အလိုတော်ပြည့် ဆရာတော်၏ ဦးဆောင်မှု၊ နိုင်ငံတော်မှ ပံ့ပိုးမှုဖြင့် စာရေးသူ အပါအ၀င် ပညာရှင်(၁၂)ဦး တို့သည် ၂၅.၆.၂၀၁၂ မှ ၃၀.၆.၂၀၁၂ နေ့အထိ စစ်တွေ၊ ရသေ့တောင်၊ ကူတောင်၊ မောင်တောမြို့များသို့ ခရီးဆက်ခဲ့ကြပါသည်။
မြို့ရွာများသို့ ကွင်းဆင်းလေ့လာမှု ပြုကြသောအခါ အလွန်ပင်ကြောက်စရာကောင်းလောက်အောင် "အကာ အကွယ်မဲ့လေခြင်း"ဟု ၀မ်းနည်း ပက်လက် ယူကျုံးမရ ဖြစ်ခဲ့ရပါသည်။
ဒုတိယကမ္ဘာစစ်အတွင်းက စစ်တွေမြို့ပေါ် ဂျပန်များ မီးလောင်ဗုံးကြဲချ၍ စစ်တွေတစ်မြို့လုံး မီးလောင်ခဲ့ ရသော အဖြစ်ထက် ဆိုးပါသေးသည်။ ထိုစဉ်က အင်္ဂလိပ်အစိုးရအုပ်ချုပ်ရေး ယန္တရား လုံးဝမရှိ၍ ဖြစ်ခဲ့ ရသည်။ (ဖြေသာပါသေးသည်။) ထိုစဉ်က ဘူးသီးတောင်မြို့တွင် ကုလားရန်ကြောက်၍ သင်္ဘော ၂ စီးဖြင့် စစ်တွေမြို့သို့ ထွက်ပြေးလာစဉ် စစ်ပြေးဒုက္ခသည် အဆမတန် များလွန်း၍ မြစ်ကွေ့တွင် သင်္ဘောမြှုပ်၍ လူ (၃၀၀)ကျော် ရေနစ် သေဆုံးခဲ့ကြရသည်။ ရေကူးတတ်၍ ကမ်းပေါ်ရောက်လာသူအချို့ကို ကမ်းပါးပေါ်မှ အပေါ်စီးခုတ်သတ်ခဲ့ကြရာ စုစုပေါင်း လူ(၄၀၀)ကျော် သေဆုံးခဲ့ကြရသည်။ အရေးပိုင် ဦးကျော်ခိုင်သည် တာဝန်အရ ဘူးသီးတောင်မြို့သို့ မော်တော်ဘုတ်ဖြင့် လာစဉ် ချောင်းကမ်းနံဘေးမှ ကုလားများက သေ နတ်ဖြင့်ပစ် ၍ ၁၉၄၂ ခုနှစ်တွင် သေဆုံးခဲ့ရသည်။

မောင်တောမြို့တွင် ပိတ်မိနေသော ရခိုင်ဒုက္ခသည်များကို အရေးပိုင် ဦးအောင်သာကျော် (နောင် တရားရေးဝန်ကြီး၊ ဂဠုန်ဦးစောကို သေဒဏ်ပေးခဲ့သူ) လာခေါ်၍ အိန္ဒိယနိုင်ငံ "ဒိုင်နာဆပူ"အရပ်သို့ ပို့ပေးခဲ့ ရသည်။ ကုလားလူလှိုင်း အန္တရာယ်ကို ရခိုင်များ မြင်တွေ့ ခံစားလာခဲ့ရသည်မှာ နှစ်ပေါင်း (၇၀)ကျော် ခဲ့ပါပြီ ...။ ကျန်တိုင်းရင်းသားများ ယနေ့အထိ ဂရုလဲမမူ၊ စိတ်လဲမ၀င်စားဘူးဆိုလျှင် လွန်ရာကျမည် မဟုတ်ပါ။
ဒုတိယကမ္ဘာစစ်မတိုင်မီက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့များ ၀န်းကျင်တွင် ရခိုင်ရွာကြီး၊ ရွာငယ် စုစုပေါင်း (၂၀၀)ကျော် ရှိခဲ့ပါသည်။ ယခုအချိန်တွင် ရခိုင်ရွာ တစ်ဆယ်ကျော်မှလွဲ၍ ပြန် တည်ထောင်သော ရွာဟူ၍ လေးငါးရွာခန့်သာရှိခဲ့ပြီး ထိုရွာများမှာလည်း ယခု ပြဿနာတွင် ရွာလုံးကျွတ် မီးထဲ ပါဝင်သွားပြီး ဖြစ်ပါသည်။
