စစ်ကျွန် - မောင်ခိုင်အောင် (စစ်တွေ)


ကလေးဘ၀တုန်းက
စစ်တိုက်တမ်းကစားခဲ့ကြတယ်
တောမြို့လေးမှာ သူပုန်စစ်သား ပြောက်ကျား
ဝေါဟာရတွေ ယဉ်ပါးနေတော့
မင်းတို့စစ်သား ငါတို့က သူပုန် ကြိုက်တဲ့ဘက်ကနေ
တစ်ခါတစ်လေ ခေါင်းပန်းလှန်ပြီးရွေး
တိုက်ကြ ပစ်ကြ သေကြ ပျော်စရာကောင်းလိုက်တာ
ဘယ်သူမှ မမှားခဲ့ကြဘူး။

အမှန်တရား တော်လှန်ရေး နိုင်ငံ့အာဏာ
စစ်ပွဲဆိုတာ နိုင်ငံရေးရဲ့အဆက်ဆိုလား
စစ်နဲ့ရှင်းလို့မရ စားပွဲဝိုင်းထိုင်မယ်ဆိုလား
ကြားကြားနေရရဲ့။

အိုအိုင်စီဆိုတာ ဘာလဲ? - ဖျာပုံနဒီ


အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)ကို အစ္စလာမ် ဘာသာဝင်နိုင်ငံပေါင်း (၅၇)နိုင်ငံ (အမှန်မှာ အစ္စလာမ်ဘာသာဝင် (၅၆)နိုင်ငံနှင့် ပါလက်စတိုင်းတို့ ဖြစ်သည်)ဖြင့် ဖွဲ့စည်းထားသည်။ တစ်ခါ တစ်ရံတွင် ၄င်းအဖွဲ့ဝင်နိုင်ငံ အရေအတွက် များပြားမှုကြောင့် အိုအိုင်စီသည် လူ့အခွင့်အရေးမှစ၍ စီးပွားရေး အဆုံး၊ ပညာရေးမစ၍ အကြမ်းဖက်ဝါဒအဆုံး ကိစ္စရပ်တိုင်းနီးပါးတွင် မွတ်စလင်မဟုတ်သော ကမ္ဘာအုပ်စု ကို ဆန့်ကျင်သော စုစည်းညီညွတ်သည့်အစ္စလာမ်တပ်ဦးကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် အဆင့်မြှင့် တင်ရင်း (အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးအတွင်းတွင်) ပြင်းထန်ပြီး အများအားဖြင့် မလိုလား အပ်သော လွှမ်းမိုးမှုရှိနေသည်။

သို့သော် အိုအိုင်စီ၏ အဓိကအကြောင်းရင်းမှာ အိုအိုင်စီအနေဖြင့် ဘင်္ဂါလီမွတ်စလင်များ (The Bengali Muslims)သည် ရခိုင်မြေကို ပိုင်ဆိုင်သူများဖြစ်ကြောင်း ကောက်ချက်ဆွဲကြမည်ဖြစ်သောကြောင့် ဖြစ်သည်။ (၄င်းအဖွဲ့အစည်းအနေဖြင့် ထိုသို့ကောက်ချက်ဆွဲခဲ့၊ ကောက်ချက်ဆွဲဆဲပင်ဖြစ်သည်။) ထို့ပြင် အိုအိုင်စီအဖွဲ့ သည် ရခိုင်လူမျိုးတို့၏ စကားသံများကို အသိအမှတ်ပြုမည် မဟုတ်သောကြောင့် ဖြစ်သည်။ အိုအိုင်စီအဖွဲ့၏ သမိုင်းကြောင်းတစ်လျှောက်တွင် နိုက်ဂျီးရီးယားနှင့် အီဂျစ်တို့မှ ခရစ်ယာန်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ထိုင်းတောင်ပိုင်းမှ ဗုဒ္ဓဘာသာဝင် (၅၀၀၀)ကို သတ်ဖြတ်မှု၊ ဆူဒန်နိုင်ငံက ကျူးလွန်ခဲ့သော မျိုးတုံးသတ်ဖြတ်မှု စသည်တို့နှင့် ပတ်သက်၍ အိုအိုင်စီက ဘယ်တုန်းကမှ မရှုတ်ချခဲ့ဘူးပေ။

အိပ်မက်သစ် - မြတ်ခိုင်ကျော်

Tape Cover

၀၁။ အမှတ်တရ သင်္ကြန်
၀၂။ မင်းစကား
၀၃။ မြ၀ါဖြူ
၀၄။ ရွှေရည်စိမ်စက္ကူ
၀၅။ အိပ်မက်နတ်သမီး

၀၆။ ၀တီလေးရပ် ညီညွတ်ကတ်မေ
၀၇။ ဝေဒနာ
၀၈။ သင်္ကြန်သူချေ
၀၉။ အယင်ပြီးလတ်ပါ
၁၀။ ချိုမြိန်ရမ္မက်

၁၁။ ရင်ခွင်ဟောင်း
၁၂။ ပိုးဝါသူ
၁၃။ ပန်းတစ်ပွင့်ရာဇ၀င်
၁၄။ တမ်းတမိရေဝေ

အသံထုတ်နောက်ကိုဂျည်းလိုက်တေ ဘာသာစကားဧ့ အနီအထား

စာပီးရီးသားမှုရေ အနုပညာဖြစ်ပါရေ။ ယင်းအနုပညာတရပ်ကို လိုရေပိုင် ကိုင်ဖို့လိုပါရေ။ တင်းထားရဖို့ စွာဟိပါဖို့။ လျော့ရဖို့စွာလေး ဟိပါဖို့။

အသံထုတ်နောက်ကိုဂျည်းလိုက်ကေ ပကာဘာသာစကး ဖြစ်လီပါဖို့။ အသံထုတ်နောက်ကို လိုက်သင့် သလောက် လိုက်ရပါဖို့။ ရခိုင်ဖတ်သင်ရိုးက ထုတ်တေ ရခိုင်ဖတ်စာ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း စာအုပ်တိကို လိလာကြည့်ကေ မလိုက်သင့်၊ မလိုက်အပ်တေ အသံထုတ်နောက်တို့ မလိုက်စွာကို တွိရ ပါရေ။ ရခိုင်ဖတ်စာ စာအုပ်ပါ အရီးအသားတိ၊ ဘာသာစာပီအရိပ်အစောင်းကို နားလည် သဘောပေါက် သူတိဧ့ အရီးအသားတိကို လိလာကြည့်ကေ အသံထုတ်နောက်ကို လိုက်သင့်သလောက်ရာလိုက်စွာကို တွိရပါရေ။ ရခိုင်ဖတ်စာသင်ရိုး စာအုပ်တိမာ အသံထုတ်နောက်ကို မလိုက်စွာက များနီစွာကို တွိရပါရေ။

ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့(၃) - ခိုင်လင်း(မေဃ၀တီ)

လွပ်လပ်ရေးနဲ့အတူ မွေးဖွားလာခဲ့တဲ့ ပြည်တွင်းစစ်ဟာ လူမျိုးကြီးဝါဒကြီးစိုးရေး(သို့မဟုတ်) ပြည်ထောင်စု အမည်ခံ တစ်ပြည်ထောင်စနစ် တည်ဆောက်ရေး အင်အားစုတွေကတော့ ပုံစံမျိုးစံ၊ နာမည်မျိုးစုံနဲ့ ကင်ပွန်း တပ်ခံခဲ့ရတယ်။ ဓါးပြဂိုဏ်း၊ သောင်းကျန်းသူ စသည်ဖြင့်။ တချို့ကလည်း ဗြိတိသျှရဲ့ မြှောက်ပင့်သွေးခွဲမှု၊ တချို့ကလည်း ယဉ်ကျေးစွာဖြင့် "ကိုလိုနီဆိုးမွေ"။ ဒီနာမည်တွေဟာ အုပ်ချုပ်သူ အဆက်ဆက်က သုံးစွဲခဲ့ တာ မှန်တယ်။ ဒါပေမယ့် အုပ်ချုပ်သူ မဟုတ်သူတွေကော မပါခဲ့ဘူးလားဆိုတော့ ပါပါတယ်။ ဒါကြောင့် "လူမျိုးကြီးဝါဒကြီးစိုးရေး (သို့မဟုတ်) ပြည်ထောင်စုအမည်ခံ တစ်ပြည်ထောင်စနစ်တည်ဆောက်ရေး အင်အားစု"လို့ ၀ိသေသနပြုခဲ့တာဖြစ်တယ်။ ပြောရရင် လွတ်လပ်ရေးနဲ့ ထပ်တူမွေးဖွားလာခဲ့တဲ့ ပြည်တွင်း စစ်ကို ဆင်နွှဲလာခဲ့တဲ့ အမျိုးသားတို့ရဲ့ တိုက်ပွဲကို ပြက်ရယ်ပြုလိုက်တာ ဖြစ်တယ်။ ဒီနေရာမှာ ပြည်တွင်းစစ် ကို သိဒ္ဓိတင်ချင်လို့ မဟုတ်ဘူး။ လွတ်လပ်ရေးရသည်မှ ယနေ့အထိ စစ်ပွဲတွေ ဆင်နွှဲနေတဲ့ လူတွေကို မေး ကြည့်ပါ။ စစ်ကို လိုလားသလားလို့။ သူတို့ စစ်ကို မလိုလားပါ။ ဒါပေမယ့် စစ်ကို ဆင်နွှဲနေရတယ်။ စစ်ကို မလိုလားပေမယ့် စစ်ကို ဆင်နွှဲနေရခြင်းဟာ စိတ်ဝင်စားဖို့ကောင်းသလို မှန်မှန်ကန်ကန် လေ့လာသုံးသပ်ဖို့ လည်း ကောင်းပါတယ်။ ထို့အတူ ပြည်တွင်းစစ်ရဲ့ ဇစ်မြစ်ကိုလည်း မှန်မှန်လေ့လာပြီး မှန်မှန်ကန်ကန် နာမည်ပေးဖို့ လိုမယ်ထင်ပါတယ်။

ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့ (၂) - ခိုင်လင်း(မေဃ၀တီ)

ပဉ္စမမြန်မာနိုင်ငံတော်အယူအဆဟာ ဗမာအမျိုးသားအင်ပါယာ ထူထောင်ရေးဝါဒဖြစ်တယ်လို့ ကောက်ချက် ချခြင်းဟာ သမိုင်းကြောင်းတွေ၊ သမိုင်းနောက်ခံတွေ ကို အခြေခံပြီး ကောက်ချက်ချခြင်း ဖြစ်တယ်။ လူ တစ်ဦးရဲ့ လုပ်ရပ်တွေ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေ၊ လူအုပ်စုတွေရဲ့ လုပ်ရပ်တွေဟာ အယူအဆ ခံယူ ချက်တွေကို အခြေခံပြီး လုပ်ကြတာ ဖြစ်တယ်။ ဒါကြောင့် အယူအဆအချို့အတွက် တော်လှန်တိုက်ပွဲဝင် ရတာတွေ ရှိတယ်။ ပဉ္စမ မြန်မာနိုင်ငံတော် အယူအဆကို ယုံကြည်တဲ့သူဟာ သူ့ရဲ့လုပ်ဆောင် ချက်တွေ၊ ပေးဆပ်မှုတွေဟာလည်း ဒီအတွက်ပဲ ဖြစ်ပါလိမ့်မယ်။ လွတ်လပ်ရေးတိုက်ပွဲကာလနဲ့ လွတ် လပ်ရေးနောက်ပိုင်း ကာလတွေမှာ ဒီအယူအဆကို ယုံကြည်သူတွေကတော့ သခင်ဗစိန်၊ ဂဠုန်ဦးစော၊ ဦးနေ၀င်း၊ ဗိုလ်သန်းရွှေတို့ဟာ ထင်ရှားတဲ့ လူတွေပါ။ ဒီလူတွေရဲ့ လုပ်ဆောင်ချက်တွေဟာ ပဉ္စမ မြန်မာနိုင် ငံတော် အယူအဆအပေါ်မှာ အခြေခံခဲ့တယ်ဆိုတာ သူတို့တွေရဲ့ အလုပ်တွေဟာ သက်သေပြခဲ့ပါတယ်။ ပဉ္စမ မြန်မာနိုင်ငံတော် အယူအဆကို နည်းနည်းလောက်ရှင်းပြဖို့ လိုမယ်ထင်တယ်။

