ရခိုင်သမချေတိက ရခိုင်သားတိကို မကြိုက်ကတ်ပါလာ


အဂုတလောတချို့ရခိုင်သားချေတိမိန်းစွာမိန်းခွန်းတစ်ခုကိုကောင်း ကြုံလာရပါရေ။ အားလုံးကိုမဆိုလိုပါ။မိန်း ခွန်းက"ရခိုင်သမချေတိက ရခိုင် သားချေတိကိုမကြိုက်ကတ်ပါလာ"။အေမိန်းခွန်းအတွက်ဖြေဖို့အဖြေ အကျွန့် မှာအဆင်သင့်ရှိပါရေ။ ယကေလေ့သော့ယင်းအဖြေစွာ မမချေ အားလုံးကိုယ်စားလို့မဆိုနိုင်ပါ။အကျွန်နန့် ထိ စပ်ဆက်နွယ်နိန်ရေထဲက မမချေအများစုကို ခင်မင်ယင်း ၊ပေါင်းသင်းယင်းရလာရေ အခြေချေတိပါ။ အကျွန် ကိုယ်တိုင်လေ့လက်ခံရေ အချက်ချေတိပါ ။

ရခိုင်သမချေတိအတွက် ယောက်ျားချေတစ်ယောက်ရေရခိုင်သားဖြစ်ခါကပင်၄၀%အော်တိုအားသာချက်ရှိခ ပါဗျာယ်။ ရခိုင်သမချေတိက ရခိုင်သားချေတိကိုရာလိုချင်ကတ်ပါရေ။ ယကေလေ့တစ်ဘဝလုံးလက်တွဲလား ဖို့ ယင်းရခိုင်သားချေရေရခိုင်သားဖြစ်နိန်ရုံနန့် တော့ကေတစ်ဘဝစာ မလုံလောက်နိုင်သိဆိုစွာကို လက်ခံနိုင် ကတ်ဖို့ထင်ပါရေ ။

အဂုခေတ်မှာ မမချေအများစုစွာပညာရေးကို တစိုက်မတ်မတ်လိုက်စားပနာကိုယ့်စွာကိုယ်ရပ်တည်နိုင်စွမ်း ပို ရှိလာကတ်ပါရေ။နိုင်ငံတကာမှာ ရင်ဘောင်တန်းပနာ ရပ်တည်လာနိုင်စွမ်းရေယင်းမမချေတိ ရင်ထဲကိုထိုး ဖောက်ဝင်ဖို့ အမောင်ရခိုင်သားချေစွာ"ကကောင်းချစ်ပါရေ၊မြတ်နိုးပါရေ။"ဆိုရေ စကားတစ်ခွန်းတည်းနန့်ရာ ဆိုကေ နောက်ထပ် ၅% ထပ်ပေါင်း (၄၅%)။ ယင်း ၄၅% ကပင် ထပ်တက်လီဖို့ မဟုတ်ပါဗျာယ် ။

လူတစ်ယောက်ကို အထင်ကြီးမိလားကေ၊လေးစားမိလားကေ အခြားအရာတိထက်ထိုးဖေါက်နိုင်စွမ်း ပိုလျင် ပါရေ ။ ယုံကြည်မှုလေ့ ပိုရှိလာပါရေ ။ ယင်းချင့်စွာ ယောက်ျားချေနန့် မမချေကြားမှာမှ မဟုတ် ။ လူကြီး နန့် လူငယ်ကြား ၊ ဆရာနန့် တပည့်ကြား ၊ယောက်ျားချေချင်းချင်း ၊မမချေချင်းချင်းကြားမှာလေ့ယင်းပိုင်ပါဗျာယ်။ ကိုယ့်စွာကိုယ် သုံးသပ်ကြည့်ကတ်ပါမယ် ။ ကိုယ်လေးစားတန်ဖိုးထားရေ လူတစ်ယောက်ကပြော ရေစကား အပေါ်မှာအလေးအနက်ထားမှုနန့် သာမာန်လူတစ်ယောက်က လာပြောရေစကားအပေါ်မှာ အလေးအနက် ထားမှု ။ "ပုဂ္ဂိုလ်ခင်မှ တရားမင်" ဆိုစွာ အေကရလာရေ စကားပုံ မဟုတ်ပါလားယေ ။ ယင်းနည်းတူပါဗျာယ် ကိုယ့်စွာကိုယ်ရပ်တည်နိန်နိုင်ရေ ၊ မိသားစုအတွက် တစ်တပ်တစ်အားဖြစ်နိန်ရေ မမချေတိစွာ နှလုံးသားကို ဦးနှောက်နန့် ချိန်ထိုးတတ်ကတ်ပါရေ ။ သူရို့ကိုမှားရေ၊ဂုဏ်မက်တေ ၊ ငွေမက်တေလို့ ပြောပါဖို့လား ။ နှလုံး သားကို ကိုးကွယ် ၊အချစ်အတွက်အသက်ကိုစွန့်ရေလို့ပြောတတ်ကတ်တေအရွယ်ကိုကျော်လွန်ပနာ ကိုယ့်ကို ကိုယ်ထိန်းကျောင်းနိန်နိုင်ရေ မမချေတိစွာ ချစ်တေ၊ မချစ် ဆိုပနာ တစ်ချက်ချေ ကာလတိုကိုထက် တစ်ဘဝ စာ ခခိုင်မြမြဲလက်တွဲဖေါ်ကိုရာရွီးချယ်ချင်ကတ်ပါရေ။ယင်းချင့်ရေမှန်ကန်ရေလုပ်ရပ်ချေလို့လေ့ လက်ခံထား တတ်ကတ်ပါရေ ။

