သီဟိုဠ်သူဌေး အမွေတစ်သိန်း

မြောက်ဦးမြို့၌ မင်းဖလောင်းစိုးစံလျက်ရှိနေ၏။ ထိုစဉ် အမွေရလိုကြောင်းဘုရင်မင်း ထံလျှောက်ထားမှု တစ် ခု ရောက်ရှိလာခဲ့ ရလေ၏။ အမှုမှာ ဆို လျှင်မြောက် ဦးမြို့အထက်ဆယ်ဆက်မြောက်က စိုးစံခဲ့ ဖူးသော စလင်္ကသူမင်းလက်ထက် ကပင်ဖြစ်၏။ စလင်္ကသူမင်းလက်ထက်သီဟိုဠ်ကျွန်းမှသူဌေးတမ္ဗူလဆိုသူ မြောက် ဦးမြို့သို့ လာရောက် ကုန်သွယ်ခဲ့ဖူးလေ၏။ ထိုစဉ် မြောက်ဦးမြို့ ပေါင်းတွတ်သင်္ဘောဆိပ်၌ သူဌေး အုန်းအာ သန် ဆိုသူနှင့် ချစ်ခင်မှုဖြစ် ခဲ့ကြလေ ၏။ထိုအခါ အချင်းချင်း ယုံကြည်စိတ် ချ စွာဖြင့် ပေါင်း သင်းဆက် သွယ်လာခဲ့ကြလေ၏။

တစ်နေ့သ၌သီဟိုဠ်သူဌေး တမ္ဗူလသည် အုန်းအာသန်ထံ အသပြာ တစ်သိန်းကိုအပ်နှံခဲ့လေ၏။ သို့သော် အ သိသက်သေဟူ၍ လုံးဝမထားရှိခဲ့ချေ။ အပ်နှံ ကြောင်းနှစ်ဦးသဘောတူ သက်သေလက်မှတ်စာကို သ၀န်သ ကာလတောင်၌ရေးထိုးခဲ့ကြလေ၏။ထိုစာမှာကျောက်ဖျာကြီးထက်တွင်ရေးထိုးလျက် ထိုတောင်ထိပ်  ညောင် ပင်ကြီးတစ်ပင်ရင်းမြောက်ဘက်နား၌ မြှုပ်နှံထားခဲ့ကြလေ၏။

သူဌေးနှစ်ဦးတို့သည် ထိုငွေအပ်နှံခဲ့သည်ကို မည်သူကိုမျှမပြောကြားခဲ့ကြချေ။သို့သော်တမ္ဗူလသူဌေးမူ ကား စာဖြင့်အမှတ်အသားထားခဲ့လေ၏။ ကာလ ကြာသော် ထိုသူဌေးနှစ်ဦးကွယ်လွန်ခဲ့ကြလေ၏။ ထို သူဌေး တို့ကွယ်လွန်လေသော် သားသမီးများကျန်ရစ်ခဲ့ကြလေ၏။ သားသမီးတို့ကလည်း မိဘ၏အမွေ ကို တောင်းခံ ခြင်း မရှိခဲ့ကြဖူးချေ။ ယင်းသို့လျှင် မင်းဆယ်ဆက်တိုင်ကြာ ခဲ့ပြီး နှစ်ပေါင်းတစ် ရာကျော် တိုင်လွန် မြောက်ခဲ့ ရလေ၏။

ထို့နောက်တမ္ဗူလသူဌေး၏မြေး ဂုမ္ဘီသတ်လက်ထက်သို့ရောက်လာခဲ့ရလေ၏။ ထို ဂုမ္ဘီသတ်က ၄င်းအဘိုး တမ္ဗူလအပ်နှံထားခဲ့ကြောင်းကို မှတ်စာအရ သိရှိလာခဲ့ရလေ၏။ ထို့ကြောင့် သူဌေးအုန်းအာသန် အမွေကို ဆက်ခံရှိသူတို့ထံမှ ရသင့်၏ဟုအကြံဖြစ်လေ၏။

တစ်နေ့သ၌ဂုမ္ဘီသတ်သည် အဘိုး၏အမွေကိုတောင်း ရန် မြောက်ဦးမြို့သို့ ရောက်လာခဲ့လေ ၏။ပေါင်း ထွတ် သင်္ဘောဆိပ်၌စုံစမ်းလေသော် အုန်းအာသန် ၏ မြေး ဒေါ်တလိကို သိရှိခဲ့ရလေ၏။ ထို့ကြောင့် ၄င်းမြေးများ က ပင်ပေးသင့်ကြောင်း ကို ပြည်ရှင်မင်းဖလောင်းထံလျှောက်ထားခဲ့ရလေ၏။

အမှုကို ပြည်ရှင်မင်းကြီးသည် အမတ်ကြီးမဟာပညာကျော်လက်သို့ အပ်၍ စစ်ဆေးဆုံးဖြတ်စေခဲ့လေ၏။ ထိုအခါ အမတ်ကြီး သည်ဒေါ်တလိ ကိုခေါ်၍ မေးမြန်းလေ၏။ ဒေါ်တလိက…“အပ်နှံသည် မအပ်နှံသည် ကို မသိပါ၊ မင်းဆယ်ဆက်မြောက်နှစ်လည်းတစ်ရာကျော် ကြာခဲ့လေပြီ၊ အစဉ်အဆက်လည်း မကြားဖူးပါ” ဟု ထွက်ဆိုလေ၏။