ပါမောက္ခလုစ်က (၁၁)ရာစုမှာ အနော်ရထာစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ပထမမြန်မာနိုင်ငံ၊ (၁၅)ရာစုမှာ ဘုရင့်နောင် စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ဒုတိယမြန်မာနိုင်ငံ၊ (၁၈)ရာစုမှာ အလောင်းဘုရားစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို တတိယမြန်မာနိုင်ငံ၊ (၂၀)ရာစုမှာ ဗိုလ်ချုပ်အောင် ဆန်းစည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံလို့ ရေးသားလဲ့တာတွေ ရှိတယ်။ ပါမောက္ခ လုစ်ရဲ့ အယူအဆကို အခြေခံစဉ်းစားရင်း ပဉ္စမမြန်မာနိုင်ငံတော် အယူအဆ ပေါ်ပေါက်လာတာ ဖြစ် တယ်။ မြန်မာ (ဗမာ)အချင်းချင်းမှာတောင် ပဉ္စမမြန်မာနိုင်ငံတော် အယူအဆဟာ အငြင်းပွားမှုတွေ နဲ့ ပြည့်နှက်နေတာ တွေ့ရပါတယ်။ ဦးနေ၀င်းကို ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ထောင်ရေးကြိုးပမ်းခဲ့သူ တစ်ဦးအဖြစ် သတ်မှတ်နိုင်သလို ဗိုလ်သန်းရွှေဟာလည်း ပဉ္စမ မြန်မာနိုင်ငံတော်ကို ဆက်လက် ဦးဆောင်စေသူအဖြစ် သတ်မှတ်နိုင်ပါတယ်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပဉ္စမမြန်မာနိုင် ငံတော် ထူထောင်မယ့်သူလို့ ပြောလိုကြပါတယ်။ ပါမောက္ခလုစ်ရဲ့ အယူအဆအပေါ်မှာ သက်ဝင်ယုံကြည် သူတွေအနေနဲ့တောင် ပဉ္စမမြန်မာနိုင်ငံတော်ထူထောင်သူမှာ အငြင်းပွားစရာဖြစ်နေတာ တွေ့ရပါတယ်။ ဒီအယူအဆအတိုင်းဆိုလျှင် ဦးနေ၀င်းဟာ ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ထောင်သူအဖြစ် သတ်မှတ်ပြီး ဗိုလ်သန်းရွှေကတော့ ဆက်လက်ဦးဆောင်စေသူအဖြစ် သတ်မှတ်ရမှာဖြစ်တယ်။

ဒုတိယပင်လုံမှသည် အနာဂတ်ပြည်ထောင်စုဆီသို့ (၁) - ခိုင်လင်း(မေဃ၀တီ)


ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံမျိုး နောက်တစ်ကြိမ်ကျင်းပဖို့ လိုအပ်တာကြောင့် ဒုတိယပင်လုံလို့ပဲ ညွန်းဆိုခြင်းဟာ လက်လွတ်စပယ်ခေါ်ဆိုခြင်းမျိုးတော့ မဖြစ်နိုင်ပါဘူး။ အမှန်တကယ် နှိုက်နှိုက်ချွတ်ချွတ် မညာတမ်းလေ့လာကြည့်ရင် ဒုတိယ ပင်လုံညီလာခံကို ဦးအောင်ဆန်းကျဆုံးပြီး နောက်တစ်ရက်မှာ ကျင်းပ ရမှာဖြစ်တယ်။ ဦးအောင်ဆန်းကျဆုံးခြင်းနှင့်အတူ ပင်လုံစာချုပ်ရော ပြည်ထောင်စုစိတ်ဓါတ်ရော ကျဆုံးခဲ့ရ တာဖြစ်တယ်။ ထို့အတူ တိုင်းင်းသားတွေဟာလည်း ပျော့ပျောင်းညင်သာစွာနဲ့ ကိုလိုနီဘ၀ကို ပြန်လည် ဆင်းသက်ခဲ့ရတယ်။

ဒီအခင်းအကျင်းတွေကြောင့်ပဲ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကို မွေးဖွားစေခဲ့တာ ဒီနေ့အချိန်ထိပါပဲ။ လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ ပြည်တွင်းစစ်ဟာ ဦးအောင်ဆန်းကျဆုံးမှုနဲ့အတူ ပင်လုံစာချုပ်ပါ ကျဆုံး သွားရခြင်းရဲ့ အထင်ရှားဆုံး ပြယုဂ်တစ်ခုပါ။ ဒါကြောင့် ဒုတိယအကြိမ် ပင်လုံညီလာခံကဲ့သို့သော ညီလာခံ မျိုး ကျင်းပရန် လိုအပ်တာကို အခြေခံပြီး ဒုတိယပင်လုံလို့ ညွန်းဆိုခြင်းဟာ လက်လွတ်စပယ် ခေါ်ဆိုခြင်း မျိုးတော့ မဖြစ်နိုင်ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။

သင်္ကြန်ပိတောက် - အဖွဲ့

VCD Cover
၀၁။ သင်္ကြန်မိတ္တာရီ - ခိုင်ကျော်လင်း
၀၂။ သင်္ကြန်ပိတောက် - ခိုင်ကျော်လင်း

၀၃။ အားလုံးထ အားလုံးက - ညှာစိမ်းခိုင်
၀၄။ လူပျိုကြီးဖူးစာ လိုက်လို့ရှာ - မျိုးရခိုင်
၀၅။ ချမ်းပတ်စီ မွန်းပတ်စီ - ခိုင်ကျော်လင်း

၀၆။ နွီဦးအလွမ်း - ခိုင်ကျော်လင်း
၀၇။ အားယာယာသင်္ကြန် - ၀တီစိုးမိုး
၀၈။ ရှက်မနီကေ့ လောင်းလောင်း - ခိုင်မင်းသွီး

၀၉။ နှစ်သစ်ဆုတောင်း - ခိုင်ကျော်လင်း
၁၀။ သင်္ကြန်ချစ်သူ - ခိုင်ကျော်လင်း
၁၁။ ပျော်လိုက် ကလိုက် သင်္ကြန် - ညှာစိမ်းခိုင်

၁၂။ နှစ်သစ်သင်္ကြန် - ခိုင်ကျော်လင်း
၁၃။ သင်္ကြန် REMIX - အဖွဲ့

နတ်သင်္ကြန် REMIX


၁၉၉၈ ခုနှစ် ၀န်းကျင်လောက်က ထွက်ရှိလာရေ သင်္ကြန် Remix စီးရီးပါ...
စီးရီးကို "နတ်သင်္ကြန်"လို့ နာမည်ပီးထားပြီးကေ ဂီတာသမား ကိုကျော်ဌေးက ယခု စစ်တွေလေယာဉ်ရုံး ၀င်းထဲမှာ အသံဖမ်း တီးခတ်ထားခြင်းဖြစ်ပါရေ။ 
ရခိုင့်ဂီတ Remix လောကကို တစ်ခေတ်ဆန်းစီခရေ စီးရီးဖြစ်ပနာ ကိုကျော်ဌေး၏ ကြိုးစားမှုကို အသိအ မှတ်ပြုလောက်တေ မှတ်တိုင်တစ်ခုလေ့ ဖြစ်ပါရေ...
ကိုကျော်ဌေးစွာ အယင်ကလေ့ တူဝရီးနှစ်ယောက်ပေါင်းပနာ "အချို၊ လင်းလင်း" နာမည်နန့် ဗမာစီးရီး တစ်ခုလေ့ သီဆို ထုတ်ဝေဖူးခပါရေ...
ခုခေတ် နာမည်ကြီးနိန်ရေ အဆိုတော် Wanted (ဖော်ကာ)၏ ဂီတ၀ါသနာကို ရင့်သန်စီဖို့ မျိုးစေ့ချပီးခရေ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ရေဆိုစွာလေ့ ငြင်းလို့ရဖို့မထင်ပါ...
ဒေ"နတ်သင်္ကြန်"စီးရီး ထွက်ရှိခစွာ ဆယ်စုနှစ်တစ်ခုကျော်လွန်ခကေလေ့ သူတီးခတ်ထားရေ Remix Music တိရေ ခုထိအောင် မရိုးနိုင်သိမ့်စွာကို အမျိုးတိ နားထောင်ကြည့်ကတ်ပါလီ...

