ရီနံနာင့် သဘာဝဓါတ်ငွေ့(၁)

ကမ္ဘာ့လူဦးရေ ရေ ၁၉၅၀ခုနှစ်မှာ ၂ ဒသမ ၅ ဘီလီယံ ဟိခစွာကနိန် ၂၀၀၅ခုနှစ်ကို ရောက်တေခါ ၆ ဒသမ ၅ ဘီလီယံထိကို ခုန်တက် များပြားလာခပါရေ။ လေ့လာသူတိ၏ ပြောဆိုချက်အရ ၂၀၅၀ ခုနှစ်မှာ ၉ ဒသမ ၁ ဘီလီယံထိ ဟိလာဖို့လို့ ခန့်မှန်းကတ်ပါရေ။ ယင်းလူတိ နိန့်စိုင် အလုပ်တိ အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ အတွက် လောင်စာတိလည်း အဂုထက် အဆပေါင်းများစွာ လိုလာပါဖို့။ တချိန်တည်းမှာပျာယ် ကမ္ဘာမှာဟိ ရေ ရီနံရေ တစ်နိန့်ထက်တစ်နိန့် နည်းပါးလို့ လာနိန်ပါရေ။ ကမ္ဘာ့ရီနံလိုအား(demand)က များလာနိန်ပြီး ကေ ပံ့ပိုးပီးနိုင်အား(supply)က နည်းလာနိန်ရေခါ ရီနံဈီးနှုန်းကလည်း ဆက်ပြီးကေ တက်နိန်ဖို့ အနေအ ထားမှာ ဟိပါရေ။ ရီနံထုတ်လုပ်တေ နိုင်ငံတိကလည်း သူရို့နိုင်ငံမှာ ရီနံမခမ်းခင် ရီနံဈီးတိကို ကဇတ်ပြီးကေ မိမိနိုင်ငံ ကြီးပွားတိုးတက်အောင် လုပ်ကတ်ရပါရေ။
ကျနော်ရို့ ရခိုင်ပြည်မှာဟိစွာ သဘာဝဓာတ်ငွေ့နာင့် ရီနံ တိကလည်း ဇာလောက်ခံဖို့လဲတော့ မသိပါ။ ယေကေလေ့ အေလောက် ကိုယ့်ပြည်အတွက် အခွင့်အရေး ကောင်း ဟိနိန်စွာကို သခိုးတစ်ကျိုင်က နိန့်ခင်းကြောင်တောင် လာခိုးနိန်စွာကို အေအတိုင်း ကြည့်နိန်ကတ် ရပါရေ။ လက်ဟိ ရွှေဂတ်စ်အဖွဲ့၏ ကိန်းဂဏာန်းတိအရ တစ်နှစ်ကို အနည်းဆုံး ၁ ဘီလီယံဒေါ်လာစီနာင့် အနည်းဆုံး နှစ်ပေါင်း ၃၀ကျော် ခိုးယူနိုင်ကတ်ဖို့လို့ သိရပါရေ။ ယေကေ ကျနော်ရို့ အိမ်ခြံဝင်းထဲက ရီနံတိ၊ ဓာတ်ငွေ့တိကို ဇာပိုင်ပျင်လို့ ဟိမှန်းသိလားခကတ်ပါလဲ။

