အသက်(၈၀)ကျော် အဘိုးတစ်ယောက် သား၊ ချွေးမ၊ လေးနှစ်သားမြီးချေရို့နန့် တတူ ပြောင်း လာနိန် ပါရေ။ အဘိုးလက်တိက ကတုန်ကယင်၊ မျက်စိတိက ၀ါးတားတားနန့် ခြီလှမ်း တိက ယိမ်း ယိုင်နိန်ပါဗျာလ်။
ထမင်းဝိုင်းမှာ ထမင်းတတူတူ စားတိုင်း အဖိုးက လက်ကတုန်ကယင်နန့် ဇွန်းကိုင်စွာမမြဲလို့ ငါး ရည်၊ ဟင်း ရည်တိက ဟိုမိတ်ဒေမိတ်၊ ထမင်း စိတိ က ဟိုကြင်းဒေကြင်း၊ ကြာကေ သားနန့် ချွေးမက သည်းမခံ နိုင် ဖြစ် လာပါရေ။
နောက်ကျကေအဖိုးသည်အတွက်သီးသန့်စားပွဲခုံတစ်ခုထမင်းစားခန်း ဂျောင်ချေတစ်ခုမှာ ချပီး ရေ။ မိသားစု အားလုံး ပျော်ပျော်ရွှင်ရွှင်စားနိန်ကတ်တေအချိန်မှာ အဖိုးသယ်က ဂျောင်ချေမှာ ထိုင်ပနာ တတိတ် ဆဆိတ် စားနိန်ရရေ။
အဖိုးသည်စားလို့ ကြွီလောင်ဗွန်းနှစ်ချပ်ကွဲလားရေ နောက်ပိုင်းမှာ သစ်သားနန့်လုပ်ထားရေ လောင်ဗွန်း တစ်ချပ် သားသယ် ၀ယ်လာပီးရေ။ ထမင်းစားချိန်တိုင်း အဖိုးသည် မျက်အိမ်ထဲမှာ မျက် ရည်တိဝဲနိန် တတ် တေ။ သားနန့်ချွေးမကအဖိုးသယ်လုပ်လိုက်လို့ တစ်ခုခုအောက်ကိုပြုတ်ကျတိုင်း အပြစ်တင် မဆုံးရှိ နိန်တတ် တေ။ လေးနှစ်သားမြီးချေက ငြိမ်ပနာ ကြည့်နိန်ရေ။
တရက်နိ့ အပြင်က လင်မယားနှစ်ယောက် အိမ်ပြန်အရောက် သားချေကိုကြည့်လိုက်တေမှာ သစ် သား တုံး တစ်တုံးကို ဆောက်နန့်ထွင်းနိန်စွာ တွီ့လိုက်တေ။
အဖသယ်က အနားလားပနာ ” သားချေ ဇာလုပ်နိန်စွာလေး” လို့ မိန်းလိုက်တေ။
သားချေက မော့ကြည့်ပနာ ” သစ်သား လောင်ဗွန်းလုပ်နိန်စွာပါ၊ ပါပါ။” လို့ပြန်ပြောလိုက်တေ။
” အဖိုးရှင်အတွက်လား၊ သားချေ။ လုပ်စရာမလိုပါ။ ပါပါအသစ်ဝယ်ပီးမေ။”
” မဟုတ်ပါ။ သားချေ အသက်ကြီးလာခါ ပါပါနန့်မေမေကိုကျွေးဖို့အတွက် လုပ်စွာပါ။”
သားစကားကိုကြားရေခါ အဖသယ်နန့် အမိသယ် ကြက်သီ သီပနာ ငေးငိုင်လားကတ်ပါရေ။ အပြီး ကေ တစ် ယောက်ကိုတစ်ယောက်ကြည့်ပနာ မျက်ရည်တိ ကျလာကတ်ပါရေ။ သားချေကတော့ကေအားရပါးရာ ခေါင်း ငုံ့ပနာ လုပ်နိန်ပါယင့်။
ယင်းနိ့ ညဇာဘက်ထမင်းစားချိန်မှာ အဖသယ်စွာ အဖိုးသယ် လက်နှစ်ဖက်ကို ညညင်သသာ ဆွဲပနာ မိသား စုထမင်းဝိုင်းမှာ တတူတူ စားစီပါရေ။ ယင်းနိ့က စပနာ မိသားစုအားလုံး အဖိုးသယ်နန့် တတူတူ ထမင်း စားကတ်ပါရေ။ ဇာပြုတ်ကျကျ အဖိုးသယ်ကို မအော်ကတ်ပါဗျာလ်။ ဂရုတစိုက်ပြုစု ပီးလား ကတ်ပါ ရေ။
ဘ၀သင်ခန်းစာ ။ ။ အချေတိစွာ အမိအဖလုပ်သမျှကို လိုက်ကြည့်နိန်တတ်တေဆိုစွာ မမိန့်ပါကေ့။ အချေတိအပြုအမူ၊ အနိန်အထိုင်၊ အတွေးအခေါ်တိစွာ မိဖ ဘားက မိတ္တူကူးယူထားရေ ဆိုစွာကို သတိရ ဗျာလ်၊အမိအဖတိုင်း သားသမီးအတွက် စံပြဖြစ်သင့်ရေဆိုစွာကို သတိပြုနိုင် ကတ် ပါစီ သူငယ်ချင်းရို့…။
KWKhaing(AMP)
No comments:
Post a Comment