အဘွား, ကျွန်တော်....ပြီးတော့

အဘွားသည်ရသေ့တောင်မြို့သူဖြစ်ပါသည်။
အဘွား၏အမည်မှာ ဒေါ်ဝင်းညိုမေဖြစ်ပါ၏။ အဘွားသည်ရသေ့တောင်မြို့ချောင်းဝရပ်ကွက်တွင် နေထိုင်ခဲ့ပါ သည်။ အဘွား၏ချက်မြှပ်ရာဒေသသည် ရသေ့တောင်ဖြစ်၍ ကွန်လွန်တော့လည်းရသေ့တောင်မြို့မှာပင်။

ကျွန်တော့်ဖခင်၏မိခင်ဖြစ်သဖြင့် အဖေ့ဘက်မှတော်စပ်သော အဘွားဖြစ်ပါသည်။
 အဘွားသည် မြေးဦးကျွန်တော့်ကို အလွန်ချစ်ပါ၏။ အဘွားတွင်စားစရာတစ်ခုရလာလျှင် အားလုံးကိုမစား ။ မြေးဦး ဖြစ်သူကျွန်တော့်ကိုမျှဝေကျွေးသည်။ ကျွန်တော့်အိမ်၌မရှိမူ ဆန်ထည့်သည့်စဥ့်အိုးကြီးထဲမှာ ၀ှက် ထား၏။ ကျွန်တော်ဆော့ကစားရာမှ ပြန်ရောက်လာသည့်အခါ လက်တို့ပြီး တိတ်တိတ်ခိုးကျွေးလေ သည် ။ မြေးအနှစ် ဆိုတာကိုနက်နက်ရှိုင်းရှိုင်းမသိခဲ့သော်လည်း ယခုကျွန်တော့ မှာမြေး ဦးရလာသည့်အ ခါ မှ မြေး အနှစ် အဓိပ္ပါယ်ကပီပြင်လာသည်။ နက်နက်ရှိုင်းရှိုင်းသိလာသည်။

ခွေးနှင့်ကြောင်ဘာကြောင့်မသင့်သနည်း

တောရွာတစ်ရွာ၌ လယ်သူကြီးတစ်ယောက်ရှိလေ၏။ ၄င်းသည် လယ်ယာများစွာကိုလုပ်ကိုင်လျက်ရှိလေ၏။ အလုပ်သမားအခိုင်းအစေများလည်း မပြတ်မလပ်ရှိလေ၏။လယ်မြေလုပ်ငန်းဖြင့် ကြီးပွားကာချမ်းသာလျက် ရှိလ ခဲ့လေ၏။

လယ်သူကြီးသည် လယ်ယာတို့ကိုကောင်းစွာဂရုစိုက်လုပ်ကိုင်လေ၏။လယ်ယာတွင် စပါးသီးနှံအပြင်သားငါး များကိုလည်းမွေးမြူထားလေ၏။ ကုန်းမြင့်လယ်မြေတို့၌ ဆိုလျှင်ဟင်းသီးဟင်းရွက်များကို လည်းစိုက်ပျိုး ထား လေ၏။ထို့ကြောင့်ရာသီထွက်သီးနှံသားငါး အစာများအမြဲ ရရှိနေ၏။

လယ်သူကြီးသည်အလုပ်သမားတို့အား သား၊ငါး၊သီးနှံတို့ဖြင့် ကောင်းစွာကျွေးမွေးလေ၏။ဝယ်ခြမ်းကျွေးမွေး ရခြင်းလုံးဝမရှိမူဘဲ မိမိခြံထွက် ပစ္စည်းဖြင့် ပင်ရောင့်ရဲတင်းတိမ်မျှတပြည့်ဝစေ၏။ အလုပ်သမားတို့က လည်း လယ်သူကြီး အကြိုက်ကောင်း စွာထွန်ယက်လုပ် ကိုင်ပေးခဲ့ကြလေ၏။

