နတ်ပြည်မှာ မိနစ်သုံးဆယ်

ကျွန်တော် နတ်ပြည်ကိုရောက်လို့ လက်က နာရီကိုကြည့်လိုက်တေခါ မိုးထကိုးနာရီ။ နတ်ပြည်ဆိုစွာ စာတိမှာရာ ဖတ်ဖူးစော်ပါ။ အဂုကိုယ်တိုင် ရောက်နီဗျာလ်။

ဟုတ်ကဟုတ်ယင့်လား။ လူတိလုပ်လေ့ လုပ်ထ လုပ်ကတ်တေအတိုင်း ကိုယ့်ဘယ်ဘက်လက်ကို ညာ ဘက်လက်နဲ့ ဆိတ်ကြည့်ရေ။ ကိုယ့်နှာခေါင်းကို ဆိတ်ကြည့်ရေ။ ရင်ဘတ်ကို ဆိတ်ကြည့်ရေ။ ပေါင်ရင်းကို။ ဟုတ်တယ်ဟုတ်။ နာရေ။ ငါ နတ်ပြည်ကို ရောက်နီစွာ သေချာစွာ မီးမလာစွာထက် သေချာသိယင့်။ အဂယောင့် နတ်ပြည်ကို ရောက်နီစွာ မဟုတ်လားယေ။

တဖြည်းဖြည်း ဆိုင်းဘုတ်တစ်ခု ပေါ်လာရေ။ နတ်ပြည်။ သေချာဗျာလ်။ နတ်ပြည်အစစ်။ စားအုန်းဆီရော မထားရေ နတ်ပြည်အစစ်။ ဆိုင်းဘုတ်ကို မော့ပြီးကေ ဖတ်နီခါ နတ်သားတစ်ယောက် ပေါ်လာရေ။

"ဝေ ယောက်ဖဟာလူ၊ အဂုရောက်လာစွာလား... လာ၊ မင်းနီရဖို့ ဘုံဗိမာန်ကို ငါလိုက်ပို့ပီးမေ"
ယာ... နတ်ပြည်မှာ ကန်ဒုကန်ဒါ ပထမဆုံးတွိလိုက်တေ ရက္ခိုင်သား။ ကျွန်တော်က ယင်းနတ်သားကို မိန်းလိုက်ပါရေ။
"အသျှင်နတ်သားက ဇာမြို့ကရောင်"
နတ်သားက ပြန်ပြောပါရေ။
"အကျွန်က မင်းပြားမြို့... ဇယသုခဘုန်းကြီးကောင်းက ဆွမ်းဒကာပါ... မျက်စိကလေ့မှုန်... နားကလည်း မကြား... စကားလည်း ပြောဖို့မတတ်တေ သဘောဆိုခါ။ အကုသိုလ်နည်းလို့ အကျွန်နတ်ပြည်ကို ရောက် လာစွာပါ။ ယောက်ဖဟာလူက ဇာပိုင် နတ်ပြည်ကို ရောက်လာစွာလေ"

ကျွန်တော် မျက်စိနှိပ်ပြီးကေ စဉ်းစားလိုက်တေ။ စစ်တွေ အိုးတန်းရပ်ကွက်က မျက်စိအထူးကုဆီးခန်း ပေါ် ပါလတ်တေ။

"အဲ ကျွန်တော် မိုး မျက်စိအထူးကုဆီးကုခန်းက ဆီးပီးရေ ဆီးထည့်ပီးရလူပါ... တစ်ရက် တစ်ရက် လူနာ တစ်ရာကျော်ကို ဒက်တင်ရွီးပီးရေ ဆီးကိုပီးရေ မျက်စိမှာ ဆီးထည့်ပီးရေ။ ဆီးပီးတိုင်း လူနာမျက်စိမှာ ဆီးထည့်ပီးတိုင်း စေတနာ မေတ္တာနဲ့ ဒေလူနာတိ အယင်ကောင်းပါစီလို့ မေတ္တာပို့ပါရေ။ ယင်းဆီးခန်းမှာ ငါးနှစ်လုပ်ခပါရေ။ ယေဇူးနန့် မေတ္တာပီအိပ်(ခ်ျ)ဒီ ဘွဲ့ရဗျာလ်... ဒေနတ်ပြည်ကို ရောက်လာလတ်စွာ ထင် ပါရေ။ ဒေနတ်ပြည်မှာ အသျှင်နတ်သား နတ်နာမည် ဇာပိုင်ခေါ်ပါလေ"

