ပြည်တွင်းထုတ် ကျောက်ပြားစက်ရုံသို့
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ)အစိုးရလက်ထက်တွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန (ကြွေ ထည်မြေထည်လုပ်ငန်းကော်ပိုရေးရှင်း) ဖွဲ့စည်းလုပ်ကိုင်နေပြီးဖြစ်သည်။ အဆိုပါကော်ပိုရေး လက်အောက် ၌ ကျောက်ပြားထုတ်လုပ်မှုနှင့် ပတ်သက်၍ လောပီတကန်ခုနစ်ဆင့်၌ လွိုင်ကော်မာဘဲလ်၊ မတ္တရာမြို့နယ်၌ စကျင်မာဘဲလ်တို့ကို အခြေခံထုတ်လုပ်နေပြီးဖြစ်သည်။ နေပူတောင်မာဘဲလ်ကျောက်သည် အရောင် အသွေးစုံလင်သည့် အဖိုးတင် အလှဆင် ဆောက်လုပ်ရေးသုံးကျောက်အဖြစ် ပေါ်ထွက်လာခဲ့ သည်။ နှစ် အတန်ကြာအထိ မိုင်းဖြင့်ခွဲ တူကြီးများနှင့်ထု၍ တောင်ကုတ်တောင်ကြားလမ်းကို ခင်းခဲ့ကြသည်မှာ အလွန်နှမြောတသ ဖြစ်ဖွယ်ရာပင်။ တန်ဖိုးကို အမှန်တကယ်မသိ၍လော။ သိသိကြီးနှင့်လောဟူ ၍ တွေးတောဖွယ်ရာ ဖြစ်ခဲ့၏။