သူ ဒေလက်ကြားချေထဲသို့ တစ်ခါချေလေ့ ၀င်ဖူးခသူ မဟုတ်ပါ။ ၀င်လေ့ မ၀င်ချင်ပါ။ ၀င်ချင်စိတ်လေ့ဟိကို မဟိပါ။ ယကေလေ့ အဂုတော့ သူတစ်ခါချေလေ့ ၀င်လေ့ဝင်ထမဟိရေ ဒေလက်ကြားချေ၏ ၀င်ဝလမ်းထိပ် မှာ မှိန်ဖျော့ဖျော့ မျက်နှာနန့် သူရပ်နီမိပါရေ။ လက်ကြားချေထဲသို့ မ၀င်ခဘဲ လှည့်ပြန်ရဖို့လားလို့လေ့ သူ စဉ်းစားမိပြန်ရေ။ ယင်းပိုင် စဉ်းစားမိတိုင်းလေ့-
'အရီးသားချေကို မောင်ယေ မပြောပြကေ ဇာသူလာလို့ ပြောပြဖို့သိမ့်ရောင်။ ဖြစ်အောင် တစ်ခေါက် လောက် ပြောပြပလင့်မောင်ယေ။ မောင်ယေ စကားကိုတော့ခါ နားထောင်ဖို့ထင်ရေ။ အရီးတော့ခါ ပြောဖို့ အပေါက်လေ့ မမြင်ယာ။ သူ့ညီမချေ ပြောပြကေလေ့ နားမထောင်တင်မက သတ်ဖို့တောင် တရဲရဲ။ အရီး မောင်ယေကို တစ်ခေါက်အားကိုးချင်ရေ မောင်ယေ'လို့။
အကြောင့်ကြလွန်နီရေ မျက်နှာနန့် အားကိုးတကြီးပြောလာရေ အရီးသာဖြူမေ၏ မျက်နှာကို သူ ပြန်မြင် ယောင်နီမိရေ။ ဟုတ်လေ့ ဟုတ်ပါရေ။ သူကား သူမ၏သားနန့် တူတူလား၊ တူတူစား၊ တူတူကျောင်းတက် လို့ တူတူအိပ်လာရေ ငယ်ပေါင်းဖော်သူငယ်ချင်းတစ်ယောက်ပင် မဟုတ်ပါလား။ ဒေတစ်ကြိမ်မှာတော့ သူ ဒေလက်ကြားချေထဲသို့ ၀င်ဖြစ်အောင်ဝင်ဖို့ ဆုံးဖြတ်လိုက်တေ။ ဆုံးဖြတ်ချက်အတိုင်းပင် သူ လက်ကြားချေ ထဲသို့ လှည့်ဝင်လိုက်တေ။
လေးကွင်နင်းလာရေ ခြီလှမ်းတိနန့် လက်ကြားချေထဲက ထွက်လာသူတချို့ သူ့ကို အက်လုလုထော။ သူရို့ မျက်လုံးတိကလေ့ တစိမ်းဆန်လိုက်တေပင်။ သူ့ရှိက ၀င်လားခသူ တချို့ကလေ့ တအံ့တသြဖြစ်ဟန်တူရေ မျက်လုံးတိနန့် ပြန်ကြည့် ပြန်ကြည့်။
အားလုံးအတွက် အဆန်းဖြစ်နီရေ။ သူ့အတွက် သူ့စိတ်ထဲမှာ ကိုယ်တိုင်က မသိုးမသန့်နန့်။ ယင်းအထဲ လမ်းမကြီးထက်က ညဇာချိန် ရီခပ်လားကတ်တေ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်ရို့၏ စောင်းမြောင်း ကြီစပ်သံ သဲ့သဲ့ကလေ့ သူ့နောက်သို့ နောက်ယောင်ခံ ကပ်လိုက်လာရေ ပိုင်သျှောင်။ သူ့အတွေး အာရုံ တစ်ခုလားကား နောက်ကျိလို့။
နောက်ဆုံးတော့ သူ အားလုံးကို ဥပေက္ခာပြုလိုက်ပြီးကေ သူအတွိချင်ဆုံးဖြစ်တေ သူ့လူကို တွိဖို့ ထိုလက် ကြားချေ ဂိတ်ဆုံးက ခြံဝင်ထဲသို့ တစိုက်မတ်မတ်ပင် ၀င်လိုက်မိရေ။
