၁၈၈၆ ခုနှစ်မှာ တီထွင်ကြံဆတတ်တေ အိန်ဂျင်နီယာ ဂျွန် ရိုးဘလိန်းက နယူးယောက်မြို့နန့် လွင်းအိုင်လန် ကို ဆက်ဖို့တန်းထားတခုကို ဆောက်ဖို့ အကြံရလာပါရေ။ တကဗာလုံးမှာရှိရေ တန်းထားဆောက် ကျွမ်း ကျင် ရေ အိန်ဂျင်နီယာတိက အယင်ကလည်း ယင်းပိုင်တန်းတား တခါလည်း မလုပ်ဖူး ၊ ဆောက်လည်း မဆောက် ဖူး၊ လုပ်ကေလည်း လက်တွိအကောင်အထည် တခုပိုင်လည်း ဖြစ်လာဖို့ မဟုတ်။ ယင်းစိတ်ကူး စိတ်သန်းကို မိန့် ပလိုက်လို့ အကြံပီးကတ်ပါရေ။
ရခိုင် ဗဟိုစည်
နောင်---- ဒူ---- နောင်(ဒိုင်း)---- ဟိန်း---- ဟိန်း---- ဟိန်း
ရှေးခေတ် ရခိုင်တို့သည် တစ်နေ့တာကို နာရီ(၆၀)စီဖြင့် ရေတွက်ခဲ့ကြသည်။ ယင်းသို့ ရေတွက်ရာတွင် နာရီ အမျိုးအစားအားဖြင့် သုံးမျိုး ခွဲခြားထားသည်။ (၁) ရေနာရီ၊ (၂) သဲနာရီ၊ (၃) ကြက်နာရီ ဟူ၍ ဖြစ်သည်။ သဲ နာရီနှင့် ကြက်နာရီတို့ကို နေရာဌာန အချို့တွင် သင့်လျော်သော အချိန်ကာလာကို သိနိုင်ရန် အသုံးပြုခဲ့ကြ သည်။ ရေနာရီကိုကား ဌာနအသီးသီး၌ အသုံးပြုခဲ့ကြသည်။ ယင်းသို့အသုံးပြုရန် လိုအပ်သော ပစ္စည်းများကို စုံလင်စွာထားရသည်။
ယင်းတို့မှာ (၁) အ၀န်းအစောက် တူညီစွာ ပြုလုပ်ထားသော အင်တုံကြီး ၃လုံး နှင့် (၂) ကြေးဖလား ၃လုံး တို့ ဖြစ်သည်။ အချိန်နာရီ တိုင်းတာရန် ပဟိုရ်တီးရန် လုပ်သားများမှာ (၁) အင်တုံ ၃လုံးကို စောင့်နေရန် လူ ၃ယောက်၊ (၂) ရေဖြည့်ခြင်း၊ ရေသွန်ခြင်း ပြုလုပ်ရန် လူ ၂ယောက်၊ (၃) ပဟိုရ်တီးရန် လူ ၂ယောက်၊ စု စု ပေါင်း(၇)ယောက် အမှုထမ်းရသည်။ မဟာပဟိုရ်စင်တော်ကြီးမှာမြောက်ဦးမြို့တွင် နန်းတော်မြို့ရိုး၊ တံတိုင်း ၃ထပ်အနက်၊ တတိယမြို့ရိုးနှင့် ဒုတိယမြို့ရိုးကြားတွင် တည်ရှိသည်။

ယီးယင်-ယီးလေ-ယီးလား
ယီးယင့်-ယီးလေ-ယီးလား တေးသံများကို လူတိုင်းကြားဖူးကြပေမည်။ ပုခက်လွဲတေးသံ၊ လှေလှော်တေးသံ အားလှော်တေးသံ(၀ါ) အားဖြည့်တေးသံများ ဖြစ်ကြသည်။ ယီးဆိုသောစကားမှာ ပါဠိဘာသာ "ဧဟိ"မှ ဆင်း သက်လာသည်ဟု ဆိုကြသည်။ အဓိပ္ပါယ်မှာ "လာလော့"ဟု အနက်ရသည်။ ပုခက်လွှဲပြီး မိမိထံပြန်လာ စေခြင်း၊ လှေတက်ညီညီ လှော်ခတ်ပြီး ပန်းတိုင်သတို့အရောက် သယ်ဆောင်ခေါ်ယူခြင်း၊ ထိုထက်ကြီးမား သော အရာဝတ္ထုမျိုးကို မိမိလိုရာသို့အရောက် သယ်ဆောင်ခေါ်ယူခြင်း သဘောပင်ဖြစ်သည်။
ယီးဆိုသော ဝေါဟာရကို ရှေးခေတ် (ဧယီး) (ဧယီး)ဟူ၍ အသံထွက်ကြသည်။ ရွတ်ဆိုသော ဗဟုဝဏ္ဏအက္ခ ရာအဖြစ် "ချီ"(ထီး)ဟူ၍ အသံထွက်ကြသည်။ အားလုံးသော ကဗျာများကို တေးသံအဖြစ် ရွတ်ဆိုသောအခါ "ယီးယင်" "ယီးလေး" "ယီးလား" သံစဉ်များကို အချီအချ အပိုဒ်တို့၌ ထည့်သွင်းရွတ်ဆိုလေ့ ရှိကြပေသည်။

ရခိုင်အရွေ့ဂီတ၊ အကဇာစ်ရိုးမပျက်ရန်
အရွေ့ဂီတ
ရခိုင်တွင် အရွေ့ဂီတတို့ အမျိုးမျိုးရှိကြသည်။ ခေတ်အလိုက် ဆန်းသစ်ထွန်းကားခဲ့သည်များ ရှိလေသည်။ အရွေ့ဂီတတွင် ဘွဲ့၊အဲ၊ဧ၊ လင်္ကာ၊ ကဗျာ၊ သာခြင်း စသည်တို့ဖြင့် အမျိုးအစား ဖြာထွက်လျက်ရှိလေသည်။ သီဆိုသော အသံကိုလိုက်၍ ဂီတလည်း ကွဲပြားခြင်းဖြစ်လေရာသည်။ ဂီတနှင့် တူရိယာသည်လည်း အမှီ သဟဲ မကင်းကြချေ။အညမည ဆက်စပ်နိုင်မည်ဖြစ်၏။ ထို့ကြောင့်အဆိုနှင့်အတီးကို မည်သည်က ဦးဆောင် သည်ဟု တထစ်ချ သတ်မှတ်ရန် မဖြစ်နိုင်ချေ။ သို့သော် သီဆိုမှု ဂီတအကြောင်း တီးမှုတ်မှုတူရိယာ (၀ါဒိ တ)လည်း ဖြစ်လာနိုင်သည်ဟု ယူဆနိုင်စရာ ရှိချေသည်။

ဘ၀ ပတင်းပေါက်
လူနာနှစ်ယောက် ဆေးရုံအခန်းတစ်ခုမှာ အတူတူ ကျကတ်ပါရေ။ ပတင်းပေါက်နားက လူနာက တစ်ရက်ကို ညဇာဖက်တစ်နာရီဇီ ကဒင်မှာထိုင်ဗျာယ် အပေါ့အပါး လားရပါရေ။ ကျန်တစ်ယောက် လုံးဝအိပ်ယာက မထ နိုင်ပါ။