မောင်တောမြို့ရောက်၍ တာဝန်ရှိသူများကို မောင်တောနယ်တ၀ိုက်တွင် ရခိုင်ဦးရေ မည်မျှရှိသလဲဟု စာရေး သူက မေးကြည့်သောအခါ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဝန်းကျင်တွင် ၂.၅ မှ ၃ ရာခိုင်နှုန်း ထက် မပိုတော့ပါဟု ဖြေဆိုချက်ကို ၀မ်းနည်းစွာ ကြားခဲ့ရပါသည်။ ယခုအတိုင်း သွားလျှင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များ မကြာမီ (၁၀)စုနှစ် အတွင်း လက်လွှတ်ဆုံးရှုံးမည့် အခြေအနေ မှာ သေချာနေပါပြီ။
လွန်ခဲ့သော နှစ်လကျော်ခန့်က သမိုင်းကော်မရှင်အဖွဲ့ဝင် ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းက "ကိုအေးသိန်း လုပ်ပါဦး... မူဆလင်နိုင်ငံ (၄၁)နိုင်ငံက ရခိုင်ဒေသကို မူဆလင်အများစု နေထိုင်ရာ ဒေသအဖြစ် အသိအ မှတ်ပြု ကြေညာလိုက်ပြီးဖြစ်တယ်။ မေးရင် ဖြေနိုင်အောင် အချက်အလက်၊ အထောက်အထားများ ရှာပေးပါ ဦး" ဆို၍ ကျွန်တော်ရေးသားခဲ့သော "ရိုဟင်ဂျာ"စာတမ်း (၂)စောင်နှင့် သမိုင်းဆိုင်ရာ အထောက်အထား များ တစ်ထပ်ကြီးကို သွားပေးလိုက်ရပါသေးသည်။
မောင်တောမှ ကုလားများ ဘူးသီးတောင်မြို့သို့ မလာနိုင်အောင်ထိန်းချုပ်ထားပါသည်။ အလားတူ ဘူးသီးတောင်မြို့မှ ကုလားများ ရသေ့တောင်မြို့သို့၎င်း၊ စစ်တွေမှ ကုလားများ ပြည်မဘက်သို့၎င်း အဆင့်ဆင့် ထိန်းချုပ်ထားရှိပါသည်။ ထိန်းချုပ်သင့်၍ ထိန်းချုပ်ထားသည်ဟုသာ သတ္တိရှိရှိ ရဲရဲဖြေသင့်ပါ သည်။ ငွေပေးမှ သွားလာခွင့်ပေးသည်။ ငွေမပေးလျှင် သွားခွင့်မရှိဟု လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ၏အမေးကို ဖြေဆိုရာတွင် လာဘ်ပေးလာဘ်ယူလုပ်နေသော ၀န်ထမ်းများကို အရေးယူပေးပါမည်ဟုသာ အပေါ်ယံယှက်၍ ဖြေဆိုခဲ့သည်။ ဖြေဆိုရမည့် အဓိက အချက်များစွာ ကျန်နေပါသေးသည်။ မလွှဲသာ၊ မရှောင်သာ၍ နယ်မြေအဆင့်ဆင့် ပိတ်ထား၍ ရခိုင်များခံနေရသော ၀န်ထုပ် ၀န်ပိုးကြီးသည် အရေးကြုံ လာလျှင် ရခိုင်ဘက်မှနေ၍ မားမားမတ်မတ် ရပ်တည်၍ အကာအကွယ်ပေးရမည်မှာ နိုင်ငံတော်၏ တာဝန် ပင် ဖြစ်သည်။
ဤမျှလောက် များပြားသော ကုလားများအကြေားတွင် နေထိုင်ပါလျက်နှင့် နှစ်(၁၀၀)အတွင်း ရခိုင်သူ တစ်ယောက်မျှ ကုလားနှင့် လက်ထပ်သည်ဟူ၍ မရှိသေးပါ။ ခြေချော်လက်ချော် တစ်ယောက်တစ်လေ ရှိခဲ့သည်ပင်လျှင် ထိုသူသည် ရခိုင်သားလောကထဲတွင် နေ၍ မရတော့ပါ။ ရခိုင်သူ ရခိုင်သားများက ရခိုင်လူမျိုး "ဒိုင်း"နှင့် ကာထား၍ မြနမာနိုင်ငံ ဧရာဝတီမြစ် အောနက်ဘက်ကမ်း တစ်ခြမ်းလုံး ကုလားများ မလွှမ်းမိုးနိုင်ခြင်း ဖြစ်သည်။ နယ်စပ်မှန်လျှင် ကပြားများ ရှိသည်မှာ မဆန်းဟုဆိုရသော်လည်း ရခိုင်နယ်စပ် တွင် ကုလား ရခိုင်ကပြား တစ်ယောက်မျှ မရှိသည်မှာ ချီးကျူးစရာ အလွန်ပင်ကောင်းပါသည်။ နိုင်ငံတော်ကို ချစ်ပါသည်ဟု ဆိုနေကြသော မျိုးချစ်ပုဂ္ဂိုလ် အမျိုးသား အမျိုးသမီးများသည် ရခိုင်သားများကို အတုယူသင့်ပါ သည်။ မောင်တောမြို့ထဲအထိ ၀င်၍ ရခိုင်အိမ်များကို ကုလားများ မီးရှို့ခဲ့စဉ်က လုံခြုံရေးဝန်ထမ်းများ သေ နတ်ကိုင် မတ်တပ်ရပ်၍ အဆင်သင့် ရှိနေကြပါသည်။ ကိုက်(၁၀၀)ပင် မဝေးပါ။ မီးရှို့ပစ္စည်းလုယက် နေ သည်များကို ရှေ့တွင် မြင်တွေ့နေပါလျက်နှင့် မိုးပေါ်ထောင်၍ သေနတ်တစ်ချက် မဖောက်ခဲ့ပါ။ ဓါတ်ပုံ များဖြင့် သက်သေပြနိုင်ပါသည်။ မိဘမဲ့ ကလေးငယ်များကဲ့သို့ အကာအကွယ်မဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရ သည်။
"ရခိုင်တွင် ရခိုင်ကာကွယ်ရေးတပ် မရှိ၍ ဤသို့ခံရသည်"ဟု မောင်တောမြို့ရှိ မြို့မိ၊ မြို့ဖများ၏ ရင်တွင်း စကား ထွက်ပေါ်လာခဲ့သည်မှာ ဘာမှမဆန်းဟု ဆိုရပါမည်။
ရမ်းဗြဲကျောက်နီမော်ကိစ္စသည် လူယုတ်မာတစ်စု၏ လုပ်ရပ်သာဖြစ်သည်။ ဤအဖြစ်အပျက်မျိုး ကမ္ဘာအရပ် ရပ်တွင် မကြာခဏ တွေ့ကြုံနေရပါသည်။ ဘာမျှ မဆန်းဟု ဆိုရပါမည်။ ဆန်းသည်မှာ အရေးယူ ထိန်းသိမ်း ထားသူ (၃)ဦးအား ကယ်တင်ရှင်များက ဆုချီးမြှင့်ရန် ငွေထုတ်ပိုက်ဆင်းလာ၍ တောင်ကုတ်ကားလမ်းတွင် ဤသို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ နောက်ပိုင်းမှ ဘင်္ဂါလီ ပညာတတ်များက ကြိုးကိုင်၍ လှုပ်ရှား ခဲ့သည်မှာ သေချာပါသည်။ ထိုအချိန်တွင် မြောက်ပိုင်း ရခိုင်ဘက်တွင် လှုပ်ရှားမှူ လုံးဝမရှိခဲ့ပါ။ ကုလားများ ကသာ အကွက်ကျကျ ချိန်ကိုက် ကြိုတင်စီမံထား၍ လက်ဦးမှု ရယူခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂါလီ ကုလားများ မြန်မာနိုင်ငံတွင် ဤမျှလောက် အဘယ်ကြောင့် များပြားနေရပါသနည်း...။ အနောက် တွင် ကုလား၊ အရှေ့တွင် တရုတ် ၀င်ချင်တိုင်းဝင် ထွက်ချင်သလို ထွက်နေကြသည်။ စစ်ဆေးမှု မရှိ၊ စာရင်းအတိအကျ လုံးဝမရှိပါ။ မန္တလေးမြို့ရှိ ချိတ်ဆွဲထားသော ဆိုင်းဘုတ်များတွင် အပေါ်မှ ဗမာလို ရေး ကြပါဟု အမိန့်ထုတ်ထားသည်ဟု သတင်းစကား ကြားသိရပါသည်။ မန္တလေးမြို့ကို တည်ထောင်ခဲ့သော မင်းတုန်းမင်း လာကြည့်ပါဦးဟု ဆိုချင်ပါသည်။ ဦးနေ၀င်းလက်ထက် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်တွင် China