ဝံလက်ရဲ့အားမာန်နှင့်အခြားကဗျာများ - ခိုင်လင်း(မေဃ၀တီ)
၂၀၀၂ ခုနှစ်က ထွက်ရှိလာတဲ့
ခိုင်လင်း(မေဃ၀တီ)ရဲ့
ဝံလက်ရဲ့အားမာန်နှင့်အခြားကဗျာများ
pdf file (3.58 Mb)
ဦးဥတ္တမ အတွင်းရေး
        ဦးဥတ္တမလို ပုဂ္ဂိုလ်ကား ဖြစ်ရလိုပါ၏။
သို့သော် ဦးဥတ္တမလို ခေါင်းဆောင်ကား
ဘ၀အဆက်ဆက် မဖြစ်ရပါလို။
သင်္ခါရ စက်ကွင်းသို့ ချဉ်းနင်း ၀င်ရောက်ပြီးဖြစ်တော်မူသော ကျေးဇူးရှင် ဦးဥတ္တမ အရှင်မြတ်၏ အကြောင်းကို ကုလား အင်္ဂလိပ် သတင်းစာဆရာတို့မှတစ်ပါး အခြားမည်သည့် မြန်မာသတင်းစာတို့ကမှ ကျွန်ုပ်အား ရေးသားရန် တိုက်တွန်းခြင်း မရှိပါ။ သို့သော် လွန်ခဲ့သော နှစ်ပေါင်း အတော်ကြာကပင် ရင်းနှီးဆည်းကပ်ဖူးသဖြင့် ကြည်ညိုလေးမြတ်သော စေတနာ သဒ္ဓါဓါတ်က နှိုးဆော်လတ်သောကြောင့် အနည်းငယ် ရေးသားရခြင်းမျှ ဖြစ်ပါသည်။
အထက်ဖော်ပြပါ ဆရာတော်ဘုရား၏ ထေရုပ္ပတ္တိကို အခြား အခြားသော ပုဂ္ဂိုလ်တို့က အထိုက် အလျောက် ရေးသားကြပြီးဖြစ်၍ အထူးဖော်ပြရန် မလိုသော်လည်း ဆရာတော် ဘုရား၏ စိတ်နေ သဘောထား လိုရင်းဖြစ်သော အကြောင်းအချက်ကလေးများကိုကား အနည်းငယ် ရေးသားလိုပါသည်။
ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး - ကျော်မြင့်လွင်
ဤဆောင်းပါးပါအတိုင်းဆိုလျှင် ဓါတ်ပုံတွင်ပါရှိသည့် နေ့စွဲမှာ မှားနေမည်ဖြစ်ပါသည်။ (၂၀၊ ၃၊ ၁၉၄၀)
   ခေါင်ဇာနည်ဝင် ပြောင်မာတင်တည့်
    မြရှင်သကျ၊ သမ္ဗုဒ္ဓ၏
    ပုတ္တရင်းစစ်၊ ဖြစ်ကြီးဖြစ်၍
    မဟစ္ဆရိ၊ အံ့လောက်ဘိသား
    တြိသာသနာ၊ စက်ရောင်ဝါနှင့်
    မြန်မာမျိုးညွန့်၊ ညှိုးမတွန့်အောင်
    သက်စွန့်လျက်ပင်၊ ရှေ့လမ်းထွင်သား
    အရှင်ဥတ္တမ၊ ထေရိန္ဒလျှင်
    စိတ်စေတနာ၊ စူးစိုက်စွာလျှင်
    မဟာဝရဇိန်၊ မိုးကြိုးရှိန်သို့
    ပစ်ချိန်ကျင်းကျင်း၊ ရန်မာန်ခွင်းသည်
    ဘက်ကင်းတေဇာရှိန်ဘုရား။
လယ်တီပဏ္ဍိတ ဦးမောင်ကြီး
ကျွန်တော်သိသော ဦးဥတ္တမ - ရန်အောင်
ကွယ်လွန်လေပြီဖြစ်သော နိုင်ငံရေးခေါင်းဆောင်ကြီး ကျေးဇူးရှင် ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် အထိမ်းအမှတ်နေ့ အဖြစ်ဖြင့် နှစ်စဉ်နှစ်တိုင်း သြဂုတ်လ (၂၅)ရက်နေ့တွင် အခမ်းအနား ဆင်ယင် ကျင်းပ ကြသည်။
