တန်ခိုးရှင်ကလောင်တံ - ဝေသာ

ထိုအယင်ခါက ကလေချေတစ်ယောက်ယှိလတ်။ ယင်းသူ့နာမည်က မောင်လိမ္မာလို့ခေါ်လတ်။ အချေခါ ကပင် အမိပါ အဖပါ သီလားခတ်ပျာလ်ဖြစ်လို့ မောင်လိမ္မာခမာ ထင်းခြွီလို့ ရောင်းလိုရောင်း၊ မြက် ရိတ်လို့ ရောင်းလိုရောင်း၊ ထမင်းတလုတ်ကို ရှာစားရလတ်။ ယေဒါလည်း မောင်လိမ္မာစွာ နာမည်နန့် လိုက်အောင် လိမ္မာလတ်။ သူ့မှာ အထက်သန် အပြင်းပြဆုံး ဆန္ဒတစ်ခု ယှိလတ်။ ယင်းချင့်ကတော့ခါ ပန်းချီဆွဲဖို့ တတ်ချင်စွာလတ်။ ယေဒါလည်း သူ့မှာ ဆန္ဒရာယှိစွာ။ ပန်းချီဆွဲဖို့အတွက် ကလောင်တံချေ တစ်ချောင်းဝယ်ဖို့တောင်မှ ဖဲသာမယှိလတ်။

တစ်ရက်နိခါ ရွာထဲမှာ လျှောက်လားယင်းနန့် ပျန်းချီဆရာကြီး၏ အိမ်ရှိကို ရောက်လားခလတ်။ လမ်းမ ထက်က လှမ်းကြည့်လိုက်တေအခါ ဆရာကြီး ပန်းချီဆွဲနီစွာကို မြင်ရလတ်။ မောင်လိမ္မာလည်း ကြည့်ချင် အားကြီးလို့ အိမ်ထဲကို အသာအသာ ၀င်ပါလားလတ်။

"ကျွန်တော်လည်း ပန်းချီဆွဲဖို့ တတ်ချင်ပါရေ ဆရာကြီး၊ ကျွန်တော့်ကို ကလောင်တံတစ်ချောင်း ငှားပါပ လင့်လို့ မောင်လိမ္မာက ပြောလတ်"

"ဇာချင့်ဝေ... မင်းပိုင် သူတောင်းစားကလား ပန်းချီဆွဲဖို့၊ ထွိန် မအပ်မရာ၊ လားဝေလား"

ပန်းချီဆရာကြီးက မောင်လိမ္မာကို ဟောက်သတ် နှင်ထုတ်ပစ်လိုက်လတ်။ ယေဒါလည်း မောင်လိမ္မာကတော့ခါ အားမလျှော့လတ်။

"ဆင်းရဲကေပင် ပန်းချီဆွဲဖို့ မတတ်ရဗျာယ်လာ၊ ကောင်းယင့်၊ ငါတတ်အောင်လုပ်မေ"လို့ သန္ဓိဌာန်ချ ထားလတ်။

မောင်လိမ္မာရေ ပန်းချီဆွဲဖို့ နိတိုင်းလေ့ကျင့်လတ်။ ထင်းခြွီဖို့ တောင်ကိုတက်ကေ သစ်ကိုင်းခြောက် တစ်ပိုင်းချေ ရှာပနာ မြီပြင်ထက်မှာ ငှက်ရုပ်ချေတိဆွဲလတ်။ မြစ်ချောင်းနားကိုရောက်ကေ လက်ညှိုးကို ရီဆွတ်ပနာ ကျောက်တုံးတိထက်မှာ ငါးရုပ်ချေတိ ဆွဲလတ်။ သူနီရေတဲကိုရောက်ကေ မီးသွီးခဲနန့် ထရံတိ ထက်မှာ ရုပ်ပုံအမျိုးမျိုးဆွဲလတ်။ ယင်းပိုင် ဆွဲစွာဆွဲစွာ ထရံလေးဘက်စလုံးမှာ အရုပ်တိမျိုးစုံ ပြည့်နီလတ်။

