ဆန်းလမြေသား - မောင်နှစ်သိမ့်(တောင်ကုတ်)

တရားကိုသွေးပြီး
သားကိုထွေးနေရုံနဲ့ မရတော့ဘူး။

ကြည့်လေ... နေစရာမြေသာမက
ငါတို့ဘ၀တွေကိုပါ ၀င်လု
ရှင်သန်မှုအသက်တွေကိုပါ ၀င်လု
ဘာကိုမှ ဂရုမထား
ငါတို့သွေးသားတွေကိုလည်း ၀င်လု
ဘိုးဘေးအစဉ်အဆက်
မပျက်တဲ့ ယဉ်ကျေးမှုတွေကိုလည်း ၀င်လုနေကြ
ရောမအင်ပါယာထဲက နီရိုးဘုရင်လိုမျိုး
ခင်ဗျားကော တယောထိုးနေနိုင်အုံးမလား။

အမှိုက်များ

တို့အိမ်သန့်ရှင်း၊ လှပခြင်းတွက်
လှဲကျင်းလိုက်သော အမှိုက်ပုံ။

အမှိုက်ပုံကား၊ ကြီးထွားပေါင်းစု
တစ်ခုအင်အားဖြစ်လာခဲ့။

ခြင်,ယင်,ပုရွက်၊ ခြ,လောက်တက်၍
ပုပ်လျက်သိုးနံ့၊ ၀န်းကျင်ဖြန့်လျက်
မဆန့်ဗိုင်းရပ်(စ)၊ ထပ်ထပ်တိုးလာ
ရောဂါမျိုးဆောင်၊ တဟောင်ဟောင်တည့်။

မပြီးဆုံးသေးသော မြောက်ဦးသမိုင်း - အာရက္ခပုတြ

မြောက်ဦးမြို့တော်သည် ရခိုင်တို့၏ ဂုဏ်ဆောင်ဖြစ်သည်။

မြောက်ဦးမွေးဖွားသည့် (၁၄၃၀) ပြည့်နှစ်မှသည် ကျဆုံးသည့် (၁၇၈၄) ခုနှစ်အထိ ကောင်းမွေ၊ ဆိုးမွေ များဖြင့် ပြည့်နှက်ခဲ့ပါသည်။ မြို့သက် အနှစ်ငါးဆယ်အတွင်းတွင် ရခိုင်သည် လုံခြုံတိုးတက်ခဲ့သည်။ တိုင်းပြည်လည်း အင်အားကောင်းခဲ့သည်။ အင်းဝ (မြန်မာ)ကလည်း တန်းတူ ဆက်ဆံခဲ့သည်။ မင်းနှစ်ပါး တို့သည် နှစ်နိုင်ငံနယ်စပ် နတ်ရေကန်တွင် တွေ့ဆုံခဲ့သည်။

ဒုတိယနှစ်ငါးဆယ်တွင် ဘုရင်တို့သည် နန်းရရှိရေးကိုသာ အာရုံစိုက်ခဲ့ကြသည်။ တိုင်းပြည်လည်း နာခဲ့ သည်။ အာဏာယစ်မူးလျှင် ပြည်သူနာသည်။ ဆိုးမွေများပင် ဖြစ်သည်။

သမီးကျောင်းဆရာမထံသို့ပီးစာ - သားလှ(ရသေ့တောင်)

သို့

    သမီးသဇင်
    ဘာဘာစာရီးလိုက်ပါရေ။ သမီး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာစွာနန့် တာဝန်ဝတ္တရားတိကို ထမ်းဆောင်နိုင်ပါစီလို့ ဘာဘာဆန္ဒပြု ဆုတောင်းလိုက်ပါရေ။ ဘာဘာလည်း ကျန်းမာစွာနန့် နိုင်ငံ့တာဝန် ထမ်းဆောင်နီပါရေ သမီး။

