ဇာတိရုပ်တိကွာကျလာဖို့ အချိန်ကိုစောင့်ယင်း
ပျားရည်နန့် ၀မ်းချထားရေ
စကားလုံးတိကြားမှာကြိုင်းတွား
တန်ဖိုးတိအယုတ်ညံ့ဆုံး
ခဲဆိပ်သင့်နိန်ရေ ရောင်စုံပြကွက်ရှည်ကြီး
ကကြိုးတိဖြီမရအောင် ရှုပ်တေညဥ့်တိ
ကောသလမင်းကြီးက
ကြာမျိုးငါးပါးနန့် ပြည့်စုံနိန်ရေ
အဘာလက်ခုပ်ထဲကရီတိလည်း
လက်ခုပ်သီးခတ်မရလောက်အောင်
စိမ့်ထွက်နိန်ကတ်စွာက
ဦးနှောက်ယိုစီးမှုလို့ ပြောရဖို့လား?
အကျင့်ပျက်ခြစားရေလို့ ပြောရဖို့လား?
ခေတ်ကခိုက်တေလို့ ပြောရဖို့လား?
ဘားဗူဟိယင့်ဆန်မဟိလို့ ပြောရဖို့လား?
ဒိုင်းကျီဟိယင့်ရီမဟိလို့ ပြောရဖို့လား?
မစွမ်းမပေါက်မြို့မရောက်လို့ ပြောရဖို့လား?
???????????????????????
???????????????????????။
အပြင်မှာဒဏ်ရာတိ အစိုမခြောက်ခင်ကပင်
လောင်မီးကျနိန်ရေအတွင်းသားတိ
အတစ်တစ်ပဲ့ထွက်လိုက်ရေဇာတ်
မနာရလီအောင် မကတတ်ကတတ် က
ပရုပ်ဆီလူးထားရေ အပူရုပ်တိကိုဖုံးဖိ
ခြစ်ခြုပ်ရက်လုပ်ထားရေ ခြုပ်ရိုးဖွားအိပ်မက်တချို့နန့်
ချို့တဲ့နိန်ရေဘ၀တိကို ချိုချိုသာသာပြုံးပြနိန်ရစွာ
"လ" ကွေးကွေးယိုင်းယင်ချေကို လွှဲယင်း လွှဲယင်း
ဒေရင်ဘတ်ဘယ်ဘက်ထောင့်က
ကကောင်းကြီးနာလာရေ ဘာဘာ။
ခိုင်စိုးသျှင်
မြောက်ဦးကဗျာသျှင်များစုစည်းထုတ်ဝေသည့် FATHER DAY ကဗျာစာအုပ်မှ-
No comments:
Post a Comment