ယင်းပိုင်နန့် နိစဉ်နိတိုင်း လေ့ကျာင့်ပါလတ်တေအတွက်ကြောင့် မောင်လိမ္မာစွာ ပန်းချီအတတ်မှာ ကျွမ်း ကျင်ပါလတ်တေလတ်။ သူဆွဲလိုက်တေ ငှက်ချေတိစွာ အဂေါင့် အာကာထက်ကို ပျံတက်ကတ်ဖို့ပိုင်။ သူဆွဲလိုက်တေ ငါးချေတိစွာ အဂေါင့် ရီထဲမှာ ကူးနီရေပိုင် အသက်ဝင်နီကတ် လတ်။ ယေဒါလည်း မောင် လိမ္မာမှာ အဂုထိ ကလောင်တံတစ်ချောင်း မရတတ်သိလတ်။ ကလောင်တံတစ်ချောင်းရာ အပိုင်ရကေ ဘလောက်ကောင်းလိုက်ဖို့လဲနန့်လို့ တမ်းတမိလတ်။

တစ်ရက်ပြတ်လုံး အလုပ်လုပ်၊ ပန်းချီလေ့ကျင့်နန့်ပင် ပင်ပန်း ညောင်းညာလို့ တစ်ညဥ့်သား မှာ မောင်လိမ္မာစွာ စောစောကြီး အိပ်ပါလားလတ်။ အိပ်မက်ထဲမှာ မုတ်ဆိတ်မွှီး ဖြူဖြူအရှည်ကြီးနန့် အဖိုးဝါကြီးတစ်ယောက် လာပနာ သူ့ကို ကလောင်တံတစ်ချောင်းပီးလတ်။

"မောင်လိမ္မာ၊ အေချင့်လေ တန်ခိုးရှင်ကလောင်တံနန်း၊ ဂရုတစိုက်အသုံးပြုလီ၊ ကြားလာ"လို့လည်း မှာပစ် ခလတ်။ ကလောင်တံက ရွှေရောင်ချေ ၀င်းလို့လတ်။ လှကလှနန့်၊ မောင်လိမ္မာလည်း ၀မ်းသာအားရနန့် "ကျေးဇူးတင်ပါရေ အဖိုး"လို့ ပြောဖို့ကြံရေသိ အဖိုးဝါကြီး မယှိလိုက်ပျာလ်လတ်။

မောင်လိမ္မာစွာ ဖြတ်ခနဲနန့် လန်းနိုးကျလားခလတ်။ သြော်... အိပ်မက်ရာမနှားယေလို့ မှတ်လိုက်တေမှာ ကလောင်တံစွာ လက်ထဲမှာ အဂေါင့်နဂေါင့် ရောက်လို့ ယှိနီလတ်။ ယော်... ဇာပိုင်လေဂုဆိုပနာ မောင်လိမ္မာစွာ အံ့အားကြီးသင့်ပနာ မောသီမောသတ်ဖြစ်လားခလတ်။

မောင်လိမ္မာစွာ ကလောင်တံနန့် ငှက်ချေတစ်ကောင်ဆွဲကြည့်လတ်။ ဆွဲလို့ပြီးစွာနန့် ငှက်ချေစွာ အတောင်နှစ်ဘက်ကို တဖြတ်ဖြတ်ခတ်ပနာ အာကာထက်ကို ပျံတက်လားခလတ်။ ကျွိကလိ၊ ကျွိကလိ နန့်ပင် သာယာရေ မြည်သံချေကိုတောင် မောင်လိမ္မာကြားလိုက်ရလတ်။