Town ဟု ဆိုင်းဘိုး မတင်ရပါ။ တစ်ချို့က ခနဲ့၍ China Mountain ဟုပင် ဆိုင်းဘုတ်များ ချိတ်ဆွဲ ထားသည်ကို တွေ့နိုင်ပါသည်။ ဌာနဆိုင်ရာ ၀န်ထမ်းများ လာဘ်ပေး၊ လာဘ်ယူ လုပ်ကြသည်မှာ တစ်ဌာ နနှင့် တစ်ဌာန တူသော်လည်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ၀န်ထမ်းများ ငွေယူ လူသွင်းအလုပ်သည် နိုင်ငံ အတွက် အင်မတန်မှ ဆုံးရှုံးနစ်နာပါသည်။ နိုင်ငံနှင့် အမျိုးဘာသာ သာသနာ လက်လွှတ်ဆုံးရှုံးရမည့် အရေးဖြစ်သည်။ နောက်ပိုင်းတွင် ယင်းပြဿနာ ၀န်ထုပ်ဝန်ပိုးကြီးကို မည်သို့မျှ ဖြေရှင်း၍ မရနိုင်တော့ပါ။ နိုင်ငံ တကာတွင် သာဓက မြောက်များစွာ ရှိပါသည်။ စင်င်္ကာပူကျွန်းကို မလေးရှားက လက်လွှတ်ခဲ့ရသည်။ အင်ဒိုနီးရှား ဘော်နီယိုကျွန်းတွင် မလေးရှားပြည်နယ်တစ်ခုအဖြစ် ခွဲထုတ်၍ ပေးခဲ့ရသည်။ သီရိလင်္ကာတွင် တမီးလူမျိုးများက ခွဲထွက်ရန် တောင်းဆိုနေကြသည်။ အိန္ဒိယနိုင်ငံရှိ ကတ်ရှ်မီးယားနယ်မြေသည် ဟိန္ဒူလူမျိုး များ နေထိုင်ရာ ဒေသစစ်စစ် ဖြစ်ပါသည်။ ယခုအခါ ပါကစ္စတန်နိုင်ငံထဲ ၀င်ပူးရန် စစ်ခင်းလျက် ရှိနေသည်။
စာရေးသူ ရေးသားသော လူဦးရေ ထိန်းချုပ်ရေးမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသို့ စာအုပ်၏ စာမျက်နှာ (၁၃၂)တွင်-

ကမ္ဘာပေါ်တွင် နိုင်ငံတစ်နိုင်ငံဟု အသိအမှတ်ပြုထားသော နိုင်ငံနယ်နမိတ်သည် အဓိက မဟုတ်ပါ။ ယင်းနေရာ၊ ယင်းဒေသတွင် နေထိုင်လျက်ရှိကြသော "လူနယ်နိမိတ်" သည်သာလျှင် နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ် အစစ်အမှန် ဖြစ်တတ်ကြောင်း များစွာ အလေးထားဆင်ခြင်အပ်ပေသည်။
ထို့ကြောင့် မြန်မာနိုင်ငံ အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန၏ ဆောင်ပုဒ်တစ်ခုမှာ "မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်" ဟု ရုံးရှိ နံရံတွင် ချိတ်ဆွဲ ထားရှိသည်မှာ မြန်မာ အမျိုးသားတိုင်း အလေးထား အပ်သော ဆောင်ပုဒ်တစ်ခု ဖြစ်ပါသည်... ဟု ရေးသားခဲ့ပါသည်။
မကြာသေးမီက စာရေးသူ ဂန့်ဂေါမြို့သို့ ရောက်ခဲ့ပါသည်။ လူဝင်မှု ကြီးကြပ်ရေး အရာရှိကြီး (ယခုအငြိမ်း စား) ဦးမောင်မောင်က "ကိုအေးသိန်း ကျွန်တော် မောင်တောမှာ ဥစ္စာအများကြီး ဖြစ်ခဲ့တယ်... ဖြစ်နိုင် ရင် နောက်တစ်ခေါက်လောက် သွားချင်သေးတယ်..."လို့ ရယ်မောလျက် မြိန်ယှက်စွာ ပြောလိုက်သော စကားကို စာရေးသူ ယနေ့အထိ နားထဲမှ မထွက်သေးပါ...။ (မောင်တောတွင် (၃)နှစ် သူတာဝန် ထမ်းဆောင်ခဲ့ပါသည်။)