ရီနံနာင့် သဘာဝဓာတ်ငွေ့တိကို ယှာတွိနိုင်ဖို့ ဒေသန္တာရ ပထ၀ီနာင့် ဘူမိဗေဒ ဘာသာရပ်တချို့ကို နား လည်ဖို့ လိုပါဖို့။ ရီနံဆိုစွာရေ ကမ္ဘာ့မြီကြီးအောက်မှာ ဟိရေ နှစ်ရှည် သဘာဝရုပ်ကြွင်းတိက ရဟိရေ လောင် စာတစ် မျိုးဖြစ်ပါရေ။ ယင်းအတွက်ကြောင့်လည်း ရီနံကို ကမ္ဘာ့နိန်ရာ အနှံ့အပြားမှာ ယှာဖွေတွိဟိရပါရေ။ တွိဟိမှု ပမာဏပဲကွာပါရေ။ တစ်ချို့နိန်ရာမှာ အများကြီး တွိရပြီးကေ တချို့နိန်ရာမှာစိကေလောက်ရာ တွိရ ပါရေ။ သဘာဝမှာ ရီနံဖြစ်တည်ဖို့အတွက် အချက်သုံးချက်လိုအပ်ပါရေ။ (က) ပထမဆုံးအနည်နာင့် အနည် ကျ ကျောက်ဟိရေ နိန်ရာဒေသ ဖြစ်ရပါဖို့။ ရခိုင်ပြည်မှာ Sandstone, Shale, Limestone, Conglomerate စရေ ကျောက်အမျိုး အစားတိကို တွိရပါရေ။ ယင်းကျောက်တိရေ အနည်ကျကျောက်အမျိုးအစားဝင်တိ ဖြစ် ပါရေ။ အနည်ကျ ကျောက်ထဲမှာ ငါး၊ အခွံပါ ရီနိန်သတ္တ၀ါ၊ planktonလို့ခေါ်ရေ ကကောင်းငယ်ရေ ရီနိန် သတ္တ၀ါတိ၊ အပင်တိ စရေ ရုပ်ကြွင်းတိရေ နှစ်ပေါင်းများစွာကြာ တည်ဟိနိန်ကတ်ပါရေ။ ယင်းရုပ်ကြွင်းတိရေ ပင်လယ် သမုဒ္ဒရာအောက်ထဲမှာ အသီကောင်တိအဖြစ်နာင့် သဲတိ၊ ကျုပ်(mud)တိနာင့် ရောပြီးကေ နှစ် ပေါင်း သန်း၁၀ နာင့် ၆၀၀ ကြား တည်ဟိ နိန်ကတ်စွာပါ။ နှစ်ပေါင်းကြာလာစွာနာင့် အမျှ တစ်ခုထက်ကို တစ်ခု ပုံထပ်ပြီးကေ ကျောက်အသွင်ကို ပြောင်းလားခကတ်စွာပါ။ ယင်းအရာတိရေ သဘာဝရုပ်ကြွင်းတိ ဖြစ် တေအတွက်ကြောင့် ဖိအား (pressure) နာင့် အပူ (heat)တိ ကြီးမြင့်လာရေအခါ ပြိုကွဲဓာတ်ပြောင်းပြီးကေ ရီနံနာင့် ဓာတ်ငွေ့တိကို ပြုလုပ်ပီးပါရေ။ (ခ) ဒုတိယအနည်နာင့် ယင်းရီနံနာင့် ဓာတ်ငွေ့တိကို သိုလှောင်ထား နိုင်ဖို့အတွက် porous rock လို့ခေါ်ရေ အပေါက်ချေတိပါရေ ကျောက်အမျိုးအစား ဟိရပါဖို့။ ရခိုင်ပြည်မှာ ဟိရေ limestone, sandstone ကျောက်တိရေ porous rock တိဖြစ်ပါရေ။ ယင်းအပေါက်ချေတိထဲမှာ ရီနံ တိ ဓာတ်ငွေ့တိ စိမ့်ဝင်တည်ဟိနိန်နိုင်ပါရေ။ (ဥပမာအနိန်နာင့် ပြောရဖို့ဆိုကေ ၀ါဂွမ်းလုံး တစ်လုံးပိုင်ပါ ပျာယ်။ ၀ါဂွမ်းကို ရီစိမ်လိုက်ကေ ၀ါဂွမ်းမျှင်တိကြား ထဲက လီဟိရေနိန်ရာကို ရီတိက အစားထိုး ၀င်ရောက် လားပိုင်ပါ။ ၀ါဂွမ်းလုံးကို ပြန်ညှစ်ပလိုက်ကေ ရီတိပြန် ထွက်လာပါဖို့။) (ဂ) တတိယအချက်အနိန်နာင့် ယင်း အပေါက်တိပါရေ ကျောက်သားတိထက်က Impermeable rock (သို့) ယိုစိမ့် ထွက်မလားနိုင်ရေကျောက် ခေါင်မိုးတစ်ခု ဟိရပါဖို့။ ယေမှရာ ရီနံနာင့်ဓာတ် ငွေ့တိကို porous rockထဲမှာ အဖုံးပိတ် သိမ်းထားပိုင် သိမ်း ထားနိုင်ဖို့ ဖြစ်ပါရေ။