နှစ်ယောက်စလုံး အိပ်ယာထဲက နိန်ဗျာယ် မိသားစုအကြောင်း၊ အိမ်အကြောင်း၊ အလုပ်အကြောင်း ရောက် တတ်ရာရာ တစ်ရက်လုံး ပြောဖြစ်ကတ်ပါရေ။ ပတင်းပေါက်နားက လူနာက အပေါ့အပါးလားတိုင်း ပတင်း ပေါက် အပြင်က ရှုခင်းတိကို ကြည့်ဗျာယ် အပြင်မှာ မြင်ရသမျှကို အသေးစိတ်ပြောပြတတ်ပါရေ။

ရခိုင်ရှင်ပြုဓလေ့နှင့် ရတုဆိုပွဲ
ဘုရားရှင် လက်ထက်ကပင် ရှင်ပြုခွင့် ရရှိလာသည်မှ စ၍ ရှင်ပြုလေ့သည် ဗုဒ္ဓဘာသာဝင် လူမျိုးတို့တွင် ကု သိုလ်တော်ပွဲထူး တစ်ခုဖြစ်လာသည်။ မိဘများလည်း သာသနာ့အမွေပေးရာ ခံရာရောက်၍ မြင့်မြတ်သည် ဟု ယုံကြည်ကြသည်။ ရခိုင်ဘုရင်မင်းများလည်း ပဉ္ဇင်းတစ်ထောင်ခံပွဲများကို ပြု၍လည်းကောင်း၊ သာသနာ အတွက် ထောက်ပံ့ကူညီ လှူဒါန်းပြု၍ လည်းကောင်း၊ သာသနာ့ကရ၊ သာသနဒါယဒ၊ သာသနာ ဒါယပ၊ သာ သနာ့နုဂ္ဂဟူသော ဘွဲ့ထူးကို အမြတ်တနိုးခံယူခဲ့ကြကြောင်း ကျောက်စာတို့တွင် တွေ့ရှိနိုင်ပေသည်။
ရှင်ပြုအရွယ်ရောက်သူကို ရခိုင်က "ဗောင်းတင်ချေ" ဟုခေါ်လေသည်။ ရှင်ပြလိုသူများမှာ သာရဏဂုံသီလ၊ ရှင်ကျင့်ဝတ် စသည်တို့ကို ပီသစေရန် ကြိုတင်၍ ဆရာတော်ထံ လျှောက်ထားအပ်နှံကာ သင်ယူစေရသည်။
ရှင်ပြုအရွယ်ရောက်သူကို ရခိုင်က "ဗောင်းတင်ချေ" ဟုခေါ်လေသည်။ ရှင်ပြလိုသူများမှာ သာရဏဂုံသီလ၊ ရှင်ကျင့်ဝတ် စသည်တို့ကို ပီသစေရန် ကြိုတင်၍ ဆရာတော်ထံ လျှောက်ထားအပ်နှံကာ သင်ယူစေရသည်။
နတ်မြင်းပျံနှင့်မင်းသားငယ်
ရှေးအခါက ဘုရင်တစ်ပါးတွင် သားတော်ခုနစ်ယောက် ဖြစ်ထွန်းခဲ့သည်။ ထိုမင်းသားတို့အား ခမည်းတော် နန်းတော်တွင်းရှိ ပန်းဥယျာဉ်၌ ကြည့်ရှုရန် တာဝန်ချပေးထားလေ၏။ ထိုပန်းဥယျာဉ်ကို နတ်မြင်းပျံများက လာရောက် စားသောက်ကြသောကြောင့် အစောင့်အနင်းထား ခဲ့ရခြင်းဖြစ်လေသည်။
ဘုရင်ကြီးသည် နန်းတွင်းဥယျာဉ်မှ ပန်းများကို အမြတ်တနိုးပြုလျက် ဘုရားတင်လှူ ပူဇော်လေသည်။ ပထမ တွင် သားတော်ကြီးကို စောင့်စေရာ အိပ်ပျော်ခဲ့သဖြင့် ပန်းများ အစားခံသွားရလေသည်။ အလားတူ ကျန်ငါး ယောက် စောင့်စဉ်လည်း အိပ်ပျော် သွားခဲ့ကြလေ၏။ ထို့ကြောင့် ခမည်းတော်အား ပန်းမဆက်သနိုင်ဘဲ ရှိ လာခဲ့ရလေသည်။

မေတ္တာကြေး
တခါက ဟော်တယ်စားသောက်ဆိုင် တဆိုင်ထဲကို ၁၀နှစ်သား အချေတယောက် ၀င်လာပနာ ဒေါင့်စပွဲခုံတ ခုံမှာ လားထိုင်ရေ။ စပွဲထိုး ကလိမ့်မေက မပီးချင်ပီးချင်နန့် သောက်ရီတခွက် လားချပီးရေ။
ယင်းခါ အချေက "စတော်ဘယ်ရီ အိုက်စကရိန်း တခွက်ကို ဘလောက်ပါလေ။"လို့ ခေါင်းမော့ပနာ မိန်းလာ ရေ။
စပွဲထိုး ကလိမ့်မေက "ဆင့်၅၀။"လို့ တတိုပပြတ် ပြောလိုက်တေ။
ယင်းခါ အချေက "စတော်ဘယ်ရီ အိုက်စကရိန်း တခွက်ကို ဘလောက်ပါလေ။"လို့ ခေါင်းမော့ပနာ မိန်းလာ ရေ။
စပွဲထိုး ကလိမ့်မေက "ဆင့်၅၀။"လို့ တတိုပပြတ် ပြောလိုက်တေ။
ပညာမာန
တခါက ပညာမန တက်နိန်ရေ လူငယ်တယောက် မြစ်ဆိပ်တခုကို ရောက်လာရေခါ ကဒိုးလောင်းက မြစ် လယ်ကို ရောက်နိန်ပါဗျာယ်။ နောက်ကဒိုးလောင်းကိုမစောင့်ချင်စွာနန့်အနားမှာချိုင်ထားရေလောင်း ဟောင်း
တစီးကို ငှားပနာ မြစ်ကို ဖြစ်ပါရေ။
မြစ်လယ်ကို ရောက်တေခါ လောင်းလှော်လာရေ ၀ါကြီးဖက်ကို လှည့်ပနာ " အခင်ကြီး ဒဿနိကဗေဒ ဆိုစွာ ကို သိပါလား။" လို့ မိန်းလိုက်ပါရေ။
"ကြားတောင် မကြားဖူးဝေ တူချေ။"လို့ လောင်းသမား ၀ါကြီးက ပြောလိုက်ပါရေ။

တိုးတက်ရေးသတင်းလွှာ အတွဲ(၁)၊အမှတ်(၁၃)
လျော့တွက် - နောင်အေး
သူငယ်ချင်း
မိတ်ဆွေ
အပေါင်းအသင်း
ရဲဘော်...
