ကြက်မငယ်နှင့်ကြောင်ကလေး

တစ်နေ့သ၌ ကြက်မငယ်တစ်ကောင်သည်ရေခပ်ရန်လာခဲ့လေ၏။ရေကန်အနီးရောက်လျှင် ကြောင်ငယ် တစ် ကောင်နှင့်တွေ့ဆုံကြလေ၏။

ထိုအခါကြောင်ငယ်က“မိတ်ဆွေကြက်မငယ်၊ဘယ်ကိုသွားသနည်း”ဟုမေးလေ၏။

ကြက်မငယ်ကလည်း“ရေခပ်လာသည်”ဟုပြန်ပြောလေသည်။

ကြောင်ငယ်ကတဖန်“အဆွေနှင့်ငါမိတ်ဆွေဖွဲ့လိုသည်၊ ထို့ကြောင့်ညနေတွင်အဆွေထံငါ အလည်အပတ် လာ ပါမည်”ဟုဆိုလေ၏။

ထိုအခါကြက်မငယ်လည်း“အဲ...အဲ....လာပါလော့”ဟုပြန်ပြောလေ၏။

ကြက်မငယ်စကားကိုသိရလျှင်ကြောင်ငယ်က“အဆွေ ဘယ်မှာအိပ်သနည်း”ဟုမေးလေ၏။

“တန်းပျင်း(ရေသုံးခန်း)တွင်အိပ်ပါသည်”ဟုပြောဆိုမှာထားခဲ့လေ၏။

၎င်းတို့အချင်းချင်းအသိအကျွမ်းဖြစ်ကြလေ၏။ထိုနောက်လိုရာဌာနသို့အသီးသီးပြန်လာခဲ့ကြလေ၏။

ကြက်မငယ်သည်အိမ်သို့ရောက်သော် မိခင်ကြက်မကြီးကိုပြောပြလေ၏။ ထိုအခါမိခင်က ဆဲဆိုလျက် “နင့်ကို ကိုက်သတ်ရန်လာတော့မည်၊ဘာဖြစ်၍ပြောခဲ့သနည်း၊အိပ်သာခေါင်မှာအိပ်နေချေ” ဟုအကြံပေးလေ၏။မိခင် ပြောသည့်အတိုင်း လျှို့ဝှက်၍အိမ်သာခေါင်တွင်အိပ်နေလေ၏။

နေ၀င်ချိန်ရောက်လာသော် ကြောင်ငယ်သည်အလည်လာခဲ့လေ၏။အိမ်အောက်မှနေလျက်“အဆွေ ကြက် မငယ်...အဆွေကြက်မငယ်”ဟုခေါ်လေ၏။ကြက်မငယ်သည် အသံမပြုဘဲနေသဖြင့်တန်းပျင်းသို့တက်၍ စမ်း သပ်ရှာဖွေလေ၏။ကြက်မငယ်ကိုမတွေ့လေရာကား မစားခဲ့ရဘဲပြန်သွားခဲ့လေသည်။

နံနက်မိုးလင်းသောအခါ ကြက်မငယ်နှင့်တွေ့ကြလေ၏။ထိုအခါကြောင်ငယ်က“အဆွေမ ဘယ်မှာအိပ်ဘိသ နည်း၊ ငါရောက်ခဲ့ရာမတွေ့ချေတကား”ဟုမေးလေ၏။

ကြက်မငယ်လည်း“အဆွေ ငါမနေ့ညက အိမ်သာခေါင်တွင်အိပ်နေခဲ့သည်”ဟုပြောလေ၏။

ကြောင်ငယ်ကထပ်မံ၍ “အဆွေကြက်မငယ်ယနေ့ဘယ်မှာအိပ်မည်နည်း”ဟုမေးမြန်းပြန်လေ၏။

ကြက်မငယ်ကလည်း“အိပ်သာခေါင်မှာပင်အိပ်မည်”ဟုပြောဆိုလိုက်လေသည်။

ညနေရောက်လျှင်ကြက်မငယ်သည် မိချင်ကိုပြောပြလေ၏။“ကြောင်ငယ်နှင့်တွေ့ပြီး အိပ်ရန်နေရာကိုမေး၍ အိမ်သာခေါင်မှာအိပ်မည်ဟုပြောခဲ့သည်၊ယနေ့ဘယ်မှာအိပ်ရမည်နည်း”ဟုမေးလေ၏။

မိခင်လည်းဆဲဆိုလျက်“နင်အဘယ်ကြောင့် ကြောင်ငယ်နှင့်အတွေ့ခံဘိသနည်း၊ဘေးသင့်တော့မည်၊ နေရာ ပြောင်း၍ ရေတကောင်းထဲတွင်ဝပ်နေချေ” ဟုပြောဆိုလေ၏။

နေ၀င်မိုးချုပ်လေသော် ကြောင်ငယ်လည်းရောက်လာလေ၏။“အဆွေကြက်မငယ်” ဟုခေါ်လေရာ မထူးဘဲ နေလေ၏။ ကြောင်ငယ်သည် အိပ်သာခေါင်ကိုတက်၍ လိုက်လံရှာဖွေနေလေ၏။ ထိုစဉ်ကြက်မငယ် ကလေး က လေလည်ချင်လာသဖြင့် မိခင်ကိုပြောလေ၏။“ငါ ချီးတစ်ပေါက်လောက် ပေါက်လိုသည်”ဟုဆိုရာ “အသာ ကလေးပုပေါက်တော့”ဟုမိခင်ကပြောလေ၏။ ထိုအခါ ကြက်မငယ်သည် မအောင့်အည်းနိုင်ရာကား အီး... အီး... တစ်အားကုန်ပေါက်မိလေ၏။အီးသံကြောင့် ၀င်နေသော ရေတကောင်းကွဲပြီးလျှင် ကြောင်ငယ် လည်း ကြောက်လန့်တကြား ပြေးသွားခဲ့လေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)

No comments:

Post a Comment