ယင်းအတွက်နာင့် ရီနံယှာဖွေရေ လူတိရေ ယင်းကျောက် အမျိုးအစား သုံးမျိုးစလုံးကို ယှာဖွေကတ်ရပါရေ။ သံလိုက်ဓာတ်သုံး (Magnetic) စမ်းသပ်မှုတိနာင့် ကမ္ဘာ့ဆွဲငင်အား (Gravity) လေ့လာမှုစစ်တမ်းတိကို ရယူ ကတ်ပါရေ။ ကျောက်တိုင်းမှာ သံလိုက်ဓာတ် ဟိပါရေ။ ယေကေလေ့ ကျောက်အမျိုးအစားကို လိုက်လို့ သံ လိုက်ဓာတ်အား ကွာခြားမှု ဟိပါရေ။ ယင်းကွာခြားမှုကို လေ့လာကြည့်ကေ တိုင်းတာရေ နိန်ရာမှာ ဇာ ကျောက် အမျိုးအစားတိဟိလဲ ဆိုစွာကို သိဟိနိုင်ပါရေ။ တိုင်းတာမှုတိ ရဖို့အတွက် မိမိသိဟိလိုရေ ဒေသကို သံလိုက်ဓာတ်အားတိုင်း ကိရိယာ တပ်ဆင်ထားရေ လေယဉ်နာင့် ခေါက်တုံ့ခေါက်ပြန် မောင်းရပါရေ။ ရလာ ရေ အချက်အလက်တိကို အသုံးပြုပြီးကေ ယင်းဒေသ၏ မြီအောက်ဖွဲ့စည်းပုံကို ပုံဖော်ကတ်ရပါရေ။ ကမ္ဘာ့ ဆွဲငင်အားတိုင်း ကိရိယာကို သုံးပြီးကေလည်း ကမ္ဘာ့ဆွဲငင်အား အပြောင်းအလဲကို လေ့လာပြီးကေ ကျောက် အမျိုးအစားကို ခန့်မှန်းကတ်ရပါရေ။ ယင်းအပြင် ကျောက်တိ၏ သိပ်သည်းဆ (density) ကို လေ့လာကြည့် ခြင်းဖြင့်လည်း ကျောက်အမျိုးအစားကို ခန့်မှန်းနိုင်ပါရေ။

တချို့ကလည်း စိန်သွားပါရေ အဖြတ်ထည်(cutting tools)တိကို သုံးပြီးကေ ကျောက်အလွှာတိကို ဖြတ်လို့ ကျောက်နမူနာ (rock samples)တိ ရယူကတ်ပါရေ။ အယင်ခေါက်ကဆိုကေ ဘူမိဗေဒ ပညာရှင်တိရေ မြေ မျက်နှာ သွင်ပြင်တိ၊ မြီ အမျိုးအစားတိနာင့် ပတ်သက်တေ အချက်အလက်တိကို ကွင်းဆင်းပြီးကေ ရယူခ ကတ်ရပါရေ။ အဂု နောက်ပိုင်းမှာဆိုကေ ဂြိုလ်တုတိကို သုံးပြီးကေ ယင်းကိစ္စတိကို ဆောင်ရွက်နိန် ကတ်ပါ ပျာယ်။

ရဟိလာရေ အချက်အလက်တိ အားလုံးကို စုဆောင်ပြီးကေ ကွန်ပျူတာမှာ ပုံဖော် ကြည့်ကတ်ပါရေ။ ယင်း ချင့်ကို ဘူမိဗေဒ ပညာရှင်တိက လေ့လာဆန်းစစ်ပြီးကေ ရီနံတွိနိုင်ဖို့လို့ထင်မှ ဆက်ပြီးကေ တုန်ခါမှုဆိုင်ရာ တိုင်းတာမှုတိကို ပြုလုပ်ပါရေ။ ယင်းချင့်လုပ်ဖို့အတွက် ပထမဆုံး အနိန်နာင့် မိမိလေ့လာနိန်ရေ ဒေသမျက် နှာပြင်ထက်မှာ ပေါက်ကွဲမှုတစ်ခုကို ပြုလုပ်ကြည့်ပါရေ။ ယင်းပေါက်ကွဲမှုက ထုတ်လွင့်လိုက်တေ အသံလိုင်း တိရေ ဖြတ်သန်းရေ လမ်းကြောင်းတလျှောက်မှာဟိရေ ကျောက်တိကို ရိုက်ခတ်ပါဖို့။ ပြီးကေ မျက်နှာပြင် ထက်ကို ပြန်ကန်ထွက်လာပါဖို့။ ယင်းချင့်ကို မိုက်ကရိုဖုန်းတိနာင့် ဖမ်းယူပြီးကေ အသံလိုင်း စလားရေ အချိန် နာင့် ပြန်လာရေအချိန်၊ အသံလိုင်းတစ်ခု၏ အမြန်နှုန်း စရေ အချက်အလက်တိကို မှတ်ယူ တွက်ချက်လိုက် ကေ အောက်ခံကျောက်တိ၏ အလွှာအလိုက် အဆင့်ဆင့် ဖွဲ့စည်းပုံအသေးစိတ်ကို ရဟိနိုင်ပါရေ။

