နားပင်းကိုးစဉ်

ရှေးအခါကရွာတစ်ရွာတွင် လင်မယားနှစ်ယောက်ရှိခဲ့ကြလေ၏။ ၄င်းတို့သည် မကြာခင်သား တစ်ယောက်နှင့် သမီးတစ်ယောက်ကို ဖွားမြင်ရရှိခဲ့ကြလေ၏။ သားငယ်ကိုအရပ်ဆရာထံ သင်ကြား ထားလေ၏။ သမီငယ် ကို ကား ရက်ကန်းသင်ပေးထားလေ၏။မိဘနှစ်ယောက်တို့သည် အလုပ်အကိုင် ရှာဖွေလုပ်ကိုင်လျက် နေခဲ့ကြ လေ၏။

တစ်နေ့သ၌ ကျောင်းသားငယ်က အိမ်သို့ရောက်လာ၍ နှမထံပုန်းရည်တစ်ခွက်တောင်းလေ၏။ ထိုအ ခါ နှမ ဖြစ်သူကနားထိုင်းလှသဖြင့်“မမရက်ကန်းဘယ်နှစ်လံရပြီလဲ”ဟုကြားမိလေ၏။ ထို့ကြောင့်“ရက်ခါစသာရှိသေး သည်” ဟုပြောလေသည်။

မောင်ကလည်း နားလေးသူဖြစ်ရာကား“ပုန်းရည် အိမ်ပေါ်ကတက်၍ယူသွားလေ” ဟုကြားလေ၏။ နှမဖြစ်သူ သည် ပုန်းရည်ယူသွားသည်ကိုမြင်လေသော် မပြောမဆိုဘဲ ယူရသလားဟု စိတ်ဆိုးမာန်ပါဖြစ်ခ့ဲရလေသည်။

ညနေတွင် အမိအဘတို့ရောက်လျှင်သမီးကတိုင်းကြားလို၍“အမိသားလူမပြော သူမပြောဘဲ ပုန်းရည်ယူသွား သည်၊ ကျွန်မကိုပင်အားမနာ” ဟုပြောလေ၏။

ထိုအခါ အမိမှာနားလေးသူဖြစ်သဖြင့်“သမီး လင်လိုချင်လှသည်”ဟုတလွဲကြားမိလေ၏။ ထိုအခါ ဒေါသ ထွက် ပြီး (အဖ)အိမ်ရှင်ရောက်လျှင် တိုင်ကြားမည်ဟု စိတ်မှန်းထားလေ၏။

မကြာခင် အိမ်ရှင်အဖရောက်လာလျှင် ပြောလေ၏။ မယားကပြောသည်ကိုလင်ကလည်း နားလေးရာကား တလွဲကြားခဲ့လေ၏။ “သမီးလင်လိုချင်သည်၊ မည်သို့ပြုရအံ့နည်း” ဟုပြောသည်ကို “ထားသည်လည်းနင်၊ ထုတ်ဆိုလည်းနင်၊ထုတ်ချေမည်” ဟုကျောင်းသားကိုထုတ်ယူရန်ပြောလေ၏။

နောက်တစ်နေ့တွင် သားဖြစ်သူအား ကျောင်းထုတ်ရန်သွားလေ၏။ ကျောင်းရာက်လျှင် ကျောင်းဆရာကို “ကျောင်းကထုတ်မည် လာကြောင်း” ပြောလေ၏။ ထိုအခါ ကျောင်းဆရာက နားလေးသူဖြစ်ရာကား တလွဲ ကြားမိလေသဖြင့် ဒေါသဖြစ်လေ၏။

“ငါ့ကို ဤကျောင်းမှာဆရာအလုပ်ထားပါလျက်ယခုမနေရဆိုလည်း မတတ်နိုင်၊သွားရုံသာရှိသည်”ဟုပြန်ပြော လေ၏။


ကျောင်းသားကို ထုတ်ယူသွားလေလျှင် ကျောင်းဆရာသည် မိမိနေရပ်သို့ပြန်သွားလေ၏။ လမ်းကိုကောင်း စွာမသိသူဖြစ်ရာကား ပုတ်ရက်နေသော အဘိုးကြီးတစ်ဦးကို “အဘယ်လမ်းကသွားရမည်နည်း” ဟုမေး မန်း လေ၏။

အဘိုးကြီးကလည်း အလုပ်မပြီးသေး၍ စိတ်စောနေသည်ကတစ်ကြောင်း၊ နားမကြားသူဖြစ်သည်က တစ် ကြောင်းကြောင့် ဒေါသဖြစ်ခဲ့ရလေ၏။ “ငါ့ပုတ်ကို ချုံ့ချုံ့ကားကားဆရာနှင့် ဘယ်သို့ဆိုင်၍ မေးရသ နည်း” ဟုပြန်ပြောလေ၏။

ဆရာလည်း“ဤလမ်းမှသွားပါ” ဟုကြား၍ ခရီးကိုဆက်သွားခဲ့လေ၏။

လမ်းခုလတ်သို့ရောက်လာသောအခါ မုဆိုးမသားတစ်ယောက်ကိုတွေ့လေ၏။ ၄င်းသည် ချောင်းကမ်းနား တွင် ငါးရှာလျက်ရှိနေလေ၏။

ဆရာက“ငါးရသလား” ဟုမေးသည်ကို သူငယ်က နားလေး၍ တလွဲကြားမိလေ၏။

“မင်းမိခင် ငါ့နောက်လိုက်မည်လား”ဟုကြားသဖြင့် ချက်ချင်းအိမ်သို့သွား၍ မိခင်ကိုပြောလေ၏။

မိခင်ဖြစ်သူကသားဖြစ်သူပြောသည်ကို တလွဲတချော်ကြား၍“ငါးအကြီးတစ်ကောင်ရသည်”ဟုနားကြား မိလေ ၏။ ထို့ကြောင့်သားနောက်မှ ထက်ကြပ်မကွာ လိုက်ပါသွားခဲ့လေ၏။

ငါးရှာသော သူငယ်သည်ဆရာထံ ရောက်လေသော်“ဆရာ ငါ၏အမိကို ယူသွားမည်ဆိုသည်မှာ မှန်သလော ယခုအမိပါလာလေပြီ” ဟုပြောလေ၏။

ထိုစကားကိုဆရာကလည်း နားလေးရာကား “ငါ့အမိကိုယူ၍ ပြေားလေတော့” ဟုကြားမိ၏။

ထို့နောက်ဆရာသည် ချောင်းတစ်ဘက်ကိုကူးတို့ကူးလို၍ ပိုက်ချနေသူများကို အပို့ခိုင်းလေ၏။ ပိုက်သမား တို့ကလည်း နားလေးကြသူများဖြစ်ကြ၏။ ထိုအခါ မိကျောင်းလာသည်ဟု တလွဲကြားခဲ့ကြလေ၏။ ထို့ကြောင့် ပိုက်သမားတို့သည်ကြောက်၍ ထွက်ပြေးသွားခဲ့ကြလေ၏။

ကျောင်းဆရာသည် ထိုမုဆိုးမကိုရရှိသွားကာ မိမိနေအိမ်သို့ပြန်သွားလေ၏။ထိုတွင်ကောင်းမွန်စွာလုပ်ကိုင် စား သောက်၍ နေထိုင်သွားခဲ့ကြလေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)

No comments:

Post a Comment