သူ ခြံဝင်းတစ်ခုခုံးကို အကဲခတ်ကြည့်မိရေ။ ပလကပုံ ဆောက်ထားရေ အိမ်တစ်ဆောင်၏ ရှိ၊ နောက်၊ ဘေး ၀န်းကျင်တစ်ခုလုံးကား သန့်ရှင်း သပ်ရပ်နီပါရေ။ အညှက်ဆိုးတိ တစ်ခုချေလေ့ မကျန်ရအောင လှုံးထား ရေ ခြံဝင်းထဲမှာ ရွက်နုတအုံ့အုံ့နန့် လူတစ်ရပ်ကျော်ကျော်လောက် မြင့်ဖို့ထင်ရရေ ကွမ်းသီးပင်ချေတိက နီရာအနှံ့။ ခံစားတတ်သူ လူတစ်ယောက်အတွက်တော့ သာယာကြည်နူးဖွယ်ကောင်းလှပါရေ။ ယကေလေ့ အဂုတော့ခါ ထိုအပင်ရို့၏ အီးမြရေ အရိပ်အာဝါသအောက်မှာကား သူမမြင်ချင်ဆုံး ခုံဝိုင်းတိကရာ နီရာအပြည့်ယူလို့။
ထိုခုံဝိုင်းထက်က ထွက်ပေါ်လာရေ စကားလုံးတိကလေ့ အဓိပ္ပါယ်မဲ့စွာ။ အရည်မရ အဖတ်မရနန့် ဗရဗရေ ဆန်လွန်းရေ။ သန့်ရှင်းသပ်ရပ်နီရေ ဒေခြံဝင်းနန့် မတန်။ သူယင်းစကားလုံးတိကို အကြမ်းဖျင်း သုံးသပ် ကြည့်မိရေ။ အကြောင်းအရာတိပင် လွဲကေလေ့ ဦးတည်ချက်ကတော့ တစ်မျိုးတည်းပိုင်။ 'ရန်'ဆိုရေ လမ်းကြောင်းသို့ မီးမောင်းထိုးပြနီရေ လောဘ၊ ဒေါသ၊ မောဟ စိတ်တိနန့် 'ငါ' ဆိုရေ အတ္တစိတ်တိက ခုံဝိုင်းလိုလိုမှာ မီးစွဲလုလု။
အဂုတော့ သူကိုယ်တိုင်က ဒေခြံဝင်းကြီးထဲသို့ ရောက်နီယာလေ။ ၀က်ဖြစ်ပြီးမှတော့ ချီးကို ရွံနီလို့မရ။ သူရေ သူ့လူဟိရာခုံကို မျက်စိသန်းကြည့်လိုက်တေ။ သူ့လူကား ခြံထောင့်တစ်နီရာက ခုံဝိုင်းချေတစ်ခုမှာ တစ်ယောက်တည်း ဂုတ်ကျကျနန့် ထိုင်နီပါယင့်။ သူ သူ့လူဟိရာ ခြံထောင့်က ခုံဝိုင်းချေသို့ လားထိုင်လိုက် တေ။
သူ့လူရေ သူ့ကိုမြင်စွာနန့် တအံ့တသြ ဖြစ်လားခပုံကျရေ။ နီရဲစူးရှနီရေ မျက်လုံးစုံနန့် သူ့ကို စိစိစပ်စပ် စိုက်ကြည့်နီရေ။ သူရေ သူ့လူကို ပြုံးပြလိုက်တေ။ သူ့လူရေ ခွက်ထဲက လက်ကျန်ချေကို မော့သောက်လိုက် ပြီးကေ ဂေါင်းကိုခါယမ်းပနာ သူ့ကို စိစိစပ်စပ် ကြည့်ပြန်ရေ။
'ရိုးသက် မင်းငါ့ကို မှတ်လို့မရလား သူငယ်ချင်း'
သူ့လူရေ သူ့ကို စိစိစပ်စပ် ကြည့်ပနာ-
'ငါ မင်းကို သေသေချာချာကို မှတ်လို့ရရေဝေ သူငယ်ချင်း။ ငါမင်းကို ကြည့်နီစွာက အရက်ကိုထားလိုက် ဆီးလိပ်နံ့ကိုတောင် မခံနိုင်ရေ မင်းက ဒေနီရာသို့လာရေဆိုစွာကို ငါအံ့သြနီလို့၊ မင်း တိုးဝေခိုင် ဟုတ်ကား ဟုတ်ယင့်လားလို့ ငါတွေးပနာ ကြည့်နီမိစွာ'