...................။
နားရွက်တိပင်က
တစ်ပုတ်တစ်ရိုင်
မျက်နှာရောင်စုံနန့်။
ထိုခါတစ်ယောက်(-)
ဒေခါတစ်ယောက်(-)
ယေပိုင်နန့် ပဲ့ယွဲ့ဆုတ်ယုတ်။
ကင်းပွန်းတပ်နှင့် ပုခက်တင်မင်္ဂလာဓလေ့ တံထွာများ
ကိုယ်ဝန်အတွက်ရှောင်စရာ
ရခိုင်လူမျိုးတို့တွင် မွေးစအချိန်မှစ၍ မင်္ဂလာမှုပြုလုပ်ရသော ဓလေ့ထုံးစံများ ရှိကြသည်။ မိန်းမများ ကိုယ်ဝန် ဆောင်လျှင် လင် ယောက်ျားများသည် အသုဘတို့တွင် အလှူငွေ မထည့်ရချေ။ မသာ လူသေအလောင်း ကောင်နှင့် စပ်ဆိုင်သော ကိစ္စများတွင် ၀င်ရောက်ကိုင်တွယ်ခြင်း မပြုလုပ်ရပေ။ တစ်ချို့တွင် ပေါက်တူး၊ဓါးမ၊ သေတ္တာ၊ ဖျာအခင်းများ မသွင်းရ မ၀ယ်ရချေ။ အိမ်ရာအသစ် ဆောက်လုပ်ခြင်း အိမ်ရာမြေ ၀ယ်ယူခင်း မပြု ရချေ။
မွေးဖွားစဉ်ဓလေ့
အချို့သော ရခိုင်အမျိုးသားများသည် မိမိအိမ်တွင် ကလေးမျက်နှာမြင်ရှိလျှင်ပင် ထိုအိမ်က ချက်ပြုသော ထ မင်းကို မစားတော့ချေ။ လောကီပညာ လက်ဖွဲ့အင်းအိုင် အသုံးပြုရှိကြသူများမှာ မွေးဖွားအိမ်ကို ရှောင်လေ့ ရှိကြပါသည်။ထိရှပွန်းပဲ့၍ ဒဏ်ရာရသော်လည်းကောင်း၊ အနာပေါက်နေသော်လည်းကောင်း၊ မွေးဖွားအိမ်သို့ ၀င်မိပါက ကင်းပွန်းသင့်သည်ဟု ယူဆကြသည်။ အနာယောင်ယမ်း(ရောင်ယမ်း) လာသည်ကိုပင် ကင်းပွန်း သင့်သည်ဟု ဆိုကြသည်။
ရက္ခိုင်ပြက္ခဒိန်
ပြက္ခဒိန်ဟူသော ဝေါဟာရကို ရခိုင်ပြည်၊ မြန်မာပြည်တို့တွင် မည်သည့် ခေတ်ကာလကစ၍ အသုံးပြုလာ ခဲ့ သည်ဟု အတိအကျ မသိရသေးချေ။ သို့သော် ယနေ့တိုင် မြန်မာနိုင်ငံအတွင်း တွေ့ရှိရသော စာပေများစွာ တို့တွင် ရခိုင်ဘုရင် ဘစောဖြူမင်းလက်ထက် ရေးစပ်ခဲ့သော ထိုရခိုင်ဘုရင် ဘစောဖြူမင်း၏ သမီးတော် ဧချင်းတွင် "ပြက္ခဒိန်"ဟူသော ဝေါဟာရကို အစောဆုံးရေးသားခဲ့ကြောင်း သုတေသီများ လေ့လာတွေ့ရှိ ရ သည်ဆို၏။ ထိုဧချင်းကား ရခိုင်စာဆိုတော် ဗဒူမင်းညို၏ လက်ရာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရှေးအကျ ဆုံးဖြစ်နေသော ဧချင်းဖြစ်ကြောင်းကိုလည်း အားလုံးက အသိအမှတ်ဖြစ်ကြပေလိမ့်မည်။
ထိုရခိုင်မင်း၏ သမီးတော်ဧချင်းပါ ပြက္ခဒိန်ဟူသော ဝေါဟာရအသုံးည် ယနေ့တိုင် ဆက်လက်သုံးစွဲမြဲ ရှိနေ သေးရာ ခေတ်ပေါ်အသုံးမဟုတ်ကြောင်း ထင်ရှားလှ၏။ယခုအခါ ပြက္ခဒိန်အစား "ပက္ခဒိန်"ဟူ၍ လည်း ရေး ထုံးပြုနေကြသည်များကိုပါ တွေ့ရှိနေကြပေသေး၏။
ဖြစ်သမျှအကြောင်း အကောင်းဘာရာ
တခါက ရှင်ဘုရင်တပါးမှာ လိမ္မာပါးနပ်တေ အမတ်ကြီးတယောက် ရှိပါရေ။ ယင်းအမတ်ကြီးစွာ ရှင်ဘုရင် လားသမျှ နိန်ရာကို နောက်က တဂေါက်ဂေါက် လိုက်ရဘာရေ။ အမတ်ကြီး လက်သုံးစကားက "ဖြစ်သမျှ အကြောင်း အကောင်းဘာရာ"လို့ ဇာဗင်ဖြစ်ဖြစ် ပြောလေ့ပြောထ ရှိဘာရေ။ တရက်နိန့်ခါ ရှင်ဘုရင် အမဲပစ် လားယင်း အမှုမဲ့ အမှတ်မဲ့ ကိုယ့်ခြီထောက်ကို ကိုယ့်လေးနန့် ပစ်မိပနာ အနာတရ ဖြစ်လားဘာရေ။ အမတ် ကြီးနန့် တိုင်ဗင်ကြည့်ရေမှာ အမတ်ကြီးက "ဖြစ်သမျှ အကြောင်း အကောင်းလို့ရာ မှတ်ပါ အရှင်ဘုရား။" လို့
ပြန်ပြောလိုက်လို့ ရှင်ဘုရင်က မာန်ပါဗနာ အမတ်ကြီးကို ထောင်ချပလိုက်ဘာရေ။
ပြန်ပြောလိုက်လို့ ရှင်ဘုရင်က မာန်ပါဗနာ အမတ်ကြီးကို ထောင်ချပလိုက်ဘာရေ။
ရခိုင်သာခြင်း
သာခြင်းကို ရခိုင်ကဗျာဆရာများ အများဆုံး သီကုံးဖွဲ့ဆိုခဲ့ကြသည်။ ရခိုင်သာခြင်းသည် ရှေးဦးစွာ ကျေး လက် တောဒေသကို အခြေခံသော တေးသီချင်းတစ်ခုဖြစ်သည်။ သို့သော်လည်း နှောင်းကာလတွင် နန်းတော်သွင်း ကဗျာတစ်ခုအဖြစ် နယ်ကျယ်လာသည်။ မြောက်ဦးခေတ် မင်းဗာကြီး (ဂေါစာ ၈၉၃-၉၁၅) လက်ထက်တွင် ၀ိမလအမတ်ကြီးက သတ္တာနု ကော်ကာနု စသော အနုဇာတ်ဝတ္ထုများကို သာခြင်းဖြင့် ဖွဲ့ဆိုပြီး နားတော်သွင်း ခဲ့သည်။
အင်းဝ၌ အနောက်ဘက်လွန်မင်းတရားကြီးလက်ထက်တွင် ဂေါစာ(၉၂၇)ခုနှစ်လောက် ဇေယျရန္တမိတ်က ဥတေနသာခြင်း၊ ပဋာစာရီသာချင်း၊ စိဉ္ဇာမာန၀ိကာ သာချင်းတို့ကို ဆက်သွင်းခဲ့ကြောင်း တွေ့ရှိရသည်။ သို့ သော်လည်း သာချင်းနှင့် သာခြင်းကို ရောထွေးမသွားစေလိုပါ။ ဇေယျရန္တမိတ်သာချင်းမှာ ရခိုင် သာခြင်း များ နှင့် ကာရံအအုပ်အခံ အကွာအလှမ်းချင်း ခြားနားသည်။ အောက်တွင်ဖော်ပြထားသော ဇေယျရန္တမိတ် သာချင်းနှင့် ရခိုင်သာခြင်းတို့ကို နှိုင်းယှဉ်စေလိုပါသည်။
ပညာနှင့်ဥစ္စာ အဘယ်က သာသနည်း
ရှေးအခါက ရှင်ဘုရင်တစ်ပါးတွင် ငနမည်သော သားတော်တစ်ယောက်ရှိ၏။ ထိုဘုရင်ကြီး၏ နိုင်ငံတော်၌ သူဌေးတစ်ဦးတွင် ငအမည်သော သားတော်တစ်ယောက် ရှိလေသည်။ထိုဘုရင့်သား ငနနှင့်သူဌေးသားငအ တို့သည် မိတ်ဆွေရင်းချာ ဖြစ်ခဲ့ကြလေ၏။ အတူတူနေ၊ အတူကစားဖော် ပြုလာခဲ့ကြသည်။
ကြီးရင့်လာသောအခါ မိဘများကပညာသင်ကြားရ တက္ကသိုလ်ပြည်သို့စေလွှတ်လိုက်လေ၏။သူငယ်ချင်း နှစ် ယောက်တို့သည် အတူတကွ တိုင်းပြည်မှ ထွက်ခွာလာခဲ့ကြလေ၏။ လမ်းခရီးအကြားတွင် တောင်စောင့်နတ် ကြီးက မြင်၍ ထွက်ကာ အိုးတစ်လုံးကို ကိုင်ပြလေ၏။ ထိုအိုးကားအလိုရှိရာကိုရနိုင်သော ဣစ္ဆာသယအိုး ဖြစ် လေသည်။

တစ်ထောင်စီတန်သော စကားသုံးခွန်း
ရှေးအခါက ဂဏအမည်ရှိသော လူငယ်တစ်ယောက်ရှိလေသည်။ ၄င်းသည် တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံ၌ ပညာသင်ယူခဲ့လေသည်။ ဆရာကြီးက တပည့်ဖြစ်သူ ဂဏကို စကားကြီးသုံးခွန်းကိုသာ သင် ပေးလေသည်။ ထိုစကားသုံးခွန်းကား...
