ရခိုင်အဘိဓါန် ပြုစုရေး

"ရခိုင်မှာ ဝေါဟာရဆိုစွာကို အမှု၊ အခြင်းလို့ သုံးစွဲကတ်ပါရေ။ ဥပမာ အင်္ဂလိပ်စကားကို အင်္ဂလိပ်အမှု - အင်္ဂလိပ် ခြင်း၊ အင်္ဂလိပ်စကား ပြောတတ်သူကို အင်္ဂလိပ်မှုတတ် - အင်္ဂလိပ်ခြင်းတတ်လို့ ဆိုကတ်ပါရေ။ ယင်းနန့် ဘာသာစကားဆိုစွာ ရခိုင်ရို့ အသုံးအရ အမှု၊ အခြင်းလို့ ထင်ရှားနိုင်ပါရေ။"(အသျှင်စက္ကိန္ဒ)

စာဟိရေ လူမျိုးတိုင်းမှာ အဘိဓါန် ပြုစုထားတတ်တေ။ အဘိဓါန်ရှိကေ စာလုံးပေါင်းကို သိချင်ခါ ဖြစ်ဖြစ်၊ စ ကားလုံး အဓိပ္ပါယ်ကို နားမလည်ခါ ဖြစ်ဖြစ် အဘိဓါန်မှာ ရှာကြည့်နိုင်ရေ။ ခေတ်သစ် အဘိဓါန်တိမှာ စကား တစ်လုံး၏ စာလုံးပေါင်းနန့် အဓိပါယ်တိကိုရာမက အသံထွက်၊ သုံးပုံ သုံးနည်းတိနန့် စကားလုံး၏ ရင်းမြစ်ကို ပါ အကိုးအကား အခိုင်အလုံနန့် သမိုင်းကြောင်းလျှောက်ပျာ ဖော်ပြတတ်ပါရေ။ ယင်းပိုင် အဘက်ဘက် က ပြည့်စုံရေ အတွက် သက်ဆိုင်ရေ ဘာသာစကားကို ဆရာနန့် အခြီခံလောက်ရာ သင်ဖူးသူ တစ် ယောက်ရေ ကိုယ်လေ့လာချင်ရေ စာကို အဘိဓါန် အကူအညီနန့် ဆက်ပနာ လေ့လာဖို့ ဖြစ်နိုင်ပါရေ။

အဘိဓါန် ပေါ်လာရစွာ အကြောင်းရင်းတိကို စစ်ကြည့်ကေ၊ ကိုယ့်ဒေသအခြေအနေ၊ ကိုယ့်ဘာသာ စကား အဆင့်ကိုလိုက်လို့ အကြောင်းအမျိုးမျိုး ဟိတတ်ဖို့ ဖြစ်ပါရေ။ ယင်းအကြောင်းတိထဲမှာ ယေဘုယျကျရေ အကြောင်း တစ်ခုက ဘာသာစကားရို့၏ တပင်တည်းပြောင်းတတ်တေ သဘာဝအကြောင်းကြီး ဖြစ်ပါရေ။ ဇာနီရာမာ ဖြစ်ဖြစ်၊ ဇာအချိန်မာ ဖြစ်ဖြစ် ဘာသာစကားတိုင်း ပြောင်းတတ်ပါရေ။ အသံပြောင်းတတ်တေ။ စာလုံးပေါင်း ပြောင်းတတ်တေ။ အဓိပ္ပါယ် ပြောင်းတတ်တေ။ သဒ္ဒါပြောင်းတတ်တေ။

ဘာသာစကား ပြောင်းတတ်စွာအထဲမာ အသံပြောင်းတတ်စွာက အသိသာဆုံးဖြစ်ပါရေ။ စကားပြောတူရေ လူတစ်မျိုးတည်းထဲမာ ဒေသတစ်ခုနန့်တစ်ခု စားပြောသံ မတူစွာကိုထားလိုက်ဖိ၊ မိသားစု တစ်ခုတည်း မာ တောင် တစ်ယောက်နန့်တစ်ယောက် စကားပြောသံ၊ ပြောဟန်ရို့ စွပ်ပစ် မတူတတ်ပါ။ ယေဇူးနန့် ဘာသာ စကားကို အက္ခရာနန့် မှတ်တမ်းတင်စခါ စာလုံးပေါင်း အနီမကျစွာကို တွိရတတ်တေ။ စာပီ ပညာသျှင်တိရေ အများပြောဆိုရေ စကားလုံးကိုလိုက်ပနာ စာလုံးပေါင်းစနစ်ကို ထွင်လာကတ်ရပါရေ။

ယင်းထိုးထွင်းချက်တိ စနစ်ကျလို့ လူအများတဆတ်ဆတ် လက်ခံသုံးစွဲလာခါပြီးမှ သူ့ခေတ်အလိုက် အများ လက်ခံရေ စာလုံးပေါင်း ဖြစ်လာတတ်တေ။ ယင်းစာလုံးပေါင်းကို အာဏာပိုင်တိက ပြဋ္ဌာန်း ပီးလိုက်တေ ဆို ကေ အတည်ဖြစ်ဖို့ လွယ်ပါရေ။ ယေဒါလေးသော့ ထာဝရအတည်ဖြစ်စွာ မဟုတ်။ အချိန် ပြောင်းရေအနှုန်း အသံလေး ပြောင်းလာရေ။ ခိုင်လုံရေ အရီးအသားမှတ်တမ်း ဇာလောက်ပင်ဟိဟိ အသံကတည်မနီ။ အသံ တည်မနီ ကတ်စွာကို အောက်က သာဓကသျှေကို ကြည့်ကေ သိပါလိမ့်မေ။