"ဒေနတ်ပြည်မှာ နတ်သားအားလုံးကို မာတလိခေါ်ပါရေ။ မမှားရအောင် နံပါတ်ပီးထားပါရေ... အကျွန် မာတလိနံပါတ်က (၁၃၅၉၇၃၃၅၉) ဖြစ်ပါရေ။ နောက်တစ်နာရီကေ နတ်သားအကြီးဆုံးနန့် ယောက်ဖဟာ လူကို တွိပီးမေ။ ယင်းခါ နံပါတ်ရလိမ့်မေ။ ယာ... ယောက်ဖလက်မှာ ဇာအထုပ်ချင့်တစ်ထုပ်"

ကျွန်တော် ညာဘက်နန့် ကိုင်ထားရေ အထုပ်ကို ငုံ့ကြည့်ပြီးကေ
"နတ်ပြည်မှာ ၀ယ်လို့ရဖို့က မဟုတ်ထင်လို့ ၀ယ်ခစွာပါ။ ရခိုင်ရိုးမ သွားတိုက်ဆီး၊ မောင်အေးသိန်း ဆီးမဲကြီး၊ ဓည၀တီဦးစောဖြူ ၀မ်းလားပျောက်ဆီး၊ ပုလဲဖြူ သွားအီးသွားကိုက်ပျောက်ဆီး၊ အဘောင် သျှင် ဒေါ်စံဝင်း ၀မ်းကိုက်ပျောက်ဆီး အထုပ်တိပါ"

မင်းပြားနတ်သား နံပါတ်အများကြီးက ကျွန်တော့်ကို မျက်လုံးပြူးဗျာလ် (သူ့မျက်လုံးပြူးနီစွာ စစ်တွေ မြို့၊ ကြေးနန်းရုံးက မိုက်ကရိုဝေးတိုင်က စလောင်းခွက်လောက်ပြူးပါယင့်) ပြောလာစွာက...
"ယာ- ယေက်ဖဟာလူကလေ့ လုပ်ချလာဗျာလ်... ဒေချင့် နတ်ပြည်၊ တစ်ခုလေ့မလို၊ လောဘ၊ ဒေါသ ၊ မောဟ၊ မာန၊ အတ္တ တစ်ခုလေ့မဟိရေ နတ်ပြည်ချင့်၊ အနာရောဂါမဟိရေ နတ်ပြည်ချင့်၊ ဇာလုပ်ဖို့လဲ သွားတိုက်ဆီး၊ ၀မ်းကိုက်ပျေက်ဆီး"

"ကျွန်တော့် အိမ်ရှင်မ ကျွန်တော်ခရီးလားကေ ယက်ပြတ်ထည့်ပီးနီကျ ဆီးတိပါ... အလေ့အကျင့်ဖြစ်နိန်လို့ ကိုင်ပြီးသားပါလတ်စွာ ဟိပါဖို့"

မင်းပြားနတ်သားက ငါးသရွေးမင်းကျားခြောက်ပြုံးရေပိုင် ပြုံးပြပြီးကေ
"သီရေမနားယေ ယောက်ဖဟာလူ... ပိစ် မီးမလို၊ ရီမလို၊ ဆီးမလို၊ ဂါတ်မလို၊ လက်ဖက်ရည်ဆိုင်မလို၊ ကာရာအိုကေဆိုင်မလို၊ ဟမ်းဖုန်းမလို၊ အင်တာနက်ဆိုင်မလို..."