(၁) အဆိုးကို အကောင်းလုပ်၍မရ။
(၂) အကောင်းကို အဆိုးလုပ်၍မရ။
(၃) ဟုတ်သည်-မှန်သည်၊ နင့်အကြံ-ငါသိသည် ဟူ၍ ဖြစ်လေသည်။
(၁) အဆိုးကို အကောင်းလုပ်၍မရ။
(၂) အကောင်းကို အဆိုးလုပ်၍မရ။
(၃) ဟုတ်သည်-မှန်သည်၊ နင့်အကြံ-ငါသိသည် ဟူ၍ ဖြစ်လေသည်။
လူ့မလို နတ်မလိုက်နိုင်
ရှေးအခါက မြစ်ကမ်းပါးအနား၌ ရွာငယ်တစ်ရွာရှိလေသည်။ ထိုရွာငယ်၌ လက်မနှင့် တေနောင်ဟူသော လူ နှစ်ယောက် ရှိလေ၏။ ထိုသူနှစ်ယောက်တို့သည် တစ်နေ့သ၌ တွေ့ဆုံကြစဉ် စကားအချေအတင် ပြောဆိုမှု တစ်ခုဖြစ်ခဲ့ကြရလေသည်။
တေနောင်က လက်မကို "လူ့အလိုကို နတ်မင်းမလိုက်နိုင်"ဟု စကားတင်၍ ပြောလေ၏။
ထိုအခါ လက်မက"လူ့အလိုကို နတ်လိုက်နိုင်သည်။ အဘယ်ကြောင့် မလိုက်နိုင်စရာ ရှိအံ့နည်း"ဟု ပြောဆို ချေပလေ၏။
တေနောင်က လက်မကို "လူ့အလိုကို နတ်မင်းမလိုက်နိုင်"ဟု စကားတင်၍ ပြောလေ၏။
ထိုအခါ လက်မက"လူ့အလိုကို နတ်လိုက်နိုင်သည်။ အဘယ်ကြောင့် မလိုက်နိုင်စရာ ရှိအံ့နည်း"ဟု ပြောဆို ချေပလေ၏။
အမှားအယွင်း
ဒုံနာလမ်း
အဆွီးအပဲ့ကို
ဖာဖို့လတ်ထော
နွားချီးရည် သွသွသျှေတစ်ပုံးနာင့်။
အယစ်ရည်ဖတ်
တစ်ရက်လုံးကွာနှက်ပစ်ခစွာ
ပြီးမှ.....
တောင်းပန်ဖို့လတ်
လာရေ၀ါ။
ဇာတ်သိမ်းလို့
ပတ်တိန်းကေ
အားလုံးအိမ်ပြန်ကတ်ဖို့နန်းရာ။
အရိုင်း(မြောက်ဦး)
ရခိုင့် နွားလားဥဿဘ
ရခိုင်ပြည်နေရာ အနှဲ့အပြား၌ နွားလားဥဿဘ ရုပ်များကို သမိုင်းရုပ်ကြွင်းများအဖြစ် တွေ့ရသည်။ ဓည၀ တီ ခေတ်မှသည် မြောက်ဦးခေတ်အထိ နွားလားဥဿဘရုပ်များကို ဘာသာရေးဆိုင်ရာ ဘုရားပုထိုး စေတီ များတွင်လည်းကောင်း၊ ဗုဒ္ဓ၀င်အုတ်ခွက် ကျောက်ခွက်များတွင်လည်းကောင်း၊ ငွေဒင်္ဂါးများတွင် လည်းကောင်း၊ ပုရပိုက်မော်ကွန်းများတွင် လည်းကောင်း၊ ၁၂-လရာသီ စက် လက္ခဏါများတွင် လည်းကောင်း၊ ထွင်း ထု သွန်းလုပ်ခဲ့ကြသည်များကို တွေ့ရသည်။
အချို့သော သုတေသီများက နွားလားဥဿဘသည် သီဝဘုရားသခင်နှင့် ကြိချတော်ဘုရားသခင်တို့၏ တ မန်တော် နန္ဒိနွားလားကို ကိုးကွယ်ကြသည်။ ရခိုင်မှ နွားလား ဥဿဘရုပ်များသည် အိန္ဓိယပြည် ဟိန္ဒူဘာ သာမှ ပျံ့နှံ့စိမ့်ဝင်လာခြင်း ဖြစ်မည်။ ရှေးခေတ် ရခိုင်တို့သည်လည်း နွားလား ဥဿဘရုပ်များကို ကိုးကွယ် ကြသည်။ ဟိန္ဒူ ဘာသာဝင်များသာ ဖြစ်မည်ဟု ကောက်ချက်ချတတ်ကြသည်။
နွားကျောင်းသား ပညာရှိ
ရှေးအခါက တိုင်းပြည်တစ်ပြည်ကို ဘုရင်တစ်ပါးမင်းလုပ်၍ စိုးစံအုပ်ချုပ်နေခဲ့လေ၏။ တစ်နေ့သ၌ ဘုရင်မင်း သည် ညီလာခံရန်မှူးမတ်တို့ကို ခေါ်ယူလေ၏။ မှူးမတ်တို့ စုံညီလေသော် တိုင်းပြည်ရေး၊လုံခြုံရေးတို့ကို တိုင် ပင် ဆွေးနွေးမှု ပြုခဲ့ကြလေ၏။မှူးမတ်တို့က လုံခြုံရေးအတွက် ဆင်တပ်တစ်တပ် လိုအပ်ပါကြောင်း လျှောက် တင်ခဲ့ကြလေ၏။
ဘုရင်မင်းက.. "ဆင်ကို ဘယ်တွင် ရနိုင်အံ့နည်း"ဟု မေးမြန်းလေ၏။ ထိုအခါ မှူးမတ်တို့က "ဟိမ၀န္တာတော တွင် ဆင်များရှိကြပါသည်။ ထိုင်ဆင်များကို ဖမ်းဆီးပြီးလျှင် ယဉ်ပါးစေက ရရှိနိုင်ပါသည်"ဟု အကြံပေး တင် ပြကြလေသည်။
ကျီးကန်းနှင့် နှံစုတ်ငှက်မ
ရှေးအခါက ကျီးကန်းတစ်ကောင်နှင့် နှံစုတ်ငှက်မ တစ်ကောင်တို့သည် မိတ်ဆွေဖွဲ့ကာ နေကြလေသည်။ အတူနေ အတူစားလျက်ချစ်ခင်သင့်တင့်စွာ ပေါင်းသင်းလာခဲ့ကြ၏။ တစ်ကောင်မှာ တစ်စုံတစ်ခု ရလေက ပေးကမ်းစားလေ့ရှိခဲ့ကြသည်။ ထိုထက် တစ်ကောင်မှာရှိသည်များကို တစ်ကောင်က လိုလားလျှင် ပေးကမ်း ကူညီကြစတမ်းဟု ကတိက၀တ် ပြုထားခဲ့ကြလေ၏။
တစ်နေ့သ၌ နှံစုတ်ငှက်မ၌ ဥ,ဥခဲ့လေသည်။ ထိုဥကို ကျီးကန်းကမြင်လေလျှင် စားချင်လာလေသည်။ ထိုအ ခါ ကျီးကန်းက နှံစုတ်ငှက်မကိုပြောသည်မှာ "အဆွေ သင်၏ဥကို ငါစားချင်လှသည်"ဟု ဆိုလေ၏။
နှံစုတ်မကလည်း "အဆွေ ကတိရှိသည်မှာ မှန်သည်၊ ဥကို စားနိုင်သည်၊ သို့သော် ဤသို့စား၍ မဖြစ်ချေ"ဟု ဆိုလေ၏။

ရခိုင်နှင့် ပန်သဇင်
မိုးရာသီကုန်ဆုံးလျှင် ဟေမန္တဆောင်းဥတုသို့ကူးပြောင်းလာသည်။ ထိုအခါ ဆီးနှင်းစိုစွတ်လျက် မြောက်လေ စုတ်လေ တစ်သုတ်သုတ်ထ၍ ချမ်းအေးလာသည်။ ထို့ကြောင့် ရခိုင်စာဆို ဆရာထွန်းက...