အဂုအခါမှာ နည်းပညာတိက တစ်ရက်ထက်တစ်ရက်တိုးတက်လာပျာယ်ဖြစ်ပါရေ။ ယေကေလေ့ ဘူမိဗေဒပ ညာရှင်တိက စမ်းသပ် တိုင်းတာမှုလောက်နာင့် အေနိန်ရာမှာ ရီနံဟိရဖို့လို့ အတိအကျတော့ ပြောလို့ မရ ပါသိ။ စမ်းသပ် လေ့လာချက်တိက အေနိန်ရာမှာ ရီနံနာင့် သဘာဝဓာတ်ငွေ့ဟိဖို့လို့ ဇာလောက်ပဲ ညွှန်ပြ ညွှန်ပြ၊ အဂေါင်ဂေါင့်တူးကြည့်ခါ ရီနံမတွိရစွာတိလဲ ဟိပါရေ။ တချို့ရီနံတွင်းတိဆိုကေလည်း ယှာဖို့တောင် မလိုဘဲနာင့် မတော်တဆ တွိကတ်ရပါရေ။ ဥပမာ - ရခိုင်ပြည်မှာ တွိရရေ လက်တွင်းရီနံတွင်းတိပါ။ ယင်းရီနံ တိရေ အပေါက်ပါရေ ကျောက်တိကနိန် အထက်ကို ထွက်ကျလာစွာတိ ဖြစ်ပါရေ။ တခါတလီကျကေလည်း ယင်းကျောက်တိကနိန် အထက်ကို မတက်ဘဲ ဘေးကို ယိုထွက်နိန်စွာတိလည်း ဟိပါရေ။

ယေကေလေ့ ယင်းရီနံတိရေ ရီနံစိမ်းတိရာ ဖြစ်ပါရေ။ ယင်းချင့်တိကို ဓာတ်ဆီ၊ လေယဉ်ဆီစရေ သန့်စင်ဆီ တိဖြစ်အောင် ရီနံသန့်စင်စက်ရုံ (Oil Refinery) တိမှာ သန့်စင်ရဖို့သိ ဖြစ်ပါရေ။ ကုန်ကြမ်းပဲ မရောင်းဘဲ နာင့် ကိုယ့်နိုင်ငံမှာကိုယ် ရင်းနှီးမြှုပ်နှံပြီးကေ သန့်စင်စက်ရုံတိ ဆောက်ပြီးကေ လုပ်ကေ လူတိလည်း အလုပ် ရ၊ အစိုးရလည်း အခွန်ရ၊ ကုန်ချောရောင်းလို့လဲ ဖဲ့ချာပိုရ၊ လူတိလည်း နည်းပညာအကြောင်း ပိုနားလည် နာင့် စနစ်တကျ စီးပွားရေး ကဏ္ဍတစ်ရပ် ပေါ်ထွန်းလာဖို့ဖြစ်ပါရေ။ ယင်းအပြင် ရီနံထွက်ပစ္စည်းတိ အများ အပြားကို ထုတ်လုပ်ပီးလားနိုင်ပါဖို့။ ဥပမာ - ကတ္တရာဆိုစွာရေ ရီနံသန့်စင်စက်ရုံမှာ ကျန်ရစ်ဖို့ အကြွင်းအ ကျန် ဖြစ်ပါရေ။ ယင်းကတ္တရာကို ကိုယ်ပြည်မှာ ဈီးပပေါချေနာင့် သုံးနိုင်ပါဖို့။ ပြီးကေ လိုင်းထနိန်ရေ ရန်ကုန်-စစ်တွေကား လမ်းကိုလည်း စနစ်တကျချေ ပြန်ပြီးကေ ပြင်နိုင်ပါဖို့။ လမ်းမှာ ကားမှောက်လို့ ဂျောက်ထဲကျလို့ အလားလား အပါးပါး သီနိန်ကတ်ရရေ ရခိုင်ပြည်သူ ပြည်သားတိ အရေအတွက်ကိုလည်း လျှော့ချနိုင်ပါဖို့။

Kyaw Htoo Aung

မှီငြမ်းချက်

1. Cohen, Joel E.; Human Population Grows Up, Scientific American, page 13, September 2005.

2. Freudenrich, Craig.; How Oil Drilling Works, , accessed December 28, 2009.

3. Shwe Gas Movement, Corridor of Power: China's Trans - Burma Oil and Gas Pipelines, , accessed December 28, 2009.

4. Lutgens, Frederick K., Tarbuck, Edward J., Tasa, Dennis, Foundations of Earth Science, 5th Edition, New Jersey, Prentice Hall, 2008.

5. Reader's Digest, How in the World?: A Fascinating Journey Through the World of Human Ingenuity, How they know where to drill for oil, Pleasantville, New York, 1990.

www.မူလဖော်ပြထားသောနေရာ.com

No comments:

Post a Comment