ငါးချေတစ်ကောင်ကို ကလောင်တံနန့် ဆွဲကြည့်ပြန်ခါလည်း ငါးချေစွာ ပတုန်းချေကို တဖြတ်ဖြတ် ခါပနာ မြစ်ထဲကို ဂျုန်းခနဲ ခုန်ဆင်းပြီးကေ ကိုယ်လုံးချေ နွဲ့လို့နွဲ့လို့ ကူးလားခလတ်။

မောင်လိမ္မာခမာ ရင်ဘတ်သတ်ကျန်ခလတ်။

တန်ခိုးရှင် ကလောင်တံကို အသုံးပြုပနာ မောင်လိမ္မာစွာ ဆင်းရဲသားတိကို အကူအညီပီးလတ်။ လယ် ထွန်ဖို့အတွက် အပ်လိုရေလူကို အပ် ဆွဲပီးရေ။ တန်းစွာလိုရေလူကို တန်းစွယ်ဆွဲပီးရေ။ ပေါက်တူး၊ စဖျာလိုရေလူကို ပေါက်တူး၊ စဖျာ ဆွဲပီးရေ။ ဘာရတီလိုရေလူကို ဘာရတီ၊ မီးခွက်လိုရေလူကို မီးခွက် ဆွဲလို့စီ ပီးလတ်။

ယင်းပိုင်နန့်ပင် မောင်လိမ္မာ၏သတင်းစွာ တကြိုင်းကေ ပျံ့နှံ့လားခစွာ မနှား။ ရွာကမြီပိုင်ရှင်ကြီးက မောင် လိမ္မာ အကြောင်းကို ကြားလားခလတ်။ တပည့်နှစ်ယောက်ကို လွှတ်ပနာ မောင်လိမ္မာကို အဓမ္မ ဖမ်းယူလားခလတ်။ ယပြပီးကေ သူလိုချင်စွာတိကို မောင်လိမ္မာကို ဆွဲပီးဖို့ ခိုင်းလတ်။

မောင်လိမ္မာဆိုစွာ ငယ်ရာငယ်ရေ သတ္တိက အနည်းကောင်းစွာ မဟုတ်လတ်။ မြီပိုင်သျှင်ကြီး စိတ်ထား ယုတ်မာစွာကို သိထားပြီးဖြစ်လို့ ခြောက်လို့ခိုင်းခိုင်း၊ ချော့လို့ခိုင်းခိုင်း၊ တစ်စိချေလည်း ဆွဲမပီးလတ်။ ယေခါ မြီပိုင်သျှင်ကြီးစွာ မောင်လိမ္မာကို အခန်းတစ်ခုထဲမှာ လှောင်ပနာ ထမင်းငတ်ထားလတ်။

သုံးလေးရက်ကြာရေခါ အယင်တစ်ခါလည်း မကြုံဖူးရေ နှင်းတိ ဖွေးဖွေးဖြူအောင်ကျလတ်။ လီအီးတိလည်း တဖြန်းဖြန်းတိုက်လတ်။ ညစာဖက်သားမှာ မိုးလည်းတဝေါဝေါ ရွာလတ်။ အေလောက်ကေ မောင် လိမ္မာတော့ခါ ၀မ်းညင်လို့ သီကေသီ၊ မသီကေ ချမ်းလို့သီလီဖို့ဗျာယ်ဆိုပနာ ၀မ်းသာအားရနန့် မြီပိုင် သျှင်ကြီးလာပနာ ထရံပေါက်က ချောင်းကြည့်လတ်။

ဇာမှာရခီဖို့... အခန်းထဲမှာ မောင်လိမ္မာစွာ မီးဖိုချေတစ်ဖိုနန့် နွီးလို့ ဇိမ်ကျနီစွာရာမနှား။ မွှီးလို့၊ ကြိုင်လို့ အစားကောင်း အသောက်ကောင်းတိကို အီးအီးသက်သာ စားသောက်ပနာ မျှိုင်းနီစွာကို မြင်ခီ ရလတ်။ အေချင့်တိကို ဇာက ရခီလေ အေသူ... ဆိုပနာ မြီပိုင်သျှင်ကြီး မိန့်မောသီသတ် ဖြစ်လားခလတ်။ တစ်အောင့်ကြာခါမှ သြော်... ကလောင်တံနန့် ပန်းချီဆွဲလို့ရထားစွာမနားလို့ သဘောပေါက်လတ်။ ယေခါ မြီပိုင်သျှင်ကြီး ဒေါသရပနာ မောင်လိမ္မာကို သတ်ပစ်လိုက်။ ကလောင်တံကိုယူခလို့ တပည့်တိကို ခိုင်းလတ်။