အဂုတခါ သမီးဘားသို့ စာရီးစွာ ပြောစရာစကားဟိလို့။ ပြောချင်ရေစကားကို မပြောခင်၊ ဘာဘာရေ သမီးရို့နန့် ခွဲခွာပနာ တာဝန်ကျရာမြို့သို့ ပညာရေးဌာန စစ်ဆေးရေးတာဝန်နန့် ရောက်နီစွာ သုံးနှစ် ဘုံးဘုံးပြည့် ဖြစ်တေပိုင်၊ သမီးလည်း ပညာရေးကောလိပ်ကဆင်းလို့ နယ်မြို့ချေတစ်မြို့မှာ ကျောင်း ဆရာမချေအဖြစ် တာဝန်ထမ်းဆောင်နီစွာ (၂)နှစ်တောင် အကျော်ကြီးကျော်လားယာ။ ဒေစာကို သုံးနှစ်ပြည့်မြောက်အနေနန့် ဘာဘာအတွိအကြုံထဲက၊ ကြားသိမြင်တွိရသမျှထဲက သမီးအတွက် အကျိုးဟိစီဖို့ ရည်ရွယ်လို့ ရီးဖြစ်စွာ။

Vaishali and the Indianization of Arakan by Noel F. Singer

Vaishali and the Indianization of Arakan
by
Noel F. Singer
pdf file (290 KB)



ရခိုင်မင်းသမီးဧချင်း - အဒူမင်းညို

ရခိုင်ပြည် ဘစောဖြူမင်းလက်ထက်
ပညာရှိအမတ်ကြီးဖြစ်သော
အဒူမင်းညို
ဖွဲ့ဆိုသီကုံးရေးသားသည့်
ရခိုင်မင်းသမီးဧချင်း
pdf file (831 Kb)

စစ်မှန်သော ပြည်ထောင်စုသို့

လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည်ဆိုလျှင် တိကျပြတ်သားသော ရည်ရွယ်ချက်ရှိရပေမည်။ ရည်ရွယ်ချက် ပန်းတိုင်မရှိဘဲ စမ်းတ၀ါးဝါးနှင့် လျှောက်သွားနေသော လူမျိုးတစ်မျိုးသည် လူမျိုးခြားတို့၏ မျိုဝါးခြင်းကို ခံယူရမည်မှာ ဓမ္မတာဖြစ်၍ အမျိုးကွယ်ပျောက် ဆိတ်သုဉ်းသွားရမည်မှာ သဘာဝပင်ဖြစ်သည်။

ရခိုင်ပြည် လူမျိုးတစ်မျိုးအနေနှင့် မိမိတို့ ချီတက်ရမည့် ခရီးစဉ်ကို တိတိကျကျ စီမံကိန်းချထားရန် အရေး ကြီးပေသည်။ ရခိုင်လူမျိုးသည် နှစ်ပေါင်း (၁၇၀)ကျော်ခန့် တိကျပြတ်သားသော ရည်ရွယ်ချက်မရှိဘဲ၊ ဟိုမှသည်သို့ စုန်ဆန်လွင့်မျောခဲ့ချေပြီ။ အကယ်၍ ဤကဲ့သို့သော ဆက်လက်ခရီးသွားနေမည်ဆိုက မကြာလင့်ပြီဖြစ်သော ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် ရခိုင်ဆိုသော ဝေါဟာရသည် ဒဏ္ဍာရီ စကား သဖွယ်သာ ကျန်ရစ်ခဲ့ရရှာမည် မလွဲပေ။