"တန်ဆောင်မုန်းလ၊ ဟေမန္တသည်၊ ချမ်းစပေါ်၊ လူ့ရွာပွဲသဘင်"ဆိုရေ ဥက္ကာပျံ၏ တန်ဆောင်မုန်းလ ရတု ကြီးထဲက ကာရန်ယူစွာမာ "ပေါ်"ဆိုရေ စကားလုံးကို ဥက္ကာပျံရို့ခေတ်ကလူတိ "အော်" သရသံ မထွက်။ "အာ"သရသံရာ ထွက်တေဆိုစွာကို သူ့နောက်က လိုက်ပါလတ်တေ "ရာ"ကာရန်ကိုကြည့်လို့ သိနိုင်ပါရေ။ စာလုံးပေါင်း မပြောင်းကေလေးသော့ အသံပြောင်းလားစွာ ပေါ်နီပါရေ။ အေခေတ်မာ "ပေါ်"ကို "ပွာ" ထွက် လူထွက်ပြီးကေ "ပို" ထွက်လူ ထွက်နီကတ်စွာကို တွိနီရပါရေ။

အေပိုင် ပြောင်းတတ်စွာကို တတ်နိုင်ရေဆီ ထိန်းချုပ်နိုင်အောင် သတ်ပုံကျမ်းတိ၊ အဘိဓါန်ကျမ်းတိ ပြုစုကတ် ရစွာ ဖြစ်ပါရေ။ ခေတ်သစ်အဘိဓါန်တိမာ စကားတစ်လုံး၏အသံကို သဒ္ဒလက္ခဏာ (Phonetic Alphabets) တွင်ဗျာ ယင်းစကားလုံးနောက်က ကွင်းနန့် ဖော်ပြတတ်ပါရေ။ အသံတညီတည်းထွက်ကေ ယင်းဘာသာ စကားကို သုံးရေလူတိအချင်းချင်း ဆက်ဆံခါလွယ်ဖို့ မဟုတ်ပါလာ။

တစ်ခါ စာလုံးပြောင်းစွာ ကိစ္စကိုကြည့်ကေ စာလုံးပေါင်းပြောင်းစွာရေ အသံပြောင်းစွာနန့် ဆက်နီတတ်စွာကို တွိရပါရေ။ ရခိုင်စကားမာ "၀ရီး၊ ၀ဖြီး၊ ၀ဒန်း၊ ဇင်းခါး"ဆိုရေ စကားလုံးတိရေ "ဦးရီး၊ ဦးဖြီး၊ ဥဒါန်း၊ စကြ မ"ဆိုရေ စကားတိက ပြောင်းလာစွာတိ ဖြစ်တေ။ မူလစကားလုံးကို ယင်အောင်၊ လွယ်အောင်ပြောယက်ပင် ပထမအသံ ပြောင်းပါလတ်တေ။ နောက် အသံကိုလိုက်လို့ စာလုံးပေါင်း ပြောင်းလာစွာဖြစ်တေ။ အဘိဓါန် ပြုစုရစွာ အကြောင်းထဲမာ အသံနောက်ကိုလိုက်လို့ စာလုံးပေါင်း စည်းလွတ်ဝါးလွတ် ပြောင်းချင်ဆီ မပြောင်း ရအောင် သုံးရေခါ စာလုံးပေါင်း တညီတည်းဖြစ်အောင်ဆိုရေ ရည်ရွယ်ချက်တိ ပါ ပါရေ။

နောက်တစ်ခါ စကားလုံး အဓိပ္ပါယ်ကို သမိုင်းကြောင်း လျှောက်လို့ စစ်ကြည့်ကေ စကားလုံးတိရေ မူလ အဓိပ္ပါယ်မာချည်း တပင်တည်း တည်မနီကတ်စွာကို တွိရရေ။ အချိန်ကြာရေ အနှုန်း အဓိပ္ပါယ်လေး ပြောင်း တတ်ပါရေ။ အဓိပ္ပါယ် ပွားတတ်ပါရေ။ စားဆိုရေ စကားလုံး၏ မူလအနက်ရေ အစာကို မွားဗျာ မျိုချရေ အပြုအမူအတွက် သုံးစွာဖြစ်တေ။ ယေဒါလေးသော့ အေခေတ်မာ ယင်းအတက်တောင်မက တာစားရေ၊ မီးစားရေ၊ ဒုတ်နန့်အစားခံရရေ၊ စားသာရေ ဆိုရေ အနက်မျိုးတိနန့် သုံးနီကတ်စွာကို တွိရပါရေ။

အေပိုင် အဓိပ္ပါယ်ပြောင်းစွာ အဓိပ္ပါယ်ကျယ်လာစွာတိကို စာပီရီးဖွဲ့ရေလူတိက ကိုယ့်စာထဲမှာထည့်ဗျာ သုံး ကတ်တေ။ အဘိဓါန်ပြုစုရေ လူတိက ယင်းသာဓကတိကိုယူဗျာ အဘိဓါန်မှာ မှတ်တမ်းတင်ကတ် ရပါရေ။

ဘာသာစကားရို့ရေ ကာလကြာရေခါ သဒ္ဒလေး ပြောင်းလာတတ်တေ။ ရခိုင်မာ "သို့" ဆိုရေ နောက်ဆက် ပစ္စည်းကို မြောက်ဦးခေတ်တိမာ မြောက်သို့၊ တောင်သို့ ဆိုပြီးကေ ဦးတည်ရာ နောက်ဆက် (ရှေ့ရှု ရာ နောက်ဆက်) အဖြစ် သုံးခကတ်တေ။ ယင်းသို့ အသုံးရေ နောက်ပိုင်းမာ အရပ်သုံးစကား "တို့" ဖြစ်လာ ပြီးကေ မြောက်ဘက်တို့၊ တောင်ဘက်တို့၊ အိမ်တို့လားရေ၊ ငါ့ပါးတို့ လာလတ်၊ ဒို့လာလတ် ဆိုပနာ ပြောလာ တတ်တေ။ ယင်း"တို့" နီရာမာ အချို့က ကံနောက်ဆက်ကို ထည့်ဗျာ သုံးကတ်ပြန်ရေ။ အေနိဆိုကေ "သို့" အသုံးကို လူသုံး နည်းပြီးကေ "တို့၊ဒို့၊ကို" ရို့ကိုရာ လူသုံးများလာစွာကို တွိရရေ။ အေသာဓကရေ ရခိုင် ဘာသာ စကားမှာ သဒ္ဒါပြောင်းတတ်တေ သဘောအတွက် ခိုင်လုံရေ သာဓကတစ်ခုပင် ဖြစ်ပါရေ။ အေပိုင် သဒ္ဒါပြောင်းတတ်စွာကိုလေး အဘိဓါန်ဆရာက မှတ်တမ်းတင် ရပါရေ။

