ယခုတလော ပြည်ပသတင်းမီးဒီယာများးက "ရိုဟင်ဂျာ"ဆို သူတို့သတင်းကို
တွင်တွင်ကြီး ထုတ်လွှင့် နေကြသည်။ ၎င်းတို့ကို "လှေစီးဒုက္ခသည်" များအဖြစ်
ပုံဖော်ခဲ့သည်။ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး
တာဝန်ရှိသူများကလည်း ၎င်းတို့အား ဒုက္ခသည်များအဖြစ် သဘောထားပြီး လိုအပ်သလို
ကူညီသွားရန် ပြင်ပမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောခဲ့ကြသည်။ နိုင်ငံတကာ
လူအခွင့်အရေး အဖွဲ့ကလည်း သက်ဆိုင်ရာ အစိုးရတို့အား ၎င်းလှေစီးဒုက္ခသည်တို့ အပေါ်
အကာ အကွယ် ကူညီပေးရန် တောင်းဆိုခဲ့ကြသည်။
ဤနေရာတွင် ထိုသတင်းများကို မဝေဖန်လိုသော်လည်း "ရိုဟင်ဂျာ" ဆိုသူတို့အပေါ် ဒေသခံ ရခိုင် အမျိုးသားတို့၏ အမြင်ကိုတင်ပြလိုပါသည်။