ဂနိ ကမ္ဘာပေါ်ဟိ ဘာသာစကားပေါင်း ၆၉၀၀ အနက် ၂၅၀၀ ခန့်ရေ တိမ်ကော ပျောက်ကွယ်လားဖို့ အခြီ အနီရောက်နီဗျာယ်လို့ UNESCO ထုတ်ပြန်ချက်မှာ ဖော်ပြထားပါရေ။ ဧပိုင် ပျောက်ကွယ်လားဖို့ အကြောင်း တရားနှစ်ရပ်မှာ လူရို့စွာ မြို့ပြနန့် တခြားတစ်နယ်တစ်ကျေးသို့ ပြောင်းရွှိ့မှုများလာခြင်းနန့် ကမ္ဘာ့စကား ကြီးတိ လွှမ်းမိုးဝါးမြိုခြင်းကြောင့် ဖြစ်ပါရေ။ စားဝတ်နီရီး အကြောင်းကြောင်းကြောင့် အခြားနီရာသို့ ပြောင်း လားပြီးကေ ယင်းဒေသ အများသုံးစကားကို သုံးလာရာက မိခင်စကား ပျောက်ကွယ်လားကတ်ရရေ။ ယပြီးကေ အင်အားကြီးရေ ဘာသာစကားတိကို အသုံးများလာရာက လက်အောက်ခံ ဘာသာစကားချေတိ အသုံးနည်းလာရပြီး မှေးမှိန် ပျောက်ကွယ်ကတ်ရရေ။ အေနီရာမှာ သက်သီပြစရာ အနီးစပ်ဆုံးက အယင်ခါ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပီတိနန့် ခမ်းနားခကေလေး အဂုခါ ပြောစရာမကျန်ရေ "ပျူလူမျိုး"တိ ကို ပြရပါလိမ့်မေ။
ဘာသာစကားဆိုစွာမာ အပြောဘာသာစကားနန့် အရီးဘာသာစကားဆိုပနာ နှစ်မျိုးဟိပါရေ။ ယေဒါလေး ကမ္ဘာမာ အဂုထိ အရီးဘာသာစကား မဟိသိရေ လူမျိုးတိ ဟိစွာကို ကြည့်ကေ အပြောဘာသာစကားဧ့ အဓိကကျခြင်းကို သိနိုင်ပါရေ။ ကိုယ့်လူမျိုးရို့ ကိုယ်ပိုင်စာပီ၊ ယဉ်ကျေျးွှု၊ ထုံးတမ်းဓလိတိကို လက်ဆင့်ကမ်း ထိန်းသိမ်းလာကတ်လို့ရာ အဂုချိန်ထိ "ရခိုင်"လို့ မားမားမတ်မတ် ရပ်တည်နိုင်ခြင်း ဖြစ်ပါရေ။ "အမျိုး သီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်၊ ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္ထသညာ၊ ခေါ်အပ်ရာ ၏"လို့ ဗုဒ္ဓ၀င်လင်္ကာမှာ ဖော်ပြထားပါရေ။

အေပိုင် ထိန်းသိမ်းလာကတ်စွာမှာ ၀တ်စားဆင်ယင်ပုံတိ၊ ပြောဆိုခေါ်ဝေါ်ပုံတိ၊ ဆွေမျိုးတော်စပ်ပုံတိလေး ပါဝင်ရေ။ ဇာကြောင့် အေပိုင်ပြောရလဲဆိုကေ အကျွန့်ကိုယ်တွိ ကြုံဖူးလို့ပါ။ တစ်ရက်နိ အကျွန့်အဘ၏ ညီချေတစ်ယောက် ရောက်လာစွာကို ဇာပိုင်ခေါ်ရဖို့လေး မသိဘဲနန့် "ယာ့... မင်းမင် အစွာခါ ရောက် စွာလေး"လို့ နှုတ်ဆက်လိုက်တေခါ အနားက အမျိုးသမီးတစ်ယောက်က "အေတိုင်သား သားသမီးတိ စွာ တော်တော်အိုအိုလေ့ မခေါ်တတ်၊ မိဘတိကလေ့ မသင်ပီးလားမသိ"လို့ အပြောခံရဖူးပါရေ။
ယင်းအချိန်ကပင်စပနာ ဆွီမျိုးမိသားစုတိကို ဇာပိုင်ခေါ်ရဖို့လေးဆိုစွာကို လေ့လာခပါရေ။ ကိုယ်တိုင် မသိနိုင်ရေ တချို့တိကို လူကြီးသူမတိပါးသို့ လားပနာ မှတ်သားခပါရေ။ ယေနန့် အကျွန် မှတ်ထားခရေ ဆွီမျိုးအခေါ်အဝေါ်တိကို နောက်ဒေသက လူတိလေ့ သိမြင် ရင်းနှီးရလီအောင် ရီးထားခြင်း ဖြစ်ပါရေ။ ကမ္ဘာပေါ်ဟိ ဘာသာစကားတိ အေလောက်အများကြီး ကွဲပြားနီခြင်းစွာ လူရို့ဧ့ နီရာဒေသ ပထ၀ီအနီ အထား မတူညီခြင်းကြောင့်ပင် ဖြစ်တေ။ ယင်းပိုင်ရာ အကျွန်ရို့ ရခိုင်ပြည်ကြီးဆိုစွာလေး ရိုးမနန့် ပင်လယ် ကို အမှီပြုပနာ တည်ဟိရေ ဒေသရှည်ကြီးတစ်ခု ဖြစ်တေအတွက် နီရာဒေသအလိုက် ဘာသာစကားတိ စကေ့ချေလောက် ကွဲပြားနီကတ်ပါရေ။ ဥပမာ - ဒွာရာဝတီဖက်မှာ ခေါ်ရေ "လုံချည်"ကို ရမ္မာဝတီမှာ "ခယောက်"၊ မေဃ၀တီမှာ "ခတောင်း"လို့ ခေါ်ပြီးကေ ဓည၀တီဖက်မှာ "ဒယော"လို့ ခေါ်ကတ်တေ။ ယင်းပိုင် တူစွာတိ၊ မတူစွာတိကို သိဟိလီရအောင် ရမ္မာဝတီကျွန်းနယ်တချို့က ဆွီမျိုးအခေါ်အဝေါ်တိကို ရီးသားတင်ပြလိုက်ပါရေ။
"မောင်ယေ... အဘိုးချေရို့ အိမ်နားမှာ လန်ထားရေ နွားတိကို ရီတချက်လောက် တိုက်ခီဗလင့်"
ဒေစကားမှာ "အဘိုးချေ"ဆိုစွာ ကိုယ့်အဘိုး အဘောင်ရို့ မောင်(သို့)ညီဖြစ်စီ၊ ယင်းပိုင် အသက်အရွယ်ဟိ လူကြီးတိကိုဖြစ်စီ ခေါ်ရရေ ဓလိပါရာ။
"ဟိုးမှာ မတ်ရို့ အထွီးချေနန့် ဘေးချေရို့ လာကတ်တေမြင်ကား"
အေအခေါ် "ဘေးချေ" "အထွီးချေ"ဆိုစွာကား အထက်က အဘိုးချေရို့ သားလင်မယားကို ခေါ်ဆို ရခြင်း ဖြစ်ပါရေ။ ယပြီးကေ အဘာ့ ညီအရင်းကိုလေး ဘေးချေ (ဘေးဘေ)နန့် မယားသည်ကို အထွီးချေ (ထွီးထွီး)လို့ တော်စပ်ပါရေ။ ယင်းပိုင်ချောင် အမိ ညီမကိုလေး "အထွီးချေ (ထွီးထွီး)"လို့ တော်ပြီးကေ လင်သည်ကို