အထက်တင်ပြချက်တိကို ခြုံကြည့်လိုက်ကေ အဘိဓါန်ပေါ်လာရစွာမာ အရင်းခံအကြောင်းရေ ဘာသာစကား ၏ တပင်တည်း ပြောင်းတတ်တေ သဘာဝ (အသံ၊ စကားလုံး၊ အဓိပ္ပါယ်၊ သဒ္ဒါ)ကြောင့် ဖြစ်တေဆိုစွာကို တွိရဖို့ ဖြစ်ပါရေ။

အဘိဓါန်ပေါ်လာရစွာမာ နောက်အရေးကြီးစွာ အချက်တစ်ခု ဟိပါသီးရေ။ ယင်းအချက်က ခေတ်ဟောင်း စကားလုံးတိ၊ ခက်ခဲရေစကားလုံးတိ၊ အသုံးကောင်းကောင်းနည်းရေ စကားလုံးတိ ပျောက်ကွယ် မလားရ အောင် မှတ်တမ်းတင် ထိန်းသိမ်းထားချင်ရေ အချက်ဖြစ်တေ။ အေအချက်ကြောင့် ခေတ်ဟောင်းက တချို့ အဘိဓါန်တိ ပေါ်လာရပါရေ။ အရီစကိုဖိန်း (Aristophanes 257-?-?180 BC)၏ ဂရိ အဘိဓါန်ရေ ဂရိဘာသာစကားထဲမာ ခက်ခဲရေ စကားလုံးတိ၊ အသုံးကောင်းကောင်းနည်းရေ စကားလုံးတိကို မှတ်တမ်း တင်ထားရေ အဘိဓါန်မျိုး ဖြစ်တေ။ အေဒီ ၁၆၀၄-ခုမာ ရောဘက်ကော်ဒရေ (Robert Cawdrey) ပြုစုရေ ပထမဆုံး အင်္ဂလိပ်အဘိဓါန်လေးသော့ ခက်ခဲရေ စကားလုံးတိကို မှတ်တမ်းတင်ထားစွာမျိုး ဖြစ်ပါရေ။ သျှင်မဟာသီလ၀ံသ၏ ပေါရာဏကထာ လင်္ကာဟောင်း၊ တွင်းသင်းမင်းကြီး၏ တွင်းသင်း ပေါရာဏ ကထာ ရို့ လေးသော့ ရှိဟောင်းမြန်မာစကားလုံးတိ အဓိပ္ပါယ်ကို နောက်လူတိ သိနိုင်အောင် မှတ်တမ်း တင်ထားစွာ တိ ဖြစ်ပါရေ။

အဘိဓါန် အစ

ကမ္ဘာမာ ရှိအကျဆုံး အဘိဓါန်ကို အဆီရီယံတိနန့် ဘေဘီလုံနီယန်တိက ၆၆၉-၆၃၃ ဘီစီကပင် သုံးခကတ် ပျာ ဆိုပါရေ။ အရုပ်စာတိထက် စာအက္ခရာသင်္ကေတတိကို သုံးလာရေခါ ယင်းအက္ခရာတိကို နား လည် အောင် အရုပ်စာတစ်ဖက်၊ အက္ခရာ တစ်ဖက်တွဲဗျာ ကျမန်းပြားမာ ကော်လံဆွဲလို့ ယှင်းပြရေ အဘိဓါန်မျိုး ဖြစ်ပါရေ။

အနောက်နိုင်ငံတိမာ တရုတ်လူမျိုးရို့ရေ အဦးဆုံးအဘိဓါန်သုံးရေ လူမျိုးဖြစ်တေ။ ၁၅၈-ဘီစီ ကပင်စလို့ သုံးခရေ ဆိုပါရေ။ အေဒီ ၅၃၀ မာ ထုတ်ဝီရေ ကူယေ၀န် (Ku Ye Wang)၏ တရုတ် အဘိဓါန် ရေ နောက် ခေတ်တိမာ ပေါ်လာရေ တရုတ်၊ ဂျပန် အဘိဓါန်တိအတွက် အခြီခံပင် ဖြစ်တေလို့ မှတ်သားရပါရေ။

အိန္ဒိယမာ အမရသီဟံဆရာက အေဒီ ၉-ရာစု အတွင်းမာ အမရကောသ သကဋအဘိဓါန်ကို ပြုစုခရေ ဆိုပါ ရေ။ ယင်းအဘိဓါန်ကို အတူယူဗျာ သီဟိုဠ်ကျွန်းသား အသျှင်မောဂ္ဂလန်မထေရ် ပါဠိဘာသာ အဘိ ဓာပ္ပဒီပိ ကာကျမ်းကို အေဒီ ၁၂-ရာစုမာ ပြုစုခပါရေ။ အေ အဘိဓါန် ကျမ်း နှစ်စောင်စုံကို မြန်မာပညာသျှင်တိ ပုဂံ ခေတ်ကပင် လေ့လာဖို့ထင်ရေလို့ ဆရာဦးတင်လှက "မြန်မာ အဘိဓါန် သမိုင်းချုပ်" စာတမ်းမာ ခန့်မှန်း ဖော်ပြပါရေ။

