နွားတစ်ကောင်ပြောပြသော သူ့သမိုင်းကြောင်း

"အမင်... အမင်"လို့ အော်ခေါ်ပြီးကေ ဒေဘ၀ထဲကို အကျွန်ရောက်လာလတ်ပါရေ။ ယှင်းယှင်းပြောရဖို့ ဆိုကေ အသားပါ၊ အရီပါ၊ လုပ်အားပါ ပီးရရေ နွားဘ၀ဆိုပါဖိ။ အဂေါင့်ဂေါင့်ပါလေ... လူတိ ဒေလောက် ရက်စက်တတ်မှန်း အစက အကျွန်မသိခပါ။ အကျွန်အငယ်သျှေခါက အမင့်နို့ချိုကို ၀၀လင်လင် မစို့ခရရေ ဘ၀ပါ။ သခင်က သူရို့လူသားတိအတွက် ဆိုပြီးကေ အမင်ပါးက နို့တိကို ယူကတ်တေ။ အမင်က သူရို့ကို မပီးချင်လို့ ရုန်းကန်လှုပ်ယှားကေလေ့ ဒေလူတိက အမင်ကို ကြိုးနန့် ချိုင်ပြီးကေ သတ်ကတ်ပြန်သိ့ရေ။ အမင်ခမျာ နို့မ၀လို့ အရိုးပြိုင်းပြိုင်းထနီရေ အကျွန့်ကိုကြည့်ပနာ လူတိမသိအောင် သူနို့တိကို ချန်ထား ပြီးကေ အကျွန့်ကို ခိုးတိုက်တတ်ပါသိ့ရေ။

စကေကြီးလာရေအချိန်မာ အကျွန်ဧ့ မျိုးဗီဇကို ဖျက်ပနာ နှာဝကိုလေ့ စူးနန့်ထိုးဗျာ နဖားကြိုး တတ် ကတ်ပြန်ပါရေ။

အေးလေ... သခင်ရို့ လူသားတိစွာ သက်မဲ့ဖြစ်တေ ရုပ်သီးရုပ်ကိုတောင်မှ ကြိုးတပ်ပြီး ကခိုင်းတတ် ကတ်တေဆိုကေ အကျွန့်ပိုင် သက်ဟိဖြစ်တေ မဖြစ်စလောက် နွားသျှေတစ်ကောင် ကိုတော့ ပြောမနီ ချင်ပါဗျာ။ မိုးရာသီရောက်လို့ လယ်ထွန်ကတ်ကေ တချက်သျှေရပ်ပြီး မှက်၊ ခြင်၊ ယင် လိုက်စွာတောင်မှ သခင်က အကျွန့်ကို ဆူရေ ဆဲရေနန့်။ ယေပြီးကေ နောက်ကုန်းကို တဘုန်းဘုန်းနန့် သတ်သိ့ရေ။ အကျွန်ဆိုကေ သခင့်ကို ကြောက်လိုက်စွာလေ နောက်ကိုတောင်မှ လှည့်မကြည့်ဝံ့ပါ။ တစ်ခါ တစ်ခါ "အီရေ" ဆိုပြီးကေ အကျွန့်ကို လိုက်သတ်လို့ ကြောက်အားလန့်အားနန့် ပြီးမိပြီးရာ ပြီးစွာကနီ ခွာကြားကို အပ်ထိုးပြီးကေ ဟတ်တတ်ကွဲလခပါသိ့ရေ။ ယင်းဟင့်နန်ပ မိုးထဖက် မိုးလင်းကေလေ့ လယ်ထွန်ရစွာပါဗျာ။