ဒေါက်တာအသျှင်ဥာဏုတ္တရ၏ ကိုယ်ရေးအကျဉ်း

သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရရှိခဲ့သော ကိန်းသာဓမ္မကျောင်းဆရာတော် ဒေါက်တာအသျှင်ဥာဏုတ္တရကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ တောင်ရင်းရပ်ကွက်၌ အဖ ဦးသာထွန်းအောင်၊ အမိ ဒေါ်လှစောညိုတို့မှ ၁၉၈၃ ခု ဒီဇင်ဘာ (၂၀)ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်းညီအစ်ကို မောင်နှမ (၁၂)ဦးအနက် (၉)ဦးမြောက် သားဖြစ်သည်။ မြတ်စွာဘုရားရှင်၏ အဆုံးအမ သာသနာတော်ဘောင်အတွင်းသို့ ရှင်သာမဏေအဖြစ် ၁၃၆၁- ခု တန်ခူးလဆန်း (၃)ရက်နေ့တွင် ၀င်ရောက်ခဲ့သည်။

ချည်တိုင်သို့လားရာ - ခင်ငြိမ်းချမ်း

အေပိုင် ဖရိုဖရဲ ခြီလှမ်းတိနန့်
ငရို့ဆုံဖြစ်ခကတ်
မိုင်ထောင်ချီရေ အရပ်မှာ
ငရို့ချည်တိုင်တိကို ထားပခဗျာယ်...

ငရို့ တာလွှတ်ခံရစွာလား?
ငရို့ဘာသာ ငရို့ တာကိုလွှတ်ချပခကတ်စွာလား?
ဇစ်မြစ်ကို သသေချချာကြည့်လိုက်မှ
ငရို့ခေါင်းတိ မူးနောက်နိန်ရေပိုင်
ရေချိန်ကိုက်လားလို့တော့ခါ မဟုတ်
ငရို့ဘ၀တိကိုက ရေချိန်ကိုက်ခံလိုက်ကတ်ရစွာမနား
ငရို့အစာတိက မကြေကတ်ဗျာယ်
ငရို့သွီးကြောတိကလည်း မပွင့်ရေခါ
မမူးဘဲနန့် မှောက်ကျရရေ ငရို့တိဘ၀...

ခေတ်သစ်ရခိုင်သမိုင်း၏ ခါးသီးစရာအကောင်းဆုံးသက္ကရာဇ် (သို့) ၂၀၁၂ ခုနှစ်ကို ဖြတ်သန်းခြင်း

၂၀၁၂ ခုနှစ်တွင် "၂၀၁၂" အမည်ရ ရုပ်ရှင်ကားကြီးသည် မာယာပြက္ခဒိန်အပေါ် အခြေခံကာ ထွက်ရှိလာခဲ့ ပြီး လူတိုင်းစိတ်ဝင်တစား ကြည့်ဖြစ်ခဲ့ကြသည်။ ကမ္ဘာမြေကို ရေများဖုံးလွှမ်းသွားခဲ့သည့် ကြောက် စရာကောင်းသော ပြကွက်များ သည်းထိတ်ရင်ဖိုစရာ ကောင်းလှသည်။ သို့သော် ယင်းဇာတ်ကား အတိုင်း ဖြစ်မလာ။ ကမ္ဘာကြီးက ၂၁ ရာစု ၀သီအတိုင်း မုတ်တိုင်းဝင်၊ ငလျင်လှုပ်၊ ရေကြီးလောက်နှင့် ကုန်လွန်သွားခဲ့သည်။

သို့သော် ရခိုင်ပြည်နယ်သည် အထူးသဖြင့် ရခိုင်တို့သည် ခေတ်သစ်သမိုင်းတစ်လျှောက်တွင် အဆိုးဝါးဆုံး၊ အခါးသီးဆုံးသော သက္ကရာဇ်တစ်ခုကို ဖြတ်သန်းဖြစ်ခဲ့ကြရသည်။ လုံးဝမေ့စရာမဟုတ်။ လုံးဝ ကျေနပ် စရာမကောင်း၊ အောင့်သက်သက်နှင့် ကူရာမဲ့၊ ကယ်ရာမဲ့နှင့် ၂၀၁၂ ကို ရင်နင့်နင့် ဖြတ်သန်းခဲ့ရသည်။