ရှိခေတ် ရခိုင်ပြည်မာ အဘိဓါန်ကျမ်းတိ ဟိ၊မဟိ၊ သုံး၊ မသုံးကို သုတေသနမလုပ်ရသီးလို့ အတိအကျ မပြောနိုင်ပါ။ အာနန္ဒစန္ဒြကျောက်စာ အရှိဘက်မျက်နှာမာ ရီးထိုးထားရေ အက္ခရာ ပုံသဏ္ဍာန်ကို ကြည့် ပနာ အေဒီ-၄ ရာစုလောက်ကပင် စာအရီးအသားကို အသုံးပြုကတ်ပျာလို့ ပညာသျှင်တိ ခန့်မှန်းကတ် ပါရေ။ ယင်းခေတ်ကပင် နောက်ခေတ် အသီးသီးရို့မာ ဗုဒ္ဓဘာသာနန့် အိန္ဒိယမှ စာပီယဉ်ကျေးမှုတိ ရခိုင်ပြည်မာ ပြန့်ပွားခပါရေ။ ယင်းကြောင့် အိန္ဒိယနန့် သီဟိုဠ်ကျွန်းရို့က အဘိဓါန် ကျမ်းတိ လေးသော့ ရခိုင်ပြည်သို့ ရောက်လီဖို့ပိုင် တွိရေလို့ ဆိုချင်ပါရေ။

အဘိဓါန် အဓိပ္ပါယ်နန့် အမျိုးအစား

ပါဠိစကား အဘိဓါန်ကို မြန်မာရို့က အဘိဓါန်လို့ ခေါ်ကတ်ပါရေ။ နာမည် အမျိုးမျိုးကိုပြရေကျမ်း၊ ဝေါဟာရ စကားရို့၏ အနက်ပြကျမ်းလို့ အဓိပ္ပါယ် ရပါရေ။ ခေတ်သစ်အဓိပ္ပါယ်နန့် ဆိုပါကေ အဘိဓါန်ဆိုစွာရေ ဘာ သာစကား တစ်ခု (၀ါ) ဒေသန္တရစကားတစ်ခု (၀ါ) အကြောင်းရပ်တစ်ခုနန့်ဆိုင်ရေ စကားလုံးတိကို အက္ခ ရာစိုင်ဗျာ ကိုယ့်ဘာသာစကားနန့်ဖြစ်ဖြစ်၊ အခြားဘာသာစကားနန့် ဖြစ်ဖြစ် ယှင်းပြရေ ကျမ်းစာအုပ်ကို ခေါ် ပါရေ။

ဒေနိကမ္ဘာမာ အဘိဓါန်အမျိုးမျိုး ဟိပါရေ။ ဘာသာစကား အဘိဓါန်၊ ဆီးအဘိဓါန်၊ နိုင်ငံရေး အဘိဓါန်၊ ဒဿ နိက ဗေဒ အဘိဓါန်ဆိုရေ အဘိဓါန်တကာ အဘိဓါန်တိ ရီတွက်မရအောင် ဟိပါရေ။ ယေဒါလေးသော့ ခြုံ လိုက်ကေ အဘိဓါန် ၂-မျိုးတည်းရာ ထွက်လာပါရေ။ တစ်မျိုးက ၂-ဘာသာ အဘိဓါန် (bilingual Dictionary) ဖြစ်တေ။ ဦးထွန်းငြိမ်း၏ အင်္ဂလိပ်-မြန်မာ အဘိဓါန်မျိုးရေ ၂-ဘာသာ အဘိဓါန်မျိုး ဖြစ်တေ။ နောက်တစ်မျိုးက တစ်ဘာသာ အဘိဓါန် (Onelanguage Dictionary) ဖြစ်ပါရေ။ စာတည်းမှူး ဦးဝန်၏ တက္ကသိုလ်မြန်မာ အဘိဓါန်ရေ တစ်ဘာသာ အဘိဓါန်မျိုး ဖြစ်တေ။

အဘိဓါန် ပြုစုပုံ

အဘိဓါန် အမျိုးမျိုးဟိရေပိုင် ပြုစုပုံလေးသော့ အမျိုးမျိုးဟိပါရေ။ အေဆောင်းပါးမာ ခေတ်မီ ဘာသာစကား အဘိဓါန် ပြုစုဖို့ အခြီခံ လိုအပ်ချက်ကိုရာ လိုရင်းလောက် တင်ပြလားပါမေ။

ခေတ်သစ် အဘိဓါန်ပြုစုစွာမာ အရေးကြီးဆုံး အလုပ်ရေ စကားလုံး စုဆောင်းရေးအလုပ် ဖြစ်ပါရေ။ ဘာသာ စကား အဘိဓါန်တစ်ခုမာ ယင်းဘာသာစကား "အပြော၊ အရီး"ထဲမာ ဟိသရွိ စကားလုံးတိ ပါဝင် ရဖို့ ဖြစ်ပါ ရေ။ စကားလုံးတိကို အဟောင်း၊အသစ် မရွီးရပါ။ အယဉ်၊ အရိုင်း မခွဲရပါ။ လူသုံး အနည်း အများကိုလေး မကြည့်ရပါ။ ရှိသုံးစကားလုံးအားလုံး၊ ခေတ်သုံးစကားလုံး အားလုံးရို့ကို အဘိဓါန်မာ ထည့်ရဖို့ဖြစ်ပါရေ။ ဘာသာစကားဆိုစွာ တပင်တည်းပြောင်းနီကေလေးသော့ ပြောင်းရေဆီ "၁၀-မျိုး ပြောင်းပြောင်း၊ အမျိုး ၂၀- ပြောင်းပြောင်း" အားလုံးကို အဘိဓါန်မာ ဖော်ပြရဖို့ ဖြစ်တေ။ ချန်ပစ်ခလို့မရ။ အပိုလေး မထည့်ရ။ ပြီးပြည့်စုံ ရေ ဘာသာစကား အဘိဓါန်တိမာ ယင်းစည်းကမ်းကို လိုက်နာကတ်ပါရေ။