မိုးနှောင်းကုန်လို့ စပါးပင်သျှေတိ ရွှီရောင်သန်းလာကတ်ဗျာဆိုကေ ကိုယ့်ချွေး၊ သွီး၊ မျက်ရည်နန့် စိုက်ထား ခရေ ဒေစပါးတစ်လုတ်သျှေလောက် မြည့်ကြည့်မေလို့ မကြံလိုက်ပါကေ့။ နွားကျောင်းသားက လှောက်လွဲ ဂွနန့် ပစ်ထည့်လိုက်စွာ ကံကောင်းလို့ မျက်စိမာကျဖို့ တစိသျှေလောက်ရာ လိုရေ။ ယေပြီးကေ နဖား ကြိုးကို ဆောင့်ဆွဲပနာ နှာနုကို ပိတ်သတ်ပစ်လိုက်စွာ ကြယ်တိ၊ လတိမြင်လခပါယင့်။ ဧဂုချိန်ထိ အကျွန့်နှာနုနန့် ရင်ဘတ်ထဲကပင် နာနီတုန်းလို့ ထင်ပါရေ။ အကျွန်ရို့သွီး၊ ချွေး၊ မျက်ရည်နန့် ပေါင်းစပ် ထားရေ ဆန်စပါးတိကို ဇာမဟုတ်တေ ကြက်တိ၊ ၀က်တိ၊ ခွီးတိ၊ ကြောင်တိရာ စားရပြီးကေ ကိုယ်လုပ် ထားစွာ ကိုယ်တစ်လုတ်သျှေစားခီမိလို့ အသတ်ခံရရေ အကျွန်ရို့ဘ၀ စဉ်းစားဖို့ဆိုကေ ၀မ်းနည်းစရာ၊ ရင်နာစရာ၊ ခံပြင်းစရာ တိပါရ။

အကျွန်မှတ်မိပါသိ့ရေ။ အကျွန် ပေါက်စိကလောင်ဘ၀ခါက နို့မွတ်လို့ တဗြဲဗြဲအော်ဟစ် ငိုကြွီးနီရေ အကျွန့်ကို သခင်မက သူ့သားသမီးတိကို ခေါ်လာပြီးကေ "နင်ရို့ ဒေနွားသျှေကို ကြည့်ကတ်။ စာမ တတ်ကေ ဒေနွားပိုင် ဂြိုထွက်လာဖို့၊ အုံးဘတ် မြည်ရဖို့၊ လူတိခိုင်းစွာ အားနုံးလုပ်ရဖို့"လို့ လက်ညှိုး ငေါက်ငေါက် ထိုးပြီးကေ ဆုံးမနီစွာ ကြားသိခရပါရေ။ အမှန်ဆိုကေ အကျွန်ရို့ဘ၀က စာတတ်စွာ မတတ်စွာနန့် မဆိုင်ပါ။ ရှိရီစက်ကံတရား အကြောင်းမလှလို့ရာ ဆိုလိုက်ချင်ပါယင့်။ ဟုတ်ပါရေလေ အကျွန်ရို့ နွားတိဘ၀စွာ သခင်မပြောရေပိုင် လူသားအားနုံးအတွက် အခိုင်းခံနန့် အသားစားခံ သတ်သတ် မွီးဖွားလာကတ်စွာပါ။ ကဗျာဆန်ဆန် ပြောရဖို့ဆိုကေ အဖြည့်ခံတိပါရာ။

မိုးရာသီကုန်လို့ ဆောင်းရာသီရောက်ပြန်ကေလေ့ ထင်းဆွဲ၊ ၀ါးဆွဲ၊ ကောင်လှိုင်းတိုက်၊ အခင်းစိုက်နန့် ဇာမာပါလေး အကျွန်ရို့ နားချိန်ဆိုစွာ။ နွီရာသီရောက်လို့ ပွဲလမ်းသဘင် ဟိခကေလေ့ မြက်ခြောက်သျှေတိ ကို စားပြီးကေ လူတိကို ဂါရီတိုက်ပီး ရပြန်ပါရေ။ ယင်းပိုင် နွီ၊ မိုး၊ ဆောင်း ရာသီသုံးပါးစလုံး လူတိဧ့ အကျိုး ထမ်းပိုင်းယင်းနန့် အကျွန့်အသက် အရွယ်စွာ တဆတ်ဆတ်နန့် အိုမင်းရင့်ရော်လာပါဗျာ။ အမှန်အ တိုင်း ပြောရဖို့ဆိုကေ တက်တုန်းပျိုတုန်းကပိုင် ထွန်အပ်ကိုဆွဲဖို့ အားက မဟိယာပိုင်၊ ဂါရီကိုဆွဲဖို့လေ့ ခါးကမနိုင်ပါဗျာ။ (သခင်ကို ကြောက်လို့ရာ အားတင်းပနာ ဆွဲနီရစွာပါ။)

