အရှိရခိုင်သို့ လွမ်းပါသည်

ဒေပိုင်နီရာမျိုးမှာ ရခိုင်စကားပြောနီရေ ရခိုင်လူမျိုးတိ ရာထောင်ချီလို့ ဟိလီဖို့လို့ လုံးဝမထင်ခ။ အေဂုက မာန်အောင် ဒေသိယစကားကို ပြောဗျာယ်။ တစ်ရွာလုံး၊ တစ်မျိုးလုံး ဟိနီကတ်စွာရာမနား။

ယေဒါလေ့သူရို့ ဒေနီရာကို ဇာခါကပင် ရောက်နီလေ့ဆိုစွာကို တစ်ယောက်တောင်မသိကတ်။ ကြာတော့ ကြာဗျာယ်ဆိုယင့်။ ထိုး... အဖိုး အဖီးရို့ခေတ်ကပင် နီလာကတ်စွာလို့ အတိအကျ ပြောနိုင်ရေ။ သူရို့ထက် အသက်ကြီးရေ ဘကြီး ဦးဘရွှေနန့် တွိမှဖြစ်ဖို့လတ်။ ဘကြီးဦးလရွှေ အသက်ကိုးဆယ့်နှစ်နှစ် ဟိဗျာယ်။ ဘကြီး ဦးဆိတ်တောင်းလေ့ (၈၅)နှစ် ဟိဗျာယ်ဆိုယင့်။ ဘကြီးရို့ရေ ကံချိုင်ပေါက်ဖွားဖြစ်တေ။ ဘကြီး ဦးဘရွှေက အမိ ဒေါ်ညိုမနန့် အဖ ဦးဘစိန်ရို့ဘက်က မွီးရေ သားသမီးခြောက်ယောက်ထဲက တတိယ မြောက်သားလတ်။ သူ့အမိဘက်က အဖိုး ဦးပျော့ကြီးကို သူကောင်းကောင်းမှတ်မိရေ။ သူရို့ရေ ဒေဇာတိ၊ ဒေနီရာကို ပြောင်းလာရေလူတိမဟုတ်။


ဒေကံချိုင်ရွာမှာ ရပ်ကွက်(၆)ကွက်ဟိရေလတ်။ အထက်စုရပ်ကွက်၊ ရွာမရပ်ကွက်၊ နတ်ကုန်သာရပ်ကွက်၊ အောက်ကွင်းရပ်ကွက်၊ ကျားတန်းရပ်ကွက် (ကမ်းသာယာရပ်ကွက်)၊ ဘန့်ဘွေးရပ်ကွက်ရို့လတ်။ အိမ်ခြေ စုစုပေါင်း (၁၀၆၁) အိမ် ဟိရေ။ လူဦးရေစုစုပေါင်း (၄၁၆၁)ယောက် နီကတ်ရေလတ်။ ဘုန်းကြီးကျောင်းက နှစ်ကျောင်း၊ အစကပင် တစ်ရွာလုံး ရခိုင်။ အဂု သုံးပုံနှစ်ပုံ ရခိုင်လတ်။ အလုပ်အကိုင်က လယ်လုပ်တေ၊ ယာလုပ်တေ၊ ငါးရှာရေ၊ အလုပ်ရာဟိရေလတ်။ ဘကြီးဦးဘရွှေဘ၀မှာ ဒေပိုင်မုန်တိုင်းကြီး နှစ်ကြိမ် ခံဖူးရေ ဆိုကာ နာဂစ်မုန်တိုင်းမှာ ကံချိုင်ရွာတစ်ရွာလုံး တစ်အိမ်မကျန် ပျက်စီးလားရေ။

'ငါ့တူရို့က ဇာကလဲ၊ ငါရို့ရွာကို ဒေပိုင် ရခိုင်သားအများကြီး ရောက်လာစွာ အေတစ်ခါရာ ဟိဖူးရေ။အယင် က ယောက်စိယောက်စိုင်ရာ ရခိုင်ရောက်တေ။ မင်းရို့အနောက်ရခိုင်က ရခိုင်သားတိ ဇာလုပ်ဖို့ လာလေ၊ လူဇာနှစ်ယောက်ပါလေလို့ ဘကြီး ဦးဘရွှေ ၀မ်းနည်းကောင်းထမန်းမိန်းရေ'