ကျီးဖြူရွာဇာမှာလဲ

တစ်ခါတစ်ပါး၌ ကျီးသားဖော်ငါးရာတို့သည် အစာရှာကြရန်ကျေးရွာတစ်ခုသို့ရောက်ရှိသွားကြလေ၏။ လူသူ ရပ်ရွာနီးစပ်ရာတိုင်အောင် အစားအစာများကိုလှည့်လည် ရှာဖွေစားသောက်နေ ခဲ့ကြလေ၏။ထိုစဉ် ဆင်း ရဲ သောသားအမိအိပ်အနီးသို့ရောက် ရှိခဲ့ကြလေ၏။

ထိုအိမ်၌နှစ်တစ်ဖျာကိုနေလှမ်းထားရှိလေ၏။ မိခင်သည် သမီးငယ်အားအစောင့်ထားခဲ့ပြီး ထင်းခွေရန်တော သို့ သွားနှင့်လေ၏။ အစောင့်ထားကျန်ရစ်သောသမီးငယ်ကို ကျေးငှက်များတစ်စေ့မှမစားရန်လည်းကောင်း စွာ ပြောဆိုမှာကြားထားခဲ့လေ၏။မိခင်၏မှာကြားမှုတိုင်း သမီးငယ်သည်ဂရုစိုက်၍စောင့်ကြပ်နေလင့်လေ၏။

မြွှေကဖားကိုဘာကြောင့်ဖမ်းမျိုရသနည်း

ဟေမ၀န္တာတော၌ ကျက်စားနေကြသောတိရစ္ဆာန်များသည် တစ်နေ့တွင်စုရုံးတိုင်ပင်မှုတစ်ခုကို ပြုခဲ့ကြ လေ ၏။ 

“ငါတို့သည် အစာအာဟာရစားရသည်မှာ ကာလကြာခဲ့လေပြီ၊မြိန်ရေရှက်ရေဟူ၍ မတွေ့ရှိရချေ။အကြောင်း ဘယ်သို့နည်း။ စုံစမ်းသင့်ကြသည်။” ဟုပြောဆိုမှုဖြစ်ခဲ့ကြလေ၏။

ထိုအခါ သားငါးတိရစ္ဆာန်တို့ အုပ်စုက အကြံပြုခဲ့ကြ၏။ 
“မှက်ကောင်သည် အသွေးအသားကိုစုပ်ယူစားသောက်လေ့ရှိတတ်သည်။ သူကသာလျှင် အစာရေစာ အ သား အသွေးဟူသမျှကို မြည်းစမ်း သိရှိနူင်ပေသည်။ ထို့ကြောင့် သွေးစုပ် မှက်ကောင်ကိုပင် စုံစမ်းမှုပြုရန် စေခိုင်းသင့်သည်” ဟုတင်ပြပြောဆိုကြလေ၏။

၎င်းတို့၏ပြောဆိုချက်အတိုင်း သဘောတူကြလျက်မှက်ကောင်ကို ရွေးချယ်လိုက်ကြလေ၏။မကြာမီ မှက် ကောင်လည်း ဟေမ၀န္တာတောမှ ပျံသန်းထွက်ခွာလျက်၊ စုံစမ်းမှုပြုခဲ့လေ၏။ ခရီးအကြားတွင် မြစ်တစ်ခု ကိုတွေ့လေသော် ကူးတို့သည်ကို ရှာဖွေလေ၏။

ဖြတ်ထိုးဥာဏ်ကောင်းသောရှေ့နေဇီးကွက်

ရှေးအခါကမိဘမဲ့သော ၀က်ငယ်နှင့်ကျားငယ်နှစ်ကောင် မိတ်ဆွေဖြစ်လျက်နေလာခဲ့လေ ၏။၎င်းတို့ သည် မိဘသေဆုံးသွားပြီးစကပင် အတူပေါင်းဖော်ကာ ဆက်ဆံလာခဲ့ကြ၏။ ညီအစ်ကိုပမာ ချစ်ခင်မြတ်နိုးမှုမပျက် ရှိခဲ့ကြလေ၏။