မြီပိုင်သျှင်ကြီး၏ တပည့်တိ ၀င်ပါလတ်ကတ်တေအခါမှာ အခန်းထဲမှာ မောင်လိမ္မာ မယှိဗျာယ် လတ်။ မောင်လိမ္မာစွာ ကလောင်တံနန့် လှီကားတစ်ခုကို ဆွဲပနာ ထရံမှာထောင်လို့ ကျော်တက်ထွက်ပြီး လားခဗျာယ်ဆိုစွာ တွိခီကတ်လတ်။ မြီပိုင်သျှင်၏ တပည့်တိလည်း နောက်ကလိုက်ဖို့လို့ တက်ကတ်တေ အခါ ထိပ်ကိုရောက်စွာနန့် လှီကားစွာ ရုတ်ကနဲ ပျောက်ကွယ်လားခလို့ တဘုန်းဘုန်းနန့် လူးကျလားပနာ မထနိုင်ဖြစ်နီကတ်လတ်။

မြီပိုင်သျှင်ကြီးအိမ်က လွတ်လာရေခါ မောင်လိမ္မာစွာ အေရွာမှာနီလို့ ဖြစ်ဖို့မဟုတ်ပျာယ်ဆိုပနာ မြင်းအလှ ပလှ တစ်ကောင်ပုံဆွဲလတ်။ ယင်းမြင်းကိုစီး ကိုယ့်မှာယှိစွာချေတိကို ယူပနာ ထွက်ပြီးပါလတ် လတ်။ တအောင့်ချေအကြာမှာ မြီပိုင်သျှင်ကြီးနန့် တပည့်တိ ဓါးကိုယ်စီတ၀င့်ဝင့်နန့် လိုက်လာစွာ မြင်လိုက် ရလတ်။ မောင်လိမ္မာလည်း မတတ်သာရေအဆုံးမှာ လေးတစ်လက်နန့် မြားတစ်ခင်းကိုဆွဲပနာ မြီပိုင် သျှင်ကြီးကို ပစ်သတ်ခဖို့ ကျလီရေလတ်။

မောင်လိမ္မာရေ မြင်းကိုအပြင်းနှင်လို့လာလတ်စွာ ရက်ပေါင်းများစွာကြာရေခါ မြို့တစ်မြို့ကို ရောက်ပါလတ် လတ်။ ယင်းမြို့မှာ မောင်လိမ္မာစွာ သူတန်ခိုးသျှင်ကလောင်တံနန့် ပန်းချီကားတိဆွဲ၊ ဈီးမှာရောင်းချပနာ အသက်မွီးမြူနီလတ်။ ပန်းချီဆွဲရေခါ သူ့အရုပ်တိ အသက်ဝင်လာလတ်မေဆိုစွာတွက်လို့ မောင်လိမ္မာရေ ငှက်ရုပ်ကိုဆွဲကေ နှုတ်သီးမထည့်ဘဲ ဆွဲလတ်။ တိရစ္ဆာန်ရုပ်တိမှာဆိုကေ ခြီတစ်ချောင်းမထည့်ဘဲ ထား လတ်။

