အောင်မြင်ဖို့အတွက်

တခါကကောက်ပဲသီးနှံပြပွဲတိမှာနှစ်တိုင်းပထမရရေယာသမားတစ်ယောက်ကို သတင်းထောက်တစ်ယောက် အိန်တာဗျူးမိန်းပါရေ။ ယင်းခါ"ပတ်ဝန်းကျင်က ယာသမားတိုင်းကိုမျိုးစိဝီမျှပီးလို့ပါ။" ဆိုရေစကားတစ်ခွန်းကို ထူးထူးခြားခြားလားကြားရပါရေ။ 

သတင်းထောက်က “အခင်နှစ်တိုင်းသီးနှံပြပွဲဝင်ပြိုင်ပါရေ။ အခင့်မျိုးစိတိကို လူများတိရလားပနာ အခင့်ပြိုင် ဘက်ဖြစ်လာဖို့စွာကိုမကြောက်ပါလား”လို့မိန်းလိုက်ပါရေ။ 

ယင်းခါယာသမားက ”မကြောက်ပါ၊ လူတိသတိမထားမိစွာက ကောက်ပဲသီးနှံတိမှာ အပွင့်ပွင့်ဗျာလ်ဆိုကေ ပန်းဝတ်မှုံတိစွာ ပေရာထောင်ချီပြီးကေ လီနန့်မျှောပါလားတတ်ပါရေ။ ယင်းဝတ်မှုံဗိုတိ အခြားပန်းပွင့်မှာ လား ကျပနာ ၀တ်မှုံမနန့်ရောမှရာ မျိုးအောင်ပြီးကေ အသီးသီးပါရေ။ ကျွန်တော့်ပတ်ဝန်းကျင်က ယာသမား တိရာ မျိုးမ ကောင်းရေအသီးအနှံတိကို စိုက်ပျိုးထားဖို့ဆိုကေ ကျွန်တော်စိုက်ထားရေမျိုးက ဇာလောက်ပင် ကောင်း ကောင်း မျိုးမကောင်းစွာနန့်စပ်မိလားကေ အောင်မြင်ရေ မျိုးကောင်းမျိုးသန့် ကောက်ပဲသီးနှံတိ ထွက်လာဖို့မ ဟုတ်ပါ။ ယင်းအတွက်နန့် ကျွန်တော့်မျိုးအောင်မြင်ချင်ကေ ကျွန်တော့်ပတ်ဝန်းကျင်က လူတိ ကိုလေ့ အောင် မြင်အောင်ကူညီရပါဖို့။”လို့ပြောလိုက်ပါရေ။ 

ဒေချင့်ကိုကြည့်ပနာ အနီးအနားက ယာခင်းတိမျိုးမကောင်းကေကိုယ့်ယာခင်းလေ့မျိုးမကောင်းနိုင်ဆိုရေပတ် ၀န်းကျင်နန့်ဆက်နွယ်မှုတစ်ခုကိုလားတွီ့ပါလိမ့်မေ။ 

ဘ၀သင်ခန်းစာ။      ။လူ့ဘ၀မှာလေ့ ကိုယ်ဇာလောက်ပင်ကြိုးစား ကြိုးစား ကိုယ့်ပတ်ဝန်းကျင်မတိုး တက် ကေ ကိုယ်ကြိုးစားသလောက် အရာမရောက်ဆိုစွာကို သတိထားမိကတ်ပါလိမ့်မယ်။ ဂရုတစိုက်ပြုစုထားရေ မျိုးကောင်းမျိုးသန့်တိ၊ မျိုးမကောင်းစွာတိနန့် ရောစပ်လားပနာ မျိုးပျက်လားစွာတိလေ့ ကြုံတွီ့ဖူးပါလိမ့်မယ်။ ယင်းအတွက်နန့် ကိုယ့်စွာကို အောင်မြင်အောင်ကြိုးစားယင်း ကိုယ့်ပတ်ဝန်းကျင်ကိုလေ့ ကိုယ်နန့်တခါတည်း ဆွဲခေါ်လားဖို့ မမိန့်ကတ်ပါကေ့ သူငယ်ချင်းရို့…။

 KWKhaing (AMP)

No comments:

Post a Comment