ဂုမ္ဘီသတ်က…“လူကြီးနှစ်ဦးယုံမှတ်၍ အပ်နှံခြင်းဖြစ်ပါသည်။ အဘိုးသူဌေးမှတ်ထားခဲ့သော မှတ်စာရှိပါသည်။ ” ဟုပြောပြလေ၏။

ထိုစာအရ သွားရောက်ကြည့်ရှုရှာဖွေကြလေရာ ကျောက်ဖျာကိုမတွေ့ရချေ။ ညောင်ပင်မှာလည်း ခုတ်ဖြတ် ထားပြီးရာကား အငုတ်သာ ကျန်ရှိလေတော့၏။ ထို့ကြောင့်ပေါင်းထွတ်သင်္ဘောဆိပ် အကြီးကိုခေါ်၍ တစ်ဖန် မေးစစ်ခဲ့ကြလေ၏။ သင်္ဘောဆိပ် အကြီးက…“ဤညောင်ပင်ကို သင်္ဘောသားတို့ ထင်းခုတ်လှဲ ၍ သေ ခဲ့ရသည်။ ကျောက်ဖျာတစ်ခုကိုကား ဒေါ်တလိအဘ တိုက်တည်သောကာလ ယူသွားဖူးသည်။” ဟုထွက် ဆိုခဲ့လေ၏။

ထိုအခါအမတ်ကြီးက…“ကျောက်ဖျာကိုအဘယ်မှာထားခဲ့သသည်၊သူဌေးဒေါ်တလိရာသိသည်။” ဟုမေးမြန်း ခဲ့လေ၏။

ဒေါ်တလိက…“အဘလက်ထက်သင်္ဘောဆိပ်တွင် အခင်းအဖြစ်ပြုလုပ်ထားရှိခဲ့ပါသည်။” ဟုထွက်ဆိုလေ သည်။

ထို့ကြောင့် ကျောက်ဖျာကို လှန်၍ကြည့်ကြလေသော် သူဌေးနှစ်ဦးလက်မှတ်စာကိုတွေ့ရှိကြလေ၏။ ထိုအခါ အပ်ထားခဲ့သည်မှာ မှန်ပြီဟု ယုံကြည် ခဲ့ကြ လေ၏။

“မင်းဆယ်ဆက်၊ နှစ်တစ်ရာကျော်ကြာသော်လည်း မင်းရိုးမင်းဆက်မပြတ်၊ ထီးကျိုးစည်ပေါက်မရှိချေ။ လု ယက် ဆိုးသွမ်းမင်းကြမ်းမျိုးခြားဖြစ်ဖူး၊ကြိမ် ကြိုက်ဖူးချေမူ လွတ်လပ်စေရာသည်။ ယခုကားထိုသို့မဟုတ်ချေ။ ထို့ကြောင့်အပ်နှံလုယက်ခိုးဝှက်သမျှ ပလပ်စေမဆိုသင့်။ သို့ရာတွင် ထိန်းသူ ထင်ရှား ရှိ နေကြ ၍ တောင်း ကြပေးကြလျှင် သဘောတူအပေးအယူနှင့် နေစေသင့်သည်။ ယခုမူ ထိန်းရင်း၊ အပ်ရင်း သူချင်း ရခြင်း ဖြစ် သည်။ သားတစ်ဆက် မြးတစ်တန် ထိန်းသိမ်းလာခဲ့ရခြင်းဖြစ်သည်။ ထိုဥစ္စာပျောက်ဆုံးလျှင်သော်လည်း ပေး လျော်ရမည်ပင်ဖြစ်လေ၏။” ဟူ၍ မှုခင်းကိုသုံး သပ်ဝေ ဖတ်ခဲ့လေ ၏။

ထို့နောက် ဆုံးဖြတ်ချက်ပြုလိုရာကား တရားခုံရုံးရှေ့တွင်ခေါ်၍ အမိန့်ချမှတ်ခဲ့လေ၏။

“ဤ အမှုမှာ တစ်သောင်းအသပြာကို ထိန်းသူရစေ၊ ကိုးသောင်းအသပြာကို သူဌေး ဂုမ္ဘီသတ်သို့ပေးစေ၊ အထက်အဘိုးနှစ်ဦးထားခဲ့သော သက်သေ လက်မှတ်ကျောက်စာကို ဖျက်သိမ်းကြစေ။” ဟုစီရင်ခဲ့လေ၏။

အမှုသည်နှစ်ဦးလုံးလည်း ဆုံးဖြတ်ချက်ကို ကြည်လင်စွာခံယူခဲ့ကြလေ၏။ ထို့ပြင် အသပြာတစ်ထောင်စီ အမတ်ကြီးသို့ ပူဇော်ခဲ့ကြလေ၏။ ပြည့်ရှင်မင်းက လည်း ပတ္တမြားလက်စွပ်တစ်ကွင်းကို တရားဆုအဖြစ် ပေး သနားတော်မူခဲ့လေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)

No comments:

Post a Comment