ဘေးဘေ(ဘေးချေ)လို့ တော်စပ်ပြန်ပါရေ။ ယင်းကြောင့် အဘိုးချေဧ့သား၊ ဘားဘာမာ ညီနန့် အမင့်ညီမလင်သည်ရို့ကို ဘေးဘေ (ဘေးချေ)၊ အထွီးချေ (ထွီးထွီး) လို့ တော်စပ်ပါရေ။ ဘားဘာမှာ ညီသည်ဧ့ သားသမီးတိနန့် အမင့်ညီမသားသမီးတိနန့်လေး မိဘချင်း ညီအစ်ကို၊ ညီအစ်မဆိုကေ သား သမီးချင်းလေး ညီအစ်ကို၊ မောင်နှမ တော်စပ်ကတ်ပါရေ။
အဘိုးချေရို့ သား လင်မယားကို "ဘေးဘေ၊ ထွီးထွီး" တော်ကေလေး သမီးလင်မယားကို "အရီး၊ မင်းမင်" လို့ရာ ခေါ်ကတ်ရရေ။ ဓည၀တီဖက်မှာ ယောက္ခမကို "အရီး၊ အခင်" ခေါ်ရေပိုင် ရမ္မာဝတီဖက်မှာ "အရီး၊ မင်းမင် (မင်းချေ)"လို့ ခေါ်လေ့ဟိပါရေ။ ယပိုင်ချောင် ဘားဘာမာ ညီမအရင်းကိုလေး "အရီး"နန့် လင်သည် ကို "မင်းမင်"လို့ တော်စပ်ရေ။ အေအရီး၊ မင်းမင်ရို့ သားသမီးတိနန့်ကား မိဘချင်း မောင်နှမဖြစ်တေ အတွက် သားသမီးချင်း "သမီးယောက္ဖ" တော်စပ်ကတ်ပါရေ။ ယင်းကြောင့် သားကို "ယောက္ဖ"၊ သမီးကို "မရီး"လို့ ခေါ်ကတ်ရရေ။
"ဘကြီးတော့ ငါးရှာစောင် လားဖို့သိ့၊ ယေဒါလေး အိမ်မှာ မတ်ကြီးကြီး ဟိလီဖို့ လားပါလီ"
ဒေစကားမာ "ဘကြီး"ဆိုစွာ ဘားဘာမာ အစ်ကိုကို ခေါ်ရခြင်ဖြစ်ပြီး "ကြီးကြီး"ဆိုစွာ "ဘကြီး"မာ မယားသည်ကို ခေါ်ရခြင်းဖြစ်ပါရေ။ ယင်းပိုင် အမင့်အစ်မကိုလေး "ကြီးကြီး"လိုပ တော်စပ်ပြီးကေ ကြီးကြီး မှာ လင်သည်ကို "ဘကြီး"တော်စပ်ပါရေ။ သားသမီးတိနန့်ကား မိဘချင်း ညီအစ်ကို၊ အမိချင်း ညီအစ်မဖြစ်တေအတွက် သားသမီးချင်းလေ့ "ညီအစ်ကို၊ မောင်နှမ" တော်စပ်ကတ်ပါရေ။
"ဘာဘာရွာကို လားခီကေ အသျှင်ကြီးရို့၊ မင်းကြီးရို့ နီကောင်းကတ်တေမလား ဘာဘာ"
အေစွာမှာ "အသျှင်ကြီး၊ မင်းကြီး"ဆိုစွာကား ဘာဘာ့အစ်မနန့် လင်သည်ကို ခေါ်ရခြင်း ဖြစ်ပါရေ။ ယင်းပိုင်ရာ အမင့်အစ်ကိုကိုလည်း "မင်းကြီး"လို့ ခေါ်ရပြီးကေ မယားသည်ကို "အသျှင်ကြီး"လို့ တော် စပ်ပြန်ပါရေ။ သူရို့ သားသမီးတိနန့်ကား မိဘချင်း "မောင်နှမ"ဖြစ်တေအတွက် သားသမီးချင်း "သမီးယော က္ဖ"တော်စပ်ပြီးကေ "သားကို ယောက္ဖ"၊ "သမီးကို မရီး"ဟု ခေါ်ကလေ့ဟိကတ်ပါရေ။