၀၁။ Remix - 1
၀၂။ Remix - 2

၀၃။ Remix - 3
၀၄။ Remix - 4

၀၅။ Remix - 5
၀၆။ Remix - 6

၀၇။ Remix - 7
၀၈။ Remix - 8

၀၉။ Remix - 9
၁၀။ နတ်သင်္ကြန်

နှစ်ကူးပန်း - အဖွဲ့

၂၀၀၁ ခုနှစ်လောက်က ထွက်ရှိခရေ ရခိုင်သင်္ကြန် စီးရီးပါ...
ဒေစီးရီးစွာ အဆိုတော် စစ်နိုင်လို့ ဖြစ်လာစီရေ စစ်နိုင်၏ အနုပညာ ခြီလှမ်း အစတစ်ခုလေ့ ဖြစ်ပါရေ...
ဒေစီးရီးမှာ ကျွန်တော်ရို့ မှတ်မိတတ်စအရွယ်လောက်က ဦးဖော်စံသီဆိုထားရေ "အနာဂတ် ရခိုင်ပြည်" တေးခြင်းကို မောင်ကိုကိုက ပြန်ပနာ သီဆိုထားစွာလေ့ တွိရပါရေ... အနာဂတ် ရခိုင်ပြည် တေးခြင်းစွာ ဒေနိထက်ထိ မရိုးနိုင်ရေ ရခိုင်သင်္ကြန်တေးခြင်း တစ်ပုဒ်လေ့ ဖြစ်ပါရေ...
ဒေစီးရီးမှာ ကွယ်လွန်လားခရေ ရခိုင့်ဂီတစာဆို ဦးထွန်းအောင်သာ(ပါပါလုံး)၏ လက်ရာတစ်ခုဖြစ်တေ  "ပျိုအလှနန့်ခါသင်္ကြန်" တေးခြင်းကိုလေ့ အမှတ်တရ နားထောင်နိုင်ပါရေ...

 VCD Cover

၀၁။ အနာဂတ် ရခိုင်ပြည် - မောင်ကိုကို
၀၂။ ပျော်ကြီးကျ - ၀င်းကိုခိုင်

၀၃။ အသူပိုလှပါရေ - စစ်နိုင် + ယုယုလှိုင်
၀၄။ ပိတောက်ပွင့်မိုး - ၀င်းကိုခိုင် + မိုးမိုးရှိန်

၀၅။ လိုက်လို့ရှာ - ဘုန်းလျှံ
၀၆။ နှစ်ကူးပန်း - ယုယုလှိုင်

၀၇။ ထိုနှစ်ချေ - ၀င်းကိုခိုင် + မိုးမိုးရှိန်
၀၈။ မေတ္တာရီ - ၀င်းကိုခိုင်

၀၉။ သူများပျော်လို့ မပျော်နိုင် - ယုယုလှိုင်
၁၀။ ပျိုအလှနန့် ခါသင်္ကြန် - မောင်ကိုကိုနှင့် အဖွဲ့

ရဖို့ထင်လာ (သံချပ်) - ဦးကျော်လှ

VCD Cover
၀၁။ သံချပ် (၁)
၀၂။ သံချပ် (၂)

၀၃။ သံချပ် (၃)
၀၄။ သံချပ် (၄)
၀၅။ သံချပ် (၅)

၀၆။ သံချပ် (၆)
၀၇။ သံချပ် (၇)
၀၈။ သံချပ် (၈)

၀၉။ သံချပ် (၉)
၁၀။ သံချပ် (၁၀)
၁၁။ သံချပ် (၁၁)

၁၂။ သံချပ် (၁၂)
၁၃။ သံချပ် (၁၃)
၁၄။ သံချပ် (၁၄)

၁၅။ သံချပ် (၁၅)
၁၆။ သံချပ် (၁၆)
၁၇။ သံချပ် (၁၇)

အမှန်ပြောကေ မခြီ (သံချပ်)

၂၀၀၇ ခုနှစ်လောက်က သန္တာမြီ ဘိုးဘွားရိပ်သာရန်ပုံငွေ ရှာဖွေဖို့အတွက် ထွက်ရှိခရေ သံချပ်အခွေပါ။
သံချပ်ခွေ နာမည်က "အမှန်ပြောကေ မခြီ" ဆိုပါယင့်....

စီစဉ်ရီးသားသူ - အလယ်ဖရုံကာ ကိုထွန်း (ကျောက်ဖြူ)
သီဆိုသူများ  -  ဦးသာစိန် (မြေစာရင်း)၊ ကိုထွန်းအေး (သားရခိုင်) ၊ကျော်စွာဝင်း၊ ကိုစိုးဝင်းမြင့်၊ ကိုဝင်းအောင်

ဗုံ - ကိုလှရွှေ
စည်းဝါး - ကိုမောင်ထွန်း
မောင်း - ကိုခင်ထွန်း
နှဲ - ကိုကျော်ဝင်း   
ဆိုင်း - ကိုထွန်းရွှေ
အော်ဂင် - ကိုထွန်းအေး

အသံဖမ်း - ကိုမျိုးဝင်း (ကျောက်ဖြူ)

"ကိုင်း... ဒေနှစ် သင်္ကြန်အခါသမယမှာ လေးရပ်ဝတီ ညီအစ်ကို သွီးချင်းရို့ သတိတရား ထားတတ်စီကြောင်း စေတနာရီ သွန်းလောင်းပြီးကေ ၀ါသနာထက် အနစ်နာကို အရင်းပြုလို့ ကဗျာကယာ တင်ပြလိုက်တေ အပြုသဘောကို အဓိကထားလို့ တင်ပြရရေအတွက်ကြောင့် အခွန်တော်မဖြတ်ခင် ဘီအီးတစ်ပိုင်းနန့် ဘီယာတစ်ခွက်ကို ပါပရာသုံးချပ်နန့် ရောသောက်လို့ လိုင်ခြောင်းရှင်းလိုက်မေ... အဟမ်း.... ခွင့်လွှတ်လို့ရာ နားထောင်လီကတ်ပါဖိ..."  ခြီဆင်းချေကို ခွင့်လွှတ်လို့ နားထောင်လီကတ်ပါလီ...

(ရာသီပြောင်းလို့ ဟောင်းရွက်ကကြွီ ဥသြငှက်ချေ မြည်တွန်နိန်...