ယေဒါလေ့ ဖြစ်သရွိအကြောင်း အကောင်းပါရာ။ နွားဖြစ်မှတော့ အလုပ်ကို ကြောက်လို့ ဇာရပါဖို့လေးချင့်။ သခင်ရို့ကြီးပွားကေ ငါလေ့ ၀မ်းဝရေဆိုပိုင် အရိုးကြီကြီ အရီခမ်းခမ်း အကျွန် လုပ်ပီးခပါသိ့ရေ။ ယကေလေ့ နောက်ဆုံးမာ တစ်သက်လုံး စောင့်သိလာရေ သစ္စာနန့် တစ်ဘ၀လုံး ပီးဆပ်ခရေ အကျွန့်ကျေးဇူးကို သခင်ဆပ်လိုက်ပုံက သားသတ်သမားတိပါးမာ အကျွန့်ကို ရောင်းစားလိုက်ပါရေ။ အကျွန်ရို့ ဒုက္ခ၀ဋ်ဆင်းရဲခံပနာ သွီး၊ ချွေး၊ မျက်ရည်နန့် စုပေါင်းဗျာ ထုတ်လုပ်ထားရေ ဆန်ထမင်းနန့် လူသားတိကို တစ်သက်လုံးလုပ်ကိုင် ကျွေးမွီးဖူးခရေ အကျွန်ရို့နွားတိဧ့ အသားနန့် ပေါင်းစပ်ဗျာ စားဝံ့ရေ သခင်ရို့ဧ့ သံမဏိနှလုံးသားကိုတော့ အကျွန် သြချပါယင့်။ ဒေပိုင်အချိန်မာ အမှန်လို့ အကျွန်ရာ လူစကားပြောတတ်ဖို့ဆိုကေ "ဒေအသက်တစ်ချောင်းကိုတော့ခါ အီးအီးဆေးဆေးနန့် သီခွင့်ပီးပါ သခင်"လို့ သခင့်ရှိလားပြီး တစ်ကြိမ်သောဆုကို ဒူးထောက်ဗျာ တောင်းလိုက်ချင်ပါရေထော။ ယကေလေ့ ကံကြမ္မာက မျက်နှာသာမပီးရေအတွက် မျက်ရည်ရာ ကျခပြီးကေ အကျွန့်ပါးစဖျားက ထွက်လာစွာက "အုံးဘတ်" မြည် သံပါရာ။ ဒေဘ၀ ၀ဋ်ကြွီး ဒေမျှနန့်ရာ ကျီပါစီဖိသခင်။ နောက်ဘ၀ဆိုစွာ အဂေါင့်ဂေါင့်ရာ ဟိခဖို့ဆိုကေ ပီးဆပ်သူနန့် ပီးအပ်သူရို့ဧ့ ဘ၀ကို စာနာ နားလည်ပီးရေ သံသရာ ဘုံဘ၀ တစ်ခုခုမာရာ ဖြစ်လိုက်ချင်ပါ ဗျာ။ အမှန်လို့ရာ သျှင်တော်ဘုရား၊ နတ်သိကြား တစ်ပါး ပါးက သီခါနီးဆဲဆဲ ဖြစ်နီရေ အကျွန့်ကို ဆုသျှေ တစ်ခု တောင်းဖို့ အခွင့်အရေးပီးလာဖို့ဆိုကေ "အကျွန်ရို့ နွားတိသည် လူသားရို့ဧ့ သတ်ဖြတ်စားသုံးခြင်း ရန်မှ ကင်းဝီးရပါလို၏" ဆိုရေ ဆုတစ်ခုကိုရာ တောင်းလိုက်ချင်ပါဗျာ။ ယေဇုနန့် အစက အကျွန်ပြောပါရေ မနား။ လူတိ ဒေလောက် ရက်စက်တတ်မှန်း အစက အကျွန်မသိခပါလို့။

ကိုင်... ဒေမာ စဉ်းစားဥာဏ် ဟိပါရေ ဆိုရေ လူ့မိတ်ဆွီ၊ ဒေနိ့ သင်စားလိုက်တေ ထမင်းကကား အကျွန်ရို့ နွားတိ လုပ်စွာမဟုတ်ပါလို့ ဇာသူ ကျိန်ပြောဝံ့ရေလေး...။

မေနှင်းဇော်

{မလေးသျှားနိုင်ငံ ရက္ခ၀ံလက်-ရခိုင်စာပီဖြစ်မြောက်ရေးအသင်းကထုတ်ဝီရေ ရက္ခ၀ံလက်-ရခိုင်အမျိုးသားမဂ္ဂဇိန်း နံပါတ်(၃) က-}

No comments:

Post a Comment