ကျွန်တော်သည် ဤစာကို ရေးသားရခြင်းမှာ ခါတော်မီ ငါးပွက်ရာ ငါးစာချခြင်းလည်း မဟုတ်ကြောင်းနှင့် ဗဟုသုတအလို့ငှာ ရေးသားရခြင်းသာ ဖြစ်ကြောင်း စာဖတ်သူများ ဦးစွာသိရှိထားဖို့ လိုပါသည်။
ယင်းကြောင့် ရေးသားသည့် ပုံသဏ္ဍာန်ကိုလည်း စာပေးဆောင်းပါးတစ်ပုဒ် ရေးသားခြင်း၏ ပုံစံလည်းမ ဟုတ်၊ သုတေသနစာတမ်း ရေးသားသည့် ပုံစံလည်းမဟုတ်ဘဲ မှတ်စုသဘောမျိုးရေးသားသည့် ပုံသ ဏ္ဍာန်ဖြင့် ရေးသားခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ တိုင်းရင်းသား လူမျိုးစုကြီး (၈)မျိုးရှိပြီး၊ တိုင်းရင်းသား လူမျိုးနွယ်စုပေါင်း (၁၃၅)မျိုးရှိသည် ဟု နိုင်ငံတော်မှ တရားဝင် အသိအမှတ်ပြုထားပါသည်။ လူမျိုးစုကြီး (၈)မျိုးမှာ ၁။ ကချင်၊ ၂။ ကယား၊ ၃။ ကရင်၊ ၄။ ချင်း၊ ၅။ ဗမာ၊ ၆။ မွန်၊ ၇။ ရခိုင်၊ ၈။ ရှမ်းတို့ ဖြစ်ကြပါသည်။ ထိုအထဲ ရခိုင်မျိုးနွယ်စုထဲ၌ ရခိုင်အပါအ၀င် သက်၊ မြို၊ ဒိုင်းနက်၊ ခမွီး၊ မရာမာတို့ ပါဝင်ပါသည်။ ကမန်ကိုလည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်၌ သတ်မှတ်ခဲ့ပါသည်။ (တစ်ချို့ ကျေနပ်မှု မရှိခဲ့ပါ။)
စာပေကျမ်းဂန်တို့အရ အမ္ဘာပေါ်တွင် လူမျိုး (၁၀၁)ပါး ရှိသည်ဟု ဆိုထားပါသည်။
မြန်မာ - ၇ မျိုး
မွန် - ၄ မျိုး
ရှမ်း - ၃၀ မျိုး
ကုလား - ၆၀ မျိုး
ပေါင်း - ၁၀၀ မျိုး
(သုခမှတ်စုမှ)
ကျွန်တော်တို့ ရခိုင်လူမျိုးများမှာ မြန်မာအုပ်စုထဲတွင် ပါဝင်နေပြီး၊ ရှမ်းအုပ်စုထဲတွင် တရုတ်တို့ ပါဝင်ပါသည်။ မွန်အုပ်စုထဲတွင် ထိုင်း၊ ကမ္ဘောဒီးယားတို့ ပါဝင်ပါသည်။ ကုလားမျိုး ၆၀ တွင် ... (၁) သူရဲ၊ (၂) ပူရန္တ၊ (၃) အာသံ၊ (၄) ရေသူ၊ (၅) ပန်းသေး၊ (၆) ပရိက္ခရား၊ (၇) ဘင်္ဂလား၊ (၈) ကုလားဖြူ၊ (၉) ဘုရင်ဂျီ၊ (၁၀) ဘာလီ၊ (၁၁) သီဟိုဋ်၊ (၁၂) သိန်း၊ (၁၃) စန္ဒာ၊ (၁၄) မောပါ၊ (၁၅) ဒေကို၊ (၁၆) နောထို၊ (၁၇) စောရာ၊ (၁၈) ပစ္ဆိမာ၊ (၁၉) ဘောဒ၊ (၂၀) သုတ္တံ၊ (၂၁) စင်းကြန့်၊ (၂၂) ဦးပြဲ၊ (၂၃) ဇိနပတ္တံ၊ (၂၄) ပူရံ၊ (၂၅) သင်းတွဲ၊ (၂၆) တိလပ်၊ (၂၇) မရမာ၊ (၂၈) ကလံ၊ (၂၉) ကလယ်၊ (၃၀) ပြင်သစ်၊ (၃၁) ဘေရတယ်၊ (၃၂) ဗာရာဏသီ၊ (၃၃) အင်္ဂလိပ်၊ (၃၄) လဟုံ၊ (၃၅) ဒုဒလီ၊ (၃၆) မဒရပ်၊ (၃၇) အင်ကျယ်၊ (၃၈) ကရှူး၊ (၃၉) ဗသျှူး၊ (၄၀) ခလာသီ၊ (၄၁) အာရပ်၊ (၄၂) အာရမ္မဏီ၊ (၄၃) တပသီ၊ (၄၄) ပသီ၊ (၄၅) ဥတ္တရာ၊ (၄၆) လတ္တိကာ၊ (၄၇) စေတုတ်၊ (၄၈) သတ္တဟန်၊ (၄၉) ရတိ၊ (၅၀) ဘိန်းရီး၊ (၅၁) မက္ကတိ၊ (၅၂) တူလီ၊ (၅၃) ဟော်ရတယ်၊ (၅၄) ဇ၀ီ၊ (၅၅) ဘုရင်ဂီ၊ (၅၆) ရမ္မံ၊ (၅၇) အော်လံတေ၊ (၅၈) အောင်လံတစ်၊ (၅၉) ရစ်ပလစ်၊ (၆၀) ကုလား တို့ဖြစ်ကြပါသည်။
(သုခမှတ်စု)
မကြာသေးမီက ကုလားဟူသော အသုံးနှင့် မကျေနပ်သံတစ်ချို့ကို ကြားသိလိုက်ရပါသည်။ ကုလား အသုံးနှင့် ပတ်သက်၍ မြန်မာအဘိဓာန်အတွဲ(၁) က-စ၊ နှာ-၁၂ ၌ အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထား သည်ကို တွေ့ရပါသည်။
ကုလား - န/ ကလား/ ၁။ အိန္ဒိယနိုင်ငံသားများ၊ ၂။ သာမာန်အားဖြင့် မြန်မာနိုင်ငံအနောက်ဘက်ဒေသ များမှ လာသူများ။
- န၀ိ/ ကလား/ နိုင်ငံခြား၌ဖြစ်သော၊ နိုင်ငံခြားမှလာသော။
အိန္ဒိယနိုင်ငံသားများဟု ဆိုရာ၌ ယခုလက်ရှိ အိန္ဒိယနိုင်ငံ၏ နယ်နမိတ်ကို ဆိုလိုခြင်းမဟုတ်ပါ။ ဗြိတိသျှ အုပ်ချုပ်မှုအောက် ပါကစ္စတန် ဘင်္ဂလားအပါအ၀င် အိန္ဒိယနယ်နိမိတ်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ အထူး သဖြင့် မြန်မာနိုင်ငံ အနောက်ဖက်ဒေသများမှ လာသူများဟု အတိအကျ ဆိုထားခြင်း ဖြစ်သည်။
ဤနေရာ၌ ကျွန်တော်တို့သည် ရုံးပတီသီးကို ချောတောင့်သီးဟုခေါ်ခေါ်၊ ကောင်းကင်မျှော်သီးပဲ ခေါ်ခေါ် ၊ ပြဒါးကာသီးကို သင်္ဘောသီးဘဲခေါ်ခေါ်၊ မာလကာသီးကို ဂယိုင်သီးပဲခေါ်ခေါ် အမည်နာမ အခေါ် အဝေါ် က အဓိကပဓာန မဟုတ်ကြောင်းနှင့် ဇာတိဂုဏ်သာ အဓိကဖြစ်ကြောင်း တွေ့ရပါသည်။ ငရုပ်သီးကို အမည် နာမ အသစ်ပေး၍ မည်သို့ပင်ခေါ်ခေါ် အသီး၏ စပ်သောဂုဏ်သာ အဓိက ဖြစ်ပါသည်။ သို့ကြောင့် မြန်မာ အဘိဓါန်၏ ဖွင့်ဆိုချက်အရ အနောက်ဖက်ဒေသမှ ၀င်လာသူများမှာ မည်သည့်လူမျိုး၊ မည်သည့်မျိုးနွယ်၊ မည်သည့်အမည်တပ်၍ ၀င်လာပါစေ ကုလားအုပ်စုထဲ အကျုံးဝင်နေပါသည်။