    ယင်းသည့် အခမ်းအနားတွင် ဆရာတော်၏ ကျေးဇူးဂုဏ် အထူးကြီးမား မြင့်မြတ်လှပုံကို ပြောပြချီးကျူးကြ သည်။ ကောင်းပါ၏။ လွှတ်တော်အတွင်းတွင်ပင် ဆရာတော်၏ ကျေးဇူးများနှင့်တကွ ဖြစ်စဉ် အတ္ထုပ္ပတ်တို့ကို အမတ်အသီးသီးတို့က ဖော်ထုတ်မြွတ်ကြားကာ ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ်ဖြင့် (၂)မိနစ် ရပ်တန့် ငြိမ်သက်နေကြသည်။ ကောင်းလှပါပေ၏။
မေဃ၀တီပုံရိပ် - ခိုင်လင်း(မေဃ၀တီ)
ရခိုင့်သမုဒ္ဒရာထဲမှာ
ငါ့ကျွန်းလေးဟာ ပေါလောမျောလို့
ရာစုသစ်သို့ ချည်းနင်းဝင်ရောက်ခဲ့ပေမယ့်
ရထားကြိတ်ခံထားရတဲ့
ဇလီဖာတုံးလို
မေဃ၀တီဟာ
ရင်နာနာနဲ့
အနာဂတ်ကို ရင်ဆိုင်ကြစို့ဆိုပြီး
တိုက်ပွဲဝင်တေးသံကို သီကုံးနေလေရဲ့။
ရခိုင်သမိုင်းအလင်းပြကျမ်း - ဦးရွှေဇံ
မိဂဒါဝုန် မြန်မာကျောင်းတိုက် (အိန္ဒိယ)မှ
မူပိုင်ဖြန့်ချိပြီး
ဦးရွှေဇံ(B.Sc.,B.C.S) ရေးသားသည့်
ရခိုင်သမိုင်းအလင်းပြကျမ်း
pdf file (86.9 Mb)
နှင်းရည်ပူ ပြာသိုကဗျာစုတိ
ရခိုင်ပြည်ကျဆုံးနိန့် 288 Anniversary အဖြစ်
မြောက်ဦးကဗျာသျှင်တိ စုစည်းထုတ်ဝေလိုက်တေ
"နှင်းရည်ပူ" (ပြာသိုကဗျာစုတိ)အမည်ရ
ကဗျာစာအုပ်ပါ။
pdf file (241 kb)
ဒွါရာဝတီ တိမ်ဆီပျံဝဲ မြို့သံတွဲ
ရခိုင်တိုင်းတွင် ဓည၀တီ၊ မေဃ၀တီ၊ ရမ္မာဝတီ၊ ဒွါရာဝတီဟူ၍ “၀တီ” လေးရပ် ထင်ရှားသည်။ ဓည၀တီသည် ရခိုင်မြို့ခေါ် မြောက်ဦးမြို့ကို ဆိုလိုသည်။ မေဃ၀တီသည် မာန်အောင်မြို့ကို ခေါ်သည်။ ရမ္မာဝတီဟူသည် ရမ်းဗြဲမြို့ ဖြစ်သည်။ ဒွါရာဝတီကား သံတွဲမြို့တည်း။
သံတွဲမြို့ကို ဒွါရာဝတီမြို့ဟု အသိအမှတ်ပြုကြသည်။ ပြောစမှတ်ရှိကြသည်။ ယခုသံတွဲမြို့ဟုခေါ်သော ရှေးက ဒွါရာဝတီမြို့သည် အာကာပျံဝဲခဲ့သည်။ အာကာပျံဒွါရာဝတီမြို့ကို သံဖြင့်တွဲခြင်းခံရသဖြင့် သံတွဲမြို့ခေါ်လာ သည်။ နိပါတ်လာဇာတကတွင် အရင်းခံနေသည်။ ဒသနိပါတ်၊ ဃဋပဏ္ဍိတဇာတ်တွင် ဤသို့ပါရှိသည်။
RSV Journal Vol(1),No(2)
ရခိုင်သတင်းများကို သီးသန့်ဖော်ပြသည့်
RSV news media ၏ Journal
Vol(1),No(2)
pdf file (2.46 Mb)
ပါလီမန်ဒီမိုကရေစီခေတ် ရခိုင်ပြည်နိုင်ငံရေးနှင့် မျက်မှောက်ခေတ် ဘူးသီးတောင်၊မောင်တော အခြေအနေ
ရခိုင်မျိုးစောင့်အုပ်စု(ဂျပန်)မှ ဖြန့်ချိပြီး
ဆရာခိုင်မျိုးစောင့် ရေးသားသည့်
ပါလီမန်ဒီမိုကရေစီခေတ် ရခိုင်ပြည်နိုင်ငံရေးနှင့်
မျက်မှောက်ခေတ် ဘူးသီးတောင်၊မောင်တော
အခြေအနေ
pdf file (48 Mb)