"မိုးလေးလဆုံး ၊တန်ဆောင်မုန်းလ
သာရဒတွင်၊ ၀သန်ကုန်နှောင်း
ဟေမာန်ပြောင်းလျက်၊ ဒေါင်းနှင့်ယုန်ပျံ
ဘုံနဘံဝယ်၊ ကြုံစံကာတွေ့" ဟူ၍ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌စပ်ဆိုထားခဲ့သည်။
ထိုဆောင်းလအခါတွင် မြောက်လေပြန်ခေတ်လိုက်လျှင် သဇင်ရနံ့လည်း ကြိုင်သင်းခဲ့ရလေသည်။ သဇင်ပန်း ပွင့်ချိန်မှာ နတ်တော်လ၌ အစပြုသည်။ တပို့တွဲလတွင် သဇင်ပန်း အဆုံးတိုင်တော့သည်။
နဖူးစာရေးနတ်
ရှေးအခါက တိုင်းပြည်တစ်ပြည်တွင် ဘုရင်တစ်ပါး စိုးစံလျက်ရှိလေ၏။ ထိုဘုရင်ကြီးသည် တောကစားဝါသ နာ ပါရှိလေ၏။ ထို့ကြောင့် တစ်နေ့သ၌ တောကစားရန် ထွက်ချီတော်မူခဲ့လေသည်။ ထိုအခါ ယာခင်း လုပ် ကိုင်လျက်ရှိသော လင်မယားနှစ်ယောက်နှင့် တွေ့ဆုံကြလေ၏။ ဘုရင်ကြီးသည် ခရီးလွန်ခဲ့သဖြင့် နန်းတော် သို့ မပြန်နိုင်တော့ဘဲ ထိုလင်မယားထံ၌ တည်းခို နေခဲ့ရလေ၏။
ထိုနေ့ညဥ့်တွင် နဖူးစာနတ်သည် ဆိုက်ရောက်လာလေ၏။ ယာသမားမောင်နှံတို့လည်း ကောင်းစွာ အိပ်ပျော် လျက်ရှိနေကြ၏။ နဖူးစာနတ်သည် တဲအ၀င်ဝ၌ အိပ်ပျော်နေသော ဘုရင်ကိုမကျော်လွှားနိုင်ချေ၊ ထို့ကြောင့် "ပြည့်ရှင်မင်းကြီး ဖယ်ရှားပါလော့"ဟု ပြောဆိုခဲ့လေ၏။ ဘုရင်လည်း "သင်မည်သူနည်း"ဟု မေးမြန်းလေ၏။ "ကျွန်ုပ် နတ်ဖြစ်သည်"ဟု ပြန်ပြောလေ၏။ "ဘယ်သို့သော နတ်မျိုးဖြစ်၍ အဘယ်ကြောင့် လာရောက်ရ သနည်း"ဟု ထပ်မံမေးလေ၏။ ထိုအခါ "ကျွန်ုပ် နဖူးစာနတ်ဖြစ်ပါသည်။ နဖူးစာထိုး၇န် လာရောက်ခြင်းဖြစ်ပါ သည်။" ဟုပြန်ပြောလေ၏။

ရခိုင်တူရိယာနှင့် ဂီတ
ရခိုင်တူရိယာနှင့် ဂီတတို့သည် မည်သည့်အချိန် မည်သည့်ကာလကပင် ပေါ်ပေါက်လာသနည်း။ အကျွန်၏ ယနေ့အထိ ဆန်းစစ်ဝေဖန်ကာ စုဆောင်းရဟိသမျှသော စာဟောင်းပေဟောင်း၊ ရခိုင်သက်ကြီး မိဘတို့ထံမှ စာပေဗဟုသုတ အားလုံးအနက်မှ အနည်းငယ်ဖော်ပြပါအံ့။ မည်သည့်အတွက်ကြောင့် အနည်းငယ် ဖော်ပြရ သနည်းဟူမူကား အလွန်ရှည်လျားမည် စိုးသောကြောင့်တည်း။
ယင်းအတွက်ကြောင့် ရခိုင်တို့၏ မူလဂီတမှာ ရှေးလွန်လေပြီးသော ဘုရားအဆူဆူတို့၏ ပွင့်တော်မူရာ မဇ္စျိမ ဒေသအရပ်နှင့် ကမ္ဘာဦးသူတို့၏ မင်းအဆက်ဆက်တို့မှ ဆင်းသက်လာသည်။ ရခိုင်ပြည်တွင် တိုင်းကြီး ဆယ့်ခြောက်တိုင်း၊ ပြည်ကြီးဆယ့်ခြောက်ပြည် အပါအ၀င်ဖြစ်သော ရမ္မပူရပြည်၊ ရမ္မ၀တီမြို့၊ သမုတ္တိဒေ၀ မင်းဆက်မှစ၍ ဖြစ်ထွန်းလာခဲ့သည်။ ထိုမှတဆင့် မဟာဝိရ မင်းဆက်တို့၏ ပျော်စံရာ ဝေသာလီမြို့တော်ကြီး ၌ စန္ဒြားမင်းဆက်တို့သည် စိုးစံခဲ့ကြ၏။

ရခိုင်အောင်လံတော်
ရခိုင်ထီးရိုးနန်းနေ့ မင်းအပေါင်းတို့၏ ရွှေနန်းဥက္ကံ သံနန်းမဆောင်ဦး၌ အမြဲစိုက်ထူထားအပ်သော အောင် လံတော်ကြီး၏ အကြောင်းချင်းရာဟူသမျှတို့ကို အခါအခွင့်နှင့်ကြုံကြိုက်စွာ ပုရာဏ်ကျမ်း၊ ရာဇသေနင်္ဂ ဗျူဟာ ကျမ်း၊ ဗျူဟာစက္ကိကျမ်း၊ ဗျူဟာစစ်ချီကျမ်းတို့မှ ဗဟုသုတဖြစ်စေခြင်းငှာ အနည်းငယ်ဖော်ပြပါအံ့။
၁။ အောင်လံတော်၏ အတိုင်းအတာကား အလျား ၉-တောင်၊ အနံ ၆-တောင်တိတိရှိသည်။ ထိုထက်ငယ်စေ လိုလျှင် အ၀က်ကျအတိုင်းအတာပြု၍ သုံးခဲ့သည်။
၂။ အရောင်အဆင်းမှာ အနီနှင့်အဖြူစပ်၍ ပြုကြသည်။ အဖြူရောင်ကို အထက်ပိုင်းတွင်ထားပြီး အနီရောင် ကို အောက်ပိုင်း၌ထားသည်။
ရခိုင်တို့၏ တူရိယာစည် တီးခတ်ခြင်း
အတီးအမှုတ်စသော တူရိယာ စည်မျိုး၊ တပိုးမျိုး၊ စောင်းမျိုး ဟူ၍ အသီးသီးရှိကြ၏။ ပါဠိစာပေတွင် စည်ငါး မျိုးကိုပင် "တူရိယာငါးမျိုး"ဟူ၍ ခေါ်ဆိုထားသည်။ ထို့ကြောင့် ရှေးရခိုင်စာဆိုများက "ပဉ္စင်တူရိယာ၊ တီးမှုတ် ကာဖြင့်" ဟုဖွဲ့ဆိုခဲ့ကြလေသည်။ ထို့အတူ တိုရိယာ ငါးပါးဆိုသည်မှာလည်း စည်မျိုးငါးပါးပင်ဖြစ်၏။
အတီးအမှုတ် တူရိယာတို့တွင် စည်တူရိယာမှာ တီးခတ်အပ်သော တူရိယာမျိုးပင်ဖြစ်၏။ ဤစည် အမျိုး အစားများစွာကို ပါဠိစာပေနှင့် ကက္ကတတို့တွင် များစွာပါရှိပေ၏။ စည်မှာ အမျိုးအမည်ထူးပြားလှ၏။ ဤစည် တီးခတ်ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် အဘယ်အခါကပင် စတင်လာခဲ့ကြောင်းကို အတိအကျ ဖော် ပြရန် မဖြစ်နိုင်ပေ။

စကားလုံးမလိုရေ မေတ္တာစစ်