တစ်ရက်နိခါ မောင်လိမ္မာစွာ ကြိုးကြာတစ်ကောင်ပုံကို ဆွဲနီလတ်။ ထုံးစံအတိုင်း ငှက်မှာ မျက်စိ မထည့်ဘဲထားလတ်။ ယင်းပိုင်ဆွဲနီယင်းက အမှတ်တမဲ့နန့် လက်ကိုခါလိုက်စွာမှာ ကလောင်တံက မင်ဆီ တစ်စက်စဉ်ပနာ ကြိုးကြာရုပ်၏ မျက်စိနီရာမှာ တည့်တည့်လားကျခီလတ်။ ယေခါ ကြိုးကြာငှက်ရေ ချိန်းချင်းအသက်ဝင်ပနာ အသံတစာစာနန့် အာကာထက်ကို ပျံတက်လားခလီလတ်။ မြို့ကလူတိ အံ့ကြီးသင့် ပနာ ကျွတ်ကျွတ်ရိုက်လားခလတ်။

ယင်းသတင်းစွာ သျှင်ဘုရင်နားကို ရောက်လားခဗျာယ်။ ပန်းချီဆရာကို ခေါ်ယူခီဆိုပနာ မောင်လိမ္မာကို နန်းတော်ထဲသို့ ဖမ်းယူလာခလတ်။ သျှင်ဘုရင်စွာ တိုင်းသူပြည်သားတိကို နှိပ်စက်ညှင်းပန်းနီရေ မင်းဆိုး မင်းညစ် ဖြစ်တေလတ်။ နန်းတော်ကို ရောက်တေအခါ သျှင်ဘုရင်က နဂါးတစ်ကောင်ဆွဲစမ်းလို့ အမိန့် ပီးရေလတ်။ မောင်လိမ္မာလည်း ထိုးကန်းခံပနာ ဖားပြုတစ်ကောင်ပုံ ဆွဲပြလတ်။ အရာတစ်ခေါက် ဟင်္သာ တစ်ကောင် ဆွဲစမ်လို့ ခိုင်းရေအခါ ကြက်ဖတစ်ကောင်ပုံကို ဆွဲပြလတ်။ ဖားပြုနန့် ကြက်ဖရို့စွာ နန်းရင်ပြင် မှာ ထိုလားဒေလားနန့် ဗျိ ဗျိနန့်ပင် ချီးစိုက်ပစ်လိုက်ကတ်စွာ ကြမ်းပြင်ထက်မှာ ချီးချည်းဗျာယ်လတ်။ သျှင်ဘုရင်လည်း ဒေါသထွက်ပနာ ကလောင်တံကိုသိမ်း၊ မောင်လိမ္မာကို အချုပ်ထဲထည့်ထားလိုက်လတ်။

သျှင်ဘုရင်စွာ ကလောင်တံကိုသုံးပနာ ဧရာမရွှေတောင်ကြီး တစ်တောင်ပုံကိုဆွဲလတ်။ ယင်းပိုင် ဆွဲလိုက် စွာရေ ရွှေတောင်ကြီးဖြစ်မလာဘဲနန့် ကျောက်တောင်ကြီးရာ ဖြစ်လားခပနာ အလီးအချိန် များအားကြီးလို့ နန်းရင်ပြင်တစ်ခုလုံး ရောင်းခနဲ့နန့်ပင် ပြိုကျလားခလတ်။

သျှင်ဘုရင်လည်း မကျေနပ်ဖြစ်ပနာ အရာတစ်ခေါက် ရွှေအုတ်ချပ်ကြီး တစ်ချပ်ဆွဲလတ်။ ဆွဲရေခါ အလျားအရှည်ကြီးဖြစ်အောင် ဆွဲလတ်။ ယေခါ ရွှေအုတ်ချပ်ဖြစ်မလာဘဲ မြွီတစ်ကောင်ရာ ဖြစ်လာခလတ်။ မင်းချင်းတိ လက်လျှင်လို့ရာလတ်။ မဟုတ်ကေ သျှင်ဘုရင်ခမာ မြွီပေါက်ခံလီရဖို့လတ်။ အပြင်းနပြင်း ရာမနှား။