စကားလုံးစုရရေ အလုပ်ရေ ကမ္ဘာလောက် ကျယ်ရေအလုပ်ဖြစ်တေအတွက် လူအများပါဝင်ကူညီရာ ပြီးပြည့် စုံနိုင်ဖို့ ဖြစ်တေ။ ကမ္ဘာကျော် အောက်စဖို့ အင်္ဂလိပ်အဘိဓါန် (The Oxford English Dictionary) ကြီးအ တွက် စာဖတ်ပရိသတ်က သရုပ်ဆောင် ကော်ကနုတ်ချက် ကတ်ပြားပေါင်း ငါးသန်းကို ခေတ်မျိုးစုံ စာရီး ဆရာပေါင်း ငါးထောင်တို့၏ အရီးအဖွဲ့တိက စုပီးကတ်တေဆိုပါရေ။ ယင်းကတ်ပြားထဲက တစ်သန်းကျော် (၁၈၂၇၃၀၉)ကို အဘိဓါန်ထဲမာ ဖော်ပြရေလို့ သိရပါရေ။ အဘိဓါန်မာ ပါရေ စကားလုံး ပေါင်းက လေးသိန်း ကျော် (၄၀၄၈၂၅) ဟိပါရေ။ အဂု မြန်မာ ကော်မရှင်၊ အဘိဓါန်နန့် ရီးထုံးကော်မတီက ပြုစုနီရေ မြန်မာ အဘိဓါန်ကြီးလေးသော့ ပြန်သူအကူအညီကိုယူဗျာ စကားလုံး စုဆောင်း ခစွာကို ကျွန်တော်ရို့ သိပြီးဖြစ် တေ။

စကားလုံးစုလို့ပြီးကေ စုထားရေ စကားလုံးတိကို ကိုယ့်ဘာသာစကားမာ အများသုံးနီကျအတိုင်း အက္ခရာစိုင် ရပါရေ။ အဘိဓါန်အတွက် စုထားရေ စကားလုံးကို အက္ခရာစိုင် ပြုစုရစွာရေ အဘိဓါန်ပြုစုသူအတွက်နန့် အဘိဓါန် အသုံးချရေ လူအတွက်ပါ လွယ်စီရေလို့ ဂျာမန် အဘိဓါန်လို့ နှစ်မျိုးဟိစွာမာ တစ်ဘာသာ အဘိဓါန် အတွက် အဓိပ္ပါယ်ဖွင့်ရစွာက  ပိုချက်တေလို့ ဆိုပါရေ။

စကားပုံမာ။ "ခွီး" --- ဆိုရေ ရခိုင်စကားကို အင်္ဂလိပ်ဘာသာနန့် "dog" လို့ အလွယ်ကာသား အဓိပ္ပါယ် ဖွင့်နိုင်ပါရေ။ ယေဒါလေးသော့ ယင်းခွီးစကားလုံးကို ယင်းစကားလုံးမပါဘဲ ရခိုင်ဘာသာစကားနန့် အဓိပ္ပါယ် ဖွင့်ရကေ "အိမ်မာ မီးစပ်ထားကတ်တေ အသျှင်ကို ခင်မင်စောင့်ရှောက်တတ်သော၊ ဟောင်တတ်တေ ခြီ လေးချောင်း တိရစ္ဆာန်"လို့ ဖြစ်လာပါဖို့။ အေနမူနာကို ကြည့်ကေ တစ်ဘာသာ အဘိဓါန်အတွက် အဓိပ္ပါယ် ဖွင့်ရစွာ မလွယ်ကြောင်း သိနိုင်ပါရေ။ ယေဇူးနန့် ဂျာမန် အဘိဓါန်ကြီးကို ဂရိမ်းညီနောင် ရို့ ပြုစုရေခါ လိုအပ်ကေ အချို့စကားလုံးတိကို လက်တိန်နန့်ဖြစ်ဖြစ်၊ တခြားဘာသာစကားနန့်ဖြစ်ဖြစ် အဓိပ္ပါယ်ဖွင့်ရေလို့ မှတ်သားရပါရေ။

အဘိဓါန် ပြုစုရေခါ ကိုယ့်အဘိဓါန် ခိုင်လုံဖို့နန့် ဖော်ပြရေ စကားလုံးတိ အဓိပ္ပါယ်ပေါ်ဖို့အတွက် စာပီ မှတ်တမ်းထဲက ဖြစ်ဖြစ်၊ ရပ်ရွာသုံး စကားထဲက ဖြစ်ဖြစ်၊ ကောက်နုတ်ချက်တိုက်ယူဗျာ သက်သီအဖြစ် ထည့် ပီးရပါရေ။ ယင်းသက်သီခံ ကောက်နုတ်ချက်တိကို ဇာကျမ်း၊ ဇာစာမျက်နှာက ကောက်နုတ်ထားကြောင်း အရပ်သုံးဆိုကေလေး ဇာမြို့ ဇာရွာက အသုံးဖြစ်ကြောင်း ဖော်ပြရပါရေ။ ယင်းပိုင်ဖော်ပြနိုင်မှ ကိုယ့်အဘိဓါန် အဆင့်မီဖို့ ဖြစ်ပါရေ။ အများက အားကိုးဖို့ ဖြစ်ပါရေ။

အဘိဓါန် ပြုစုရေခါ တခြားထည့်သင့်ရေ အချက်တိက စာလုံးပေါင်းနန့် အသံထွက်ရို့ ဖြစ်ပါရေ။

စကားလုံးကို အေခေတ်မာ စာလုံးပေါင်းပုံပေါင်းနည်းနန့် ခေတ်ဟောင်းက ပေါင်းပုံပေါင်းနည်း တူချင်မှ တူပါ ဖို့။ မတူကေ မတူစွာကို သူ့ခေတ်စာလုံးပေါင်း ရီးထုံးအတိုင်း အဘိဓါန်ပြုစုသူက ဖော်ပြရပါရေ။

အသံထွက်ကိစ္စမာလေး ယင်းသဘောအတိုင်းပင် ဖြစ်ပါရေ။ အေခေတ်မာ ဒေသအလိုက်ထွက်တေ အသံ တိ၊ ခေတ်ဟောင်းမာ ထွက်တေ အသံထွက်တိ သာဓကပြဗျာ ဖော်ပြရပါရေ။ ခေတ်သစ် အဘိဓါန်တိမာ အသံ ထွက်တိ အတိအကျ ပြနိုင်အောင် နိုင်ငံတကာသုံး သဒ္ဒါလက္ခဏာ (international Phonetic Alphabets) ကိုဖြစ်စီ၊ သဒ္ဒလက္ခဏာ အသစ်ထွင်လို့ဖြစ်စီ ဖော်ပြတတ်ပါရေ။ လင်ဒင် တက္ကသိုလ်မာ ပြုစုနီရေ မြန်မာ အင်္ဂလိပ် အဘိဓါန်ကြီးအတွက် အသံထွက် ဖော်ပြရေခါ သဒ္ဒလက္ခဏာ အသစ်ထွင်ဗျာ အသုံးပြုရေလို့ သိရပါရေ။

