နေပူတောင်လွမ်းချင်း - မြင့်ဆွေမောင် (တောင်ဂုတ်)

ရှေးနှစ်ပေါင်းသန်းရာချီ
ဖြစ်တည်ခဲ့အသွင်ပြောင်း
သက်နှောင်းကပ်မြေမဟီဝယ်
ထွက်ပေါ်သည် တွန့်ခေါက်တောင်တန်း။

ဟိမ၀န္တာ၊ အင်းဒိစ်
ရော့ကီးနှင့်အဲ့လ်ပ်ပါအ၀င်
မျက်နှာပြင် ကမ္ဘာတစ်ဝှမ်း
ရှေးယခင်စိမ်းလန်းခဲ့ ရိုးမရခိုင်
သက်တမ်းလည်း တူပြိုင်ပြိုင်။

ရခိုင်ရိုးမတောင်တန်းကြီး
သွယ်တန်းပြီး မြောက်မှတောင်ဆီ
ငုတ်ဝင်ပြီး နဂါးရစ်အငူစွန်း
ဖြတ်သန်းကူး သမုဒ္ဒရာပြင်အောက်တစ်ဝှမ်း။

လခြမ်းမြေအနောက်ကမ်းက
ရိုးမတောင်အရှေ့ခြမ်းကိုလ
ဖြတ်သန်းကြခြေအလျင်
ရှေးယခင်“တောင်ဂုတ်တောင်ကြား”။

မြို့ရွှေတောင်ဂုတ်က မိုင်(၃၀)ခန့်အကွာ
ရိုးမတောင်ကြား ကားလမ်းပေါ်သို့သာ
လှမ်းလျှောက်ခဲ့ များသူငါ
စခန်းထောက်တောင်ဖက်များမကွာမှာ
ကမ္ဘာကျော် “နေပူတောင်ကျောက်ဆောင်ကြီး”
ထီးထီးမားမားတည်နေ။

အဖိုးဖြတ်သန်းထောင်ချီ
စွမ်းဆောင်ရည် ပြင်သနင်းတို့
ပွင့်လင်းလူ့အဖွဲ့လိုချေပြီလေ...
စိုပြေညီပေမှ လွန်ငြိမ်းချမ်း။

ဒေသတစ်ခု အခြေအနေ
လိုပေစွ စက်မှုလုပ်ငန်း
ကုန်ကြမ်းသာထုတ်ရောင်းက
ထောင်သောင်းမက ကုဋေကဋာ
နစ်နာစွမျှော်မဆုံး
လူငတုံးများတို့ဖြစ်ထွေ
နက်စေပေ ဆင်းရဲတွင်းမကျွတ်တမ်း။

အနာဂါတ်အကျိုးမျှော်
နှိုးဆော်၍တိုက်တွန်း
ဝိုင်းဝန်းကြများသူငါ
အားကူပါ မျိုးဆက်သစ်တို့အတွက်ရည်မှန်း။

မြင့်ဆွေမောင် (တောင်ဂုတ်)

No comments:

Post a Comment