လူမျိုးနှင့်ဘာသာ

ဤကမ္ဘာမြေကြီးသည် တပေါင်းလပြည့်စနေနေ့တွင် အစဦးစွာဖြစ်ပေါ်လာခဲ့လေ၏။ မြေကြီးပေါ်ပြီးနောက် ကမ္ဘာဦးလူတို့သည်ဗြဟ္မာပြည်မှ ဆင်း သက်ကြ လေ၏။ကမ္ဘာ၏အသိအမှတ်အဖြစ် အရှေ့ကျွန်း၌ ကုက္ကို ပင်၊ တောင်ကျွန်း၌သပြေပင်၊ အနောက်ကျွန်း၌ထိန်ပင်၊မြောက်ကျွန်း၌ ပဒေသာပင်တို့ ပေါက်ရောက် ဖြစ်ထွန်းခဲ့ ကြလေကုန်၏။

ကမ္ဘာဦးလူတို့သည် ပထမတွင်မြေဆီကိုစား၍နေခဲ့ကြလေ၏။အရောင်အ၀ါထွန်းလင်းလျက်ညဥ့်နေ့ မကွဲပြား ဘဲရှိခဲ့၏။ ထို့နောက်အကျင့်ဖောက် ပြားလတ် ကား၊ကိုယ်ရောင်ကွယ်ခဲ့ ရလေ၏။ ထိုအခါ အလင်းရောင် ပျောက်၍ အမိုက်မှောင်အတိသာဖြစ် လာခဲ့ရလေ၏။ ထို့ကြောင့်အလင်းကိုတောင့်တခဲ့ကြရာ အလင်းရောင် ပေါ်လာ၏။ထိုအလင်းရောင်ကိုနေဟုသမုတ်ကြလေ၏။

ထို့ပြင် ထိုနေမင်းစတင်၍ အလျင်လင်းသောနေ့ရက်ကို တနင်္ဂနွေဟုသမုန်ကြလေ၏။ ထိုနေ့ ကုန်လွန်သော အခါ ညအချိန်ရောက်လျှင် အမိုက် အတိဖုံးလာခဲ့ ရလေ၏။ထိုအခါ ထပ်မံ၍ အလင်းရောင် ကို တောင့်တ ကြပြန်လေ၏။အလိုအတိုင်း အလင်းရောင်ကဲ့သို့ပေါ်လာ၍စန္ဒ(လ)ဟုသမုတ်ကြ ကုန်၏။ ထိုရက်ကို တနင်္လာ ဟူ၍ သမုတ်ခဲ့ကြလေ၏။


ကမ္ဘာဦးလူတို့သည် တစ်စတစ်စဖြင့်ကာလရှည်ကြာလာခဲ့လေ၏။ ထိုအခါ အကောက်အလိမ်ပြုခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်း ဖြစ်လာခဲ့ကြလေ၏။ ထို့ ကြောင့် ခိုက်ရန်ကိုငြိမ်းချမ်းရန်မဟာပူရိသတစ်ယောက်ကို ဂုရုမြှောက် ကြလေ၏။ ထို့နောက် အက္ခရာ၊ဂဏါန်းသင်္ချာ အစရှိသော အလုံးစုံတို့ကို ပြုစု စီရင်စေလေ၏။ ထိုအက္ခရာ တို့ကို ကမ္ဘာ့ကျောက်စာဟု သမုတ်ကြကုန်၏။

ထိုဂုရုတို့သည် သီလမတည်ဖြစ်လာပြန်လေ၏။ ထိုအခါ ဘုန်းပညာလက္ခဏါနှင့်ပြည့်စုံသူတစ်ဦးကို လိုလား ခဲ့ကြလေ၏။၎င်းအားဆယ်စုတစ်စုပေး၍ မင်းပြု  ပါဟုတောင်းပန်ကြလေ၏။ို့နောက် ရာဇဘိသိက် သွန်း၍ မင်းမြှောက်ခန့်အပ်ခဲ့ကြလေ၏။ မင်းကိုကား မဟာသမ္မတဟူ၍ တံဆိပ်ခတ်နှိပ်ကြလေ ၏။ စိုးစံရာ မြို့တော် မှာ ကုသ၀တီဟု သမုတ်ခဲ့ကြလေ၏။ထိုအခါမှစ၍ကမ္ဘာဦးလူတို့သည် မဟာသမ္မတမင်းအား ဆယ်စုတစ်စု စီ ပေးဆက်ခဲ့ကြလေ၏။