အထက်တင်ပြချက်တိကို ကြည့်ကေ ခေတ်မီ အဘိဓါန်တစ်စောင် ပြုစုဖို့စွာ မလွယ်ကြောင်း သိနိုင်ပါရေ။ ကမ္ဘာကျော် အောက်စဖို့ အင်္ဂလိပ် အဘိဓါန်ကို နှစ်ပေါင်း ၄၀-ကျော် ပြုစုရေ ဆိုပါရေ။ ဂျာမန် အဘိဓါန် ကြီးကို ဂရိမ်းညီနောင်ရို့ လက်ထက်ကပင် အေခေတ်ရောက်အောင်ထိ နှစ်ပေါင်း ၁၂၅-နှစ်လောက် ပြုစုခ ရရေ ဆိုပါရေ။ တက္ကသိုလ် မြန်မာအဘိဓါန်ကို ၁၉၄၄-ခုကစဗျာ ပြုစုလာစွာ ၁၉၆၄-ခု ရောက်ခါပြီးမှ က-အ က္ခရာက ဆ-အက္ခရာထိကို ပုံနှိပ်ထုတ်ဝီနိုင်ပါရေ။

လင်ဒင်တက္ကသိုလ်မာ ပြုစုနီရေ မြနာမာ အင်္ဂလိပ်အဘိဓါန်ကြီးကို ၁၉၃၁-ခုလောက်ကပင် ပြုစုလာစွာ အဂုထိမပြီးပါသီး။ ၁၉၈၄-ခုနှစ်ရောက်ခါမှ ပြီးနိုင်ဖို့လို့ ခန့်မှန်းထားပါရေ။ အေသာဓကတိကို ကြည့်ကေ အဘိဓါန်လုပ်ငန်းရေ "ဂုရီတွင်းတူး၊ ဂု ရီကြိုင်သောက်" နိုင်ရေ လုပ်ငန်းမျိုး မဟုတ်ကြောင်း နားလည်နိုင် ပါရေ။ ပညာသျှင်လုပ်သား အများက ပြည်သူလူထုအကူအညီ၊ အစိုးရအကူအညီနန့် အပင်ပန်း ခံဗျာ၊ ဇော ကောင်းကောင်း၊ စိတ်ရှည်ရှည် သည်းခံပနာ လုပ်နိုင်မှ ဖြစ်နိုင်ရေ ဧရာမ အလုပ်မျိုးဖြစ်ပါရေ။

ပြုစုပြီးသား ရခိုင်အဘိဓါန်တိ

ရခိုင်တိမာ ပုံနှိပ်ထုတ်ဝီထားရေ  အဘိဓါန် မဟိပါသီး။ ထုတ်ဝီဖို့ ရည်မှန်းချက်နန့် ပြုစုထားရေ အဘိဓါန်တိ ရာ ဟိပါရေ။ အေနီရာမာ ကျွန်တော်သိရေ အဘိဓါန်နှစ်စောင်ကို စာဖတ်သူရို့ သိအောင် တင်ပြလားပါမေ။

ပထမ အဘိဓါန်က ရခိုင်ရာဇ၀င်နန့် စာပီသုတေသီ အသျှင်စက္ကိန္ဒ "ရခိုင်ဒေသန္တရ ဝေါဟာရ အဘိ ဓါန်" ဖြစ်ပါရေ။ အသျှင်စက္ကိန္ဒရေ အေအဘိဓါန်ကို ၁၉၅၉-ခုကပင်စဗျာ ပြုစုလာပါရေ။ အဘိဓါန် အခြေ အနေကို သိချင်လို့ လျှောက်ထားမီးမြန်းရေခါ ၁၉၆၆-ခုနှစ်ကပင် အဘိဓါန် "လက်ရေးမူကြမ်း" ပြီးနီဗျာလို့ မိန့်ကြား ပါရေ။ စာမျက်နှာ ၁၆၀-ဗာလာစာအုပ် ဆယ့်ခုနစ်အုပ် ဟိရေဆိုပါရေ။ အဘိဓါန်မာထည့်ရေ စကားလုံး တိရေ ရခိုင်ပြည်မာ တွိသရွိ ရခိုင်ကျောက်စာ၊ ပီစာ၊ ပုရပိုက်စာ၊ စာအုပ်၊ စာစောင်၊ မဂ္ဂဇိန်းတိက ရနိုင်သရွိ စကားလုံးတိနန့် ရခိုင်စကားထဲက ရနိုင်သရွိ စကားလုံးတိ ဖြစ်တေလို့ သိရပါရေ။