'ဟုတ်ပါရေ ဘင်္ကြး၊ ကျွန်တော်ရို့ ရခိုင်သဟာယအသင်း (ရန်ကုန်)က မော်တင်စွန်းဘုရားကို ဘုရားဖူးခရီး ထွက်လာစွာပါ၊ စုစုပေါင်း (၁၅၄)ယောက် ပါပါရေ။ အားလုံး ရခိုင်လူမျိုးလို့ဆိုကေ ရပါဖို့။ ကျွန်တော်ရို့ရေ အဂုမှရာ ဒေရွာကိုရောက်စွာမဟုတ်ပါ။ နာဂစ်မုန်တိုင်းတိုက်ပြီးခါ အေအရပ်၊ အေဒေသကို ကျွန်တော်ရို့ ရန်ကုန်ရောက် ရခိုင်မိသားစုက တတ်နိုင်သလောက် ကူညီဖို့ ရောက်ခပြီးဗျာယ်မဟုတ်ပါလား။ အိမ်ရှိပူကေ အိမ်နောက်မချမ်းသာလို့ ဆိုရေပိုင် ကျွန်တော်ရို့ ရခိုင်သားတိ တတ်နိုင်သလောက် ရသလောက်ကူခကတ် ပါရေ။ ယင်းအထဲမှာ နိုင်ငံတကာရောက် ရခိုင်သားတိလေ့ ကူခပါရေ၀ါ'လို့ ဥက္ကဌ ဦးမျိုးဆွေက ရှင်းပြပါရေ။

ညဇာဖက်မှာ တခမ်းတနား စီစဉ်ထားရေ ဒင်နာကိုရာ တစ်ချက်ကြည့်၊ ရန်ကုန်မြို့မှာတောင် အေပိုင်ကြီး ကျယ် ခမ်းနားရေ ညစာစားပွဲမျိုး စီစဉ်ဖို့မလွယ်။ ဒေနီရာမှာ ရခိုင်သဟာယ ကော်မတီဝင်တိ စီစဉ်ထားပုံက လိုက်ပါလာသူအားလုံး အံ့သြစီရေ။

ကံချိုင်တစ်ရွာလုံး ၀ိုင်းဝန်းကူညီထားစွာဖြစ်လို့ စားရေလူထက်တည်ခင်းဧည့်ခံရေလူကများရေဇာတ်စင်ကြီး တစ်မျှ စီစဉ်ထားရေ ဟောပြောစင်ကြီးမှာ ဆရာထွန်းရွှေခိုင်နန့် ရခိုင်လှမြင့်က အားမာန်အပြည့်နန့် ဟောပြော ကတ်စွာကို အားလုံးက အကြိုက်ဆုံးလတ်။ ဇာတ်စင်ထက်မှာ လာရေလူအားလုံး တေးခြင်း ဆိုရေလူကဆို၊ ကရေလူက ကနန့် ညဥ့်နက်သန်းခေါင်တိုင်အောင်ထိ။