ဝက်ငယ်မှာကားသစ်ဥ၊ သစ်မြစ်၊ သစ်ဖုများကို ရှာဖွေတူးဖော်စားသောက်ခဲ့လေ၏။ ထို့ကြောင့်အစား အဟာ ရပြည့်ဝ၍ကိုယ်ခန္ဓာသန်မာ ဆူဖြိုးလာလေ၏။ကျားငယ်မှာမူကား သားကောင်များကို ဖမ်းရမိသော အခါမှ ၀မ်းဝနိုင်၏။မရသောနေ့တို့၌ အစာအဟာရမစားရဘဲ အငတ်ခံနေခဲ့ရလေ၏။ မစားရဖန်များ လာ သောအခါ ပိန်ချုံးကြုံလှီလာခဲ့လေ၏။

ဝက်ငယ်နှင့်ကျားငယ်တို့သည် အတူတကွ အစာရေစာရှာဖွေလေ့ရှိကြ၏။ နေထိုင်ကြစဉ်လည်း တစ်ကောင် ၏ပေါင်ပေါ်တွင် တစ်ကောင်က ခေါင်းတင်အုံးလေ့ရှိကြလေ၏။ယင်းသို့ ချစ်ခင်ရင်းနှီးလာခဲ့ကြ ရာ တစ်နေ့ သ၌ ကျားက မကောင်းသောအကြံအစည် ဖြစ်ခဲ့လေ၏။

ရိယ်ကြည်ရာမြက်နု ဟိယ်ရာ

“ရိယ်ပိယ်မေမေ...ရိယ်”

ခေတ္တရန်ကုန်ရောက် ရခိုင်အဘိုးရှင်တစ်ဦးအနေဖြင့်နှစ်နှစ်ကျော် အရွယ်ရှိမြေးဦး ကလေး ၏စကားကိုကြား ရသည်မှာနားဝင်ပီယံရှိလှပါသည်။ နားဝင်ချိုရုံသာ မက ဦးနှောက်ကွန်ပျူတာထဲက နျူထရွန်ဝါယာများကို လှုပ် ရှားနိုးကြွစေပါသည်။

“ဇာ...ငါ့မြီးသျှေ ပြောနီစွာဇာလေခု”
ရီးလေ့မဟုတ်၊ရေ(ယေ)လေ့မဟုတ်၊ ပီးလေ့မဟုတ်၊ပေးလေ့မဟုတ်ပါကာရာဇာကုမာရ်၏ညီမသျှေလာ ချင့်”

ကျွန်တော်သည် သမိုင်းသုတေသီတစ်ဦးမဟုတ်ပါ။ ဘာသာဗေဒပညာရှင်လည်းမဟုတ်ပါ။ သာမန်စာရေးဆ ရာ တစ်ဦးသာဖြစ်ပါသည်။

ရာဇကုမာရ်သည် ဘုရင့်သားတော်တစ်ပါးပါ။ ကျန်စစ်သားဘုရင်မင်းမြတ်နှင့်အပယ်မိဖုရား သမ္ဘူလတို့မှ ဖွား မြင် သောသားတော်ရာဇကုမာရ်ကို ကျွန်တော့်စိတ်ထဲတွင်ပုဂံပြည်ရောက်၊ပုဂံပြည်ဖွား ရခိုင် အမျိုးသား တစ် ဦးဟု သဘောထားမိပါသည်။

ဆင်မင်းညီနောင်

(ရခိုင်မင်းရာဇာကြီးအားသားတော် မင်းခမောင်းပုန်ကန်သည်တွင်အမတ်ပညာရှိကြီး မဟာပညာဝံသ ဥပမာ ပြလျှောက်ထားဖူးသောပုံပြင်ဖြစ်သည်။)