ရခိုင်ပြည်သားရို့ ရူးခြင်းပြပနာ အမူးသမားဘ၀မှာ ပျော်နိန်...)၂

(ပြည်ရခိုင်ဌာနီ ထီးနန်းသုဉ်းပနာ စည်းကမ်းနန့်လေ့ မညီ...

မကြာမီ လာမည် မျိုးရိုးပျောက်မေ သတိရာထားကတ်လီ...)၂

(သူတမျိုး ငါတမျိုး ဖလာပြောသူပြော...

ခေါင်းဆောင်ကိုချည်း ဆရာခံနိန်  တခြားသူရို့ အသာစံလီ...)၂

(၀ံသာနု ရက္ခိတစကားကို လူမြင်တိုင်း အရူးတသိုက်ပြောကတ်စီ...

မေဃ၀တီ ရမ္မာဝတီ  ဒွါရာဝတီသား အားလုံးပေါင်းစုံညီ...

ပြည့်ရခိုင်တိုးတက်ရေးမှာ ဓည၀တီကပါ တိုင်ပင်ကတ်ပါလီ...)

၀၁။ ခြီဆင်း
၀၂။ အမှန်ပြောကေ မခြီ (၁)

၀၃။ အမှန်ပြောကေ မခြီ (၂)
၀၄။ အမှန်ပြောကေ မခြီ (၃)
၀၅။ အမှန်ပြောကေ မခြီ (၄)

၀၆။ အမှန်ပြောကေ မခြီ (၅)
၀၇။ အမှန်ပြောကေ မခြီ (၆)
၀၈။ အမှန်ပြောကေ မခြီ (၇)

၀၉။ အမှန်ပြောကေ မခြီ (၈)
၁၀။ အမှန်ပြောကေ မခြီ (၉)
၁၁။ အမှန်ပြောကေ မခြီ (၁၀)

၁၂။ အမှန်ပြောကေ မခြီ (၁၁)
၁၃။ အမှန်ပြောကေ မခြီ (၁၂)

သင်္ကြန်ပိတောက် (၃) - အဖွဲ့

DVD Cover

၀၁။ နိမိတ်ကောင်းသင်္ကြန်မင်္ဂလာ (ခိုင်ကျော်လင်း)
၀၂။ အမှတ်တရသင်္ကြန် (ဒိုးကလေး)
၀၃။ ဗဂျီးမှာထီးကျိုး (မျိုးရခိုင်)

၀၄။ စိတ်ကြိုက်ပျော်ပလိုက် (ရဲလင်းအောင်)
၀၅။ သင်္ကြန်မြင်ကွင်း (ငြိမ်းစန္ဒာ)
၀၆။ အီစီကလီ (ခိုင်မင်းဟိန်း)

၀၇။ GOING TO THE မြူး (၀တီစိုးမိုး)
၀၈။ ရွာသင်္ကြန် (အဗာကြီး)
၀၉။ သင်္ကြန်မင်းသား (ဆူးသျှားသဇင်)

၁၀။ ဒေသင်္ကြန်မစွံကေ သိုးဗျာယ် (စစ်ငြိမ်းနိုင်)
၁၁။ ရခိုင်သင်္ကြန်ကိုလွမ်းရေ (အေးအေးစံ)
၁၂။ က က က (ပေါက်ကျိုင်း)

၁၃။ မြူးကြွသင်္ကြန်ချိန် (ညှာစိမ်းခိုင်)
၁၄။ မဏ္ဍပ်ထဲက မရီးချေ (အောင်သန်းဦး)
၁၅။ တင်းထား (ပန်းခက်ရွှေစင်)

၁၆။ ရင်ခုန်ရဆုံးသင်္ကြန် (မိုးဇော်)
၁၇။ နှစ်ကူးစာမျက်နှာ (စောနှင်းနွယ်)
၁၈။ သင်္ကြန်မပြီးစီချင် (စောမင်းသိမ်း)

၁၉။ ရီတစ်ဖလားချေ လောင်းပါမေ (စံမော်သိန်း)
၂၀။ ယောင်လလယ် (ခိုင်ကျော်လင်း)
၂၁။ DJ REMIX ၂၀၁၅ သင်္ကြန် (အဖွဲ့)

ပစ္ဆိမကဗျာ (Tape) - Group

ပစ္ဆိမကဗျာ VCD က တေးခြင်း (၁၀)ကို တင်ပီးထားစွာတော့ ကြာပါယာ...
အဂု တင်ပီးထားစွာကတော့ကေ ပစ္ဆိမကဗျာ တိပ်ခွေထဲက တေးခြင်း (၁၄) ပုဒ်ဖြစ်ပါရေ...
VCD ထွက်တုန်းက မပါဖြစ်ခရေ တေးခြင်းကောင်းတိဖြစ်ရေ
* ကမ္ဘာစောင့်တေး - အဖွဲ့
* နှလုံးသားအရင်းအမြစ် - ၀င်းကိုခိုင်
* ချစ်ခြင်းရင်ခုန်သံ - ခိုင်မြတ်မင်း + ခိုင်မိုး + ကိုခိုင်ဇော်
* ဗုဒ္ဓတရား - ၀င်းကိုခိုင်
စရေ တေးခြင်း (၄)ပုဒ်ကို ပြန်ခံစားနိုင်အောင်လို့
ဒေတိပ်ထဲက တေးခြင်းတိကို ပြန်တင်ပီးရခြင်းဖြစ်ပါရေ...
ဒေစီးရီးထဲမှာ အထူးခြားဆုံးအနီနန့်ဆိုကေ အသံကာလာတိတူရေ ခိုင်မြတ်မင်း၊ ခိုင်မိုး၊ ကိုခိုင်ဇော်ရို့ ဆိုထားကတ်တေ ချစ်ခြင်းရင်ခုန်သံ တေးခြင်းဖြစ်ဖို့ထင်ပါရေ... တေးခြင်းထဲမှာ ဇာအပိုဒ်ကို ဇာသူက ဆိုထားရေဆိုစွာကို တေးခြင်းနှစ်သက်တေ အမျိုးတိ ခန့်မှန်းပြီး ပျော်နိုင်ကတ်ပါစီ...