"အကျွန့်အချေကို တစ်ခေါက်လောက် ကြည့်ချင်ပါရေ။"ဖဖြူဖဖွေးချေ အနှီးဟတ်ချေနန့် ထုတ်ထားရေ အချေ ကို အားအင် ကုန်ခမ်းနိန်ရေ အမိဘားကို ကမ်းပီးလိုက်ပါရေ။ မပွင့် တပွင့် ဖွင့်ထားရေ မျက်နှာပေါက်ချေကို တယုတယ ဖွင့်ကြည့်လိုက်ပါရေ။ ကြည့်နိန်ယင်းနန့် အမိမျက်နှာစွာ ပြာနှမ်းလားခပါရေ။ မြင်ကွင်းတိေ၀၀ါး လားဗျာယ် အရည်ကြည်တိ မျက်လုံးအိမ်ထဲက တလိမ့်လိမ့် ကျဆင်း လာပါရေ။ ဆရာဝန်က ကျောခိုင်းပနာ သံတိုင်ကာထားရေ ပြတင်းပေါက်အပြင်က မြင်ကွင်းကို မျက်နှာ လွှဲလိုက်ပါရေ။ မွီးခါစ အချေမှာ နားနှစ်ဖက် က မပါလို့ ထင်ရလောက်အောင် ငယ်နိန်ပါရေ။ ခြောက်လလောက် ကြာရေခါ အချေစွာ အမြင်ဆိုးကေ လည်း အကြားအာရုံ ကောင်းရေဆိုစွာ သိလိုက်ရလို့ အမိအတွက် စိတ်သက်သာရာ တစ်ခု ရလားပါရေ။
မိညို
မိညိုသည် အင်းဝရောက် ရခိုင်အမျိုးသမီး နန်းတွင်းစာဆိုတော် အဖြစ်ထင်ရှားခဲ့သည်။ သက္ကရာဇ် (၉၁၃) ခု နှစ် အင်းဝနန်းတက်သောနရပတိစည်သူမင်း လက်ထက်တွင် နန်းတွင်းစာဆိုတော်အဖြစ် အမှုထမ်းခဲ့သည်။ မိညိုသည် အင်းဝနန်းတွင်း၌ စာဆိုပြိုင်ဖက်ဖြစ်သော နန်းတွင်း မိဖြူနှင့် အပြိုင်ဆိုရသည်။ ယင်းသို့အပြိုင်ဆို ရင်း ကိုယ်ရည်သွေးရတုကို ဖွဲ့ဆိုခဲ့သည်။ မိညိုသည် အင်းဝသို့ မည်သို့မည်ပုံ ရောက်ရှိသွားခဲ့သည်ကို မသိရှိ ရပေ။ ထိုကဗျာအရ ၄င်းသည် ငါးပါးသီလကို စောင့်ထိန်းသူဖြစ်ကြောင်း၊ သူတစ်ပါးကို မနှီပ်စက်၊ မာန်ထွက် တတ်သူ၊ သူတစ်ပါးစိတ်ချမ်းမြေ့အောင် ရတုကဗျာ ဖွဲ့ဆိုသူဖြစ်ကြောင်း ဖွဲ့ဆိုခဲ့သည်။ မိညို၏ ကဗျာဥာဏ် ရည်နှင့် စိတ်ဓါတ်အရည်အသွေးကို ကောင်းစွာ အကဲခတ်နိုင်သော ရတုတစ်ပုဒ်ပင်ဖြစ်သည်။
ကိုယ်တိုင်ရီး အတ္ထုပ္ပတ္တိ
ချစ်လိုက်တေ ဒေမြီပြင်
မြင်သူအံ့လားစီချင်။
စိုက်ပြလိုက်မေ ဇကုန်
သီးပင်စားပင် အစုံ။
အရိပ်ရပင် ပန်းပင်
ကြည့်နိန်ပလင်။
တစ်နှစ်စီလာ
ပိုးသတ်ဆီးကိုအကြောင်းပြ
မြင်သူအံ့လားစီချင်။
စိုက်ပြလိုက်မေ ဇကုန်
သီးပင်စားပင် အစုံ။
အရိပ်ရပင် ပန်းပင်
ကြည့်နိန်ပလင်။
တစ်နှစ်စီလာ
ပိုးသတ်ဆီးကိုအကြောင်းပြ
မဟာပညာကျော်
မဟာပညာကျော် အမတ်ကြီးသည် မြောက်ဦးခေတ် မင်းဗာကြီး (သက္ကရာဇ် ၈၉၃-၉၅၁) မှ မင်းရာဇာကြီး (သက္ကရာဇ် ၉၅၅-၉၇၄) တိုင်အောင် မင်းခြောက်ဆက်မျှ မင်းတိုင်ပင် အမတ်ကြီးအဖြစ် ထင်ရှားကျော်စော ခဲ့သူဖြစ်သည်။ ထိုအမတ်ကြီးကား အခြားတရားသူကြီးတို့ မှန်ကန်အောင် မဆုံးဖြတ်နိုင်သည့် အမှုအခင်း များကို တရားမျှတစွာ ဖော်ထုတ်နိုင်စွမ်းရှိသည်။ တိုင်းရေး ပြည်ရေး စစ်မက်ရေးမှစ၍ မင်းရေးအဖြာဖြာကို အမတ်ကြီး လျှောက်ထားချက်အတိုင်းသာ ဘုရင်မင်းမြတ်က ဆောင်ရွက်ရသည်။ အမတ်ကြီး၏ လျှောက်ထုံး များမှာ မြန်မာစာပေတွင် လွန်စွာအရေးပါသော ကျမ်းဖြစ်၍ သီးသန့်ထုတ်ဝေပြီးဖြစ်သည်။ မဟာပညာကျော် ဖြတ်ထုံးမှာ ဘားနတ် (အမျိုးသားစာကြည့်တိုက်) ပေမူတွင် အခန်း(၄၀) ပါရှိသည်။ "ဓည၀တီ အရေးတော် ပုံကျမ်း" ဟူသည်မှာလည်း အများအားဖြင့် မဟာပညာကျော်၏ လျှောက်ထုံးများကို အခြေခံ၍ ရေးသားဖော် ပြသော ကျမ်းဖြစ်သည်။ မဟာပညာကျော်၏ မွေးဖွားသက္ကရာဇ်ကို တိကျစွာမသိရသော်လည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သက္ကရာဇ် (၈၉၃)နှစ် မင်းဗာကြီးနန်းတက်တော်မူသောအခါ "ကောင်းထင်ကျော်စား" အမတ်အဖြစ် အမှုတော်ထမ်းရွက်နေပြီ ဖြစ်သည်။ သို့ရာတွင် ထင်ပေါ်ကျော်ကြားခြင်းကား မရှိသေးချေ။ မင်းဗာကြီး နန်းတက်ပြီးနောက် အိန္ဒိယပြည်သို့ ချီတော်မူကြံသည်။
စောယဉ်မိ
လောင်းကြက်မြို့ပျက်၍ မင်းစောမွန်သည် အနောက်သူရတန်ပြည်သို့ တိမ်းရှောင်လေသောအခါ သံတွဲစား နရနုသည်လည်း ပဲခူးမင်းရာဇဓိရာဇ်ထံ ခိုလှုံ၍ စစ်ကူတောင်းခဲ့သည်။ ထိုအချိန်တွင် အရှေ့ပြည်မှသုံးရွာစား သည် သံတွဲမြို့သို့ လာရောက်၍ အုပ်ချုပ်နေလေသည်။ သုံးရွာစားလွန်ပြီးနောက် မိဖုရားစောယဉ်မိသည် ၄င်း၏ သားတော်နှစ်ပါးဖြစ်သော စောရန္တမိတ်နှင့် ညီဘယမင်းရဲကို လက်ဝဲလက်ယာထား၍ အုပ်ချုပ်လျက် နေပေသည်။
ယင်းသို့နေစဉ် တစ်နေ့သောအခါ သားကြီး စောရန္တမိတ်၏ ကျေးကျွန်တို့ မင်းသားအား ဤသို့ ကုန်းချောစ ကား ဆိုလေသည်။" အရှင်မင်း၏မယ်တော်ကား သားငယ်ဖြစ်သူဘယမင်းရဲကိုသာမင်းပြုစေလိုသည်။ အရှင် မင်းသားအား မင်းမပြုစေလိုပါ" ဟုလျှောက်တင်ကြသည်။ မင်းသားစောရန္တမိတ်လည်း အမှန်ပင်ထင်မှတ်၍ ကြက်ပွဲကစားနေသော ညီတော်အား ခေါ်ခိုင်းစေသည်။ ညီတော်လည်း နောင်တော်ထံချက်ချင်းလိုက်လာပြီး
လဟာပြင်ကပွဲ
ဖြစ်တတ်ကဆန်း နင်လုပ်သမျှ
အဆင်ကိုမပြေ...