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ
ရခိုင်ပြည်နယ်အရေးအခင်း ဖြစ်ရပ်များအတွက်
နိုင်ငံတော်သမ္မတ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့်
ပဋိပက္ခများ စုံစမ်းရေးကော်မရှင်၏ (၂၂.၄.၂၀၁၃)နေ့စွဲဖြင့်
ထုတ်ပြန်လိုက်သည့် အစီရင်ခံစာ
pdf file (11.2 Mb)
ဦးရာဇ်ဓါတ်စေတီတော်
 ဦးရာဇ်စေတီတော်သည် ဓည၀တီ ရက္ခိုင်ပြည် ဂစ္ဆပနဒီမြစ် အနောက်ဘက် ကမ်းခြေ၊ သေလပီဋ္ဌ ပဗ္ဗတတောင်ထိပ်ပေါ်တွင် တည်ရှိသည်။ မြတ်စွာဘုရား၏ ဦးရာဇ်တော်ဓါတ်မြတ် ကိန်းဝပ်၍ ဦးရာဇ်တောင်စေတီဟုခေါ်တွင်သည်။ မည်သည့် အချိန်မှစ၍ ခေါ်တွင်ခဲ့သနည်း။ ဓည၀တီခေတ်မှ စ၍ ခေါ်တွင်ခဲ့သည်။ ယင်းခေတ်တွင် မည်သည့်မင်း၊ မည်သည့်သက္ကရာဇ်မှစ၍ တည်ခဲ့သနည်း အစ ရှိသောမေးခွန်းများကို အကြင်သူတို့သည် မေးမြန်းကြသည်ရှိသော် မည်သို့ဖြေကြားမည်နည်း။ သူတစ်မျိုး ငါတစ်ဖုံ တွေ့ရာသောင်းပြောင်း ပြောဆိုနေကြမည်။ ယခုခေတ်သည်ကား စာပေပညာရှင်များ
ရခိုင်အရေးအခင်းနှင့် ဖြစ်ရပ်မှန်
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ တရားမ၀င် ကူးပြောင်းဝင်ရောက်လာသော ဘင်္ဂါလီကုလားများဘက်မှ ရပ်တည်ပြောဆိုနေသူ မည်သူပဲဖြစ်ဖြစ် ငနုံ၊ ငအသာ ဖြစ်ပါလိမ့်မည်။
မြန်မာနိုင်ငံနှင့်ကပ်လျက် တည်ရှိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မိမိ၏လက်တစ်ဝါးစာ နယ်မြေ ကလေးနှင့် မမျှသော လူဦးရေပေါက်ကွဲမှု ပြဿနာကြီးကို ကြုံတွေ့ရင်ဆိုင်နေရသည်ဆိုသော အချက်ကို (ဘင်္ဂလီများအား ထောက်ထားကြင်နာပါသည်ဆိုသော) မဟာကရုဏာရှင်ကြီးများ သတိပြုဖို့ လိုအပ်ပါ သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရွယ်ပမာဏသည် အမေရိကန်ပြည်ထောင်စု တောင်ဒါကိုတာပြည် နယ်အောက် ငယ်ပါသည်။ သြစတြေးလျနိုင်ငံမှ တက်စ်မေနီးယား ပြည်နယ်၏ နှစ်ဆမျှ ရှိပါသည်။
အဖိုး သို့ - ခိုင်လင်း(မေဃ၀တီ)
အဖိုးမသေ
သေလည်းသက်ရှိ၊ ရိုးမသိသည်
နဒီဂစ္ဆပ၊ ငိုကြွေးပြအံ့
ထလော့...အဖိုး၊ အဖိုး... ထလော့။
ရခိုင်မင်းများ၊ ထိုးထွင်းထားသော
စာသားအက္ခရာ၊ ကျောက် ပေစာကို
သေချာစစ်ဆေး၊ အဖြေပေးဘိ
က၀ိပီသော အို...အဖိုး။
နေပူတောင်စာတမ်း အပိုင်း(၂)
 ပြည်တွင်းထုတ် ကျောက်ပြားစက်ရုံသို့
   မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ)အစိုးရလက်ထက်တွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန (ကြွေ ထည်မြေထည်လုပ်ငန်းကော်ပိုရေးရှင်း) ဖွဲ့စည်းလုပ်ကိုင်နေပြီးဖြစ်သည်။ အဆိုပါကော်ပိုရေး လက်အောက် ၌ ကျောက်ပြားထုတ်လုပ်မှုနှင့် ပတ်သက်၍ လောပီတကန်ခုနစ်ဆင့်၌  လွိုင်ကော်မာဘဲလ်၊ မတ္တရာမြို့နယ်၌ စကျင်မာဘဲလ်တို့ကို အခြေခံထုတ်လုပ်နေပြီးဖြစ်သည်။ နေပူတောင်မာဘဲလ်ကျောက်သည် အရောင် အသွေးစုံလင်သည့် အဖိုးတင် အလှဆင် ဆောက်လုပ်ရေးသုံးကျောက်အဖြစ် ပေါ်ထွက်လာခဲ့ သည်။ နှစ် အတန်ကြာအထိ မိုင်းဖြင့်ခွဲ တူကြီးများနှင့်ထု၍ တောင်ကုတ်တောင်ကြားလမ်းကို ခင်းခဲ့ကြသည်မှာ အလွန်နှမြောတသ ဖြစ်ဖွယ်ရာပင်။ တန်ဖိုးကို အမှန်တကယ်မသိ၍လော။ သိသိကြီးနှင့်လောဟူ ၍ တွေးတောဖွယ်ရာ ဖြစ်ခဲ့၏။
နေပူတောင်စာတမ်း အပိုင်း(၁)
 နေပူတောင်ကို ဒေသအခေါ် နေပူတောင်ဟုမခေါ်ကြဘဲ “နပူတောင်”ဟု အလွယ်ဆုံး အမြန်ဆုံးဝေါဟာ ရဖြင့် ငယ်စဉ်ကခေါ်ခဲ့ကြသည်။ ရှေးကတောလိုက် မုဆိုးကြီးများနှင့် တောင်ကြားခရီးကြမ်းကို ခြေလျင် ကူးသန်းသွားလာခဲ့ကြသော ရှေးလူကြီးများကမူ “နေပူခံတောင်”ဟု ခေါ်စမှတ်ပြုကြ၏။ ရှေးလူကြီးများ ကွန်လွန်ကုန်ကြပြီးဖြစ်သဖြင့် နှောင်းလူငယ်တို့ထံ သုတများ လက်ဆင့်ကမ်းထားခဲ့ကြရန်မှာ ရှေ့မီနောက်မီ တို့၏ သမိုင်းပေးတာဝန်သာဖြစ်သည်။ တတ်နိုင်စွမ်း လက်လှမ်းမီသလောက်တော့ ဖြစ်တန်ရာ၏။ ရှေးလူ ကြီးတို့က ဤမြို့နှင့်ဤလမ်းကို “တောင်ဂုတ်မြို့နှင့် တောင်ဂုတ်တောင်ကြားလမ်း”ဟုသာ အရေးအသား အသုံးအနှုန်းများ ရှိခဲ့ကြသည်။ ဗြိတိသျှ ကိုလိုနီခေတ်တွင် (TAUNGUP - တောင်ဂတ်)ဟု ရေးသားသုံးစွဲ မှု ပြုခဲ့၏။ တောင်ကုတ်ချောင်းသည် တောင်ကြားလမ်း၏ အထွတ်အထိပ် မိုးထိတောင်(အမြင့် ၃၈၂၈ ပေ)၏ အရှေ့ဘက်ရေဆင်းအနီး ရိုးမတောင်၏ ဂုတ်ကြောမှ အစပြုမြစ်ဖျားခံသဖြင့် “တောင်ဂုတ်ချောင်း”ဟု ခေါ် စမှတ်ပြုကြောင်း နာကြားဖူးသည်။
နေနှင့်လ အမှတ်သညာ မင်္ဂလာ - နန္ဒာထွန်း
အာနန္ဒစန္ဒြကျောက်စာဝင် မင်းဆက်ကြီးသုံးဆက်တွင် ဒုတိယမင်းဆက်သည် ဝေသာလီကျောက်လှေကား မြို့တော်တွင် ထီးနန်းစိုက်တည် စိုးစံခဲ့ကြသည်။ ထိုမင်းဆက်ကို ကျောက်စာ၌ ဒွေင်္စန္ဒြဟုရေးပြီး ရခိုင်ရာဇ၀င် များတွင် မဟာစန္ဒရားမင်းဟုရေးသော မင်းမှ အစပြုပါသည်။ မင်းဦးရေ (၁၃)ပါး ဖြစ်သည်။ စိုးစံခဲ့သော နန်းသက်ကို နှစ်ပေါင်း (၂၃၀)ဟု ကျောက်စာတွင် ဖော်ပြထားပါသည်။ ထိုမင်း(၁၃)ပါးလုံးပင် ဒင်္ဂါးများ စက်နှိပ်ထုတ်ဝေခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ဒင်္ဂါးအားလုံး၌ပင် တစ်ဘက်၌ နွားလားဥဿဘပုံပါရှိပြီး အခြားတစ်ဘက်တွင် သီရိဝစ္ဆခေါ် မကိုဋ်ပုံတံဆိပ် စက်နှိပ်ထားပါသည်။