မင်းပြားနတ်သား နံပါတ်အများကြီးက ပါးစကိုဟဗျာလ် လီတစ်စိချေ ရှုလိုက်တေပိုင် လုပ်ပြီးကေ ဆက်ပြောပါရေ။
"ဘောလုံးပွဲမဟိ... နှစ်လုံးမဟိ... သုံးလုံးမဟိ... အရက်ဆိုင်မဟိ... ဂင်ဇာခိုးရောင်းရေဆိုင် မဟိ၊ ဖဲဝိုင်း မဟိ၊ အံစာဝိုင်းမဟိ၊ ကြက်တိုင်ပွဲမဟိ၊ စကတ်နှစ်စိတ်ကွဲမဟိ၊ စကတ်ဒူးပေါ် ပေါင်ပေါ်မဟိ၊ ဘောင်းဘီ ကျပ်ကျပ်ဝတ်တေ ကလိန့်မေချေတိ မဟိ၊ မဟိဆိုကေ ဇာတစ်ခုလည်း မဟိ... နတ်ပြည်ဧရိယာအတွင်းမှာ အီးချမ်းလိုက်တေမှ ရီခဲတုံးကို ဖင်ခုထိုင်ရေပိုင် အီးလို့ကျိုင်လို့မှတ်ထား။ အားလုံး အငွိနန့် စားစွာသောက်စွာ၊ ခံစားစွာတိအားလုံး လက်တွိမဟုတ် အငွိနန့်ကျေးဗျာလ်"
အားလုံးအငွိနန့်ဆိုဝါ။ ကောင်းဖို့သိလားယေ။

နတ်ပြည်ဧရိယာအတွင်းမှာ အီးချမ်းရေအရသာကို ခံစားဖို့ ကျွန်တော်စိတ်ကူးနန့် ရီခဲတုံးထက်မှာ ထိုင် ကြည့်ပါရေ။ ဖင်တိအီးပနာ ကျိုင်ပါလတ်ပါရေ။
"အီးရေ... အီးရေ... ကျိုင်ရေ... ကျိုင်ရေ... နတ်ပြည်ဆိုစွာ အောက်ပိုင်းအီးချမ်းရေ..."
"ဇာတိ ယောင်နီလေ... ထ... ထ... ဘော်ဒါဆောင်မှာ ညဥ့်အိပ်ပျက်တေဆိုပြီးကေ နိန့်ခင်းကြောင်တောင် အိပ်နီစွာ... ဇာလေ အိပ်မက်လား... ဆောင်းခါ အိပ်မက်ဆိုစွာ အရူးချီးပေါက်စွာပိုင် ကိုယ်ပေါက် ကိုယ်ဆဲစွာမျိုး... အရည်မရ အဖတ်မရ... ထဖိ၊ သုံးချက်တီးဗျာလ်... ရီချိုးခီ..."

ကျွန်တော့်အိမ်ရှင်မ အာဗြဲမ နှိုးလိုက်လို့ နတ်ပြည်မှာ နတ်သမီးတစ်ယောက်တောင် မကြည့်ခရ၊ ကောင်း ခန်းကိုလေ့ မရောက်ခ၊ ထဘိန်စုတ် အတိုချေကို အရူးမ ကောက်လို့ ၀တ်ထားရေပိုင်၊ တပိုင်းတလန်း။

နတ်ပြည်ကို မိနစ်သုံးဆယ်လောက် ရောက်ခီစွာတောင် အလှပ ဇီမ်မကျခရ၊ နာရေ။ စိတ်ကိုဖြီပါရေ။ အငွိ့ဆိုလို့...

ဗဂျီးကျော် (စစ်တွေ)
(၂၀၀၉ ခုနှစ်၊ မေလထုတ် လခြမ်းသံစဉ် စာစောင်)

1 comment: