စစ်တွေလမ်း

စစ်တွေလမ်းတိကို နွီဦးရောက်လာစွာက
မိသားစုပြိုကွဲ မြစ်ဘေးမှာ ဘ၀ပျက်လွမ်းနိန်ပုံမျိုး
ပျိုဖို့ပျင်နီရေ ဒုံနာလမ်းထက်တို့
ဥသြက ရွက်သီတိကို နှင်ချလိုက်တေ ။

စစ်တွေလမ်းတိကို မိုးရောက်လာစွာက
အရက်ယစ်ယစ်နန့် သမီးကိုကွာနှက်နိန်ပုံမျိုး
စုတ်ပဲ့ရေလမ်းတိကို ရီတိဖုံးထားယင့်
အပုပ်တိ အမှိုက်တိ ပွဲတော်ကျလို့ယေ။

လာဗျာယ် ….
ဟိမ၀န္တာဝေသာလီက မြောက်လီလာဗျာယ်
စစ်တွေလမ်းတိကို ဆောင်းရောက်လာစွာက
ပန်လင်တော မိုးထ မိသားစုလမ်းလျှောက်ထွက်လာရေပိုင်
ဂြိုးချေတေးဆိုရေ စိုင်းဒြားမင်းခွာတိ ဟာမိုနီလိုက်လို့ ။

သုံးရာသီမှာ ဆောင်းကိုရာချစ်တေနှလုံးသား
ဇာချင့်တိ မှားခပါလေ
စစ်တွေလမ်းတိမှာ
မိသားစု ဂြိုးငှက်နန့် နှင်းစက်တိရာ
ငါ ဖွဲ့ချင်ရေ ။ ။
        
မောင်ခိုင်အောင်

No comments:

Post a Comment