'ဟုတ်တေ သူငယ်ချင်း။ ငါ အမှန်အတိုင်း ၀န်ခံရဖို့ဆိုကေ ဒေနီရာသို့ မလာချင်စွာကတော့ အမှန်ပါဝေ။ ယကေလေ့ ငါတွိချင်ရေ မင်းက ရက်ပြတ် ဒေအိမ်၊ ဒေခြံ၊ ဒေဆိုင်ထဲမှာ ဟိနီရေလို့ ကြားသိရလို့ ငါ အရောက်ပါလတ်စွာ။ မင်းရာ လက်ခံဖို့ဆိုကေ ငါမင်းကို စကားတိ အများကြီးပြောစရာဟိရေဝေ သူငယ် ချင်း။ ဒေနိတော့ ငါကိုယ်တိုင် ၀ိုင်းထိုင်မှ ဖြစ်ဖို့ထင်ရေဝေ။ နောက်ထပ် တစ်လုံးလောက် မှာလိုက် သူငယ်ချင်း။ နိုင်သလောက် ချကြည့်ဖို့နန့်ရာ။ ပြောယင်း ဟောယင်းပ။'
သူ့စကားကြောင့် သူ့လူ တစ်ခုခုကို နားထောင်ရ ခက်လားပုံကျရေ။
'မင်း မှားနီယာဝေ သူငယ်ချင်း တိုးဝေခိုင်။ ဆီးလိပ်နံ့ကိုတောင် မခံနိုင်ရေမင်းက ငါ့အတွက်နန့် အရက် မသောက်ရလေ။ ငါ့အတွက်ကြောင့်ရာ မင်း အရက်သောက်ရရေဆိုကေ ကိုယ့်သူငယ်ချင်းအပေါ်မှာ ငါ့လောက်မိုက်မဲရေလူ လောကမှာ ဟိဖို့သိမ့်လား သူငယ်ချင်း။ ဇာဖြစ်ဖြစ် မင်း ငါ့ကြောင့် လုံးဝ အရက် မသောက်ရ တိုးဝေခိုင်။'
သူ့လူရေ ပြောယင်းဆိုယင်းပင် သူ့လက်ထဲက ဖန်ခွက်ချေနန့် အရက်ပုလင်းကို ခုံဝိုင်းချေအောက်သို့ ထိုး သွင်းထားလိုက်တေ။ ပြီးကေ ဆက်ပြောပြန်ရေ။
'တိုးဝေခိုင်၊ မင်းပြောချင်ရေဆိုရေ စကားလုံးတိကို ငါ အားလုံးသိရေ။ နားလည်ရေဝေ သူငယ်ချင်း။ ငါ လက်လေ့ လက်ခံရေ။ ယကေလေ့ အဂုတော့ ငါ့ရင်မှာ မီးတောက်နီရေဝေ သူငယ်ချင်း။ ငါ အလူးအလဲ ခံစားနီရရေ။ ငါ ဇာလောက်ထိ ခံစားနီရရေဆိုစွာကို မင်းအသိဆုံးပါဝေ သူငယ်ချင်း။ ယင်းကြောင့် ငါလေ--- ဒေအရာက်ကို သောက်လိုက်ပြီးမှ --- '
ပြောယင်းပင် သူ့လူ၏ မျက်ဝန်းအိမ်ထဲက မျက်ရည်စက်ရို့ လူးလိမ့်စီးကျလာပါရေ။ အသည်းကပွဲ မင်းသား ကြီး သူ့လူကိုသူ ကိုယ်ချင်းစာမိစွာတော့ အမှန်ပါ။ ပြောရဖို့ဆိုကေ သူ့လူနန့် မသွယ်ဇင်ဖြိုးရို့ ဇာတ်လမ်း ဖြစ်လာအောင် အဓိက စီစဉ်ဖန်တီးပီးခသူလေ့ သူပင်မဟုတ်ပါလား။ ယကေလေ့ သူ့လူရို့နှစ်ယောက်၏ ဇာတ်လမ်းတွဲကား အခန်းမဆက်ဘဲ ဒေပုံစံမျိုးနန့် ပြတ်လားလိမ့်မေလို့ သူကိုယ်တိုင်က လုံးဝမျှော်လင့် မထားခ။
သြော်...