မသိတတ်ခြင်းဆိုး
အမုန်းမျက်မုန်းကျိုးသီအိုရီ...
မျက်ရည်ကြောအလယ်မှာ
မုးဝေလဲပြိုကျ...
မင်းမုန်းရေအငြိုးမီး
လွမ်းလောက်အောင်ကျွမ်းဖိ...
စိတ္တဇကဗျာမျက်ရည်လား
စီးမျောရရေငါ့ဝေဒနာ..
အပြုံးမဟိ... အမုန်းတိရာမနား...
မီးတောက်ပိုင်လောင်ကျွမ်းလိုက်ဖိ...
ပရိတ်သတ်မဟိ..ဒေကပွဲက
ရုံတောင်မကာ
အသိခေါက်ခက်အဝင်နက်လို့...
ရင်ခွင်ဗလာ..။ ။
ကိုကြီး (ညဥ့်ပဂျီ)
အဆင်ကိုမပြေ...
မသိတတ်ခြင်းဆိုး
အမုန်းမျက်မုန်းကျိုးသီအိုရီ...
မျက်ရည်ကြောအလယ်မှာ
မုးဝေလဲပြိုကျ...
မင်းမုန်းရေအငြိုးမီး
လွမ်းလောက်အောင်ကျွမ်းဖိ...
စိတ္တဇကဗျာမျက်ရည်လား
စီးမျောရရေငါ့ဝေဒနာ..
အပြုံးမဟိ... အမုန်းတိရာမနား...
မီးတောက်ပိုင်လောင်ကျွမ်းလိုက်ဖိ...
ပရိတ်သတ်မဟိ..ဒေကပွဲက
ရုံတောင်မကာ
အသိခေါက်ခက်အဝင်နက်လို့...
ရင်ခွင်ဗလာ..။ ။
ကိုကြီး (ညဥ့်ပဂျီ)
ဘာ့ခ်ျ အိုဟာရီ
ဒုတိယကမ္ဘာစစ်မှာ နာမေကျော် ပုဂ္ဂိုလ်တိ ကကောင်း ပေါ်ထွန်းခပါရေ။ ယင်းအထဲမှာ တယောက်က ဘာ့ခ်ျ အိုဟာရီပါ။ ယင်းသူက တိုက်လေယာဉ်မှူးတစ်ယောက်ဖြစ်ပြီးကေ ပစိဖိတ်သမုဒ္ဓရာထဲက လေယာဉ်တင် ဘ င်္ဘောတစ်စီးမှာ တာဝန်ပီးထားခြင်းခံခရပါရေ။ တရက်စစ်ဆင်ရေး တစ်ခုအတွက် ဘာ့ခ်ျရို့လေယာဉ် အုပ်စု ပျံနိန်ရေ ခရီးလမ်းတ၀က်လောက်မှာ လေယာဉ်ပျံကို တာဝန်ရှိရေလူတိ ဆီမဖြည့်ထားမှန်း သိလိုက်ရရေ။ တာဝန်ဆက်ထမ်းဆောင်ဖို့ ဆီမလုံလောက်မှန်းသိလိုက်စွာနန့် လေယာဉ်အုပ်စုမှူးကို အကြောင်းကြားပနာ လေယာဉ်ပျံကို အမိသင်္ဘောဖက်ကို ပြန်လှည့်လိုက်တေ။ လမ်းတ၀က်လောက်မှာရန်သူဂျပန် ဇီးယိုးစစ်လေ ယာဉ်အုပ်စုတစု အမိသင်္ဘောအုပ်စုကိုဖျက်ဆီးဖို့ ဦးတည်ပျံနိန်စွာကို မြင်လိုက်ရရေ။ အမိသင်္ဘောက လေ ယာဉ်ပျံတိအားလုံး အပြင်ကိုပျံနိန်ရေအတွက် အမိသင်္ဘောအုပ်စုအတွက် အကာအကွယ်မဲ့နိန်ရေ အချိန်။
ဝိမလအမတ်ကြီး
ပညာရှိ အမတ်ကြီးဝိမလသည် လောင်းကြက်ခေတ်တွင်ထင်ရှားသော မင်းထီး(သက္ကရာဇ် ၆၄၅-၇၅၁) လက် ထက်မှနရမိတ်လှ(သက္ကရာဇ် ၇၆၆-၇၉၅) တိုင်အောင်အမှုတော်ထမ်းရွက်ခဲ့သော ပညာရှိစာဆိုတော်တစ်ဦး ဖြစ်သည်။ အသက်(၁၀၀)တိုင် အမှုတော်ထမ်းရွက်ခဲ့ကြောင်း သမိုင်းတွင် အထင်အရှားတွေ့ရသည်။ အမတ် ကြီးသည် မင်းထီးဘုရင်အား မင်းတို့ပြည့်စုံ အပ်သော ကျေးဇူးခုနစ်ပါး ၊ရာဇဒေ၀ီမိဖုရားကြီးတို့၏ အင်္ဂါခုနစ် ပါး၊ မိန်းမမြတ်တို့၏ လက္ခဏာရပ်တို့ကို ကျမ်းဂန်ပါဠိ အထောက်အထားများဖြင့် လျှောက်ထားခဲ့သည်။ လော ကီကျမ်းများ၏ အလိုအရ ထောက်ဆပြီး အတိတ်နိမိတ်များကိုလည်း ဖတ်ကြားလျှောက်ထားခဲ့သည်။ ထို့ ကြောင့် ရွှေထမ်းစင်စီးခွင့်ကဲ့သို့သော ချီးမြှင့်မြှောက်စားခြင်းမျိုးကိုပင် ခံယူရရှိခဲ့သည်။ ၄င်းပြင် အမတ်ကြီး သည် ရဲစွမ်းသတ္တိနှင့်လည်း ပြည့်စုံသူဖြစ်သည်။ မှန်ရာကိုလျှောက်ထားဝံ့သူဖြစ်သည်။ နရမိတ်လှခေါ် မင်း စောမွန် မင်းသားဘ၀က အနေအထိုင်မတတ်၍ ပေါ့သွမ်းနေထိုင်မှုအတွက် ပွင့်ပွင့်လင်းလင်း ဆိုဆုံးမဖူး သည်။
ရခိုင်သူမြတ်နှင့် လောကသာရပျို့
ရခိုင်သူမြတ်သည်မင်းထီးဘုရင်လက်ထက်(အေဒီ-၁၂၈၃) မြန်မာသက္ကရာဇ်(၆၄၅)တွင်ထင်ရှားသော ရဟန်း ပညာရှိတစ်ဦီးဖြစ်သည်။ သက္ကရာဇ်(၆၈၈)ခုနှစ်တွင် မင်းသျှင်စောသည်မစ္ဆဂီရိသရက်မြို့ကိုတည်၍နေသည်။ သက်လူမျိုးတို့ အုပ်စိုးသော ကြောင့် သက်မင်းသျှင်စောဟု တွင်သည်။ ၄င်းတွင် စောစုံ၊ စောဖြူ၊ စောတူ ဟူ၍သားတော်သုံးပါးရှိသည်။ သက်တို့သည် အင်အား ကောင်းလာသောအခါ ရခိုင်ရိုးမတောင်စဉ် တောင် တန်းရှိကျေးရွာများကိုသွားရောက်တိုက်ခိုက်လေရာ ရခိုင်ဘုရင် မင်းထီးသည် အမတ်ကြီးရာဇစည်သူသင်္ကြန် ကို စေလွှတ်၍ သရက်မြို့ကိုသိမ်းခိုင်းသည်။