နေပူတောင်လွမ်းချင်း - မြင့်ဆွေမောင် (တောင်ဂုတ်)
ရှေးနှစ်ပေါင်းသန်းရာချီ
ဖြစ်တည်ခဲ့အသွင်ပြောင်း
သက်နှောင်းကပ်မြေမဟီဝယ်
ထွက်ပေါ်သည် တွန့်ခေါက်တောင်တန်း။
ဟိမ၀န္တာ၊ အင်းဒိစ်
ရော့ကီးနှင့်အဲ့လ်ပ်ပါအ၀င်
မျက်နှာပြင် ကမ္ဘာတစ်ဝှမ်း
ရှေးယခင်စိမ်းလန်းခဲ့ ရိုးမရခိုင်
သက်တမ်းလည်း တူပြိုင်ပြိုင်။
ပြုံးသိပြုံးသွင် ရခိုင်ကာတွန်းတိ - တက်သစ်အောင်(စစ်တွေ)
ပန်းခိုင်ခိုင်စာပေက ဖြန့်ချိရေ
ရခိုင့်ပထမဦးဆုံး နုန်းချင်းကာတွန်းစာအုပ်
ပြုံးသိပြုံးသွင် ရခိုင်ကာတွန်းတိ
တက်သစ်အောင်(စစ်တွေ)
pdf file (7.83 mb)
ရခိုင်ပြည်နယ် (၁၈)မြို့နယ် မြေပုံများ
ရခိုင်ပြည်နယ်
(၁၈)မြို့နယ် မြေပုံများ
pdf file (2.09 mb)
ရခိုင်ပြည်နယ် လ.၀.က ဒု-ပြည်နယ်မှူး ဦးသာမြနှင့်တွေ့ဆုံခြင်း
မင်္ဂလာပါဆရာကြီး။ ဆရာကြီးက ရခိုင်ပြည်နယ် လ.၀.ကမှာ အချိန်အကြာကြီး တာဝန်ထမ်းဆောင် ခဲ့ဖူးတယ်လို့ ကြားသိရတဲ့အတွက် သိချင်တာလေးတွေ မေးမြန်းခွင့်ပြုပါ။ ဆရာကြီးရဲ့ ဇာတိနဲ့ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ နေရာဒေသတွေကို ပြောပြပေးပါ။
ဟုတ်ကဲ့၊ ကျွန်တော့်ရဲ့မွေးရာ ဇာတိက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ၁၉၅၇ ခုနှစ်မှာ ဒီ လ.၀.က လူဝင်မှု ကြီးကြပ်ရေးမှာ အလုပ်စ၀င်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ထမ်းဆောင်ခဲ့တဲ့ရာထူးကို လူဝင်မှု ကြီးကြပ်ရေးမှူးလို့ ခေါ်ပါတယ်။ မူဆယ်၊ ဗန်းမော်၊ ကောလင်းစတဲ့ ကချင်ပြည်နယ်နဲ့ ရန်ကုန်တို့မှာ တာဝန် ကျပြီးမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ၁၉၆၇ လောက်မှာ ရောက်ရှိလာတာပါ။ ရခိုင်ပြည်နယ်မှာ လက်ထောက်ပြည်နယ်မှူးနှင့် ဒုပြည်နယ်မှူးအဖြစ်နဲ့ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ၈၈ အရေးတော်ပုံမှာ ပါခဲ့တယ်ဆိုပြီး Forced to Retire ပေးခံခဲ့ရတယ်။ ၁၉၉၀ ခုနှစ်မှာမှ ရန်ကုန် ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အခု အသက်(၈၂)နှစ်ရှိပြီ။