ယေကေလေးသော့ မြန်မာဝေါဟာရနန့် တူနီရေ ရခိုင်ဝေါဟာရတိ "စား၊သောက်၊ ထ၊ထိုင်၊ အိမ်၊ကျောင်း၊ လူ၊တော၊ တောင်"စရေ ဝေါဟာရတိကိုတော့ခါ ချန်ထားရေ ဆိုပါရေ။ အဓိပ္ပါယ်ဖွင့်ရေခါ သာဓ က ကောက် နုတ်ချက် အပြည့်အစုံနန့် ဖါင့်ပြထားရေလို့ ယှင်းပြပါရေ။ အက္ခရာစိုင်ရေခါ "အ၊အာ၊အား။ အိ၊အီ၊အီး။ အု၊အူ၊ အူး။ ဧ၊အဲ၊အယ်၊အည်။ အေ့၊အဲ၊အယ့်၊အည့်။ အေး၊အည်း။ အော၊အော့၊အော်။ အက်၊အင်၊အင့်၊အင်း။ အစ်၊ အိုက်။ အိုင်၊အန်၊အိုင့်၊ အန်၊အိုင်း။ အန်း၊ အောက်၊အောင်၊အောင့်၊အောင်း။ အတ်၊အပ်။ အိတ်၊အိပ်။ အုတ်၊အုပ်။ အံ၊အန်၊အမ်။ အံ့၊အန့်၊အမ့်။ အန်း၊အမ်း။ အုံ၊အုံ့၊အုံး။ အို၊အိုယ်။ အို့၊အိုး။ အုန်၊အုန့်၊အုန်း။ ယပင့်၊ရရစ်၊ ၀ဆွဲ၊ ဟထိုး၊ ၀ဆွဲဟထိုး၊ ယပင့် "ထိုး၊ရရစ်ဝဆွဲ၊ ရရစ်ဟထိုး၊ ရရစ်ဝဆွဲဟထိုး" ဆိုရေ ကာရန်အတိုင်း စိုင်ထား ရေလို့ ယှင်းပြပါရေ။

စကားလုံးတိကို မြန်မာစာနန့် အဓိပ္ပါယ်ဖွင့်ထားရေအတွက် အသျှင်စက္ကိန္ဒ၏ အဘိဓါန်ရေ ရခိုင်- မြန်မာ နှစ် ဘာသာ အဘိဓါန်မျိုး ဖြစ်ပါရေ။

အဘိဓါန်ပြီးနီစွာ နှစ်ပေါင်း ၁၀-နှစ်ကျော်လာကေလေးသော့ ဂုထိ ပုံနှိပ်ထုတ်ဝီမှု မပြုနိုင်စွာက ရခိုင် တစ်မျိုး သားလုံး အတွက် ရှက်ဖို့လေးကောင်း၊ ၀မ်းနည်းဖို့လေး ကောင်းရေ ကိစ္စတစ်ခုဖြစ်ပါရေ။

နောက်အဘိဓါန် "မူကြမ်း" တစ်ခုက ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ ဝေါဟာရ အဘိဓါန် ပြုစု ဖော်ထုတ်ရေး ကော်မတီက ထုတ်တေ "ရခိုင်ဝေါဟာရ အဘိဓါန်" ဖြစ်ပါရေ။ ၁၉၇၇၊ စက်တင်ဘာလ ၂၆-ရက်နိမာ ထုတ်ပါ ရေ။ စာပီ လေ့လာလိုက်စားသူ ပညာသျှင်တိပါးက အကြံဥာဏ် ယူနိုင်အောင် ဝေါဟာရတိ ဖြည့်စွတ်ပြီး ပို့ နိုင်အောင် ယင်းပညာသျှင်တိကို ပီးပို့ဖို့အတွက် စာကူးစက်နန့် ကန့်သတ်ရိုက်နှိပ် ထုတ်ဝီစွာဖြစ်တေ။ ဝေါ ဟာရ နှစ်ထောင်ကျော် (၂၀၃၈) ပါရေ။အသျှင်စက္ကိန္ဒ အဘိဓါန်ပိုင် ရခိုင်စာပီ အရီးအသားတိက ကောက် နုတ် ဖော်ပြချက်တိ မပါ။ မြန်မာဝေါဟာရနန့် တူနီရေ ရခိုင် ဝေါဟာရတိကို လေးသော့ ချန်ထားခစွာကို တွိရရေ။ အေအချက်မာ အသျှင်စက္ကိန္ဒ အဘိဓါန်နန့် အေအဘိဓါန်ရို့ တူနီကတ်ပါရေ။ ဝေါဟာရတိ အဓိပ္ပါယ် ယှင်းပြ ရေခါ မြန်မာစာနန့် ယှင်းပြရေအတွက် အေအဘိဓါန်လေးသော့ ရခိုင်-မြန်မာ နှစ်ဘာသာ အဘိ ဓါန်မျိုး ဖြစ်ပါ ရေ။

အဘိဓါန် ပြုစုစွာရေ ရခိုင်အမျိုးသားတိအတွက် ပညာရပ် အသစ်အဆန်းတစ်ခု ဖြစ်ပါရေ။ ရခိုင် ဘာသာ စကားကို ပြုစု စောင့်ရှောက်သူ မဟိစွာ နှစ်ပေါင်းရာနန့်ချီလို့ ကြာလာပါယာ။ အေအဆင့်မာ ခေတ်မီ အဘိဓါန် တစ်ခုကို ပြုစုထုတ်ဝီဖို့ ကိစ္စရေ ကမ္ဘာလောက် ခက်ခဲရေ ကိစ္စကြီး တစ်ခု ဖြစ်ပါရေ။ အေအဆင့် အေ အခြေအနေမာ အသျှင်စက္ကိန္ဒက အဘိဓါန် တစ်ဆူဖြစ်နိုင်အောင် အားထုတ်နိုင်စွာရေ ယင်းအသျှင်၏ သူမတူရေ လုံ့လ၊ ထူးခြားရေ စာပီသုတေသန ၀ါသနာရို့ကြောင့် ဖြစ်တေလို့ ဆိုချင်ပါရေ။ ရခိုင်ပြည်နယ် ပြည်သူ့ ကောင်စီကလေး အဘိဓါန်ပြုစုဖို့ ခြီတစ်လှမ်း လှမ်းလိုက်တေအတွက် ၀မ်းသာဖို့ ကောင်းပါရေ။ ဆက်ပျာ အကောင်အထည် ဖော်လားဖို့စွာကို ရခိုင်အမျိုးသားရို့က စောင့်မျှော်နီကတ်ဖို့ ထင်ပါရေ။ အသျှင် စက္ကိန္ဒ အဘိဓါန်ကို ရခိုင်ပြည်နယ် ပြည်သူ့ ကောင်စီအဘိဓါန်နန့်ရာ ပေါင်းဗျာ ပုံနှိပ် ထုတ်ဝီနိုင်ကေ ရခိုင် သာသာစကား အဘိဓါန်အတွက် အခြီခံ အုတ်မြစ်ကို ချပီးပိုင် ဖြစ်ပါဖို့။