ပထမ မင်းသည်တရားကျင့်သုံးလေ့ရှိသဖြင့် ရသေ့ပြုကာ လောကီဈာန် ရရှိခဲ့လေ၏။ ထိုမင်းလက် ထက် တောတောင်၊အင်းအိုင်၊အသီးအနှံ၊ အစားအစာအခေါ်အဝေါ်တို့ကိုကမ္ဘာစောင့်နတ်၊ရသေ့တို့က လူအယောင် ဆောင်၍ သင်ပေးခဲ့ကြလေ၏။ မဟာသမ္မတမင်းသည် တရားတဘောင်အတွက်သူမြတ် တစ်ဦး ကို ခံတရား သူကြီးအရာ၌ထားရှိခဲ့လေ၏။၎င်းကို ကောင်းစွာပြောဆိုတတ်သူ(မနူ)ဟူ၍ခေါ်တွင်လေ၏။

ထိုမနူသည် ရသေ့ပြုလေသော် ဈာန်ရရှိလေ၏။ ဈာန်တန်ခိုးဖြင့် စကြ၀ဠာတံတိုင်းသို့သွားလေသော် အက္ခ ရာတို့ကို တွေ့လေ၏။လောကသမုတ္တိကျမ်း၊ ဓမ္မသတ်ကျမ်းတို့ကို တွေ့ရှိလေ၏။ ထို့ကြောင့်ထိုကျမ်း တို့ကို ကူးယူလာခဲ့လေ၏။ ထို့နောက်မဟာသမ္မတမင်းအားဆက်သလေ၏။ ထိုဓမ္မသတ်အတိုင်း မင်းလည်း စီရင် ဆုံးဖြတ်လေ၏။ကမ္ဘာဦးက မနူတရားသူကြီး ယူဆောင်ပေး လာသောကြောင့် မနူဓမ္မသတ်ဟုခေါ်တွင်လာခဲ့ ကြလေ၏။ တခြားတခြား သောရသေ့တို့သည်လည်း ထို့အတူစကြ၀ဠာ တံတိုင်းသို့ သွားရောက်လေ့ ပြု က လေ၏။ ထိုအခါတွေ့ရှိသမျှ အထူထူးသော ကျမ်းတို့ကိုရေးကူးလာခဲ့ကြ လေ၏။ မဟာ သမ္မတမင်းထံ ဆက် သလေသော် ကမ္ဘာဦးလူတို့ သင်ကြားကြလေ၏။ ရသေ့ရှစ်သောင်း ဆရာကောင်း တို့ က ကူးယူရေးကူး ပေး သောအရာ ဖြစ်၍ အတတ်ပညာဟုခေါ်ဆိုလာကြကုန်၏။

ကာလကြာသော် မဟာသမ္မတမင်းသည်အမျိုးလေးပါးကို ခွဲခြားသတ်မှတ်လိုက်လေ၏။ မင်း၊ပုဏ္ဏါး၊ သူကြွယ်၊ အမှုလုပ် ဟူ၍အမျိုးလေးပါးဖြစ်လာခဲ့ရ လေ၏။ ကုသ၀တီပြည့်ရှင် မဟာသမ္မတသည် အရှည် ကာလစိုးစံ လာခဲ့လေ၏။ ထို့ကြောင့်ထိုမင်း၌ သားကြီးတစ်ကျိတ်ခြောက်ယောက်ဖွားမြောက်လာခဲ့ ရလေ၏။ သားတော် ငယ်ကားရှစ်ကျိတ်ငါးယောက်ရှစ်ကျိတ်ငါးယောက်ရှိခဲ့လေ၏။ နှစ်ရပ်ပေါင်းသော် တစ်ရာ့တစ်ပါး တို့ ဖြစ်ကြ လေ၏။

ထိုသားကြီးဆယ့်ခြောက်ယောက်ကို (၁၆)ပြည်ထောင်တည်ထောင်ပေးထားခဲ့လေ၏။ သားငယ်တို့ကိုလည်း အသီးသီးမြို့ရွာတည်ချ၍ပေးထားခဲ့လေ၏။ (၁၆)ပြည်ထောင်တို့တွင် သားကြီးသမုတ္တိဒေ၀ ၏ ပြည်ထောင် ကား ရမ္မာဝတီမည်၏။ ဗြဟ္မဒတ်မင်း၏ပြည်ကား ဗာရာဏသီမည်၏။ သမာဓိသားတော်မှာ ကုသ၀တီ ကိုစိုး စံခဲ့ရ၏။ ကျန်သားများမှာ အသီးသီး သာမာဝတီကို ဝေသာလီ၊ သမန္ဒကိုမိတ္ထီလာ၊သာလနကို အယု ဇ္စုပူရ၊ သုဝဏ္ဏကို ဟတ္ထိပါလ၊သုဓိယကို အစီရ၀တီ၊သုဘောဂကိုဧကစက္ခု၊သုဂန္ဒကို ကောသမ္ဘီ၊ ဗလ၀ကို ကန္နကော စ္ဆ၊ အာဘကို ရာဇဂြိုဟ်၊ သဉ္စိတကို စမ္ပာနဂို၊ပဘာတကို တက္ကသီလ၊ မဏ္ဍပ္ပကို ကုသိနာရုံ၊ သုရန္ဒ ကို သတ္တီ လပြည်တို့ကို ပေးအပ်ခဲ့ကြလေ၏။ သားငယ်တို့ကားတိုင်းငယ်ရှစ်ဆယ့်ငါးတိုင်းတို့တွင် အသီး သီးပေး အပ် ထားနှင်းခဲ့လေ၏။ ထိုပြည်ထောင်နှင့်တိုင်းတို့ကိုပေါင်းသော် တစ်ရာ့တစ်ပါးမင်း ဟူ၍ဖြစ်လာ ခဲ့ရလေ ၏။