Tape Cover

၀၁။ ကမ္ဘာစောင့်တေး (အဖွဲ့)
၀၂။ ကျွန်းသမသျှေ (ကိုခိုင်ဇော်)
၀၃။ ရင်ခွင်ရတနာ (ခိုင်မိုး)

၀၄။ အနှိုင်းမဲ့အမင် (၀င်းကိုခိုင်)
၀၅။ သူပျော်ဖို့ဆိုကေ (စံမော်သိန်း)
၀၆။ မိုးနတ်သားထွက်ပါလတ် (ခိုင်မြတ်မင်း)

၀၇။ နှလုံးသားအရင်းအမြစ် (၀င်းကိုခိုင်)
၀၈။ တစ်ခါပြန်နမ်းပါ (ခိုင်မိုး)
၀၉။ ၀ီးလွင့်ခြင်း (စံမော်သိန်း)

၁၀။ ချစ်ခြင်းရင်ခုန်သံ (ခိုင်မြတ်မင်း + ခိုင်မိုး + ကိုခိုင်ဇော်)
၁၁။ နှလုံးသားအော်သံ (ကိုခိုင်ဇော်)
၁၂။ ဗုဒ္ဓတရား (၀င်းကိုခိုင်)

၁၃။ ရက္ခဌာနီ (ခိုင်မြတ်မင်း)
၁၄။ ညဥ့်ဝင်စားသူ (၀င်းကိုခိုင်)
၁၅။ Ending Music

ပြည်ထောင်စု၏ ဗိသုကာ (သို့) လွတ်လပ်ရေးဗိသုကာ

၁၉၃၉၊ စက်တင်ဘာ (၉)ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ၊ တစ်နည်းအားဖြင့် ပြည်ထောင်စု တည်ဆောက်ရေးကို မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့်နေ့။ ၂၀၁၀ စက်တင်ဘာ (၉)ရက်ဆိုရင် (၇၁)နှစ် ပြည့်ခဲ့ပြီ။ သူ့ခေတ်က တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တွေကို တနင့်တပိုးကြီး ထမ်းဆောင်ခဲ့တဲ့ လှပတဲ့သမိုင်းတွေဟာ ဘယ်လောက်ပဲကြာကြာ ဆွေးမြေ့မသွား၊ ကွယ်ပျောက်မသွားဘဲ ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။

ဆရာတော်ဦးဥတ္တမရဲ့ သမိုင်းတွေကို အင်အားတွေနဲ့ ချေဖျက်ခြင်းကို ခံနေရပေမယ့် သူ့သမိုင်းကတော့ သမိုင်းအဖြစ် ရှိနေဦးမှာပါ။ ပြောရရင် အနှိမ်ခံသမိုင်းအဖြစ်နဲ့။ ဆရာတော်ဦးဥတ္တမနဲ့ ပက်သက်လို့ စာရေး ဆရာ ပါရဂူက ၁၉၉၆ ခုနှစ် စစ်တွေစာပေဟောပြောပွဲတစ်ခုမှာ "လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ဖြစ်ပေမယ့် နောက်ပိုင်းမှာ ထိုက်တန်တဲ့ အသိအမှတ်ပြုမှု မခံရပါဘူး။ မြန်မာနိုင်ငံမှာ လွတ် လပ်ရေး ကြိုးပမ်းမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော်နှစ်ပါးရှိတယ်။ တစ်ပါးက ဦးဝိစာရ၊ အားလုံးသိတဲ့ အတိုင်း ရွှေတိဂုံဘုရားရှေ့မှာ ကြေးရုပ်တု လုပ်ပြီးထားတယ်။ နောက် ဆရာတော်ဦးဥတ္တမ၊ ဆရာတော် ဦးဥတ္တမဟာ ဦးဝိစာရထက် အဆပေါင်းများစွာ ကြိုးပမ်းလှုပ်ရှားခဲ့တယ်။ ဒါပေမယ့် အသိအမှတ် ပြုမခံရ။ (ဖဆပလ) အစိုးရလက်ထက်မှာ ရွှေတိဂုံဘုရားဘေးက ကန်တိုမန်ပန်းခြံကို ဦးဥတ္တမပန်းခြံလုပ်ပြီးတော့ ဦးဥတ္တမကျောက်ရုပ်တုထားဖို့ အစီအစဉ်ရှိတယ်။ ကျောက်ရုပ်တုတောင် ထုလို့ ပြီးနေပြီ။ အဲဒါ ဘယ်လိုဖြစ် သွားလဲ မသိဘူး။ ဖြစ်မလာခဲ့။ ပန်းပုဆရာ ဦးဟန်တင်ခြံကို ရောက်သွားတယ်။ ကျွန်တော် ဦးဟန်တင်အိမ် ကို ရောက်သွားတယ်။ ရောက်သွားတဲ့ကိစ္စက အိန္ဒိယ သာသနာပြုဆရာတော် စန္ဒြမုနိရုပ်တုကိစ္စကြောင့်ပါ။ ဒီညနေက ဘုရားကြီးမှာ ဆရာတော် စန္ဒြမုနိရုပ်တု တွေ့ခဲ့တယ်။ ဆရာတော်ရုပ်တု ဖြစ်မြောက်ရေးကော်မ တီမှာ ကျွန်တော်ပါတယ်။ ယင်းရုပ်တုကို အိန္ဒိယ ပို့ဖို့။ ဒါပေမယ့် ပို့လို့မရတာကြောင့် ဒီမှာထားတယ်" လို့ ပြောခဲ့ဖူးတယ်။ နိုင်ငံတော် အနေနဲ့ ထိုက်တန်စွာ ဘာကြောင့် အသိအမှတ် မပြုသလဲ။ ကျွန်တော် လေ့ လာဖူးသလောက်ပြောရရင် ရခိုင်တွေကတော့ ဆရာတော်ဦးဥတ္တမဟာ ရခိုင်ဖြစ်လို့ဆိုပြီး ခံယူကြတယ်။

နတ်ပြည်မှာ မိနစ်သုံးဆယ်

ကျွန်တော် နတ်ပြည်ကိုရောက်လို့ လက်က နာရီကိုကြည့်လိုက်တေခါ မိုးထကိုးနာရီ။ နတ်ပြည်ဆိုစွာ စာတိမှာရာ ဖတ်ဖူးစော်ပါ။ အဂုကိုယ်တိုင် ရောက်နီဗျာလ်။

ဟုတ်ကဟုတ်ယင့်လား။ လူတိလုပ်လေ့ လုပ်ထ လုပ်ကတ်တေအတိုင်း ကိုယ့်ဘယ်ဘက်လက်ကို ညာ ဘက်လက်နဲ့ ဆိတ်ကြည့်ရေ။ ကိုယ့်နှာခေါင်းကို ဆိတ်ကြည့်ရေ။ ရင်ဘတ်ကို ဆိတ်ကြည့်ရေ။ ပေါင်ရင်းကို။ ဟုတ်တယ်ဟုတ်။ နာရေ။ ငါ နတ်ပြည်ကို ရောက်နီစွာ သေချာစွာ မီးမလာစွာထက် သေချာသိယင့်။ အဂယောင့် နတ်ပြည်ကို ရောက်နီစွာ မဟုတ်လားယေ။

ရခိုင့်ရိုးရာ ဂန္ထ၀င်ယိမ်းသာခြင်းများ - အဖွဲ့

Audio CD Cover

၀၁။ ရသစုံလီ ရခိုင့်စာပီ (ဦးမောင်သိန်း+မစန္ဒာ+မဥမ္မာ)