အလားတူ ကျွန်တော့်အသိထဲမှ မောင်တောမှ ပြန်လာ၍ ရန်ကုန်မြို့နှင့် သုဝဏ္ဏတွင် တိုက်ဆောက်ကား စီးနေသော ၀န်ထမ်းငါးဦးထက်မနည်း ရှိပါသည်။
မောင်တော၊ ဘူးသီးတောင်အရေး မည်သို့ ဖြေရှင်းကြမည်နည်း...။
မောင်တော၊ ဘူးသီးတောင် မြို့နယ်တွင် (၃)ရာခိုင်နှုန်းမျှ မရှိသော ရခိုင်လူဦးရေက (၉၇)ရာခိုင်နှုန်း ရှိသော ဘင်္ဂါလီကုလားများကို "ရခိုင်လူဦးရေ ဒိုင်း"ဖြင့် ကာကွယ်၍ မရတော့ပါ။ အလွန်ပင် ၀မ်းနည်းစ ရာကောင်းသော ဆုံးရှုံးမှုတစ်ရပ်ပါ။ "နဂါးမင်း စစ်ဆင်ရေး"ကာလက ကုလားများကို မူလနေရာသို့ ပြန်ပို့ ခဲ့ပါသည်။ "ဟင်္သာစီမံချက်"အရ ပြန်လည် လက်ခံရသည့်အခါ မောင်းထုတ်လိုက်သော လူဦးရေထက် နှစ် ဆမက များနေပါသည်။ (ယင်းကိစ္စကို မောင်တောသားတိုင်း သိပါသည်။) နောက်ထပ်လည်း အကြိမ်ပေါင်း များစွာ အကြောင်းအမျိုးမျိုးကို အခြေခံ၍ လက်ခံခဲ့ကြရသည်။ မကြာသေးမီက ရက်ပိုင်းအတွင်းမှာပင် ဘင်္ဂါလီကုလား (၄၀၀၀၀)ခန့်ကို တာဝန်ရှိသူများက လက်ခံလိုက်ရသည်ဟု အင်တာနက်သတင်းတစ်ရပ် တွင် ဖတ်ရှုလိုက်ရပါသည်။
ကျွန်တော်တို့ ဤမျှလောက် ကြောက်ရသလား။ ဤမျှလောက် ညံ့ရသလားဟု မိမိကိုယ်ကို မေးမိပါသည်။ မည်သည့် နိုင်ငံမဆို နိုင်ငံ၏ အခြေအနေ အရပ်ရပ်ကို ထောက်၍ တရားဥပဒေ စိုးမိုးရေးကို အဓိကထား၍ လ်ုပဆောင်ပါသည်။
အစ္စလာမ်ဘာသာ၏ ကျမ်းမြတ်ကုရ်အာန် အဆိုအမိန့်တွင် အစ္စလာမ်ဘာသာဝင် တစ်ယောက်သည် မည်သည့် နိုင်ငံ မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ ယင်းနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရိုသေလေးစား လိုက်နာရမည်ဟု ပါရှိသည်။ ကမ္ဘာပေါ်တွင် ထိုပညတ်ချက်လောက် ချစ်စရာကောင်းသော စကားစု ဤကမ္ဘာပေါ်တွင် မပေါ်သေးပါ။
စင်္ကာပူတါင် အိမ်ထောင်စု တစ်ခုအတွင်း ကလေး (၁)ဦးသာ ယူခွင့်ပြုပါသည်။ မူဆလင်လူမျိုးများ အပါအ ၀င် မည်သည့် လူမျိုးမှ နှစ်ဦး၊ သုံးဦး ယူ၍ မရပါ။ နိုင်ငံ၏ အကျယ်အ၀န်းအရ လူဦးရေကို ဥပဒေဖြင့် ထိန်းချုပ်၍ ထားပါသည်။ ဥပဒေသည် ဥပဒေသာ ဖြစ်သည်။ ဘာသာရေးနှင့် မဆိုင်ပါ။ စင်္ကာပူတွင် နေ ထိုင်သော မူဆလင်တစ်ချို့သည် မိန်းမ (၂)ယောက် ယူပါသည်။ စင်္ကာပူတွင် နေခွင့်မရ၍ မလေးရှားတွင် ပို့ထားရပါသည်။ ငွေပို့ပေး၍ ရပါသည်။ တရုတ်နိုင်ငံတွင်လည်း မူဆလင်လူမျိုး လူဦးရေ၏ လေးပုံတစ်ပုံခန့် ရှိပါသည်။ သူတို့လည်း သားသ္မီး တစ်ဦးသာ ယူခွင့်ရှိပါသည်။ ပြင်သစ်နှင့် သြစတြေးလျနိုင်ငံတွင်လည်း မူဆလင် အမျိုးသမီးများ အ၀တ်ခြုံ၍ သွားလျှင် ဒါဏ်ငွေ အရိုက်ခံရပါသည်။ စင်္ကာပူ စာသင်ကျောင်းများတွင် မူဆလင် မိန်းကလေးများ ခေါင်းတွင် ပုဝါပိုင်း အုပ်၍ ကျောင်းတက်ခွင့် မရှိပါ။ ကနေဒါနိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ လမ်းတွင် ဆွမ်းအလှူခံထွက်၍ မရပါ။ ရဟန်းဦးရေအလိုက် အစားအစာများကို ကျောင်း သို့ ပေးလှူထားပါသည်။ (ကျောင်းဝင်းအတွင်း ကျက်ပြုတ်၍ စားရပါသည်) ဒူဘိုင်း၊ ဒမင်း၊ ကူဝိတ်၊ ဘာရိမ်း၊ ဂျီတား (Red Sea) နှင့် အီရန်၊ အီရတ်နိုင်ငံများအတွင်း နှစ်ပေါင်း (၂၀)ခန့် စာရေးသူ သင်္ဘောနှင့် သွားလာခဲ့ဖူးပါသည်။ သူတို့နိုင်ငံ၏ ရေပိုင်နက်အတွင်း သင်္ဘောဝင်ရောက်လာလျှင် ၀က်သားနှင့် အရက် များကို (Bond)ထဲထည့်၍ သော့ခတ်ချိတ်ပိတ် ထားရပါသည်။ မူဆလင်နိုင်ငံများဖြစ်၍ ၀က်သားနှင့် အရက် လုံးဝ မစားရ၊ မသောက်ရပါ။ နိုင်ငံတစ်နိုင်ငံအတွင်း ရောက်လာသော နိုင်ငံခြားသားတစ်ဦးသည် (မှားသည် ၊ မှန်သည်ကို ဝေဖန်နေစရာမလိုပါ) ယင်းနိုင်ငံအတွင်း ချမှန်ထားသော ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို လိုက်နာရမည်မှာ နိုင်ငံခြားသားတိုင်း၏ တာဝန်ဖြစ်ပါသည်။ မလိုက်နာနိုင်လျှင် မလာနှင့် မနေနှင့်ဟုသာ ဆိုရပါမည်။
စာရေးသူ ငယ်စဉ်က မောင်တောမြို့တွင် ဖခင် ဦးမောင်သာဇံ တရားမ တရားသူကြီး (နောင်ခရိုင် တရား မနှင့် စက်ရှင်တရားသူကြီး) ရာထူးဖြင့် ၅ နှစ်ခန့် နေခဲ့ဖူးပါသည်။ ဖခင်သည် ငါးခူရ ဘော်လီဈေး၊ ဂေါင်းတုံး၊ အလယ်သံကျော်ရွာများသို့ ခရီးထွက်စဉ် လိုက်သွားဖူးပါသည်။ ရွာသူကြီးအိမ်များတွင် မိန်းမလေး (၄)ယောက်နှင့် မိသားစုတစ်စုအတွင်း လူဦးရေ (၄၀)ကျော်ခန့် ရှိသည်ကို မှတ်မိနေပါသေးသည်။ ဤမျှလောက် လူဦးရေလျှံကျနေသည်ကို မြန်မာနိုင်ငံတွင် ဥပဒေတရပ် ပြဌာန်း၍ ဘာကြောင့် မတားမြစ်ရ သလဲဟု မေးစရာ မေးခွန်းတွေ တစ်သီကြီး ရှိလာပါသည်။
ထို့ကြောင့် ကျွန်တော်တို့အဖွဲ့၏ ခေါင်းဆောင် အလိုတော်ပြည့် ဆရာတော်က "ကျွန်တော်တို့လာတာဟာ ဒိုင်လူကြီးလုပ်ရန် လာတာမဟုတ်ဘူး၊ ညှိနှိုင်းဆွေးနွေးရန် (Compromised)လုပ်ရန် လာတာမဟုတ်ဘူး၊ အမှန်တရားဘက်မှ ဘက်လိုက်၍ လုပ်ရန်နှင့် တောင်းသင့်တာ တောင်းရန် လာခဲ့ခြင်းဖြစ်သည်ဟု တာဝန် ရှိသူများရှေ့တွင် မားမားမတ်မတ်ရပ်၍ တောင်းဆိုရာတွင်
