်တင်ဘာ (၉)ရက်ဆိုရင် (၇၁)နှစ် ပြည့်ခဲ့ပြီ။ သူ့ခေတ်က တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တွေကို တနင့်တပိုးကြီး ထမ်းဆောင်ခဲ့တဲ့ လှပတဲ့သမိုင်းတွေဟာ ဘယ်လောက်ပဲကြာကြာ ဆွေးမြေ့မသွား၊ ကွယ်ပျောက်မသွားဘဲ ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။

ဆရာတော်ဦးဥတ္တမရဲ့ သမိုင်းတွေကို အင်အားတွေနဲ့ ချေဖျက်ခြင်းကို ခံနေရပေမယ့် သူ့သမိုင်းကတော့ သမိုင်းအဖြစ် ရှိနေဦးမှာပါ။ ပြောရရင် အနှိမ်ခံသမိုင်းအဖြစ်နဲ့။ ဆရာတော်ဦးဥတ္တမနဲ့ ပက်သက်လို့ စာရေး ဆရာ ပါရဂူက ၁၉၉၆ ခုနှစ် စစ်တွေစာပေဟောပြောပွဲတစ်ခုမှာ "လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ဖြစ်ပေမယ့် နောက်ပိုင်းမှာ ထိုက်တန်တဲ့ အသိအမှတ်ပြုမှု မခံရပါဘူး။ မြန်မာနိုင်ငံမှာ လွတ် လပ်ရေး ကြိုးပမ်းမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော်နှစ်ပါးရှိတယ်။ တစ်ပါးက ဦးဝိစာရ၊ အားလုံးသိတဲ့ အတိုင်း ရွှေတိဂုံဘုရားရှေ့မှာ ကြေးရုပ်တု လုပ်ပြီးထားတယ်။ နောက် ဆရာတော်ဦးဥတ္တမ၊ ဆရာတော် ဦးဥတ္တမဟာ ဦးဝိစာရထက် အဆပေါင်းများစွာ ကြိုးပမ်းလှုပ်ရှားခဲ့တယ်။ ဒါပေမယ့် အသိအမှတ် ပြုမခံရ။ (ဖဆပလ) အစိုးရလက်ထက်မှာ ရွှေတိဂုံဘုရားဘေးက ကန်တိုမန်ပန်းခြံကို ဦးဥတ္တမပန်းခြံလုပ်ပြီးတော့ ဦးဥတ္တမကျောက်ရုပ်တုထားဖို့ အစီအစဉ်ရှိတယ်။ ကျောက်ရုပ်တုတောင် ထုလို့ ပြီးနေပြီ။ အဲဒါ ဘယ်လိုဖြစ် သွားလဲ မသိဘူး။ ဖြစ်မလာခဲ့။ ပန်းပုဆရာ ဦးဟန်တင်ခြံကို ရောက်သွားတယ်။ ကျွန်တော် ဦးဟန်တင်အိမ် ကို ရောက်သွားတယ်။ ရောက်သွားတဲ့ကိစ္စက အိန္ဒိယ သာသနာပြုဆရာတော် စန္ဒြမုနိရုပ်တုကိစ္စကြောင့်ပါ။ ဒီညနေက ဘုရားကြီးမှာ ဆရာတော် စန္ဒြမုနိရုပ်တု တွေ့ခဲ့တယ်။ ဆရာတော်ရုပ်တု ဖြစ်မြောက်ရေးကော်မ တီမှာ ကျွန်တော်ပါတယ်။ ယင်းရုပ်တုကို အိန္ဒိယ ပို့ဖို့။ ဒါပေမယ့် ပို့လို့မရတာကြောင့် ဒီမှာထားတယ်" လို့ ပြောခဲ့ဖူးတယ်။ နိုင်ငံတော် အနေနဲ့ ထိုက်တန်စွာ ဘာကြောင့် အသိအမှတ် မပြုသလဲ။ ကျွန်တော် လေ့ လာဖူးသလောက်ပြောရရင် ရခိုင်တွေကတော့ ဆရာတော်ဦးဥတ္တမဟာ ရခိုင်ဖြစ်လို့ဆိုပြီး ခံယူကြတယ်။