သူကိုယ်တိုင် ဆွဲလို့မရစွာကို သိလားခရေခါ သျှင်ဘုရင်ရေ မောင်လိမ္မာကို အချုပ်ကလွှတ်ပနာ သူခိုင်း ရာကို လုပ်ပီးကေ သမီးတော်နန့် ပီးစပ်ဖို့၊ အိမ်ရှိမင်းသားအရာ ပီးဖို့လို့ ချော့လတ်။ မောင်လိမ္မာလည်း အကြံတစ်ခုထုတ်ပနာ လိုက်လျောပါမေလို့ ကတိပီးလတ်။

တောင်ဆွဲကေ နန်းတော်ပြိုကျလတ်မေတွက်လို့ သျှင်ဘုရင်က မောင်လိမ္မာကို ပင်လယ်ပြင်ပုံ ဆွဲခိုင်း လတ်။ မောင်လိမ္မာရေ တန်ခိုးသျှင် ကလောင်တံနန့်ဆွဲပစ်လိုက်စွာ သျှင်ဘုရင်၏ ရှိမှောက်မှာ ပင်လယ်ပြင် ကြီး မျက်စိတသီ ပေါ်လာလတ်။ ရီပြင်က ပြာလွင်စိမ်းညို့နီလတ်။ လှိုင်းလီမယှိရေအတွက် ပကတိ မှန်သားပြင်ပိုင် ညီညာကြည်လင်လို့လတ်။

"အဝေး မောင်လိမ္မာ ငါးချေယက်ချေ တစ်ကောင်ပင် မမြင်ရကား ထည့်စမ်"လို့ သျှင်ဘုရင်က အမိန့်ပီးလတ်။ တန်ခိုးသျှင်ကလောင်တံက အစက်ချေတိချပစ်လိုက်တေအခါ သက်တန့်ရီသောက်ပိုင် အရောင်စုံ အသွီးစုံ ငါးချေတိ ကူးလူးပျော်မြူးလို့ လှကလှနန့် မြတ်ကတ်ရလတ်။

"ငါးချေတိ ပျော်မြူးနိန်စွာကို သင်္ဘောစီးလို့ လိုက်ကြည့်ချင်ရေဝေး၊ ဆောင်ရွက်ပီးစမ်" လို့ အမိန့် ချပြန်ရေလတ်။ မောင်လိမ္မာက ရွက်သင်္ဘောကြီးတစ်စင်း ဆွဲပီးလတ်။ သင်္ဘောထက်ကို သျှင်ဘုရင်၊ မိဖုရား၊ မင်းသား၊ မင်းသမီး၊ မှူးမတ်သေနာပတိတက်ကတ်လတ်။ မောင်လိမ္မာက ကလောင်တံနန့် လီတိုက်တေပုံ ဆွဲလိုက်လတ်။ ရီပြင်ထက်မှာ လှိုင်းကြက်ခွပ်ချေတိ တဖြတ်ဖြတ်ပေါ်လာပနာ လီပြည်လီညှင်းချေ တိုက် လာလတ်။ သင်္ဘောကြီးလည်း အသာအသာ ရွိပါလတ် လတ်။

"သျှင်ဘုရင် စီးနင်းရေသင်္ဘော၊ အခုပိုင် လိပ်လား လားနီလို့ ဖြစ်ဖို့လားဝေး၊ အလျှင်လားအောင် လုပ်စမ်" လို့ သျှင်ဘုရင်က ဟောက်လတ်။ မောင်လိမ္မာလည်း ကလောင်တံနန့် လီပြင်းတိုက်ဟန် ဆွဲပီးလိုက်လတ်။ လှိုင်းတိ တ၀ုန်းဝုန်းထလာပနာ လီတ၀ူးဝူးတိုက်လို့ သင်္ဘောလည်း ၀ိန်းဝိန်းနန့်ပင် ပျံပါအောင်လားလတ်။