သက္ကရာဇ်(၆၉၅)ခုတွင် အမတ်ကြီးသည် စစ်သည်ဗိုလ်ပါအများနှင့် ရခိုင်ရုးမကိုကျော်ဖြတ်၍ သက်မင်းသျှင် စောအားသားတော်၊သမီးတော်၊ မိဖုရား၊မောင်းမနှင့်တကွရခိုင်သို့ခေါ်ဆောင်ခဲ့လေသည်။ ရခိုင်ဘုရင်မင်းထီး သည်လည်း သက်မင်းသျှင် စောအား ကောင်းစွာချီးမြှင့်မြှောက်စားထားသည်။ ထိုအခါ မင်းသျှင်စောသည် သူ၏သားတော်များအား ပိဋကတ်ဗေဒင်အရာ ကျွမ်းကျင်တတ် မြောက်သော ရခိုင်သူမြတ်ဆရာတော်ထံ အပ်နှံ့သင်ကြားစေလေသည်။
က၀ိကျော်
မောက်သူဇာမြို့စားက၀ိကျော်သည်လေးမြို့ခေတ်တွင် ဒုတိယပုရိန်မြို့ကိုတည်ထောင်သော ဒဿရာဇာမင်း (သက္ကရာဇ် ၄၈၅-၅၀၁)၏ ထင်ရှားသောမင်းတိုင်ပင် ပညာရှိအမတ်ကြီးတစ်ဦးဖြစ်ပါသည်။ က၀ိကျော်၏ လျှောက်ထုံးများသည် လေးမြို့ ခေတ် စာပေစုတွင်ထင်ရှားလှသည်။ အုံနိမိတ်၊ ကြိုးကြာနိမိတ်နှင့်စပ်သော လျှောက်ထုံးများတွင် အမတ်ကြီး၏ ဆင်ခြင်သုံးသပ် တတ်သော ဥာဏ်ရည်ကိုတွေ့ရသည်။
ရက္ခိုင်အကများနှင့် ပျော်ပွဲသဘင်များ
၂။ ဒုံးယိမ်းအက
၃။ ပင့်ကူအကခေါ်ရှေးဇာတ်နိပါတ်များကိုကပြခြင်းများ
၎။ ငစည်အက
၅။ ကြိုးတန်းလျှောက်တိုင်တက်အက၊(စကြော့စုအစို့သားများကကကြသည်။)
၆။ နဂါးအက
၇။ တိုးအက
၈။ ဆံတောက်ပိုးအက
၉။ ရှေးသူရုပ်မကြီးများအက
၁၀။ရုပ်သေးအက
၁၁။နတ်အက
၁၂။၁၂ရာသီပွဲသဘင်များ
လွဲချော်ခြင်း
ရင်ဖတ်ကြီးကျန်းကျန်းခေါက်ခေါက်
ယင်းချင့်နန့်လား
တေးခြင်းဆိုဖို့။
စက္ကူလောင်းချေထဲက
အမြောက်သံတဒိန်းဒိန်း
ကြားလား။
မောင်းတဒူဒူခတ်လို့
သူ့ကိုယ်သူ 'နက်ဖြန်'လတ်
အတိတ်က။
ယင်းချင့်နန့်လား
တေးခြင်းဆိုဖို့။
စက္ကူလောင်းချေထဲက
အမြောက်သံတဒိန်းဒိန်း
ကြားလား။
မောင်းတဒူဒူခတ်လို့
သူ့ကိုယ်သူ 'နက်ဖြန်'လတ်
အတိတ်က။
စိုင်းတင်အလွမ်း
ရေဒီယိုဓါတ်ကြွနိန်ရေ ဒြပ်စင်တစ်ခုလား
မဒမ်ကျူရီပိုင် ဘ၀နန့်ရင်းဗျာယ်ရှာခရေ
ငါ့ရင်ထဲကို ကြယ်တင်းခွန်တစ်စင်းပိုင်ဦးတည်
ယေပြီးကေ လွဲခလီယင့်။
အိမ်တိုင်သီတစ်ပုံ ပီစာသီတစ်ပုံ ပြာဖြစ်ဗျာယ်
ပိန်ကပ်ကပ်ကောင်းကင်အောက်မှာ စီးနိန်ရရေ
ပင်လယ်ရာဝေ
လှိုင်းအရိုး မီးပြတိုက်အရိုး
ဝေလငါးအရိုး သက္ကရာဇ်အရိုး
ရာဇ၀င် အိုးပဲ့ကိုရွက်ပနာ
ဇာနှစ်ကပ်ထိ အလွမ်းကျိန်စာသင့်နိန်မေ ငါမသိ။
အုတ်နံရံ
တစ်ခါသော် အလွန်ဒေါသထွက်လွယ်သော ကောင်းလေးတစ်ယောက်ရှိလေသည်။ တစ်နေ့တွင် ဖခင်ဖြစ်သူ မှ ခရုများထည့်ထားသော အိတ်တစ်အိတ်ပေးကာ "သား၊ ဒေါသထွက်တိုင်း အိတ်ထဲက ခရုတစ်ကောင်စီဆွဲ ထုတ်ပြီး နောက်ဖေးက ဆေးသုတ်ထားတဲ့ အုတ်နံရံကို ပစ်ပေါက်လိုက်ပါ"ဟုပြောလေသည်။
ကောင်လေးသည် ပထမနေ့တွင် အိတ်ထဲမှခရ ၃၇ကောင်တိတိ ထုတ်ကာ အုတ်နံရံကို ပစ်ပေါက်ခဲ့လေ သည်။
ရက်သတ္တပတ် အနည်းငယ် ကြာသောအခါ ပစ်ပေါက်သော ခရုကောင်ရေ သိသိသာသာကျ ဆင်းလာလေ သည်။
လီညှင်းမရိုင်း မုန်တိုင်းမသင်း
ဘုရင်မင်းဘာကြီး မာစီဒီးမစီးခရစွာ
သရော်စရာလား---။
လေဒီဒိုင်ယာနာ
လျှာပူအာပူမစားဖူးခ
ရှုတ်ချစရာလား---။
မာစီဒီးမစီးရကေလေ့
မင်းဘာကြီးဘ၀မှာ
ကန်ကမကန်စည်းစိမ်
ဂုဏ်ရှိန်မလျော့---။
သရော်စရာလား---။
လေဒီဒိုင်ယာနာ
လျှာပူအာပူမစားဖူးခ
ရှုတ်ချစရာလား---။
မာစီဒီးမစီးရကေလေ့
မင်းဘာကြီးဘ၀မှာ
ကန်ကမကန်စည်းစိမ်
ဂုဏ်ရှိန်မလျော့---။
မျိုးနန့်ပိုး
(၁)
အနောက်လီမှာ
ရွင့်ပါလာရေ
ဒေါ်လာတစ်ရွက်။
(၂)
ဒေါ်လာတစ်ရွက်
မက်လောက်တေထော
ရမက်ဇောငင်---
အမျိုးသီလ
နှစ်ဌာနကို
စောင့်ထပိုင်ပိုင်---
ရခိုင်တံဆိပ်
ဖြုတ်ဆိပ်ကေထင်။