အသည်းအဆီဖုံးရောဂါ

မဟာနိုင်ငံအိုထဲက အဘာ
မာယာနိုင်ငံထဲက သားရို့ဘဝ
ဒေပိုင် ကောင်းကင်နန့်မြီကြီးကိုဆွဲစိဖို့
ပခုံးဇာနှစ်ယောက် ပြောင်းခဗျာယ်လေ
အဘာထွန်းညှိခရေ အလင်း
တစ်ကိုယ်ကောင်းသမားတိကြားမှာ ဖျော့တော့လို့
သားရို့ဘဝ
ကန္တာရထဲ ပန်းပွင့်ရစွာပိုင်
အဘာခင်းခရေ လမ်း
ဖုံမတက်ရအောင်တော့ခါ
သားရို့ပခုံးတိက သတိပီးနိန်ယင့်
ဖွံ့ဖြိုးတိုးတက်ရေခါ
ဆုတ်ယုတ်ပျက်စီးရေ
အဘာ သနပ်ခါးလိမ်းစွာမကြိုက်တတ်မှန်း
သားရို့သိရေ
အသားကိုစားချင်ကေ
အခွံကိုတော့ခါခွာရဖို့စွာယာ
ဒေဂု
သားရို့လျှာဖျားမှာ အခွံစွာ
ပက်ပက်စက်စက်ကို ခါးရေ။

သူရိန်လင်းဆက်

မြောက်ဦးကဗျာသျှင်များစုစည်းထုတ်ဝေသည့်  FATHER DAY ကဗျာစာအုပ်မှ-

No comments:

Post a Comment