ထိုမင်းတစ်ရာ့တစ်ပါးတို့သည် ခမည်းတော်မင်းကို နှစ်စဉ်အခွန်ဆက်သခဲ့ကြလေ၏။ အဖူးအမြင်ပြု ၍လေး မြတ်ရိုသေခဲ့ကြလေ၏။ သားတောင်မင်းသား တို့သည်လည်း ခမ်းတော်အလား ရာဇဘိသိက်ခံ ယူခဲ့ကြ လေ၏။ ဘိသိက်မင်းဖြစ်လာသောအခါ ခမည်းတော်ကိုအခွန်မဆက်၊ဖူးမြင်ခြင်းမပြုဘဲ ဆန့်ကျင် လာခဲ့ကြ လေ၏။ မကောင်း အကြံအစည်ပြုလျက်လုပ်ကြံပုန်ကန်ရန်ဖြစ်လာခဲ့ကြလေ၏။

ထိုအပြုအမူကို ခမည်းတော်မင်းကသိလေလျှင် ဤသို့အကြံဖြစ်ခဲ့လေ၏။“ငါ့ကိုဆန့်ကျင်၍ ငါကပြန်၍ခုခံမှု စစ်ကို ဆင်နွှဲရလျှင် လူသူတိရစ္ဆာန်များကို ပျက်စီးစေရာသည်၊မခုခံဘဲနေကလည်း ငါ့အား မလေးစားဖြစ်ပေ ရာ၏။” ဟူ၍အောက်မေ့လေသည်။ ထိုအခါသိကြားမင်းစံရာ ပဏ္ဍုကမ္ဗလာတင်းမာလာ ခဲ့လေ ၏။ အောက် ရပ်လူ့ပြည်သို့ကြည့်ရှုမိလေသော် သားအဘတို့ကိစ္စကို တွေ့မြင်သိရှိလေ၏။

သိကြားမင်းလည်း မနေသာဘဲအ၀တ်ဖြူကို ဆင်မြန်းလေ၏။ထို့နောက်လက်ျာရစ်ခရုသင်းတွင် မျက်နှာဝ၌ သပြေညွှန့်ကိုစိုက်ထိုး၍ လက်စွာလေ၏။ ယင်းသို့ဆင်ယင်ပြီးလျှင် ဗြဟ္မာမင်းသည် (၁၀၁)ပါးသောမင်းတို့၏ စိတ်နှလုံးကို ယူကျုံးနှစ်သက်စေလေ၏။ ထို့ကြောင့် အာစရိယဟူသောအမည်ကိုခံယူ ရရှိခဲ့လေ၏။

မဟာဗြဟ္မာကြီးသည် တပည့်တို့အား ဘာသာခြားနား၍ စကားသီးခြားစီပြောဆိုစေ၏။ တပည့်တို့ကလည်း ထိုဆရာသင်ပေးသောစကားအတိုင်း တတ် သိနားလည်ခဲ့ကြလေ၏။ ထိုအခါကစ၍ တစ်ရာ့တစ်ပါး ဘာသာ စကား ကွဲပြားလာခဲ့ကြရလေ၏။အ၀တ်အစားအဆင်အယင်တို့လည်း ကွဲပြားလာခဲ့ကြရ လေ၏။ ထို့ကြောင့် ခမည်းတော်ကိုပုန်ကန်မှု အကြံအစည်မှာလည်း ပျက်စီးသွားခဲ့ရလေ၏။ ထိုအခါ မဟာသမ္မတ မင်းလည်း ငြိမ်းချမ်းသာယာစွာ အသက်ထက်ဆုံး နေထိုင်သွားခဲ့ရလေ၏။ ထိုကစ၍လူမျိုး(၁၀၁)ပါးကွဲပြား၍ ဘာသာ ခြားနားမှု ဖြစ်ပေါ်လာခဲ့ရလေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)

No comments:

Post a Comment