ဖရခိုင်သို့ ရာသီစာ - တွေးအိမ်ခိုင်(သံတွဲ)
လူသားချင်းစာနာ
ဒေမြီမှာ နီရာပီးခ။
လူသားချင်း ထောက်ထား
ဒေမြီက ဆန်ရီစပါး၊ ၀ီမျှကျွေးခ။
အယင်ခါကပင်
မြင့်မြတ်တေစိတ်ဓါတ်နန့်
လူသားပီသခရေ။
ဓါးသွီးကျောက်...ငါ - ဗိုလ်မင်းကျော်သန်းနိုင်
စာမီးပွဲကြီး ပြီးဆုံးလိုက်တိုင်း နှလုံးသားမှာ အားကောင်းရေ ရစ်ချာစကေးနန့် လှုပ်ခတ်လားခရေ ငလျင်ချေတစ်ခုပိုင် တုန်ခါကျန်လိုက်တေ။ ခံစားချက်ကို အပွင့်လင်းဆုံးနန့် အရိုးသားဆုံး ၀န်ခံရကေ ပြန်လာဖို့ဆိုစွာကို မ၀ံ့မရဲ မျှော်လင့်နီသိမ့်ယင့်။ အဂုပိုင် တစ်နိတစ်ရက် ခွဲလားရဖို့ဆိုစွာကို မသိမဟုတ်။ သိယင့်။ ယေကေလေ့ နှလုံးသားမှာ ဒေလောက်ထိ ဆိုးဆိုးဝါးဝါး ဖြစ်ကျန်လိုက်ဖို့က မထင်။ ကောင်းကောင်းအကြီးသန် သံလုံးကြိုး ဆယ်ပင်နန့် ကျစ်ထားရေ သံကြိုးတစ်ပင်ကိုရာ “ယား” ဆိုပြီးကေ ဖြတ်ပစ်လိုက်ချင်ယင့်။ သံယောဇဉ်နန့် လွန်းတင်ထားရေ ကြိုးချေတစ်ပင်ကိုတော့ အရာထင်အောင်ပင် မဖြတ်နိုင်ကာ။
ဆန်းလမြေသား - မောင်နှစ်သိမ့်(တောင်ကုတ်)
တရားကိုသွေးပြီး
သားကိုထွေးနေရုံနဲ့ မရတော့ဘူး။
ကြည့်လေ... နေစရာမြေသာမက
ငါတို့ဘ၀တွေကိုပါ ၀င်လု
ရှင်သန်မှုအသက်တွေကိုပါ ၀င်လု
ဘာကိုမှ ဂရုမထား
ငါတို့သွေးသားတွေကိုလည်း ၀င်လု
ဘိုးဘေးအစဉ်အဆက်
မပျက်တဲ့ ယဉ်ကျေးမှုတွေကိုလည်း ၀င်လုနေကြ
ရောမအင်ပါယာထဲက နီရိုးဘုရင်လိုမျိုး
ခင်ဗျားကော တယောထိုးနေနိုင်အုံးမလား။
အမှိုက်များ
တို့အိမ်သန့်ရှင်း၊ လှပခြင်းတွက်
လှဲကျင်းလိုက်သော အမှိုက်ပုံ။
အမှိုက်ပုံကား၊ ကြီးထွားပေါင်းစု
တစ်ခုအင်အားဖြစ်လာခဲ့။
ခြင်,ယင်,ပုရွက်၊ ခြ,လောက်တက်၍
ပုပ်လျက်သိုးနံ့၊ ၀န်းကျင်ဖြန့်လျက်
မဆန့်ဗိုင်းရပ်(စ)၊ ထပ်ထပ်တိုးလာ
ရောဂါမျိုးဆောင်၊ တဟောင်ဟောင်တည့်။
မပြီးဆုံးသေးသော မြောက်ဦးသမိုင်း - အာရက္ခပုတြ
မြောက်ဦးမြို့တော်သည် ရခိုင်တို့၏ ဂုဏ်ဆောင်ဖြစ်သည်။
မြောက်ဦးမွေးဖွားသည့် (၁၄၃၀) ပြည့်နှစ်မှသည် ကျဆုံးသည့် (၁၇၈၄) ခုနှစ်အထိ ကောင်းမွေ၊ ဆိုးမွေ များဖြင့် ပြည့်နှက်ခဲ့ပါသည်။ မြို့သက် အနှစ်ငါးဆယ်အတွင်းတွင် ရခိုင်သည် လုံခြုံတိုးတက်ခဲ့သည်။ တိုင်းပြည်လည်း အင်အားကောင်းခဲ့သည်။ အင်းဝ (မြန်မာ)ကလည်း တန်းတူ ဆက်ဆံခဲ့သည်။ မင်းနှစ်ပါး တို့သည် နှစ်နိုင်ငံနယ်စပ် နတ်ရေကန်တွင် တွေ့ဆုံခဲ့သည်။
