ပစ္ဆိမရပ်ဝန်းနှင့် သမိုင်းခရီးလမ်း - နီရိုင်းနီ(တောင်ရင်းကျွန်း)



အတိတ်ကလျှင်
နဒီဒေ၀ါကမ်းပါးမှာ
ကြိုးကြာရို့ တပျော်တပါး
အမျိုးသား သာခြင်းဆိုလို့
စိမ်းစိုရွက်ရှင်လျက်
ပေါက်ပင်ကြီးတစ်ပင်ထက်မာ
မျိုးဆက်သစ်ထူထောင်လာလီရေ။

၁း၂

ကာလပျက်တိထဲအ၀င်
ပေါက်ပင်ကြီး ဂျောင်ကြိုဂျောင်ကြား
အာဂန္တုကျီးကန်းဆိုးတိ ၀င်လာနားရေခါ
ဇာတိဖွား ကြိုးကြာတိ
ဒိုင်းစိ လက်စိ နီရာယူ
ရန်သူကို ညီတူအားအင်နန့်တိုက်
အမျိုးသားတံခွန် စိုက်နိုင်ခကတ်တေ။

ကာလပျက်ရှည်ကြားမှာ
မုန်တိုင်းခါး ခါခါတိုက်
နယ်ချဲ့မြား လာလာစိုက်တေခါ
အမျိုးသားသိုက်မြုံပြို
ကြိုးကြာရို့ သာခြင်းဆိုသံတိမ်း
ပေါက်ပင်ငို ထိုဒေယိမ်းလို့
ရွက်စိမ်းနုတိကြွီမွ
ပြာပြာခြောက်ခြောက် လဲသီကျဖို့ယှောင်။

ကြိုးကြာဖြူတချို့က
ကိုယ့်အမင်သိုက်မြုံကို ခြီစုန်ကန်လို့
နယ်ချဲ့ရန်ကို အယှုံးပီး
အရှိအရပ်သို့ ပျံပြီးလားခကတ်တေ။

ထွက်ပျံလား ကြိုးကြာခွင်
လှိုင်းယှောင်ဆင် တိုးဝင်ရွှိ့
ကျီးကန်းတိအသျှင်လုပ်
ပေါက်ပင်လုံးချုံ မြုပ်ဖို့ယှောင်။

မျိုးချစ်ကြိုးကြာရို့
ကိုယ့်ဘိုးဘွားပိုင်ပေါက်ပင်မှာ
မနီချင်လို့လား
ကပ်ပါး၊ ငတ်ပါး၊ ကျီးကန်းရန်
စိတ်လန့်လို့ ပျံစွာလား။

စဉ်းစားလို့ဝေဖန်
ပေါက်ပင်ကျန် ကြိုးကြာတိ
သတိပဌာန်ပွားတုန်း
ပေါက်ပင်တစ်ပင်လုံးကို
အဆုံးမျိုပစ်ဖို့လား
အမြစ်တဖွားဖွားနန့်
အရွက်တဖွားဖွားနန့်
အားကောင်းမောင်းသန် ညောင်တစ်ပင်
ခွစီးတင်လို့ ပျင်နီထော။

၁း၃

ပစ္စက္ခမှာ
နဒီဒေ၀ါကမ်း
ကြိုးကြာတေးသံရွှမ်းဖို့လို
နန်းသစ်ခြီ ကြိုးကြာတိ
အမိပေါက်ပင်ကို
ခြင်္သိလိုင်ပြန်ကြည့်စီချင်
ပေါက်ပင်ကျန်ကြိုးကြာတိ
အားအင်ထုတ် စုစည်းညီညာ
ပေါက်ပင်မှာ ကျစ်ကျစ်ဖက်လို့
ကိုယ့်မျိုးဆက် မပြုတ်အောင်
ကိုယ့်မြီထက်က တစ်လက်မ မယှောင်
ရက္ခိတ စိတ်ဆောင်ပနာ
မျိုးဂုဏ်ရောင် မြှင့်တင်နီကတ်တေ။

၁း၎

နဒီဒေ၀ါကမ်းပါးက
အမျိုးသားကြိုးကြာဇာတ်
သတိချပ်လို့ ဆင်ခြင်ပါ
အို... အာရက္ခသားရို့...
အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားဖို့
အမျိုးသားရေး လက္ခဏာတိ
မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့
မျိုးချစ်စိတ်ဓါတ် ဟြင်သန်ထက်မြက်ဖို့
ငရို့
ခိုင်မာရေ ဦးတည်ချက်ကိုထားလို့
သွီးစည်းညီညွတ်မှုအားနန့်
သမိုင်းလှယှောင် ရီးလားကတ်ပါမေ။

နီရိုင်းနီ (တောင်ရင်းကျွန်း)

ပစ္ဆိမရပ်ဝန်း မဂ္ဂဇင်း အမှတ်(၁)

No comments:

Post a Comment