အိုး...ရက္ခိတရို့


ဘ၀င်မသန့်                          
မပျင်ဝံ့လို့
သဇင်ရနံ့ မရှူထိုက်တေလူတိ...။

အမျိုးစပျောက်
ပိုးကျဖောက်လို့
ရိုးမအောက်ကို မပြန်ဝံ့ရေလူတိ...။

ရင်ဝယ်အမှား
ခင်တွယ်ထားလို့
ပင်လယ်နားကို မလာဝံ့ရေလူတိ...။


အမျိုးသီလ နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင် စောင့်ထိန်းနိုင်မှ
ရခိုင်ပီဟု ၀ိဂြိုဟ်ပြုခ
စာစုသခင် သမိုင်းတွင်ရေ
အသျှင်နာဂိန္ဒ ဆိုဆုံးမဖို့
ဗျာလ္လစီးလို့ လာဗျယ်ထော...။

စစ်တွေ-ညိုသန့်

No comments:

Post a Comment