ကမ္ဘာပေါ်၌ လူမျိုး (၁၀၁)ပါးရှိသည်ဟု အထက်က ဆိုခဲ့ပါပြီ။ ကုလားအမျိုးပေါင်း (၆၀) ရှိသည်ကိုလည်း ပြ ပြီးခဲ့ပြီ။ မြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသမှ ၀င်လာသူများမှာ မည်သူပင်ဖြစ်စေ ကုလားသာဖြစ်ကြောင်း လည်း ပြဆိုခဲ့ပြီးပါပြီ။ ထိုအထဲတွင် ကျွန်တော်တို့လည်း လူမျိုးတစ်မျိုးပါဟု ကြွေးကြောလာသော (ရိုဟင်ဂျာ) ဆိုသည့်အမည်ကို တစ်လုံးတစ်ပါဒမှ မတွေ့ရပါ။
ကျွန်တော်တို့သည် ဘုရားမပွင့်မီ ဘီစီ (၃၃၂၅)ကပင် မာရယုက စတင်ပြီး (ရခိုင်)ဟူသော အမည်ဖြင့် ကိုယ့်ရေမြေကို ခုတ်ထွင်ရှင်းလင်းပြီး ကိုယ့်ထီးကိုယ့်နန်းနှင့် အတည်တကျ နေထိုင်လာခဲ့သော၊ လူမျိုးရောနှောခြင်းကိုပင် လက်မခံခဲ့သော လူမျိုးကြီး တစ်မျိုးပင် ဖြစ်သည်။ ကမ္ဘာကလည်း သိပါသည်။ ထိုအချိန်၊ ထိုကာလကပင် လူမျိုးခြား ကုလားတို့ ဘင်္ဂါလီတို့၊ မူဆလင်တို့ နေထိုင်လာခဲ့သည်ကို သမိုင်း အထောက်အထား မတွေ့ရပါ။
ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ခေတ်တို့ပြီးနောက်၊ မြောက်ဦးခေတ်ရောက်မှ ရခိုင်ဘုရင်တို့က လယ်ကူလီ လုပ်ရန် ဘင်္ဂလားမှ ဘင်္ဂါလီကုလားများကို ရခိုင်မြေသို့ အလုပ်သမားများအဖြစ် ၀င်ခွင့်ပြုခဲ့ပါသည်။ ဗြိတိသျှ ကိုလိုနီ အင်ပါယာခေတ်တွင်လည်း တံခါးမရှိ ဓါးမရှိ ၀င်/ထွက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ ဖ.ဆ.ပ.လ ခေတ် တွင်လည်း မဲအနိုင်ရလိုမှုဖြင့် ဘင်္ဂလီကုလားများကို မတရား ၀င်ခွင့်ပြုခဲ့ပါသည်။ မဲအနိုင်ရလိုမှု၏ လှုပ် ရှားခြင်းမှာ ကုလားတို့အတွက် အခွင့်အရေးတစ်ရပ်ပင် ဖြစ်နေပါသည်။
၁၉၃၁ ခုနှစ်၊ အိန္ဒိယ သန်းခေါင်စာရင်းစာအုပ် နောက်ဆက်တွဲ (ဘီ)နှင့် ပူးတွဲပါရှိသည့် စာရင်းအရ ရခိုင်ပြည် လူဦးရေမှာ (မြန်မာပြည် လူမျိုးဆိုင်ရာ မြေပုံမှ) -
စစ်တွေခရိုင်
မြန်မာလူမျိုးစု ၃၈၇၈၇၂
ကူကီချင်းလူမျိုးစု ၂၉၅၁၆
သက်လူမျိုးစု ၇၀၄၈
ကုလားမြန်မာကပြား ၄၉၇၄၅
ကုလားလူမျိုးစု ၂၁၀၉၉၀
အခြားလူမျိုးစု ၁၂၄၀၉
ကျောက်ဖြူခရိုင်
မြန်မာလူမျိုးစု ၁၉၄၇၂၃
ကူကီချင်းလူမျိုးစု ၁၇၉၃၅
ကုလားမြန်မာကပြား ၃၁၄၁
ကုလားလူမျိုးစု ၄၃၂၁
အခြားလူမျိုးစု ၁၇၂
သံတွဲခရိုင်
မြန်မာလူမျိုးစု ၁၀၃၅၂၆