- စစ်တွေဈေးကြီးကို (၄)ရက်အတွင်း ပြန်ဖွင့်ပေးရန်၊
- ဈေးအတွင်း ကုလားဆိုင်ခန်းများကို သီးခြားခွဲထုတ်၍ ကုလားရွာများသို့ ပြောင်းရွှေ့ပေး၇န်၊
- စစ်တွေမြို့တွင် ကုလားအိမ်များ လုံးဝမရှိရန်၊
- ကုလားရွာများကို ပြောင်းရွှေ့ရာတွင် ရွာကြီးအဆင့်သို့ မရောက်စေရန်၊
- ပင်လယ်ကမ်းနားနှင့် နီးစပ်ရာတွင် ကုလားရွာများ မထားရန်၊ ပင်လယ်ကမ်းနားတစ်လျှောက် ကမ်းစောင့်ရေတပ် (Coast Gurad) ထားရှိရန်တို့ကို တင်ပြ ထောင်းဆိုခဲ့သည်။
အလိုတော်ပြည့်ဦးဆောင်သော ရန်ကုန်မှ မျိုးချစ်ပုဂ္ဂိုလ်များ၏ သုံးသပ်ချက်၊ အကြံပေးချက်၊ လိုအပ်ချက်၊ ဖြစ်စေချင်သော မူဝါဒများကို အကျဉ်းချုပ်၍ တင်ပြရပါမူ-
၁။ ယခု ကုလား ရခိုင်ဖြစ်စဉ်များမှာ ပထမအကြိမ် မဟုတ်ပါ။ ဗြိတိသျှ အစိုးရ အုပ်စိုးခဲ့စဉ်နှင့် ဒုတိယ ကမ္ဘာစစ်ကာလမှပင် သန္ဓေယူပေါက်ဖွား လာခဲ့သော ပြဿနာဟောင်းများ ဖြစ်ပါသည်။
၂။ ရခိုင်ဘိုးဘွားပိုင်မြေ ဖြစ်ပါလျက်နှင့် ကုလားဦးရေ ၉၇.၅ ရာခိုင်နှုန်းအထိ ဖြစ်လာရသည့် အကြောင်းရင်း မှာ -
(က) တစ်ဖက်တိုင်းပြည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြေဧရိယာသည် မြန်မာထက် ၄ ဆမက ငယ်သော်လည်း လူဦးရေ သန်း ၁၈၀ မှ ၂၀၀ ကျော်အထိ ဖြစ်လာ၍ မြေလပ် မြေနေရာများ ပေါများသည့်အပြင်၊ ဘေးဥပါဒ် သဘာဝဘေး အန္တရာယ်များမရှိသည့် ရခိုင်နယ်မြေသို့ ဖိတ်စင်၍ တစ်စတစ်စ စိမ့်ဝင်လာသည်မှာ နောက် ဆုံးအတင်းအဓမ္မ တိုးဝှေ့၍ ၀င်ရောက်ရန် ကြိုးစားခြင်း ဖြစ်ပါသည်။
(ခ) ရခိုင်နယ်မြေ မြောက်ပိုင်းအတွင်းရှိ နယ်စပ်ဒေသ တစ်လျှောက်တွင် အမှုထမ်းခဲ့ကြသော ဌာနပေါင်းစုံမှ အမှုထမ်းများ၏ မရိုးသား၊ လာဘ်ပေး၊ လာဘ်ယူမှု၊ ငွေးပေးလိုက်လျှင် အလွယ်တကူ နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးခြင်း၊ လယ်ယာမြေများကို တံစိုးလက်ဆောင်လက်ခံ၍ တရားမ၀င် ထွန်ယက် လုပ်ကိုင်ခွင့်ပေး သည့် အပြင် ပိုင်ဆိုင်မှုများ ပေးခဲ့ခြင်း။
(ဂ) နယ်ခြား၊ နယ်စပ်ဒေသများအား လုံခြုံကာကွယ်စောင့်ရှောက်မှု အလွန်လျော့ရဲခြင်း။
(ဃ) မြန်မာနိုင်ငံနေ ဘင်္ဂါလီလူမျိုးများကို တစ်လင် တစ်မယားစနစ် ထားရှိရန်နှင့် (Brith control) အပါအ၀င် ဥပဒေတစ်ရပ် မဖြစ်မနေ ပြဌာန်းရန် လိုအပ်နေခြင်းတို့ ဖြစ်သည်။