မမချေတိရဲ့သဘောသဘာဝအရ ဇာလောက်ပင် ထက်မြက်ပနာ တော်ရေမမချေ ဖြစ်လီပါပတ်စီ (မသိစိတ် က) မှီချင်ရေ သဘောရှိပါရေ ။ မှီရေ ဆိုခါကပင် အမှီခံဖို့အရာရေ ကိုယ်မှီနိုင်လောက်တေလို့ယုံကြည်စိတ်ချ နိန်နိုင်ဖို့လိုပါရေ။ ယင်းစိတ်တိကို ပထမဆုံးညို့ငင်ပနာ သိမ်းကြုံးယူလားဖို့စွာက အချစ်ဆိုရေဖွဲ့နွဲ့ရေစကား တိမဟုတ်ပါ။"အထင်ကြီးလေးစားမှု"။အထင်ကြီးလေးစားမှုဆိုစွာ ငွေကြေးကို ဦးတည်စွာမဟုတ်ဆိုစွာကို နား လည်ကတ်ပါလိမ့်မေ ။ ရခိုင်သားကောင်းချေတိ အနေနန့် မမချေတိ အထင်ကြီးလေးစားမှုကို မရယူခင် ပထ မဆုံး ကိုယ့်စွာကိုယ် ယုံကြည်စိတ်ချမှု၊ကိုယ့်စွာကိုယ်လေးစားမှုတိရှိဖို့ အယင်လိုပါလိမ့်မေ။ ကိုယ့်အပြုအမူတိ ကို သူရာအထင်သေးစိတ် စဝင်လားကေ နဂို ၄၅%တောင် အနှုတ်ပြလားနိုင်ပါရေ ။

"ဇာကိုလေ့မလို ၊ အချစ်တစ်ခုရာ ပါပတ်စီ" ဆိုစွာ ဆယ်ကျော်သက် အရွယ် (သို့) တေးခင်းထဲမှာ ကျန်ခ ပါဗျာယ်။ဘဝတစ်ခုလုံးကို ချီတက်လားဖို့အတွက် ကိုယ့်ကို လုံခြုံရေအကာအကွယ်မျိုး ၊တခါတလီကိုယ်လား နိန်ရေ လမ်းကြောင်းမှာ တွေဝေမိလားကေ လမ်းကြောင်းချပီးနိုင်ရေ ဦးဆောင်မှုမျိုး ၊ ကိုယ့်ပင်ပန်းမှုတိကို နှစ်သိမ့်ဖေးမပီးနိုင်ရေ နွီးထွီးမှုမျိုး ၊ ဘဝအတက်အကျတိုင်းမှာ ကိုယ့်လက်ကို နနောင်းကိုင်ပနာ ကိုယ့်ရှိမှာ မားမားမတ်မတ်ကာကွယ်ပီးရေ ရဲရင့်မှုမျိုးတိကို မမချေတိ တောင့်တမိကတ်စွာရာဆိုကေ ယင်းမမချေတိကို မှားရေလို့ စွဲချက်တင်ကတ်ပါဖို့လား ။ ယင်းမမချေတိရေ ကိုယ်နန့် ဘဝတစ်လျှောက်လုံးကို တတူတွဲလားရေ အိမ်ဦးသခင်ကိုရိုသေဝပ်တွားချင်ကတ်ပါရေ ၊ အားကိုးတွယ်တာချင်ကတ်ပါရေ ၊ သူ့အခက်အခဲ ကိုယ့်အခက် အခဲ ဝီမျှယူချင်ကတ်ပါရေ။