၂၆.၁၂.၂၀၀၈နိန့် ညဥ့်(၉)နာရီကပင် ရန်ကုန်မြို့ကထွက်လာကတ်စွာ။ ပုသိမ်ဆိပ်ကမ်းကိုမိုးလင်းအာရုဏ် (၃)နာရီမှာ ရောက်တေ။ ယင်းကတစ်ဆင့် (၃) နာရီခွဲမှာ ဘုန်နန့်ထွက်လာစွာ (ရခိုင်သဟာယစီစဉ်သူရို့ က ဒေဘုတ်ကို သင်္ဘောလတ်) ၂၇.၁၂.၂၀၀၈နိန့် နိခင်း(၁)နာရီမှာ ခမောက်မော်ရွာကို ရောက်တေ။ ဇီးချိုင်က ကံချိုင်ကို ထော်လာဂျီနန့် ခေါ်လားရေ။ ကံချိုင်ဘုန်းကြီးကျောင်းမှာ တည်းဖို့ခိုဖို့ ခမ်းခမ်းနားနား လုပ်ထားကေလေ့ ကံချိုင်ဘုန်းကြီးကျောင်းက နာဂစ်မုန်တိုင်းဒါတ်ကြောင့် ခနော်ခနဲ့။ ပုသိမ်က ဇီးချိုင် ကိုလာရေ မြစ်လမ်းတလျှောက်မှာ ဟိရေ၀န်းကျင်က ရခိုင်ပြည်နန့် အတူတူဗျာယ်လို့ လူတိုင်းလိုလို ခံစားပြောဆိုကတ်တေ။ ကြည့်... မြစ်ထဲမှာ ကျားပါးစပ်ပိုက်တိနန့် ငါးဖမ်းနီကတ်စွာ မတူလာ။ စိုင်းဒြား ငှက်ချေတိက ဘုတ်နောက်က လိုက်ဗျာယ် အော်နီကတ်တေ။

တစ်ရက်လုံး ရခိုင်သဟာယအသင်းက ကျွေးသမျှကို စားထားကေလေ့ အိပ်မပျော်။ ခဲဝါအူသံတိကို ဘုန်းကြီးကျောင်းက ကြားနီရရေ။ မိုးထအတွက် ချက်ပြုတ်နီရေ ကံချိုင်ရွားသားရို့ ဇွဲကလေ့ မိုးတလင်း။ မိုးလင်းဖို့ဗျာယ်ဖြစ်လို့ ကျောင်းထက်က ဆရာတော် ဆင်းပါလတ်ဗျာယ်။

'တကာကြီး ရန်ကုန်က လာစွာလား၊ ရန်ကုန်ရောက် ရခိုင်လား'

'မှန်ပါ့၊ ရန်ကုန်က လာစွာပါဘုရား'

'သြော်... ငါရို့ရခိုင်သားတိ အေပိုင် အများအစား မရောက်စွာ နှစ်ပေါင်း (၅၀၀)လောက်ဟိဗျာယ်။ အတိအ ကျပြောဖို့ဆိုကေ နှစ် (၄၉၀) ကျော်ဗျာယ် တကာ'

မော်တင်စွန်းဘုရားရေ ကံချိုင်ရွာနန့် (၃)မိုင်လောက် ၀ီးရေ။ ၂၈.၂.၂၀၀၈နိန့် မိုးထစောစော ၆း၃၀နာရီမှာ ပင်လယ်ကမ်းနားက မော်တင်စွန်းဘုရားကို လားရစွာဖြစ်လို့ ပင်လယ်ပြင်က တိုက်လာရေလေတိ စိတ်ကို လန်းစီရေ။ ဂွေ့သျှေကို ကွေ့လိုက်မှ မော်တင်စွန်းဘုရားကို ဖူးမြင်ရရေ။ ရခိုင်ရို့က ကျွန်းအဖျားကို မော် လို့ခေါ်ရေ။ ရခိုင်ပြည်မှာ ဗုဒ္ဓေါမော်၊ ကြိမ်ခမော်၊ ဆင်တမော်၊ စခန်းမော် (မအီချောင်း)၊ ကင်းမော် (သံတွဲ)၊ အဂုတစ်ခါ မော်တင်စွန်းလတ်၊ ဒေဝေါဟာရစွာ ရခိုင်ဝေါဟာရအစစ်။ ဇာသူငြင်းဖို့လဲ။ မြန်မာစာ အဘိဓါန် ကျမ်း စာ- ၂၇၂ မှာ မော်= မျက်နှာကို အနည်းငယ်မော့်သည်။ ၀င့်ကြွားသည်။ မြင့်မော်သော အငူစွန်း။ အမော်လို့ ဖါင့်ဆိုထားရေ။ အသျှေကပင် အဖိုးသျှင် အဘောင်သျှင်ရို့ ပြောရေစကားကို တဖြည်းဖြည်း ကြားယောင်မိရေ။ လောင်းနန့်လားကေ မော်ဖျားမှာတင်ပခ၊ မော်စွန်းဖျားက စောင့်နီလီ။ အမှန်ပင် ငါရို့မော်တင်စွန်း မဟုတ်လား။ မော်တင်စွန်းဘုရားထက်က မိုင်ပေါင်း(၄၄၀) လောက်ဝီးရေ နတ်မြစ်ဝကို လှမ်းကြည့်မိပါရေ။

