
နေပူတောင်စာတမ်း အပိုင်း(၁)

နေနှင့်လ အမှတ်သညာ မင်္ဂလာ - နန္ဒာထွန်း

နေပူတောင်လွမ်းချင်း - မြင့်ဆွေမောင် (တောင်ဂုတ်)

ဖြစ်တည်ခဲ့အသွင်ပြောင်း
သက်နှောင်းကပ်မြေမဟီဝယ်
ထွက်ပေါ်သည် တွန့်ခေါက်တောင်တန်း။
ဟိမ၀န္တာ၊ အင်းဒိစ်
ရော့ကီးနှင့်အဲ့လ်ပ်ပါအ၀င်
မျက်နှာပြင် ကမ္ဘာတစ်ဝှမ်း
ရှေးယခင်စိမ်းလန်းခဲ့ ရိုးမရခိုင်
သက်တမ်းလည်း တူပြိုင်ပြိုင်။
ပြုံးသိပြုံးသွင် ရခိုင်ကာတွန်းတိ - တက်သစ်အောင်(စစ်တွေ)
ရခိုင်ပြည်နယ် လ.၀.က ဒု-ပြည်နယ်မှူး ဦးသာမြနှင့်တွေ့ဆုံခြင်း

ဟုတ်ကဲ့၊ ကျွန်တော့်ရဲ့မွေးရာ ဇာတိက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ၁၉၅၇ ခုနှစ်မှာ ဒီ လ.၀.က လူဝင်မှု ကြီးကြပ်ရေးမှာ အလုပ်စ၀င်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ထမ်းဆောင်ခဲ့တဲ့ရာထူးကို လူဝင်မှု ကြီးကြပ်ရေးမှူးလို့ ခေါ်ပါတယ်။ မူဆယ်၊ ဗန်းမော်၊ ကောလင်းစတဲ့ ကချင်ပြည်နယ်နဲ့ ရန်ကုန်တို့မှာ တာဝန် ကျပြီးမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ၁၉၆၇ လောက်မှာ ရောက်ရှိလာတာပါ။ ရခိုင်ပြည်နယ်မှာ လက်ထောက်ပြည်နယ်မှူးနှင့် ဒုပြည်နယ်မှူးအဖြစ်နဲ့ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ၈၈ အရေးတော်ပုံမှာ ပါခဲ့တယ်ဆိုပြီး Forced to Retire ပေးခံခဲ့ရတယ်။ ၁၉၉၀ ခုနှစ်မှာမှ ရန်ကုန် ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အခု အသက်(၈၂)နှစ်ရှိပြီ။
ဖရခိုင်သို့ ရာသီစာ - တွေးအိမ်ခိုင်(သံတွဲ)
လူသားချင်းစာနာ
ဒေမြီမှာ နီရာပီးခ။
လူသားချင်း ထောက်ထား
ဒေမြီက ဆန်ရီစပါး၊ ၀ီမျှကျွေးခ။
အယင်ခါကပင်
မြင့်မြတ်တေစိတ်ဓါတ်နန့်
လူသားပီသခရေ။
ဒေမြီမှာ နီရာပီးခ။
လူသားချင်း ထောက်ထား
ဒေမြီက ဆန်ရီစပါး၊ ၀ီမျှကျွေးခ။
အယင်ခါကပင်
မြင့်မြတ်တေစိတ်ဓါတ်နန့်
လူသားပီသခရေ။
ဓါးသွီးကျောက်...ငါ - ဗိုလ်မင်းကျော်သန်းနိုင်

ဆန်းလမြေသား - မောင်နှစ်သိမ့်(တောင်ကုတ်)
တရားကိုသွေးပြီး
သားကိုထွေးနေရုံနဲ့ မရတော့ဘူး။
ကြည့်လေ... နေစရာမြေသာမက
ငါတို့ဘ၀တွေကိုပါ ၀င်လု
ရှင်သန်မှုအသက်တွေကိုပါ ၀င်လု
ဘာကိုမှ ဂရုမထား
ငါတို့သွေးသားတွေကိုလည်း ၀င်လု
ဘိုးဘေးအစဉ်အဆက်
မပျက်တဲ့ ယဉ်ကျေးမှုတွေကိုလည်း ၀င်လုနေကြ
ရောမအင်ပါယာထဲက နီရိုးဘုရင်လိုမျိုး
ခင်ဗျားကော တယောထိုးနေနိုင်အုံးမလား။
သားကိုထွေးနေရုံနဲ့ မရတော့ဘူး။
ကြည့်လေ... နေစရာမြေသာမက
ငါတို့ဘ၀တွေကိုပါ ၀င်လု
ရှင်သန်မှုအသက်တွေကိုပါ ၀င်လု
ဘာကိုမှ ဂရုမထား
ငါတို့သွေးသားတွေကိုလည်း ၀င်လု
ဘိုးဘေးအစဉ်အဆက်
မပျက်တဲ့ ယဉ်ကျေးမှုတွေကိုလည်း ၀င်လုနေကြ
ရောမအင်ပါယာထဲက နီရိုးဘုရင်လိုမျိုး
ခင်ဗျားကော တယောထိုးနေနိုင်အုံးမလား။
အမှိုက်များ

လှဲကျင်းလိုက်သော အမှိုက်ပုံ။
အမှိုက်ပုံကား၊ ကြီးထွားပေါင်းစု
တစ်ခုအင်အားဖြစ်လာခဲ့။
ခြင်,ယင်,ပုရွက်၊ ခြ,လောက်တက်၍
ပုပ်လျက်သိုးနံ့၊ ၀န်းကျင်ဖြန့်လျက်
မဆန့်ဗိုင်းရပ်(စ)၊ ထပ်ထပ်တိုးလာ
ရောဂါမျိုးဆောင်၊ တဟောင်ဟောင်တည့်။