အချစ်ဆိုစွာ
အနုအလှ
သမုဒယရို့
မုံဟဖူးပွင့်ရာ
အဖြူလွှာဆုံး ပန်းချေတစ်ပွင့်လတ်။
အဂုတော့
အချစ်ဆိုစွာ
တွယ်ရာမဲ့ ပန်းချေတစ်ပွင့်လတ်။
ပကာသနလီနှင်ရာ ရွင့်ပါ
အသည်းနွှာရေ
သတင်းရီသောက် တစ်ခုရာထော။
အတွေးကိုယ်စီ ပျံ့ရွင့်ယင်း၊ ခန်းခြောက်နီရေ သူနန့် သူ့လူရို့၏ စကားဝိုင်းကို သူပြန်လို့ အသက်သွင်းလိုက် တေ။
'သူငယ်ချင်း၊ မင်းကို ငါတစ်ခု မီးမေနှမ်း'
သူ့လူရေ သူ့ကိုတစ်ချက်ကြည့်ပနာ စိတ်ဝင်စားကွန်နန့် ဂေါင်းညိတ်ပြန်ရေ။
'မင်းရင်ထဲမှာ ခံစားနီရရေ ခံစားချက်တိစွာ ဒေအရက်ကို သောက်ပစ်လိုက်စွာနန့် ပျောက်လားခရေပိုင် တွိရေလား သူငယ်ချင်း'
သူ့လူကား ချက်ချင်းပင် မဆိုင်းမတွနန့် ပြန်ဖြေပါရေ။
'ဇာပိုင် မီးလိုက်စွာလေ့ဝေ သူငယ်ချင်း။ ဒေအရက်တစ်ကျိုက် ငါ့ရင်ထဲကို ရောက်လာတိုင်းလေ ငါ့ရင်ထဲက ခံစားချက်ဝေဒနာမီးတိစွာ ပိုပြီးကေတောင် ပေါက်ကွဲလာရေပိုင် ခံစားရရေ သူငယ်ချင်း။ ယကေလေ့ ခက်စွာက ငါကိုယ်တိုင်က ယင်းပိုင်ပေါက်ကွဲလာမှ၊ အလူးအလဲ တွိလာပြီးမှ နီလို့ထိုင်လို့ ရရေပိုင်၊ ကြေနပ်တေပိုင် ခံစားရရေဝေ သူငယ်ချင်း။ မင်းပြောရေပိုင် မိန့်ပျောက်ပစ်လိုက်ဖို့ ဆိုစွာကတော့ ၀ီးရေဝေ သူငယ်ချင်း၊ ၀ီးရေ'
သူ့လူစကားအဆုံးမှာ သူ ဆက်ပြောလိုက်တေ။
'ဟုတ်ယာ သူငယ်ချင်း။ ယင်းပိုင်ဆိုကေ ဒေအရက်သောက်ရစွာရေ မင်းအတွက် တစ်ခုလေ့ အကျိုးမထူး စွာကတော့ သေချာရေ။ ဇာဖြစ်လို့လေ့ဆိုကေ ဒေအရက်ကို သောက်လို့ မင်းရင်ထဲက အလူးအလဲ ခံစားနီရရေ ဝေဒနာလေ့မပျောက်၊ အိမ်က မင်းအမိနန့် မင်းညီမချေရို့လေ့ စိတ်ဆင်းရဲရ၊ ကြာကြာရာ သောက်လာကေ မင်းကိုင်တိုင်က ပတ်ဝန်းကျင်မှာ ကိုယ့်ဖေ့သာနန့်ကိုယ် အကဲ့ရဲ့ခံရ၊ လက်ညှိုးထိုး ခံလာ ရဖို့စွာလေ့ ကျိန်းသီရေ'
'တစ်ဖက်မှာ မင်းဒေပိုင်ပေါက်ကွဲနီလို့ကား မင်းရည်းစား၊ မင်းချစ်သူ သွယ်ဇင်ဖြိုး ပြန်လာဖို့သိမ့်လား။ ပြန် လာရေထားအုံးသိမ့်။ သားလင်ရပြီး မ,မ တစ်ယောက်ကို မင်းလက်ခံနိုင်ဖို့ပိုင်ကား တွိရေလား'
ဒေအချက်မှာတော့ သူ့လူ ချက်ချင်းပင် ၀င်ပြောရေ။
'အူး၊ သားလင်ရပြီးရေ မ,မတစ်ယောက်ကို ငါဇာပိုင်လက်ခံနိုင်ဖို့လေ့ သူငယ်ချင်း။ ငါ့သိက္ခာကို ဇာမှာ ထားပစ်ခီဖို့ရောင်။'