၀၂။ ပျော်စရာစုံညီ ရခိုင့်မြီက သုံးရာသီ (ဦးမောင်သိန်း+မစန္ဒာ+မဥမ္မာ)

၀၃။ ဆီမီးတစ်ထောင် ကြာသွပ်ပွဲ (ဦးမောင်သိန်း+စန္ဒာသန်း)

၀၄။ အဇိန်ဇိတ်ကေ (ဦးမောင်သိန်း+စန္ဒာသန်း)

၀၅။ အိမ်ကြီးရခိုင် (ဦးစန်းလွင်+စန္ဒာသန်း)

ဝန်ကြီး ဦးစောလှဖြူ - ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး (ငြိမ်း)

ဖခင် နယ်ပိုင်ဝန်ထောက် ဦးစိန်ဘန်း၊ မိခင် ဒေါ်စောဖြူတို့မှ (၁၅.၃.၁၉၂၂)ခုနှစ် ဘောက်သီးစုရပ်၊ စစ်တွေ မြို့တွင် မွေးဖွားခဲ့သည်။

၁၉၃၈-၃၉ ခုနှစ် စာသင်နှစ်တွင် စစ်တွေမြို့ အစိုးရအထက်တန်းကျောင်းမှ (၁၀)တန်းစာမေးပွဲကို ပထမ ဆု ရွှေတံဆိပ်ဖြင့် အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့ရာ ဒုတိယ ကမ္ဘာ စစ်ကြီး ဖြစ်လာ၍ ကျောင်းပိတ်သည့် ၁၉၄၂ ခုနှစ်တွင် B.Sc (ဓါတုဗေဒ ဂုဏ်ထူးပထမနှစ်)တွင် ပညာ သင်ကြားလျက်ရှိသည်။ ၁၉၄၇-၄၈ ခု စာသင်နှစ်တွင် တက္ကသိုလ်သို့ ပြန်ရောက်လျက် B.Sc ဒုတိယနှစ်၌ သင်ကြားနေစဉ် လေယာဉ်အင်ဂျင်နီယာ ပညာတော်သင်အဖြစ် အရွေးခံရသဖြင့် အင်္ဂလန်သို့ သွားရောက် သင်ကြားခဲ့သည်။

ဘူမိနက်သံမြီ - မြတ်ခိုင်ကျော် + နေထက်လင်း

Tape Cover
၀၁။ ကမ္ဘာသစ်လမ်းပြ (မြတ်ခိုင်ကျော် + နေထက်လင်း)
၀၂။ မြ၀ါဖြူ (မြတ်ခိုင်ကျော်)

၀၃။ ဥပေက္ခာ (နေထက်လင်း)
၀၄။ ရင်ငွေ့မျှပါ (မြတ်ခိုင်ကျော်)
၀၅။ အိပ်မက်သခင် (နေထက်လင်း)

၀၆။ ဒဿန (မြတ်ခိုင်ကျော်)
၀၇။ နောင်တ (နေထက်လင်း)
၀၈။ ဘုမ္မိနက်သံမြီ (မြတ်ခိုင်ကျော် + နေထက်လင်း)

၀၉။ ညမင်းချေ (နေထက်လင်း)
၁၀။ ဝေဒနာ (မြတ်ခိုင်ကျော်)
၁၁။ ကြီကွဲခြင်း ဒါဏ်ရာ (နေထက်လင်း)

၁၂။ တစ်ချိန်က (မြတ်ခိုင်ကျော်)
၁၃။ အတ္တစီးကြောင်း (နေထက်လင်း)
၁၄။ နှောင်း (မြတ်ခိုင်ကျော်)

ရမ္မာကျွန်းက ဆွီမျိုးတော်စပ်ပုံ - ရက္ခိတသျှစ်မောင် (ပညာရေး)

ဂနိ ကမ္ဘာပေါ်ဟိ ဘာသာစကားပေါင်း ၆၉၀၀ အနက် ၂၅၀၀ ခန့်ရေ တိမ်ကော ပျောက်ကွယ်လားဖို့ အခြီ အနီရောက်နီဗျာယ်လို့ UNESCO ထုတ်ပြန်ချက်မှာ ဖော်ပြထားပါရေ။ ဧပိုင် ပျောက်ကွယ်လားဖို့ အကြောင်း တရားနှစ်ရပ်မှာ လူရို့စွာ မြို့ပြနန့် တခြားတစ်နယ်တစ်ကျေးသို့ ပြောင်းရွှိ့မှုများလာခြင်းနန့် ကမ္ဘာ့စကား ကြီးတိ လွှမ်းမိုးဝါးမြိုခြင်းကြောင့် ဖြစ်ပါရေ။ စားဝတ်နီရီး အကြောင်းကြောင်းကြောင့် အခြားနီရာသို့ ပြောင်း လားပြီးကေ ယင်းဒေသ အများသုံးစကားကို သုံးလာရာက မိခင်စကား ပျောက်ကွယ်လားကတ်ရရေ။ ယပြီးကေ အင်အားကြီးရေ ဘာသာစကားတိကို အသုံးများလာရာက လက်အောက်ခံ ဘာသာစကားချေတိ အသုံးနည်းလာရပြီး မှေးမှိန် ပျောက်ကွယ်ကတ်ရရေ။ အေနီရာမှာ သက်သီပြစရာ အနီးစပ်ဆုံးက အယင်ခါ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပီတိနန့် ခမ်းနားခကေလေး အဂုခါ ပြောစရာမကျန်ရေ "ပျူလူမျိုး"တိ ကို ပြရပါလိမ့်မေ။

ဘာသာစကားဆိုစွာမာ အပြောဘာသာစကားနန့် အရီးဘာသာစကားဆိုပနာ နှစ်မျိုးဟိပါရေ။ ယေဒါလေး ကမ္ဘာမာ အဂုထိ အရီးဘာသာစကား မဟိသိရေ လူမျိုးတိ ဟိစွာကို ကြည့်ကေ အပြောဘာသာစကားဧ့ အဓိကကျခြင်းကို သိနိုင်ပါရေ။ ကိုယ့်လူမျိုးရို့ ကိုယ်ပိုင်စာပီ၊ ယဉ်ကျေျးွှု၊ ထုံးတမ်းဓလိတိကို လက်ဆင့်ကမ်း ထိန်းသိမ်းလာကတ်လို့ရာ အဂုချိန်ထိ "ရခိုင်"လို့ မားမားမတ်မတ် ရပ်တည်နိုင်ခြင်း ဖြစ်ပါရေ။ "အမျိုး သီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်၊ ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္ထသညာ၊ ခေါ်အပ်ရာ ၏"လို့ ဗုဒ္ဓ၀င်လင်္ကာမှာ ဖော်ပြထားပါရေ။