ရခိုင်သားချေတိမှာ လေးစားဖို့ကောင်းရေ၊ ထက်မြက်တေ ၊ ကိုယ့်ကျွမ်းကျင်မှုနန့်ကိုယ် တော်ရေ ရခိုင်သား ချေတိ အများကြီး ရှိကတ်ပါရေ ။ မူးလာကေ ဟောင်ဖွါ ဟောင်ဖွါ ရခိုင်သားမှ ရခိုင်သား အမျိုးချစ်တေလို့ အော်တတ်တေရခိုင်သား ၊ လိုအပ်ရေအချိန်မှာ အလုပ်ကြီးကြီးလုပ်ကတ်ကေ ပစ္စလက္ခတ်ဆဲစွာနန့် အယင်စ ပနာသူရို့ဝင်ကူညီရေလို့ ယုံကြည်ကတ်တေရခိုင်သား ၊ လူအများနန့်လုပ်ကတ်ကေ အုပ်စုလုံးတိုင်ပင်နှီးနှော စွာထဲမှာပါမလားပဲ"ကိုယ့်တစ်ယောက်တည်း တစ်မင်း" ရခိုင်သား ၊ ကိုယ်လေ့ ဦးမဆောင် လူများတိ အလုပ် ကို အဆိုးမြင်နန့် ပုံသေကြည့် ဇာနေရာမှာ ဇာပိုင်လို့ ဝေဖန်ကဲ့ရဲ့တတ်တေ ရခိုင်သား ၊ အကောင်းမြင်ဘက် က ကြည့်ပနာအေနေရာချေမှာအေပိုင်ဆိုကေ ပိုကောင်းလားဖို့လားလို့ အကြံပီးတတ်တေ ရခိုင်သား ၊ ဇာပင် လုပ်လုပ် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်စီရေ ရခိုင်သား ၊ အငြင်းအခုံကြိုက်တေ ရခိုင်သား ၊ ဆွေးနွေးမှုကို အပြုသဘောနန့် လက်ခံရေ ရခိုင်သား ။ ရခိုင်သားတိ အများကြီးပါ ။ ကိုယ့်စွာကိုယ်ပဲ ပြန်သုံးသပ်ကတ် ပါမယ် ။

အကျွန်ရို့တိ လေးစားတန်ဖိုးထားရရေ ရခိုင်သားတိ အများကြီးရှိပါရေ ။ ယင်းပိုင် တစ်ယောက်ကို တစ် ယောက် တန်ဖိုးထားလေးစားပနာ ဘဝတစ်ခုကို ခခိုင်မြမြဲတည်ဆောက်လားရေ မိသားစုတိလေ့ အများကြီး ပါရာ ။ ရခိုင်သမချေအများစုလေ့ ရခိုင်သားချေတိထဲကရာ ရွီးချယ်ကတ်ပါလိမ့်မယ် ။ ကိုယ်တန်ဖိုးထားရေ မမချေက ရွီးချယ်လိုက်ခရေ ရခိုင်သားချေ တစ်ယောက်စွာ ကိုယ်မဟုတ်လိုက် ကိုယ်မဖြစ်လိုက်ဖို့စွာကိုရာ စိုးရိမ်စီချင်ပါရေ ။"ရခိုင်သမချေတိကရခိုင်သားတိကိုမကြိုက်ကတ်ပါလာ" လို့ ပြောရေ ရခိုင်သားကောင်းချေ တိအတွက် အကျွန် မိန်းခွန်းအောက်ပီးလိုက်ပါယင့်ကား ......


PS: ဇာသူတစ်ဦးတစ်ယောက်ကိုလေ့ ထိခိုက်စီဖို့ မရည်ရွယ်ပါ ။ ဖတ်လို့ စိတ်ထဲမှာ မကျေမနပ်ဖြစ်ခကတ် ကေလေ့ မဆဲကတ်ဖို့ မေတ္တာရပ်ခံပါယင့် ။

1 comment:

  1. မှတ်သားလောက်ပါသည် ။ မသင်းချို ပြောစော် မှန်ပါေ၇ အစ်ကို ၇ို့ ..မောင်ချေ၇ို့ .. သူငယ်ချင်း၇ို့ .။။။

    ReplyDelete