အနာဂတ်ကြယ်ပွင့် - အဖွဲ့

VCD Cover

၀၁။ ရှိခိုးဇိတင် မုနိသျှင် (ဒိုးကလေး)
၀၂။ ဓါးထမ်းလို့ချီ (ခိုင်ထွန်းမင်း)
၀၃။ ၀ါကျွတ်ချိန် (သန်းသန်းဆင့်)

၀၄။ မော်ဒန်ရိုးရာ (ဦးထွန်းဝေ)
၀၅။ အနာဂတ်ကြယ်ပွင့် (ဒိုးကလေး)
၀၆။ ကျားကျားယားယား ရခိုင်သား (ကိုကြီး)

၀၇။ မြို့ကြီးသား ကိုအာကျယ် (ခိုင်နှင်းဇံ)
၀၀၈။ လာမဆူကေ့ (ဆြာစံ)
၀၉။ ဟေးလားဝါးလား (ဒိုးကလေး)

၁၀။ အားပြပွဲ (ကိုသာစိန် - မြေစာရင်း)
၁၁။ ဖွင့်မပြောစွာခက်တေ (ငြိမ်းစန္ဒာ)
၁၂။ ဆက်ငိုသားချေ (မောင်ကိုကို)
၁၃။ ဆံတော်ရှင်ဘုရားပွဲ (ဒိုးကလေး)

မြောက်ဦး လက်ဖက်ရည်ဆိုင်များ - မောင်ခိုင်အောင်

မြောက်ဦးမြို့တည်သူ မင်းစောမွန်သည် လက်ဖက်ရည်ကြိုက်သူတစ်ဦး ဖြစ်သည်။(လွတ်လပ်စွာ သဘော ကွဲလွဲခွင့်ရှိသည်) ကုလားမြေ၌ ခိုလှုံနေရစဉ် စွဲလမ်းလာခဲ့သောအရာ မဟုတ်ပါချေ။ လေးမြို့တော် ရခိုင် နန်းတွင်း၌ လက်ဖက်ရည်ကို မင်းစောမွန်ကြိုက်ခဲ့သည်။ သူသည် အတွေးသမားအနေနှင့် လက်ဖက်ရည်ကို တစိမ့်စိမ့်သောက်သည်။ အရက်သမားအနေနှင့် သေရည်ကို တရကြမ်းသောက်သည်။ သူအမှားကြီး မှားခဲ့သည်။ သူယုတ်၍ နန်းပျက်၊ ပြည်ပျက်၊ သူပြေးခဲ့ရသည်။ အတွေးကြီးပြီး အကောင်းဆုံး ပြုပြင် တည်ဆောက်ခဲ့သူ မဟုတ်လော။

"သည်အရပ်၌ နန်းမြို့တည်လျှင် မြို့သက်ရှည်လည်း မြတ်ရှင်ဘုန်းသက် တိုရပါအံ့။"
နှလုံးအိမ်မှ ရဲဝံ့သင်းမြ မိန့်တော်ဟသည်။
"တည်စေ"

ဝဆွဲသံ အရောက်အပျောက် ရခိုင်စကားလုံးများ - သန့်ဝဏ္ဏခိုင်

ရခိုင်စကားမာ ၀ဆွဲသံကို ဖျောက်ပနာပြောရေ စကားသံဟိပါရေ။ ၀ဆွဲသံ အပိုထည့်ပြောလိဟိရေ စကားသံတိလေး ဟိပါရေ။

ဝဆွဲသံဖျောက်ပြောရေ ရခိုင်စကားသံတိ

'ထမင်းကျွေး'ကို 'ထမင်းကျေး'ဆိုပနာ ပြောဆိုကတ်ပါရေ။ တောင်ကုတ်နယ်သားရို့ စစ်တွေခရိုင်စကားကို လုပ်ပြောရေခါ ၀ဆွဲသံတိပါနီစွာကို တွိရပါရေ။ 'လားချင်'ကို 'လားချွင်'၊ 'လာချင်'ကို 'လာချွင်'၊ 'လားကျင့်မဟို'ကို 'လားကျွင့်မဟိ'။

'ထွက်ခွာ'ကို 'ထော့ခေါ်' ဆိုပနာ ၀ဆွဲသံဖျောက်ပြောစွာတိလေး ဟိပါရေ။ စစ်တွေခရိုင်မာ 'စွာ'လို့ ပြောစွာ ကို ရမ်းဗြဲမြို့နယ်မာ 'စာ'လို့ ပြောပါရေ။

စစ်ကျွန် - မောင်ခိုင်အောင် (စစ်တွေ)


ကလေးဘ၀တုန်းက
စစ်တိုက်တမ်းကစားခဲ့ကြတယ်
တောမြို့လေးမှာ သူပုန်စစ်သား ပြောက်ကျား
ဝေါဟာရတွေ ယဉ်ပါးနေတော့
မင်းတို့စစ်သား ငါတို့က သူပုန် ကြိုက်တဲ့ဘက်ကနေ
တစ်ခါတစ်လေ ခေါင်းပန်းလှန်ပြီးရွေး
တိုက်ကြ ပစ်ကြ သေကြ ပျော်စရာကောင်းလိုက်တာ
ဘယ်သူမှ မမှားခဲ့ကြဘူး။

အမှန်တရား တော်လှန်ရေး နိုင်ငံ့အာဏာ
စစ်ပွဲဆိုတာ နိုင်ငံရေးရဲ့အဆက်ဆိုလား
စစ်နဲ့ရှင်းလို့မရ စားပွဲဝိုင်းထိုင်မယ်ဆိုလား
ကြားကြားနေရရဲ့။