ရွာနာမည်တိကိုလေ့ တစ်ချက်ကြည့်။ ဇီးချိုင်၊ ကံချိုင်လတ်။ ဒေပိုင်နာမည်မျိုး ငါရို့ဘားမှာလေ့ ဟိရေ။ သပြုချိုင်၊ လုံးသာချိုင်၊ ရွှေဝါချိုင်၊ အင်္ဂရားချိုင်၊ ထိုချိုင် ဒေချိုင် အများကြီးကျန်ဖို့သိမ့်။ ဒေနာမည်တိကိုလေ့ တစ်ရက် သုတေသန လုပ်သင့်ရေ။

မော်တင်စွန်းဘုရားကို ရောက်တေခါ အမတ်ကြီးမဟာပညာကျော်ကို သတိရပါရေ။ ထိုးကုန်ခရေ နှစ်ပေါင်း(၄၀၀)ကျော် (၅၀၀)လောက်က ရခိုင်ဘုရင် မင်းဗာကြီးခေါ် ဘစောသီရိမှာ အမတ်ကြီးမဟာပညာကျော် လို့ ခေါ်ရေ ပညာဟိတစ်ယောက်ဟိပါရေလတ်။ အသျှေကပင် သူငယ်ချင်းဖြစ်လို့ သံယောဇဉ်လေ့ ပိုကြီးကတ်တေလတ်။ မဟာပညာကျော်နန့် အတူ အသျှင်ဦးမြ၀ါလေ့ ဖွားဖက်လို့ဆိုပါရေ။ မဟာ ပညာကျော်ရေ စစ်တကောင်းစားအမတ် အဖြစ်နန့်လေ့ ရခိုင်သမိုင်းမှာ ထင်ရှားပါရေ။ မြောက်ဦး ရွှေထီးဆောင်းရေခေတ်မှာ မင်းဗာကြီး၊ မင်းတိက္ခာ၊ မင်းစောလှ၊ စင်္ကြာဝတေး၊ မင်းဖလောင်း၊ မင်းရာဇာ ကြီး လက်ထက်ကိုထိ မင်း(၆)ဆက်မြောက်အောင် တိုင်းရေးပြည်ရေးတိကို ထမ်းဆောင်ခရေ သက်တော်ရှည် အမတ်ကြီးဖြစ်ပါရေ။

ရခိုင်ဘုရင့်နိုင်ငံတော်ကြီးကို ဖွဲ့စည်းပုံရီးဆွဲရေအခါက ဦးစီးဦးဆောင် ပါဝင်ခရေ အမတ်ပညာရှိကြီးလေ့ ဖြစ်ပါရေ။ ရွှေဗျဉ်းဓမ္မသတ်ကျမ်း၊ ရာဇနိတိကျမ်း၊ ရာဇ၀ံသကျမ်း၊ ရာဇမတ္တကျမ်း၊ ရာဇ၀သောကကျမ်း၊ ရာဇ၀သတိလင်္ကာ၊ ရာဇောပါဒပဏိဏ္ဍလင်္ကာကျမ်းနန့် (၁၂)ရာသီရတုရို့ကိုလေ့ ရီးသားခရေ အမတ်ကြီး ဖြစ်ပါရေ။ ရခိုင်စာပီသမိုင်းထဲမှာ မဟာပညာကျော်လျှောက်ထုံးလို့ နာမည်ကြီးရေ လျှောက်ထုံးနန့်အတူ ဖြတ်ထုံးတိကိုလေ့ စီရင်ရီးသားခပါရေ။