ရှေးသောအခါ ဘုရားလောင်းဆင်မင်းသည် အရန်တစ်ထောင်သော ဆင်တို့နှင့်သစ္စာပြု လျက်နေထိုင် တော် မူသည်။အဂေါလဟတ္ထိဆင်လည်း ဆင်ပေါင်း တစ်ထောင်နှင့်နေလေသည်။

ထိုအခါ ဘုရားလောင်းဆင်မင်းတွင် အမိန္နကဟူသောညီတော်ရှိသည်။အမိန္နကဆင်ကို အဂေါလဆင်က လှည့်ပတ်လျက်“အရွယ်ကောင်းစွာသန်မာသောကာလ၌ မင်းမူရမှာသာကျေးဇူးထွန်းရန်ရှိနိုင်သည်။အိုသော အခါ ပဇာအကျိုးရှိအံ့နည်း။နောင်တော်ဆင်မင်းကို ပြစ်မှားစေ”ဟု ဂုန်း လျှော စကားဆိုသည်။ 

ပညာရှိသောမင်းတစ်ပါး

အဘိရာဇာမည်သောမင်းတစ်ပါးရှိလေ၏။ ထိုမင်းသည်သာကီဝင် မင်းမျိုးမင်းနွယ်မှဖြစ်လေသည်။မဇ္ဇိုမ ဒေ သ မှ စစ်ရေးအရဗိုလ်ပါအလုံးအရင်းနှင့် ထွက်ခွာလာလေသည်။ တကောင်းသင်းတွေးပြည်ကို တည် ထောင် ၍စိုးစံအုပ်ချုပ်နေလေသည်။

ထိုမင်း၌ သားတော်နှစ်ပါးဖြစ်ထွန်းခဲ့လေ၏။ ကံရာဇာကြီးနှင့်ကံရာဇာငယ်ဟူ၍အမည်ရှိလေ၏။ ခမည်းတော် မင်း နတ်ရွာစံလေသော် ထိုမင်းသားနှစ်ပါးတို့ကျန်ရစ်ခဲ့လေ၏။ ထိုမင်းသားတို့သည် ခမည်းတော်၏စည်း စိမ် ကို ဆက်ခံရန်အငြင်းပွားခဲ့ကြလေ၏။

“သူရထိုက်-ငါရထိုက်”နှင့် မသင့်မတင့်ရှိကြလေသော် အသင်းအပင်းတို့ နှစ်ဖွဲ့ကွဲကြလေ၏။ သူ့ဘက် ကိုယ့် ဘက်အချင်းချင်းအလုအယက်ဖြစ်ကြလျက် သတ်အံ့သော အစီရင်ကိုပြုခဲ့ကြလေ၏။ ထိုအခါပညာရှိတို့သည် စိုးရိမ်ခြင်းကြီးစွာ ဖြစ်ခဲ့ကြရလေသည်။

လူမျိုးနှင့်ဘာသာ

ဤကမ္ဘာမြေကြီးသည် တပေါင်းလပြည့်စနေနေ့တွင် အစဦးစွာဖြစ်ပေါ်လာခဲ့လေ၏။ မြေကြီးပေါ်ပြီးနောက် ကမ္ဘာဦးလူတို့သည်ဗြဟ္မာပြည်မှ ဆင်း သက်ကြ လေ၏။ကမ္ဘာ၏အသိအမှတ်အဖြစ် အရှေ့ကျွန်း၌ ကုက္ကို ပင်၊ တောင်ကျွန်း၌သပြေပင်၊ အနောက်ကျွန်း၌ထိန်ပင်၊မြောက်ကျွန်း၌ ပဒေသာပင်တို့ ပေါက်ရောက် ဖြစ်ထွန်းခဲ့ ကြလေကုန်၏။