ယင်းခါမှ သျှင်ဘုရင်လည်း သွီးပျက်ပနာ "ဟုတ်ပျာယ်ဝေး ဟုတ်ပျာယ်၊ တန့်ဖိ၊ တန့်ဖိ"လို့ ဟောလတ်။ လီသံလှိုင်းသံတိဆူလို့ သျှင်ဘုရင်၏အသံကို မောင်လိမ္မာ မကြားရလတ်။ သျှင်ဘုရင် ကြောက်လန့်တကြား လက်နန့် ယမ်းပြစွာကို မောင်လိမ္မာမြင်ရေခါ အရာထပ်လို့ လျှင်အောင်လုပ်ဖို့ ပြောစွာလို့ထင်လတ်။

ယေနန့် ကလောင်တံနန့် အရာတစ်ချိန်းနှစ်ချိန်း လီပြင်းတိုက်ပီးလိုက်လတ်။ အာကာပြင်တစ်ခုလုံး မဲမှောင်လာပနာ မုန်တိုင်းတိုက်လာရေလတ်။ လှိုင်းလုံးတိကလည်း တောင်လောက် သန်ပါလတ်တေလတ်။ တနားချေအတွင်းမှာ သင်္ဘောစွာ ရွက်တိုင်တိကျိုးပနာ ရွင့်ပါလားလတ်။ သင်္ဘောပျဉ်တိကွဲလို့ ရီဝင်၊ လှိုင်းလုံးကြီးတိက ဖုံးနန့်ပင် သင်္ဘောကြီးမှောက်ပနာ ပင်လယ်ပြင်အောက်ကို စုန်းစုန်ြးုပ်လားခလတ်။

သျှင်ဘုရင်နန့် အပေါင်းအပါတိလည်း သင်္ဘောနန့်တတူတူ ရီအောက်ကို အားလုံးရောက်လားခလီရေလတ်။

သင်္ဘောကြီးမြုပ်လားခစွာနန့် လှိုင်းလုံးတိ၊ လီတိလည်း ငြိမ်သက်လားခကတ်တေလတ်။ အာကာပြင်လည်း ပကတိပြာစင် ကြည်လင်ပနာ လီညှင်းချေ တသုန်သုန်နန့် ငှက်ချေတိ ပျံဝဲလာကတ်လတ်။

ယင်းချင့်နန့် တပြိုင်တည်းမှာပင် မောင်လိမ္မာလက်မှာ ကိုင်ထားရေ တန်းခိုးသျှင် ကလောင်တံလည်း ဖြုတ် ခနဲနန့်ပင် ကွယ်ပျောက်လားခလီရေလတ်။

မောင်လိမ္မာကောယေကေ... ဇာဖြစ်လားခလေဂု၊ တစ်ယောက်ကလည်း အတိအကျ ပြောမပြနိုင်ကတ်ပါ လတ်။

တတိုင်တလီကတော့ခါ မောင်လိမ္မာစွာ ကိုယ့်ရွာကိုပြန်ပနာ ရွာသူရွာသားတိနန့် တတူတူ နီထိုင်လားခ လီရေလို့ ပြောကတ်ပါယင့်။

တတိုင်သားပြောစွာကတော့ခါ ယင်းပိုင်မဟုတ်လတ်။ မောင်လိမ္မာစွာ အေကမ္ဘာမြီပြင်အနှံ့ နီရာပေါင်းစုံကို လှည့်ပတ်လားပနာ ရောက်တေနီရာမှာ ဆင်းရဲသားတိအတွက် ပန်းချီဆွဲပနာ အကျိုးပြုလို့ ယှိလီပါယင့် လတ်။

ငါ့ဝတ္ထုလည်း ဆုံးပါလီဗျာယ်။ ကျန်ကေယက်ကေ နတ်သား နတ်သမီးတိရာ ဆက်ပြောလီကတ်ပါဖိ။

ဝေသာ

No comments:

Post a Comment