ဒုတိယနှစ်ငါးဆယ်တွင် ဘုရင်တို့သည် နန်းရရှိရေးကိုသာ အာရုံစိုက်ခဲ့ကြသည်။ တိုင်းပြည်လည်း နာခဲ့ သည်။ အာဏာယစ်မူးလျှင် ပြည်သူနာသည်။ ဆိုးမွေများပင် ဖြစ်သည်။
သမီးကျောင်းဆရာမထံသို့ပီးစာ - သားလှ(ရသေ့တောင်)
သို့
    သမီးသဇင်
    ဘာဘာစာရီးလိုက်ပါရေ။ သမီး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာစွာနန့် တာဝန်ဝတ္တရားတိကို ထမ်းဆောင်နိုင်ပါစီလို့ ဘာဘာဆန္ဒပြု ဆုတောင်းလိုက်ပါရေ။ ဘာဘာလည်း ကျန်းမာစွာနန့် နိုင်ငံ့တာဝန် ထမ်းဆောင်နီပါရေ သမီး။
အဂုတခါ သမီးဘားသို့ စာရီးစွာ ပြောစရာစကားဟိလို့။ ပြောချင်ရေစကားကို မပြောခင်၊ ဘာဘာရေ သမီးရို့နန့် ခွဲခွာပနာ တာဝန်ကျရာမြို့သို့ ပညာရေးဌာန စစ်ဆေးရေးတာဝန်နန့် ရောက်နီစွာ သုံးနှစ် ဘုံးဘုံးပြည့် ဖြစ်တေပိုင်၊ သမီးလည်း ပညာရေးကောလိပ်ကဆင်းလို့ နယ်မြို့ချေတစ်မြို့မှာ ကျောင်း ဆရာမချေအဖြစ် တာဝန်ထမ်းဆောင်နီစွာ (၂)နှစ်တောင် အကျော်ကြီးကျော်လားယာ။ ဒေစာကို သုံးနှစ်ပြည့်မြောက်အနေနန့် ဘာဘာအတွိအကြုံထဲက၊ ကြားသိမြင်တွိရသမျှထဲက သမီးအတွက် အကျိုးဟိစီဖို့ ရည်ရွယ်လို့ ရီးဖြစ်စွာ။
Vaishali and the Indianization of Arakan by Noel F. Singer
Vaishali and the Indianization of Arakan
by
Noel F. Singer
pdf file (290 KB)
ရခိုင်မင်းသမီးဧချင်း - အဒူမင်းညို
ရခိုင်ပြည် ဘစောဖြူမင်းလက်ထက်
ပညာရှိအမတ်ကြီးဖြစ်သော
အဒူမင်းညို
ဖွဲ့ဆိုသီကုံးရေးသားသည့်
ရခိုင်မင်းသမီးဧချင်း
pdf file (831 Kb)
စစ်မှန်သော ပြည်ထောင်စုသို့
လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည်ဆိုလျှင် တိကျပြတ်သားသော ရည်ရွယ်ချက်ရှိရပေမည်။ ရည်ရွယ်ချက် ပန်းတိုင်မရှိဘဲ စမ်းတ၀ါးဝါးနှင့် လျှောက်သွားနေသော လူမျိုးတစ်မျိုးသည် လူမျိုးခြားတို့၏ မျိုဝါးခြင်းကို ခံယူရမည်မှာ ဓမ္မတာဖြစ်၍ အမျိုးကွယ်ပျောက် ဆိတ်သုဉ်းသွားရမည်မှာ သဘာဝပင်ဖြစ်သည်။
ရခိုင်ပြည် လူမျိုးတစ်မျိုးအနေနှင့် မိမိတို့ ချီတက်ရမည့် ခရီးစဉ်ကို တိတိကျကျ စီမံကိန်းချထားရန် အရေး ကြီးပေသည်။ ရခိုင်လူမျိုးသည် နှစ်ပေါင်း (၁၇၀)ကျော်ခန့် တိကျပြတ်သားသော ရည်ရွယ်ချက်မရှိဘဲ၊ ဟိုမှသည်သို့ စုန်ဆန်လွင့်မျောခဲ့ချေပြီ။ အကယ်၍ ဤကဲ့သို့သော ဆက်လက်ခရီးသွားနေမည်ဆိုက မကြာလင့်ပြီဖြစ်သော ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် ရခိုင်ဆိုသော ဝေါဟာရသည် ဒဏ္ဍာရီ စကား သဖွယ်သာ ကျန်ရစ်ခဲ့ရရှာမည် မလွဲပေ။