ကမ္ဘာဦးလူတို့သည် ပထမတွင်မြေဆီကိုစား၍နေခဲ့ကြလေ၏။အရောင်အ၀ါထွန်းလင်းလျက်ညဥ့်နေ့ မကွဲပြား ဘဲရှိခဲ့၏။ ထို့နောက်အကျင့်ဖောက် ပြားလတ် ကား၊ကိုယ်ရောင်ကွယ်ခဲ့ ရလေ၏။ ထိုအခါ အလင်းရောင် ပျောက်၍ အမိုက်မှောင်အတိသာဖြစ် လာခဲ့ရလေ၏။ ထို့ကြောင့်အလင်းကိုတောင့်တခဲ့ကြရာ အလင်းရောင် ပေါ်လာ၏။ထိုအလင်းရောင်ကိုနေဟုသမုတ်ကြလေ၏။

ထို့ပြင် ထိုနေမင်းစတင်၍ အလျင်လင်းသောနေ့ရက်ကို တနင်္ဂနွေဟုသမုန်ကြလေ၏။ ထိုနေ့ ကုန်လွန်သော အခါ ညအချိန်ရောက်လျှင် အမိုက် အတိဖုံးလာခဲ့ ရလေ၏။ထိုအခါ ထပ်မံ၍ အလင်းရောင် ကို တောင့်တ ကြပြန်လေ၏။အလိုအတိုင်း အလင်းရောင်ကဲ့သို့ပေါ်လာ၍စန္ဒ(လ)ဟုသမုတ်ကြ ကုန်၏။ ထိုရက်ကို တနင်္လာ ဟူ၍ သမုတ်ခဲ့ကြလေ၏။

သီဟိုဠ်သူဌေး အမွေတစ်သိန်း

မြောက်ဦးမြို့၌ မင်းဖလောင်းစိုးစံလျက်ရှိနေ၏။ ထိုစဉ် အမွေရလိုကြောင်းဘုရင်မင်း ထံလျှောက်ထားမှု တစ် ခု ရောက်ရှိလာခဲ့ ရလေ၏။ အမှုမှာ ဆို လျှင်မြောက် ဦးမြို့အထက်ဆယ်ဆက်မြောက်က စိုးစံခဲ့ ဖူးသော စလင်္ကသူမင်းလက်ထက် ကပင်ဖြစ်၏။ စလင်္ကသူမင်းလက်ထက်သီဟိုဠ်ကျွန်းမှသူဌေးတမ္ဗူလဆိုသူ မြောက် ဦးမြို့သို့ လာရောက် ကုန်သွယ်ခဲ့ဖူးလေ၏။ ထိုစဉ် မြောက်ဦးမြို့ ပေါင်းတွတ်သင်္ဘောဆိပ်၌ သူဌေး အုန်းအာ သန် ဆိုသူနှင့် ချစ်ခင်မှုဖြစ် ခဲ့ကြလေ ၏။ထိုအခါ အချင်းချင်း ယုံကြည်စိတ် ချ စွာဖြင့် ပေါင်း သင်းဆက် သွယ်လာခဲ့ကြလေ၏။

တစ်နေ့သ၌သီဟိုဠ်သူဌေး တမ္ဗူလသည် အုန်းအာသန်ထံ အသပြာ တစ်သိန်းကိုအပ်နှံခဲ့လေ၏။ သို့သော် အ သိသက်သေဟူ၍ လုံးဝမထားရှိခဲ့ချေ။ အပ်နှံ ကြောင်းနှစ်ဦးသဘောတူ သက်သေလက်မှတ်စာကို သ၀န်သ ကာလတောင်၌ရေးထိုးခဲ့ကြလေ၏။ထိုစာမှာကျောက်ဖျာကြီးထက်တွင်ရေးထိုးလျက် ထိုတောင်ထိပ်  ညောင် ပင်ကြီးတစ်ပင်ရင်းမြောက်ဘက်နား၌ မြှုပ်နှံထားခဲ့ကြလေ၏။