ရခိုင်သာသာစကားရေ ဝေါဟာရဆင်းရဲရေ ဘာသာစကားတစ်ခု မဟုတ်ပါ။ ခေတ်သစ်စက်မှုနန့် သိပ္ပံ ပညာရပ်တိက လွဲကေ တခြားလူမှုကိစ္စတိမာ ပြောဆို ရီးသားဖို့အတွက် စကားလုံး အပြည့်အစုံ ဟိပါရေ။ ခေတ်ဟောင်းမာ စာကြီးပီကြီးတိ ဟိခရေ။ ယင်း စာကြီး ပေကြီးတိရေ စစ်မီးအမျိုးမျိုးမာ နည်းအမျိုး မျိုးနန့် ပျက်စီးခရရေ။ ကျန်လိုက်တေ စာဟောင်း ပီဟောင်းတိကိုလေး ထိန်းသိမ်း ဖော်ထုတ်ဖို့ လူမဟိခရေအတွက် အမိမဲ့သား ရီနည်းငါးယှောင် ဖြစ်ခရရေ။ ရခိုင်ဘာသာစကားကို ရခိုင်အမျိုးသားရို့ ထိုက်ထိုက်တန်တန် အသုံးမချ နိုင်ခစွာ နှစ်ပေါင်းရာနန့်ချီလို့ ကြာလာရေခါ ရခိုင် ဘာသာစကားရေ တဆတ်ဆတ် သုံးသူ နည်းပါး လတ်တေ။ တမျိုးသားလုံး လက်ခံသုံးစွဲရေ စာပီအရီး မဟိရေ အားနည်းချက်ကြောင့်လေး စကား လုံးသစ်တိကို မှတ်တမ်း မတင်နိုင် ဖြစ်ခရရေ။ သုံးနီကျ စကားတိတောင် တဆတ်ဆတ်ပျော်ကလာရေ။ နိ စိုင် စကားတိမာ ကိုယ့်စကားတက်စား မျိုးခြားစကားတိ အများကြီး ၀င်ပါလတ်တေ။ အေအခြေအနေကို ကိုယ်နန့် မဆိုင်ရေပိုင် ကြည့်နီဖို့ဆိုကေ ရခိုင်ဘာသာစကား ရခိုင်စာပီရို့ရေ ကျိန်းသီ ပျောက်လားရဖို့ ဖြစ်တေ။

ကျရောက်လာဖို့ဖီးကို တင်ကြို ကာကွယ်ရေ သဘောနန့် တမျိုးသားလုံး လက်ခံသုံးစွဲရေ စာပီ အရီးအသား တစ်ခု ဖြစ်နိုင်အောင် ကျွန်တော်ရို့ အစွမ်းကုန် အားထုတ်ရပါဖို့။ ရခိုင် ဘာသာစကားကို မွတ်မွတ်စက်စက် မှတ်တမ်း တင်ထားရေ ခေတ်မီ အဘိဓါန်တစ်ခု ပေါ်ထွက်နိုင်အောင်လေး ကျွန်တော်ရို့ ၀ိုင်းဝန်း ပြုစုရဖို့ ဖြစ် ပါရေ။ အေလုပ်ငန်းနှစ်ခုရေ တစ်ခုနန့်တစ်ခု ဆက်နီပါရေ။ အများသုံး စာပီ အရီးအသားတိရေ အဘိဓါန် ပြုစုစွာမာ အားကိုး အားထားဖြစ်တေပိုင် ဘာသာစကား အဘိဓါန်လေးသော့ အရီးအသားအတွက် မှီခိုရာ ဖြစ်တေ။ အထက်မာ တင်ပြရေ အဘိဓါန်နှစ်စောင်ကို ပေါင်းဗျာ ပုံနှိပ်ထုတ်ဝီပြီးကေ ယင်းကတစ်ဆင့် ရခိုင် ဘာသာစကား အဘိဓါန်ဖြစ်လာအောင် အားထုတ်ရဖို့ ဖြစပါရေ။ ရခိုင် ဘာသာစကားကို ရခိုင်အရီး အသား နန့် အဓိပ္ပါယ်ဖွင့်ပြရေ "ရခိုင်ခြင်း အဘိဓါန်"ကို ၀ိုင်းဗျာ ပြုစုနိုင်ပြီးမှ ရခိုင်ဘာသာစကား လူသုံးနည်းလာရေ အန္တရာယ်ကို ကျွန်တော်ရို့ ဟန့်တားနိုင်ဖို့ဖြစ်ပါရေ။

ရခိုင်ဘာသာစကားကို ရခိုင်အမျိုးသားတိုင်း ပြောဆိုဗျာ၊ ရခိုင်အရီးအသားကို ရခိုင်အမျိုးသားတိုင်း လက်ခံ သုံးစွဲပြီးမှရာ ရခိုင်လူမျိုး တည်တံ့ရီးကို အာမခံနိုင်ဖို့၊ ကြီးပွားတိုးတက်အောင် အားထုတ်လာနိုင်ဖို့ ဖြစ်ပါရေ။

မောင်ဗသိန်း

ရခိုင့်တန်ဆောင်မဂ္ဂဇင်း(၁၆)၊ (၁၉၈၀)။

ကိုးကားစာရင်း

၁။ Encyclopedia Americina, International Edition, 1965, Vol.9.

၂။ Encyclopedia Britanniea, Ninth Edition Vol. VII

၃။ တက္ကသိုလ်မြန်မာ အဘိဓါန်၊ ဦးဝန်။

၎။ ဘာသာနှင့်စာပေ၊ ဦးတင်လှ (မဟာဝိဇ္ဇာ)၊ ၁၉၆၆။

၅။ ရခိုင်ဝေါဟာရ အဘိဓါန် (မူကြမ်း)၊ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၊ ၁၉၇၇။

၆။ အာနန္ဒစန္ဒြမင်းကျောက်စာ၊ ဦးစံသာအောင်။

No comments:

Post a Comment