သီတာထွေးတံဆိပ်နဲ့ သတိတရားရဲ့ အလံတော်

ဒါဟာ
အကုသိုလ်ကံပါလို့
ငါ့ကို မပြောနဲ့
မပြောကြပါနဲ့ကွာ
အရိပ်
တစ်ဦးတစ်ယောက်ရဲ့ အရိပ်ပါ။
လမ်းခင်းပေးခဲ့တာ ဘယ်သူလဲ
ဘယ်သူပါလဲ ခင်ဗျာ

ဝန်ကြီး ဦးဘမြိုင် (ရတည) (၂၁-၂-၁၈၉၄ မှ ၉-၄-၁၉၇၉)

ဦးဘမြိုင်ကို ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ အောင်စေတီရပ်ကွက်တွင် အဘ လယ်ဝန် ဦးသာလှ၊ အမိ ဒေါ်အောင်ခိုင်ညိုတို့မှ ၁၈၉၄ ခုနှစ် ဖော်ဖော်ဝါရီလ (၂၁)ရက်၊ ၁၂၅၅ ခုနှစ် တပို့တွဲလဆုတ် (၂)ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့သည်။ အသက် (၄)နှစ်အရွယ်တွင် မိခင်ကွယ်လွန်၍ အဖိုးအဖွားနှင့် အဘ ဦးသာလှတို့က ပြုစုစောင့်ရှောက်ခဲ့ကြသည်။ ရမ်းဗြဲမြို့ မြန်မာစာအလယ်တန်းကျောင်းတွင် ပညာစတင် သင်ကြားသည်။ ဒုတိယတန်းအောင်မြင်သောအခါ ရမ်းဗြဲမြို့၌ အင်္ဂလိပ်ဘာသာကျောင်းမရှိ၍ စစ်တွေမြို့ St. An's Convent ခရစ်ယာန်သာသနာပြုကျောင်း (စိန့်အဲ(န်)ကွန်ဗင့်မိန်းကလေးကျောင်း)သို့ ပြောင်းရွေ့၍ ပညာဆက်လက် သင်ကြားသည်။ ယင်းကျောင်းမှ (၅)တန်းအောင်သောအခါ ရန်ကုန်မြို့ရှိ "ရန်ကုန် ဟိုက်စကူး"ကျောင်းသို့ ပြောင်းရွေ့၍ ပညာဆက်လက်သင်ကြားသည်။

အဉ္စနလီညှင်း - မြတ်ခိုင်ကျော်



















Tape Cover
၀၁။ အဉ္စနလီညှင်း
၀၂။ ပန်းနုအပြုံးနွဲ့ တစ်ပွင့်

၀၃။ မင်းစကား
၀၄။ မာယာရှင်
၀၅။ ဘဇောင်လေ

၀၆။ ရိုးသားခြင်း
၀၇။ ချစ်သူလမင်းချေ
၀၈။ ၀တီလေးရပ် ညီညွတ်ကတ်မေ

၀၉။ သိယင့်သားနန့်
၁၀။ ငြိမ်းချမ်းရေးလခြမ်းမြီ
၁၁။ ပရံလူ

၁၂။ မိုးရိပ်မာယာ
၁၃။ အလင်းတန်း
၁၄။ စိတ္တဇမီး

ဝဋ်လိုက်တတ်တယ်... မောင်မောင်သတိထား

ဒီလိုပါ...။
ဟိုးရှေးရှေးတုန်းက သုမြခိုင်ဆိုတဲ့ လူရွယ်တစ်ယောက်ရှိပါတယ်။ သူဟာ သူ့ဇနီးနဲ့အတူ ရိုးရိုးသားသား လုပ်ကိုင်စားသောက် နေထိုင်ခဲ့ပါတယ်။

အိမ်တွင်းမှု အလုပ်ကိစ္စတွေကိုလည်း သုမြခိုင်က ဇနီးကို ကူညီလုပ်ကိုင်ပေးလေ့ ရှိခဲ့ပါတယ်။

သူဟာ ဇနီးရက်ကန်းယက်နေရင် ထမင်းဟင်းတွေ အဆင်သင့်ဖြစ်အောင် ချက်ပြုတ်ပေးထားလေ့ ရှိတတ် သူလည်း ဖြစ်ပါတယ်။

တစ်နေ့တော့ ဇနီးသည် ရက်ကန်းယက်နေတုန်း ဖြစ်ပါတယ်။
ရက်ကန်းချည်မှာ ယင်ကောင်တွေက စုပြုံနားလို့ နေကြပါတယ်။
ချည်မှာက ထမင်းနဲ့နယ်ပြီး အစာတင်ထားရတဲ့အတွက် ချည်ချေးလို့ခေါ်တဲ့ ထမင်းရဲ့ အနယ်အညှိတွေ ကပ်ငြိနေလို့ ယင်ကောင်တွေ ရက်ကန်းချည်မှာ နားပြီးတော့ ကျကြတယ်။ အကြောင်းကတော့ ထမင်းအညှီ အဟောက် အပုပ်အသိုးတွေကို ခုလို လာရောက် စားသောက်နေကြတာပဲ ဖြစ်ပါတယ်။

သူ့အကြောင်း - မြတ်ခိုင်ကျော်




















Tape Cover

၀၁။ သင်္ကြန်သူချေ
၀၂။ သူ့အကြောင်း
၀၃။ အိပ်မက်နတ်သမီး

၀၄။ ချိုမြိန်ရမ္မက်
၀၅။ တစ်သက်တစ်ခါ တစ်ချစ်
၀၆။ တမ်းတမိရေဝေ

၀၇။ ချစ်သူ့အရိပ်
၀၈။ သာစွရခိုင်
၀၉။ တစ်ခွန်းချေ

၁၀။ လွမ်းရေ
၁၁။ ရွှေရည်စိမ်
၁၂။ အဇ္ဈိတ္တသုခုမ

၁၃။ ပိုးဝါသူ
၁၄။ ပန်းနုနှင်းဇီ
၁၅။ ရီလှိုင်းပြာ

၄၃ - ရွှေဘော်သိန်း (GTI)


Tape Cover
၀၁။ ရိုးမ၀ါး
၀၂။ ၁ / ၈ ဆုတောင်းမျက်ရည်

၀၃။ ၄၃
၀၄။ အလုံခြုံဆုံးရင်ခွင်
၀၅။ မပျော်နိုင်သင်္ကြန်

၀၆။ တဖြေးဖြေးနဲ့မုန်းပါ
၀၇။ စောင့်နိန်ရေ
၀၈။ အနန္တမေတ္တာ

၀၉။ နတ်မြစ်သူ
၁၀။ လူဝင်စားသသုဘဒ္ဒါ
၁၁။ ပျက်ပြယ်

၁၂။ ပန်းတော်ဝင်
၁၃။ စိဉ္စမာန
၁၄။ ချစ်နှမဇာမှာလေ"