လကွယ်ည

အဘာရွီးဆွဲခရေ
လချေစွာ
"လ"ရုပ်မပေါက်အောင် ပွန်းပဲ့မှုန်ဝါးလို့။

သားရို့လေဘာဘာ...
ဒေပထ၀ီဝင်မှာ
ရိုးမတောင်တန်းကြီးတစ်ခုလုံးပါအောင် ရွီးဆွဲချင်ရေ
ဘင်္ဂလားပင်လယ်ပြာပြာကြီးတစ်ခုလုံးပါအောင် ရွီးဆွဲချင်ရေ
ဘင်္ဂါ ၁၂ မြို့ပါအောင် ရွီးဆွဲချင်ရေ
ပြီးကေ
ထူပိန်းသိပ်သည်းလာနိန်ရေ မုတ်ဆိတ်တိကို
ရိတ်ပစ်ချင်ရေ
ကြာသပတေးဂြိုဟ်ဆိုးက လွတ်မြောက်ချင်ရေ။

ဒေဂုလေ...
ကြံရည်ညှစ်စက်ထဲရောက်နိန်ရရေ "လ"ချေစွာ
ကြံဖတ်ချေပိုင်ဗျာ ဘာဘာ
ကြံရည်ညှစ်စက်ထဲက စိမ့်ထွက်နိန်ရေ
ကြံရည်တိစွာ 
သားရို့မျက်ရည်စက်တိဆိုစွာ
အဘာ မြင်လို့ဟိဖို့ဆိုကေ...။

သူရခိုင်

မြောက်ဦးကဗျာသျှင်များ စုစည်းထုတ်ဝေသည့် FATHER DAY ကဗျာစာအုပ်မှ- 

No comments:

Post a Comment