ရခိုင်သမိုင်းထဲက မဟာပညာကျော်မျိုးရိုးမှာ သား မဟာပညာဝံသ(ကျီးညို)၊ မြေး ငလက်ရုံး၊ မြတ်စ ငခင်ညို၊ တီ ကိုယ်ရံကြီးရဲအောင်၊ တွက် ရွှေသဲရို့ ဖြစ်တေ။ အမတ်ကြီး မဟာပညာကျော်ကို သက္ကရာဇ် (၁၄၈၈)ခုနှစ် ကဆုန်လပြည့် သောကြာနိန့်မှာ မွီးဖွားပြီးကေ (၁၅၉၉)ခုနှစ်မှာ ရခုင်ဘုရင်မင်းဗာကြီးရေ ဟံသာဝတီကိုတိုက်လို့ အောင်ပွဲဆင်ဗျာယ် ရခိုင့်နေပြည်တော် မြောက်ဦးအပြန်ခရီးမှာ ကွယ်လွန်အနိစ္စ ရောက်ခရေ။

တောင်ထက်က စေတီကြီးနားမှာ သဟာယအသင်းဝင်တိနန့် ကော်မတီရို့ ဘုရားဖူးယင်း ငြင်းခုန်နီ ကတ်တေ။ ဒု-ဥက္ကဌကြီး ကိုမျိုးဆွေက မဟာပညာကျော်လျှောက်ထုံးစာအုပ်ကို ကိုယ်ဗျာယ် 'ဒေစာအုပ်ရေ (၁၉၆၄)ခုနှစ်၊ ဒီဇင်ဘာလမှာ ဟံသာဝတီပုံနှိပ်တိုက်က ထုတ်ခရေ စာအုပ်ဖြစ်တေ။ ဒေစာအုပ် စာမျက်နှာ (၁၂၁)မှာ ပါစွာကိုရာ တစ်ချက်ကြည့်ဒေ။

'မော်တင်စွန်းသို့ ရောက်သောအခါ အမတ်ကြီးမဟာပညာကျော် သေလွန်သောအခါ ကြီးကျယ်စွာနှင့် သင်္ဂြိုဟ်တော်မူ၍ အမတ်ကြီးကို သင်္ဂြိုဟ်သော သင်္ချိုင်းရာပေါ်တွင် ဘုရားစေတီတည်ခဲ့လေသည်။ ထိုစေတီကြီးကို ယခုတိုင် မော်တင်စေတီကြီးဟု ထင်ရှားစွာ ခေါ်ဝေါ်လျက် ရှိလေ၏ လတ်' ဒေစာအုပ်မှာ အတိအကျ ဖော်ပြထားရေ ဇာငြင်းဖို့သိမ့်လဲ'

ယင်းစာအုပ်မှာ ဇာလောက်ပင် ဖော်ပြထားထား ဒေမော်တင်စွန်းဘုရားနားမှာ ရောင်းနီရေ မော်တင်စွန်း ဘုရားသမိုင်း စာအုပ်တိကိုရာ တစ်ချက်ကြည့်။ ဗုဒ္ဓမြတ်စွာဘုရား ဆံတော်ရှင်ဓါတ်ကို တည်ထားကိုးကွယ် စွာဖြစ်လို့ ဆံတော်ရှင် မော်တင်စွန်းဘုရားလို့ အတိအကျဖော်ပြထားရေ စာအုပ်တိကို အကိုမြင့်ယင့်သား နန့် ငြင်းနီစွာက ဟုတ်ကိုမဟုတ်ဗျာယ်လို့ အတွင်းရေးမှူး ကိုထွန်းနိုင်က ချေပရေ။

ငြင်းခုံ ဆွေးနွေးပွဲရေ ပိုလို့ကျယ်ပြန့်လာရေ။ ဆံတော်ရှင်မော်တင်စွန်းဖက်က ရပ်တည်လူ ပိုများလာရေ။ ကြားနီလူတစ်ချို့ကလေ့ မကြားဟန်ဆောင်နီကတ်တေ။ သမိုင်းမှတ်တမ်းဆိုစွာ လူအများစုဖက်ကရာ ရပ်တည်ဖို့လား။