မိဘဆွီမျိုးတိနန့် ပတ်သက်ပနာ ခေါ်ရစွာ အခေါ်အဝေါ်တိကို အောက်ပါပုံတိနန့် ဖော်ပြပီးလိုက်ပါရေ။

ဆွီမျိုးတော်စပ်ပုံအရ အဘာနန့် အမင်ဆွီမျိုးတိ တော်စပ်ပုံ တူလီဖို့လို့ ထင်ကေလေး အဘာမိသားစုနန့် အမင်မိသားစုတိကို ခေါ်ဆိုရအုံအားလုံး တူစွာမဟုတ်ပါ။ ဥပမာ - အဘာ့ညီကို "ဘေးချေ"လို့ ခေါ် ရကေလေး အမင့်ညီ (မောင်)ကို "မင်းမင်း"လို့ရာ ခေါ်ရရေ။ ယင်းပိုင်ချောင် အဘာ့ညီမကို "အရီး" အမင့်ညီမကို "ထွီးထွီး"၊ အဘာ့အစ်ကိုကို "ဘကြီး"၊ အမင့်အစ်ကိုကို "မင်းကြီး"နန့် အဘာ့အစ်မကို "အသျှင်ကြီး"၊ အမင့်အစ်မကို "ကြီးကြီး"လို့ တော်စပ်ကတ်ပါရေ။
မိဘရို့ ညီအစ်ကို မောင်နှမတိဧ့ သားသမီးတိကို မိဘချင်း (သို့) ညီအစ်မဖြစ်နီကေ သားသမီးချင်းလေး ညီအစ်ကို မောင်နှမ တော်စပ်ပြီးကေ မိဘချင်း မောင်နှမ (အစ်ကိုနန့် ညီမ (သို့) အစ်မနန့် မောင်) ဖြစ် နီကေ သားသမီးချင်း သမီးယောက္ဖ တော်စပ်ကတ်ပါရေ။
မိဘ ဆွီမျိုးတိနန့် သူရို့ဧ့ လက်တွဲဖော်ဖြစ်တေ လင်(သို့) မယားသည်ရို့ကိုလေး
ဘိုးဘိုး၊ ဘောင်ဘောင်
မင်းကြီး၊ အသျှင်ကြီး
ဘကြီး၊ ကြီးကြီး
မင်းမင်း၊ အရီး
ဘေးဘေ၊ ထွီးထွီး
ကိုကို၊ မရီး
မမ၊ ယောက္ခ
ဆိုပနာ တွဲဖက်ပြီး ခေါ်ဆိုလိ ဟိကတ်ပါရေ။
"ရခိုင်စကား ဟိပါမှ ရခိုင်လူမျိုး တည်တံ့နိုင်ပါမေ"
"ကမ္ဘာ့ဘာသာစကားပေါင်း ၆၉၀၀ ခန့်မှာ ရခိုင်စကားရေ တစ်ခုအပါအ၀င်ဖြစ်တေ"ဆိုစွာရို့ကို သတိထား ပနာ မိမိရို့ ရခိုင်ဘာသာစကား မတိမ်ကော ပျောက်ကွယ်ရလီအောင် ထိန်းသိမ်းရဖို့စွာရေ အကျွန်ရို့ မျိုးဆက်သစ်တိ အားလုံးအတွက် သမိုင်းပီးတာဝန်တစ်ခု ဖြစ်ပါကြောင်း...။
(၀န်ခံချက်။ ။ အေဆောင်းပါးမှာ ရီးထားရေ ဆွီမျိုး အခေါ်အဝေါ်တိစွာ အကျွန်ရို့ ကျွန်းနယ်တ၀ိုက်က အခေါ်အဝေါ်တိရာ ဖြစ်ပါရေ။)
ရက္ခိတသျှစ်မောင် (ပညာရေး)
ရခိုင်တန်ဆောင်မဂ္ဂဇင်း အမှတ် (၂၀)မှ-
No comments:
Post a Comment