ကူကီချင်းလူမျိုးစု ၁၈၄၂၅
ကုလားမြန်မာကပြား ၅၀၆၆
အခြားလူမျိုးစု ၂၂၂၈
ရခိုင်တောင်ကုန်းနယ်များ
မြန်မာလူမျိုးစု ၂၂၅၁
ကူကီချင်းလူမျိုးစု ၁၆၂၄၅
အခြားလူမျိုးစု ၂၉၂၂
တို့ ရှိနေပြီး ဖြစ်ပါသည်။ ယနေ့အချိန်တွင် ကုလားလူဦးရေ မည်ရွေ့မည်မျှ ရှိနေပြီဆိုသည်ကို ယှဉ်ထိုးကြည့် ရန် ဖြစ်ပါသည်။
ဤသို့ဖြင့် ဘင်္ဂလီကုလားများ လူဦးရေပေါက်ဖွားနှုန်း ပြင်းထန်စွာဖြင့် လည်းကောင်း၊ ဘင်္ဂလားဒေသ နယ်မြေကျဉ်းမြောင်း ကျပ်တည်းမှုကြောင့် လည်းကောင်း၊ ရခိုင်ဒေသသို့ နယ်မြေလု ၀င်လာကြခြင်းသာ ဖြစ် သည်။ ရှေးဦးတါင် မူဂျာဟစ် လှုပ်ရှားမှုဖြင့် လှုပ်ရှားခဲ့ကြပြီး၊ (၁၉၅၁)ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့ထုတ် ဂါဒီယန် အင်္ဂလိပ် သတင်းစာမှ (ရိုဝန်ညာ)ဟူသော ဝေါဟာရအမည်သစ်ကို ထိုစဉ်က ဘူးသီးတောင် ပါလီမန်အမတ် အဒူဂေါ်ဖားရ်က စတင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ရိုဝန်ညာမှ ရိုဟင်ဂျာသို့ စကားလုံး အသံထွက် အဓိပ္ပါယ်ပြောင်းလဲပြီး သမိုင်းလိမ်ကို ပြုစုရေးသားကြသည်။ ရိုဟင်ဂျာဆိုသည်မှာ မည်သည့် အဓိပ္ပါယ်ပင် ဖြစ်နေပါစေ၊ မည်သို့ အဓိပ္ပါယ်အမျိုးမျိုးနှင့် ဖွင့်ဆိုကြပါစေ၊ ဒီလူဟာ ဒီလူ ပါပဲ ဖြစ်ပါသည်။
ဤသို့ အမည်သစ်တစ်ခုကို ဆယ်စုနှစ် အနည်းငယ်လောက်ကမှ မနေ့တစ်နေ့ကလို စတင်တီထွင်ပြီး လူမျိုး တစ်မျိုးအသွင် ဟန်ဆောင်ကာ ရခိုင်ဒေသ ရခိုင်နယ်မြေကိုပါ (ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော) သူတို့၏ ပိုင်နက် နယ်မြေအဖြစ် တောင်းဆိုပြိး၊ တိုင်းရင်းသားလူမျိုးအဖြစ်ပါ တောင်းဆိုလာသည်။ မည်မျှ အတင့်ရဲ စော်ကားမော်ကား ပြုလာခြင်းလည်း ဆိုသည်ကို အားလုံးအသိပင် ဖြစ်ပါသည်။
ကျွန်တော်တို့သည် မိမိဒေသ၊ မိမိနေရာကို အနောက်ဖက် တံတိုင်းကြီးသဖွယ် မားမားမတ်မတ် သွေး မနှော၊ သွေးမရောဘဲ နှစ်ပရိစ္ဆေဒများစွာ ကာရံထားခဲ့သည်။ တံတိုင်းကြီး ဆွေးမြေ့ပျက်စီး မခံနိုင်ပါ။ ဤသို့သာ မတားဆီးပါက တစ်ချိန်က ဗုဒ္ဓဘာသာ ဖြစ်ခဲ့သည့် အင်ဒိုနီးရှားတို့လို ဖြစ်သွားနိုင်ပါသည်။ (တ က္ကသီလာရှိခဲ့သည့် အာဖကန်နစ္စတန်၊ ယနေ့ ကိုဆိုဘိုတို့ကို ကြည့်ပါ) ကျွန်တော်တို့၏ မျိုးချစ်စိတ်တံတိုင်း ကြီးသာ လဲပြိုသွားပါက ရခိုင်ပြည် တစ်နေရာတည်းအတွက်သာ မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံး အရေး အတွက်ပင် မတွေးဝံ့စရာ ဖြစ်ပါသည်။ လူ့အခွင့်အရေးအရ ဧည့်သည်အဖြစ် နေခွင့်ပြုခဲ့ပါပြီ။ ဧည့်သည် အခွင့်အရေးတို့ကိုလည်း လွတ်လပ်စွာ ပေးခဲ့ပြီး ဖြစ်ပါသည်။ သို့ပါလျက် အိမ်ရှင်ကို ဧည့်သည်က စော်ကား သည်ကိုတော့ မည်သည့်လူ့အခွင့်အရေး စံပေတံအရ လက်ခံနိုင်မည် မဟုတ်ပါ။ မူရင်းဒေသကပင် လက် ခံရန် ငြင်းဆိုခံရသော၊ UNHCR ကပင် လက်ခံကျွေးမွေးရန် မစဉ်းစားနိုင်သော လူအုပ်စုကို လက်ခံနိုင် သည့်၊ သားကရုဏာသက်သည့် တတိယနိုင်ငံများ ရှိပါက "လူ့အခွင့်အရေး၊ လူ့အခွင့်အရေး"ဟု အော်နေ မည့်အစား လက်တွေ့ကျကျ လက်ခံကြရန်သာ ဖြစ်ပါသည်။
ရခိုင်တို့၌ သမိုင်းရှိပါသည်။ သမိုင်းကို လိမ်ညာ၍ မရပါ။ ရခိုင်သမိုင်းတွင် မြောက်ဦး၊ မင်းပြားမြို့နယ်၊ ပါးတော်ရွာ ကျောက်တောင်၌ တွေ့ရသည့် တစ်ကြောင်းဆွဲကောက်ကြောင်း ကျောက်ထွင်းပန်းချီသည် အဓိ ကသက်သေပင် ဖြစ်ပါသည်။ တိုင်းတစ်ပါးမှ နယ်မြေ ကျူးကျော်ဝင်လာသည့် ရန်သူများကို ဒေသခံတိုင်းရင်း သားများက ဇာတိသွေး ဇာတိမာန်ဖြင့် ရရာလက်နက်နှင့် တွန်းလှန်တိုက်ထုတ်နေသည့် ပုံဖြစ်ပါသည်။
(ဒေါက်တာ ဖော်ချမ်မာ - အာရကန်)
ယခုလည်း ကျွန်တော်တို့ ရခိုင်နယ်မြေသည် ပါးတော်ကျောက်ဆောင်ကပြောသည့် သမိုင်းကဲ့သို့ အခြေ အနေကို ဆိုက်ရောက်နေပြီဟု ဆိုရပါမည်။ ထိုထက်မက ကြီးကျယ်ချင်လည်း ကြီးကျယ်ပါလိမ့်မည်။ အားလုံး ကိုယ်တွေ့ကြုံဖူးထားသူများပင် မဟုတ်ပါလား။ မိမိ၏မြေကို မတရားခိုးဝင် ကျူးကျော်လာသူများအား မည်သူက ပျော်ရွှင်စွာ လက်ပိုက်၍ ထိုင်ကြည့်နေပါအံ့နည်း။ နိုင်ငံတော်သမ္မတကြီးကလည်း "တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်..."ဟူ၍ အတိအလင်း ပြောကြား ခဲ့ပြီးပြီ မဟုတ်ပါလား။
ဂေါယာမြေစောဝင်း
ဂေါယာမြေစောဝင်း ရေးသားသည့် သြဂုတ်တစ္ဆေနှင့် အခြားစာစုများ စာအုပ်မှ -

No comments:
Post a Comment