၂၈.၁၂.၂၀၀၈ မိုးထ(၉)နာရီကပင် ဆွမ်းကျွေးဖို့ ဖိတ်ထားစွာ ရွာသားတိ ရောက်နီကတ်တေ။ အာဂန္တု တိလေ့ ကျောင်းအောက်မှာ ပြည့်လို့။ အသျှင်ဘုရား တရားဟောရေအခါ တိုင်ပင်ထားကတ်စွာ မဟုတ်ကေလေ့ လူတိုင်းမျက်နှာမှာက သောကရိပ်တိ ထင်ဟပ်နီရေ။ နာဂစ်မုန်တိုင်းရေ ဒေရွာကိုလေ့ မွှီနှောက်ထားခစွာရာ မနား။ သီသူသီ ပျောက်သူပျောက် တစ်ရွာလုံးကို သောက ရောက်စီရေ မုန်တိုင်း၊ ရခိုင်သားဖြစ်လို့ လှိုင်းလီကို မကြောက်၊ မိုးကိုမကြောက်ဆိုကေလေ့ နာဂစ်မုန်တိုင်းရေ အနောက်ရခိုင်ကို မရောက်ခ၊ အရှိဖက်က ရခိုင်တိကို ဒေါသတကြီးနန့် ရန်ရှာပစ်ခရေထော။

ကောင်းရာမွန်ရာတိကို ရောက်လီကတ်ဖို့ အမျှပီးဝီကတ်တေခါ ရွာသူရွာသားတစ်ချို့ ငိုကတ်တေ။ ကိုယ့်ကို ကိုယ် အသဲမာရေလူလို့ မှတ်ကေလေ့ လူမမြင်အောင် မျက်ရည်ကျမိပါယင့်။ ရခိုင်သဟာယ အသင်းက လူကြီးတိ စေတနာကို အသိအမှတ်မပြုဘဲ မနေနိုင်။ ဒေဆွမ်းကျွေးပွဲမှာ စားစရာတိ ကန်ကမကန်၊ စုံအောင်စားကြည့်ဖို့လို့ စိတ်ကမှတ်ကေလေ့ မစားနိုင်ခ။

ရခိုင်သဟာယက လူကြီးတိက နောက်နှစ်လေ့ မော်တင်စွန်းဘုရားကိုဖူးယင်း ဒေရွာကို ဖြစ်အောင် လာလေ့မေလို့ ကတိပီးကတ်ပြန်ရေထော။

(၁၁)နာရီထိုးစွာနန့် ခမောက်မော်ကို လားကတ်ဖို့ ထော်လာဂျီတိ ကားတိ ရောက်လာလို့ ခမောက်မော်က သင်္ဘောဆိပ်ကို ဆင်းကတ်ရရေ။ ထော်လာဂျီထက်ကို အတက်မှာ ရွာက ၀ါကြီးမတစ်ချို့ နောက် တစ်ခေါက်လာလတ်ကတ်နှမ်း မောင်သျှေရို့လို့ အမိကသားကို မှာရေလီသံနန့် မှာနီကတ်တေ။ သံယောဇဉ်ကြီးရေ ၀ါကြီးမတိ လီသံက ရင်ကိုကိုင်လို့ လှုပ်နီရေပိုင်ကာ။ 'အကြီးမရို့ ရွာကိုလေ အေလောက်များရေ ရခိုင်သားတိ စုဗျာယ်လာစွာ တစ်သက်နန့်တစ်ကိုယ်မှာ အေတစ်ခါရာ မြင်ဖူးရေ မသီခင် နောက်တစ်ခေါက်လောက် မြင်ချင်လို့ နောက်နှစ်ခါ ဖြစ်အောင်လာလတ်ကတ်နှမ်း'လို့ ဖိတ်တေအသံက...

ရိုးမလူ
၆.၁.၂၀၀၉


No comments:

Post a Comment