ဒေါက်တာအသျှင်ဥာဏုတ္တရ၏ ကိုယ်ရေးအကျဉ်း
သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရရှိခဲ့သော ကိန်းသာဓမ္မကျောင်းဆရာတော် ဒေါက်တာအသျှင်ဥာဏုတ္တရကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ တောင်ရင်းရပ်ကွက်၌ အဖ ဦးသာထွန်းအောင်၊ အမိ ဒေါ်လှစောညိုတို့မှ ၁၉၈၃ ခု ဒီဇင်ဘာ (၂၀)ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်းညီအစ်ကို မောင်နှမ (၁၂)ဦးအနက် (၉)ဦးမြောက် သားဖြစ်သည်။ မြတ်စွာဘုရားရှင်၏ အဆုံးအမ သာသနာတော်ဘောင်အတွင်းသို့ ရှင်သာမဏေအဖြစ် ၁၃၆၁- ခု တန်ခူးလဆန်း (၃)ရက်နေ့တွင် ၀င်ရောက်ခဲ့သည်။
ချည်တိုင်သို့လားရာ - ခင်ငြိမ်းချမ်း
အေပိုင် ဖရိုဖရဲ ခြီလှမ်းတိနန့်
ငရို့ဆုံဖြစ်ခကတ်
မိုင်ထောင်ချီရေ အရပ်မှာ
ငရို့ချည်တိုင်တိကို ထားပခဗျာယ်...
ငရို့ တာလွှတ်ခံရစွာလား?
ငရို့ဘာသာ ငရို့ တာကိုလွှတ်ချပခကတ်စွာလား?
ဇစ်မြစ်ကို သသေချချာကြည့်လိုက်မှ
ငရို့ခေါင်းတိ မူးနောက်နိန်ရေပိုင်
ရေချိန်ကိုက်လားလို့တော့ခါ မဟုတ်
ငရို့ဘ၀တိကိုက ရေချိန်ကိုက်ခံလိုက်ကတ်ရစွာမနား
ငရို့အစာတိက မကြေကတ်ဗျာယ်
ငရို့သွီးကြောတိကလည်း မပွင့်ရေခါ
မမူးဘဲနန့် မှောက်ကျရရေ ငရို့တိဘ၀...
ခေတ်သစ်ရခိုင်သမိုင်း၏ ခါးသီးစရာအကောင်းဆုံးသက္ကရာဇ် (သို့) ၂၀၁၂ ခုနှစ်ကို ဖြတ်သန်းခြင်း
၂၀၁၂ ခုနှစ်တွင် "၂၀၁၂" အမည်ရ ရုပ်ရှင်ကားကြီးသည် မာယာပြက္ခဒိန်အပေါ် အခြေခံကာ ထွက်ရှိလာခဲ့ ပြီး လူတိုင်းစိတ်ဝင်တစား ကြည့်ဖြစ်ခဲ့ကြသည်။ ကမ္ဘာမြေကို ရေများဖုံးလွှမ်းသွားခဲ့သည့် ကြောက် စရာကောင်းသော ပြကွက်များ သည်းထိတ်ရင်ဖိုစရာ ကောင်းလှသည်။ သို့သော် ယင်းဇာတ်ကား အတိုင်း ဖြစ်မလာ။ ကမ္ဘာကြီးက ၂၁ ရာစု ၀သီအတိုင်း မုတ်တိုင်းဝင်၊ ငလျင်လှုပ်၊ ရေကြီးလောက်နှင့် ကုန်လွန်သွားခဲ့သည်။
သို့သော် ရခိုင်ပြည်နယ်သည် အထူးသဖြင့် ရခိုင်တို့သည် ခေတ်သစ်သမိုင်းတစ်လျှောက်တွင် အဆိုးဝါးဆုံး၊ အခါးသီးဆုံးသော သက္ကရာဇ်တစ်ခုကို ဖြတ်သန်းဖြစ်ခဲ့ကြရသည်။ လုံးဝမေ့စရာမဟုတ်။ လုံးဝ ကျေနပ် စရာမကောင်း၊ အောင့်သက်သက်နှင့် ကူရာမဲ့၊ ကယ်ရာမဲ့နှင့် ၂၀၁၂ ကို ရင်နင့်နင့် ဖြတ်သန်းခဲ့ရသည်။