'အေး ဟုတ်ယာ။ ယင်းပိုင်ဆိုကေ သိက္ခာတရားကို အမြဲတမ်း စောင့်ထိန်းနီရေ မင်းစွာ ဒေနိခါမှ ဇာမဟုတ် တေ ကိစ္စတစ်ခုအတွက် မင်းတန်ဖိုးထားရေ ယင်း သိက္ခာတရားကို "အရက်သမား"၊ "ဘ၀ပျက်" ဆိုရေ နာမည်ဆိုးနန့် လဲပစ်ဖို့ယာလား။ ပြောရဖို့ဆိုကေ လုံးဝဖြစ်မလာနိုင်မှန်းလေ့ သိနီယင်းနန့် ယင်းချင့်ကိုမှ အသိစိတ်ထဲမှာ စွဲလို့ ရင်ဘတ်ထဲက ဖယ်မထုတ်နိုင်ဆိုစွာရေ ငါ့အမြင်မှာတော့ လုံးဝသဘာဝမကျဝေ သူငယ်ချင်း။ ဒေလောက်ထိ နီလေ့ထွက်တုန်း ဓါးလေ့ထက်တုန်းမှာ အကြောင်းပြချက်ချေ တစ်ခုနန့် အချိန်ထိုင်ဖြုန်းနီစွာရေ မင်းဘ၀ကိုမင်း လက်မြှောက်အရှုံးပီးနီစွာနန့် တတူရာ။ ရိုးသက် မင်းအတွက် ရွီးချယ်စရာ လမ်းကြောင်းတိ အများကြီး ဟိသိမ့်ရေဝေ သူငယ်ချင်း'
သူ့လူကား သူပြောသမျှကို နားရွက်မခတ် နားထောင်နီပါရေ။ သူလေ့ သူ ဖတ်ဖူး၊ မှတ်ဖူးသမျှကို သူ့လူ သဘောပေါက် လက်ခံလာအောင် သန်ခန်းစာ အမျိုးမျိုးနန့် ပြောပြနီမိရေ။ စကားဆိုစွာကလေ့ နားထောင် ရေလူ စိတ်ဝင်စားမှုဟိမှ လက်ခံမှုဟိမှရာ ပြောရကျိုးနပ်တေ မဟုတ်ပါလား။
"ငါ့စိတ်"
မြီကိုချစ်လို့ တီဖြစ်ချင်ဖြစ်
တိုင်းတစ်ပါးကျွန် ငါမခံပါ။
တတ်စွမ်းပညာ ကိုယ့်ခန္ဓာနန့်
လခြမ်းသံစဉ် ဗြိန်းစောင်မြိုင်အောင်
ငါ တစ်လမ်းက ပါဝင်မည်။
ရိုးသက်
တစ်ချိန်ခါက အမျိုးသားအားမာန်အပြည့်နန့် ပြောဖူး၊ဆိုဖူး၊ ရီးခဖူးရေ ရိုးသက်တစ်ယောက် ဒေနိခါ သူတတ် ထားရေပညာနန့် သူချစ်တေ သူ့ဒေသ၏ မညီမျှမှုကြောင့်လား၊ မဟုတ်ကေလေ့ လူ့သဘာဝက ထုနှက် ရိုက်ခတ်လိုက်တေ ဒဏ်ရာဒဏ်ချက်တိကြောင့်လားတော့ မပြောတတ်။ ကြုံခ တွိခ ဘ၀အနာတရတိကို အံခဲယင်း၊ သူနန့် သူ့အမိ၊ သူ့ညီမချေရို့၏ အနာဂတ်ကာလ လှပဖို့ဆိုရေ မျှော်လင့်ချက်ကို နောင်းနောင်း ကိုင်ပနာ ရီခြား မြီခြား တိုင်းတစ်ပါးဆိုရေ ထိုးအ၀ီးတစ်နီရာသို့ တောင်ပံသပ်ပနာ ခြီစုံပစ်ထွက်ခွာလားပါရေ။
သူကတော့ သူ့လူ ရိုးသက်အတွက် အားတက်နီမိရေ။ သူ့လူ၏ မိခင်ကြီးနန့် ညီမချေရို့၏ ပါးပြင်မှာကား စိတ်နုတတ်တေ မိန်းမသားတိ ဖြစ်လို့လားတော့ မပြောတတ်။ ပုလဲဥမျက်ရည်ရို့ လူးလိမ့်စီးကျလို့။ သူ့လူ၏ မျက်ဝန်းအိမ်ထဲမှာပင် ကြီကွဲရိပ်တိ သန်းနီရေ။ သူ့လူရေ အညင်သာဆုံး စကားလုံးတိနန့် သူ့မိခင်ကြီးနန့် သူ၏ ညီမချေရို့ကို နှုတ်ဆက်ပါရေ။ ပြီးကေ သူ့ကို နှုတ်ဆက်တေ။