အိုအိုင်စီဆိုတာ ဘာလဲ? - ဖျာပုံနဒီ


အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)ကို အစ္စလာမ် ဘာသာဝင်နိုင်ငံပေါင်း (၅၇)နိုင်ငံ (အမှန်မှာ အစ္စလာမ်ဘာသာဝင် (၅၆)နိုင်ငံနှင့် ပါလက်စတိုင်းတို့ ဖြစ်သည်)ဖြင့် ဖွဲ့စည်းထားသည်။ တစ်ခါ တစ်ရံတွင် ၄င်းအဖွဲ့ဝင်နိုင်ငံ အရေအတွက် များပြားမှုကြောင့် အိုအိုင်စီသည် လူ့အခွင့်အရေးမှစ၍ စီးပွားရေး အဆုံး၊ ပညာရေးမစ၍ အကြမ်းဖက်ဝါဒအဆုံး ကိစ္စရပ်တိုင်းနီးပါးတွင် မွတ်စလင်မဟုတ်သော ကမ္ဘာအုပ်စု ကို ဆန့်ကျင်သော စုစည်းညီညွတ်သည့်အစ္စလာမ်တပ်ဦးကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် အဆင့်မြှင့် တင်ရင်း (အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးအတွင်းတွင်) ပြင်းထန်ပြီး အများအားဖြင့် မလိုလား အပ်သော လွှမ်းမိုးမှုရှိနေသည်။

သို့သော် အိုအိုင်စီ၏ အဓိကအကြောင်းရင်းမှာ အိုအိုင်စီအနေဖြင့် ဘင်္ဂါလီမွတ်စလင်များ (The Bengali Muslims)သည် ရခိုင်မြေကို ပိုင်ဆိုင်သူများဖြစ်ကြောင်း ကောက်ချက်ဆွဲကြမည်ဖြစ်သောကြောင့် ဖြစ်သည်။ (၄င်းအဖွဲ့အစည်းအနေဖြင့် ထိုသို့ကောက်ချက်ဆွဲခဲ့၊ ကောက်ချက်ဆွဲဆဲပင်ဖြစ်သည်။) ထို့ပြင် အိုအိုင်စီအဖွဲ့ သည် ရခိုင်လူမျိုးတို့၏ စကားသံများကို အသိအမှတ်ပြုမည် မဟုတ်သောကြောင့် ဖြစ်သည်။ အိုအိုင်စီအဖွဲ့၏ သမိုင်းကြောင်းတစ်လျှောက်တွင် နိုက်ဂျီးရီးယားနှင့် အီဂျစ်တို့မှ ခရစ်ယာန်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ထိုင်းတောင်ပိုင်းမှ ဗုဒ္ဓဘာသာဝင် (၅၀၀၀)ကို သတ်ဖြတ်မှု၊ ဆူဒန်နိုင်ငံက ကျူးလွန်ခဲ့သော မျိုးတုံးသတ်ဖြတ်မှု စသည်တို့နှင့် ပတ်သက်၍ အိုအိုင်စီက ဘယ်တုန်းကမှ မရှုတ်ချခဲ့ဘူးပေ။

အိပ်မက်သစ် - မြတ်ခိုင်ကျော်

Tape Cover

၀၁။ အမှတ်တရ သင်္ကြန်
၀၂။ မင်းစကား
၀၃။ မြ၀ါဖြူ
၀၄။ ရွှေရည်စိမ်စက္ကူ
၀၅။ အိပ်မက်နတ်သမီး

၀၆။ ၀တီလေးရပ် ညီညွတ်ကတ်မေ
၀၇။ ဝေဒနာ
၀၈။ သင်္ကြန်သူချေ
၀၉။ အယင်ပြီးလတ်ပါ
၁၀။ ချိုမြိန်ရမ္မက်

၁၁။ ရင်ခွင်ဟောင်း
၁၂။ ပိုးဝါသူ
၁၃။ ပန်းတစ်ပွင့်ရာဇ၀င်
၁၄။ တမ်းတမိရေဝေ

အသံထုတ်နောက်ကိုဂျည်းလိုက်တေ ဘာသာစကားဧ့ အနီအထား

စာပီးရီးသားမှုရေ အနုပညာဖြစ်ပါရေ။ ယင်းအနုပညာတရပ်ကို လိုရေပိုင် ကိုင်ဖို့လိုပါရေ။ တင်းထားရဖို့ စွာဟိပါဖို့။ လျော့ရဖို့စွာလေး ဟိပါဖို့။

အသံထုတ်နောက်ကိုဂျည်းလိုက်ကေ ပကာဘာသာစကး ဖြစ်လီပါဖို့။ အသံထုတ်နောက်ကို လိုက်သင့် သလောက် လိုက်ရပါဖို့။ ရခိုင်ဖတ်သင်ရိုးက ထုတ်တေ ရခိုင်ဖတ်စာ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း စာအုပ်တိကို လိလာကြည့်ကေ မလိုက်သင့်၊ မလိုက်အပ်တေ အသံထုတ်နောက်တို့ မလိုက်စွာကို တွိရ ပါရေ။ ရခိုင်ဖတ်စာ စာအုပ်ပါ အရီးအသားတိ၊ ဘာသာစာပီအရိပ်အစောင်းကို နားလည် သဘောပေါက် သူတိဧ့ အရီးအသားတိကို လိလာကြည့်ကေ အသံထုတ်နောက်ကို လိုက်သင့်သလောက်ရာလိုက်စွာကို တွိရပါရေ။ ရခိုင်ဖတ်စာသင်ရိုး စာအုပ်တိမာ အသံထုတ်နောက်ကို မလိုက်စွာက များနီစွာကို တွိရပါရေ။