နတ်ပြည်မှာ မိနစ်သုံးဆယ်

ကျွန်တော် နတ်ပြည်ကိုရောက်လို့ လက်က နာရီကိုကြည့်လိုက်တေခါ မိုးထကိုးနာရီ။ နတ်ပြည်ဆိုစွာ စာတိမှာရာ ဖတ်ဖူးစော်ပါ။ အဂုကိုယ်တိုင် ရောက်နီဗျာလ်။

ဟုတ်ကဟုတ်ယင့်လား။ လူတိလုပ်လေ့ လုပ်ထ လုပ်ကတ်တေအတိုင်း ကိုယ့်ဘယ်ဘက်လက်ကို ညာ ဘက်လက်နဲ့ ဆိတ်ကြည့်ရေ။ ကိုယ့်နှာခေါင်းကို ဆိတ်ကြည့်ရေ။ ရင်ဘတ်ကို ဆိတ်ကြည့်ရေ။ ပေါင်ရင်းကို။ ဟုတ်တယ်ဟုတ်။ နာရေ။ ငါ နတ်ပြည်ကို ရောက်နီစွာ သေချာစွာ မီးမလာစွာထက် သေချာသိယင့်။ အဂယောင့် နတ်ပြည်ကို ရောက်နီစွာ မဟုတ်လားယေ။

ရခိုင့်ရိုးရာ ဂန္ထ၀င်ယိမ်းသာခြင်းများ - အဖွဲ့

Audio CD Cover

၀၁။ ရသစုံလီ ရခိုင့်စာပီ (ဦးမောင်သိန်း+မစန္ဒာ+မဥမ္မာ)

၀၂။ ပျော်စရာစုံညီ ရခိုင့်မြီက သုံးရာသီ (ဦးမောင်သိန်း+မစန္ဒာ+မဥမ္မာ)

၀၃။ ဆီမီးတစ်ထောင် ကြာသွပ်ပွဲ (ဦးမောင်သိန်း+စန္ဒာသန်း)

၀၄။ အဇိန်ဇိတ်ကေ (ဦးမောင်သိန်း+စန္ဒာသန်း)

၀၅။ အိမ်ကြီးရခိုင် (ဦးစန်းလွင်+စန္ဒာသန်း)

ဝန်ကြီး ဦးစောလှဖြူ - ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး (ငြိမ်း)

ဖခင် နယ်ပိုင်ဝန်ထောက် ဦးစိန်ဘန်း၊ မိခင် ဒေါ်စောဖြူတို့မှ (၁၅.၃.၁၉၂၂)ခုနှစ် ဘောက်သီးစုရပ်၊ စစ်တွေ မြို့တွင် မွေးဖွားခဲ့သည်။

၁၉၃၈-၃၉ ခုနှစ် စာသင်နှစ်တွင် စစ်တွေမြို့ အစိုးရအထက်တန်းကျောင်းမှ (၁၀)တန်းစာမေးပွဲကို ပထမ ဆု ရွှေတံဆိပ်ဖြင့် အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့ရာ ဒုတိယ ကမ္ဘာ စစ်ကြီး ဖြစ်လာ၍ ကျောင်းပိတ်သည့် ၁၉၄၂ ခုနှစ်တွင် B.Sc (ဓါတုဗေဒ ဂုဏ်ထူးပထမနှစ်)တွင် ပညာ သင်ကြားလျက်ရှိသည်။ ၁၉၄၇-၄၈ ခု စာသင်နှစ်တွင် တက္ကသိုလ်သို့ ပြန်ရောက်လျက် B.Sc ဒုတိယနှစ်၌ သင်ကြားနေစဉ် လေယာဉ်အင်ဂျင်နီယာ ပညာတော်သင်အဖြစ် အရွေးခံရသဖြင့် အင်္ဂလန်သို့ သွားရောက် သင်ကြားခဲ့သည်။