'တိုးဝေခိုင်၊ ငါ မင်းကို ကောင်းကောင်းကျေးဇူးတင်ရေဝေ သူငယ်ချင်း။ မင်းရေ ငါ့အတွက် သူငယ်ချင်း ကောင်း တစ်ယောက်ပီသရေ။ သူငယ်ချင်းတစ်ယောက်အပေါ်မှာ ထားသင့်ထားအပ်တေ စိတ်ထားမျိုး မင်း မှာ ဟိရေအတွက်လေ့ ငါ မင်းစိတ်ထားကို ကောင်းကောင်းလေးစားမိရေ သူငယ်ချင်း။ မင်းရာ လမ်းမပြခ ကေ ငါစွာ အတောင်ဟိယင်းနန့် တောင်ကျိုးငှက်တစ်ကောင် ဖြစ်နီဖို့စွာ ကျိန်းသီရေ။ ဒေနိခါ ငါရေ အကြောင်းမခိုင်လို့ အဖရခိုင်ကို ခွဲခွာလားရကေလေ့ ဘ၀ရောင်စဉ်နန့် တိုက်ဆိုင်ရေတစ်နိ ငါချစ်တေ အဖမြီသို့ တောင်ပံ ဇကုန်သပ်လို့ ပျံလာဖို့ဆိုစွာတော့ မင်းယုံပါ။ ငါ ရီးဖူးခရေ ကဗျာအတိုင်းပ သူငယ်ချင်း။ ငါ မင်းကို လက်ဆောင်ပီးစရာလေ့ တစ်ခုဟိသိရေ။ တန်ဖိုးပင် နည်းကေလေ့ ငါ ထာဝရ သိမ်းဆည်းထားခစွာပါ။'
သူ့လူရေ အင်္ကျီအိတ်ကပ်ထဲက ထိုလက်ဆောင်ကို ထုတ်ယူပနာ သူ့ကို ပီးရေ။ သူရေ သူ့လူပါးကပီးရေ လက်ဆောင်ချေကို စိတ်ဝင်တစားနန့် ဂရုတစိုက် ကြည့်မိရေ။ မျက်နှာတစ်ဖက်မှာ သိရ၀စ္ဆ ဒင်္ဂါးတံဆိပ် ပါပြီးကေ အခြားမျက်နှာတစ်ဖက်မှာကား သေသပ်လှပရေ အိမ်တစ်ဆောင်နန့် "အိမ်ကြီးရခိုင်သို့ အမှတ် တရ"လို့ ရီးထိုးထားရေ စာတန်းချေပါ သော့တွဲတစ်ခုပင် ဖြစ်ပါရေ။ သူ သော့တွဲချေကို တယုတယနန့် နမ်းရှိုက်လိုက်တေ။ ပြီးကေ လက်ပြနှုတ်ဆက် ထွက်ခွာလားရေ သူ့လူကို တမိတမောနန့် ငေးမောကြည့်နီ မိရေ။
'ဆရာ ပြန်ကတ်ပါဖို့ယာ'
သူ့လူ၏ ညျွချေ၊ သူ့တပည့်မ နှင်းနုခိုင် ပြောလာပြီးမှ သူ အကြည့်လွှဲလိုက်တေ။
'အေး၊ ပြန်ကတ်ဖို့မဟုတ်တာ နှင်းနုခိုင်'
သူ၏စိတ်ထဲမှာတော့ သူ့လူ ရိုးသက်တစ်ယောက် ရောက်လီရာမှာ ခလုတ်မထိ စူးမငြိဘဲ ဘ၀၏အောင်မြင် မှု သရဖူကို အယင်ဆုံး ဆွတ်ခူးနိုင်ပါစီလို့ အိမ်ပြန်လမ်းတလျှောက် အခေါက်ခေါက် ဆုတောင်း နီမိရေ။
နီဘုန်းသွန်းဝေ
အောင်တံခွန် ၀ံသရက္ခိတ မဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၃) မှ-
No comments:
Post a Comment