၁။ ရိုဟင်ဂျာ ဘင်္ဂါလီ လူမျိုးနွယ်စု ကုလားများကို မြန်မာတိုင်းရင်းသား (Indigenous-Tribes)စာရင်းတွင် မပါဝင်ခြင်းဆိုသော ဥပဒေတစ်ရပ်ကို လွှတ်တော်တွင် အမြန်ဆုံး တင်သွင်းဆုံးဖြတ်ရန်။
၂။ ရှိရင်းစွဲ လူဝင်မှုကြီးကြပ်ရေးဥပဒေ (Immigration Act)များကို အခြေအနေနှင့် အညီ မှန်ကန် ၍ ပြတ်သားစွာ အရေးယူနိုင်ရန် လုပ်ငန်းများကို ထိရောက်စွာ သတ်မှတ်ရန်၊
၃။ နိုင်ငံသားဥပဒေနှင့် အညီ ကျူးကျော်ဝင်ရောက်လျက်ရှိသော သူတို့အခေါ် ရိုဟင်ဂျာ ဘင်္ဂါလီကုလားများ ကို စိစစ်၍ လိုအပ်သလို ထိရောက်စွာ အရေးယူရန်၊
၎။ ခေတ္တလာရောက်နေထိုင်သော နိုင်ငံခြားသားများ အပါအ၀င် ပြည်တွင်းတွင် နေထိုင်ခွင့်ရသော ဘင်္ဂါလီ များကို နိုင်ငံသားများနှင့်တန်းတူ (Equal Privilege) အခွင့်အရေး အတူညီမျှစွာ မပေးရန်နှင့် ၎င်းတို့အား ဒုတိယတန်းစား (Second Class Citizen) သတ်မှတ်ရန်။ (ဤဥပဒေသည် နိုင်ငံတိုင်းတွင် ရှိသည်။)
၅။ နယ်စပ်တစ်လျှောက်တွင် ခေတ်မီ အဆင့်မြင့် ခြံစည်းရိုးများ ကာရံရန်၊ (ဥပမာ - အစ္စရေးနိုင်ငံနှင့် မက္ကဆီကို တို့တါင် ကာရံလျက်ရှိပါသည်)
၆။ ရခိုင်ကမ်းရိုးတန်းတလျှောက် ကမ်းခြေစောင့်တပ် (Coast Guard) ထားရှိရန်။
၇။ နယ်စပ်များတွင် ရခိုင်ရွာကြီးများ တည်ထောင်ရန်နှင့် စီးပွားဖြစ် လူနေထိုင်၍ ရအောင် အသေးစား စက်မှုလက်မှု (Cortage Industries) ဇုန်များ ဖွင့်လှစ်ထားရှိရန်။
၈။ တရားမ၀င် နေထိုင်လျက်ရှိသော ဘင်္ဂါလီ (ရိုဟင်ဂျာကုလား) များကို လက်ခံမည့် တတိယနိုင်ငံတစ်ခုသို့ အဆက်အသွယ်လုပ်ပြီး ပို့ပေးရန်။
၉။ နိုင်ငံတော်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြသော (NGO, UNHCR)အဖွဲ့များတွင် ပါဝင်လျက်ရှိ ကြသော ၀န်ထမ်းများ၏ လှုပ်ရှားမှု အရပ်ရပ်တို့ကို ထောက်လှမ်းရေးသတိနှင့် အမြဲ ကြည့်ရှု စစ်ဆေးရန် တို့ဖြစ်သည်။
ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် ချိတ်ဆွဲထားသော ဆောင်ပုဒ်တစ်ခုမှာ -
အမြတ်ဆုံးအချစ်
ဤလောက၌ အချစ်အမျိုးမျိုးရှိသည့်အနက်
ကိုယ့်နိုင်ငံ
ကိုယ့်လူမျိုး
ကိုယ့်ဒေသကို
ချစ်သော အချစ်ထက် မြတ်သောအချစ်သည် မရှိ...။
အေးသိန်း (သမိုင်းသုတေသီ)
ဤစာတမ်းသည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ဖတ်ကြားခဲ့သော စာတမ်းဖြစ်ပါသည်။
No comments:
Post a Comment