Showing posts with label အတွေးစာစု. Show all posts
Showing posts with label အတွေးစာစု. Show all posts

ဂျာမာ - သဇင်နီ

မောင်ယေနန့် ပန်းနုက ငယ်သူငယ်ချင်းတိ။ ကျောင်းမှာဆိုကေ ပန်းနုက ရက်ပြတ် နံပါတ် (၁)။ သူ့ကို တစ်ယောက်လည်း မကျော်နှိုင်။ ဇာလှုပ်ယှားမှုမှာမဆို သူက ရှိဆုံး။ ပြောဝံ့ ဆိုဝံ့ရေ။ သူမှန်ကေ တစ်ယောက်ကိုလည်း မကြောက်။ ကျောင်းနံရံကပ် စာစောင်တိမှာဆိုလေး သူ့ကဗျာတိက ထိပ်ဆုံးက။ ကဗျာတိက လူများတိပိုင် ဗမာအရီးအသားနန့် မဟုတ်။ မျိုးချစ်စိတ်အပြည့်နန့် ရီးထားရေ ရခိုင်ကဗျာတိ။ အားလုံးက သူ့ကဗျာတိကို ဂရုတစိုက်၊ စိတ်ဝင်တစား ဖတ်ကတ်တေ။ နံရံကပ် စာစောင်အတွက် တာဝန် ယူရရေ မောင်ယေကပင် သူ့ကဗျာကို ကြိုက်လို့ တစ်ပုဒ်တစ်ရီ အလွတ်ရနီတတ်တေ။

ဓါးသွီးကျောက်...ငါ - ဗိုလ်မင်းကျော်သန်းနိုင်

စာမီးပွဲကြီး ပြီးဆုံးလိုက်တိုင်း နှလုံးသားမှာ အားကောင်းရေ ရစ်ချာစကေးနန့် လှုပ်ခတ်လားခရေ ငလျင်ချေတစ်ခုပိုင် တုန်ခါကျန်လိုက်တေ။ ခံစားချက်ကို အပွင့်လင်းဆုံးနန့် အရိုးသားဆုံး ၀န်ခံရကေ ပြန်လာဖို့ဆိုစွာကို မ၀ံ့မရဲ မျှော်လင့်နီသိမ့်ယင့်။ အဂုပိုင် တစ်နိတစ်ရက် ခွဲလားရဖို့ဆိုစွာကို မသိမဟုတ်။ သိယင့်။ ယေကေလေ့ နှလုံးသားမှာ ဒေလောက်ထိ ဆိုးဆိုးဝါးဝါး ဖြစ်ကျန်လိုက်ဖို့က မထင်။ ကောင်းကောင်းအကြီးသန် သံလုံးကြိုး ဆယ်ပင်နန့် ကျစ်ထားရေ သံကြိုးတစ်ပင်ကိုရာ “ယား” ဆိုပြီးကေ ဖြတ်ပစ်လိုက်ချင်ယင့်။ သံယောဇဉ်နန့် လွန်းတင်ထားရေ ကြိုးချေတစ်ပင်ကိုတော့ အရာထင်အောင်ပင် မဖြတ်နိုင်ကာ။

ငြိမ်းချမ်းရေးလေးမျက်နှာ (ပုထိုးတစ်ဆူ၏ မြောက်ဦးဗေဒ)

ရွှေအိုရောင် အလင်းတန်းများသည် ဖိုးခေါင်တောင်စွယ်မှ စိမ်းမြမြ သစ်ရွက်များပေါ်တွင် ၀င်းလက်နေ ကြသည်။ ထုက္ကန့်သိမ် ပုထိုးတော်၏ အနောက်မျက်နှာတွင် နေရောင်လင်းနေဆဲပါ။ ပုထိုးတော်အရိပ် ဖုံးလွှမ်းထားသော ကျောက်လှေကားထစ်များသည် နွေးမြဆဲပင်ဖြစ်သည်။ ဂန္ထ၀င် မဟာလှေကားထစ် များပေါ်တွင် ကျွန်တော်ရပ်နေမိသည်။

အို...မိတ်ဆွေ၊ လှပလွမ်းမြေ့ဖွယ် ညနေခင်းတစ်ခုတွင် ဤလှေကားထစ်များပေါ်သို့ မိတ်ဆွေတက်ရောက် ဖူးပေမည်။ ရင်ထဲ မည်သို့ခံစားရပါသနည်း။

ဖာရောက်ဘုရင်တစ်ပါးနှင့် ပိရမစ်၊ ပါသီနွန်ကျောင်းတော်နှင့် ဂရိဆိုဖစ်တစ်ဦး၊ ဘိုင်ဇင်တိုင် ဘုရားရှိ ခိုးကျောင်းနှင့် သူတော်စင်တစ်ဦး၊ အလယ်ခေတ် ဂျာမန်ရဲတိုက်ကြီးနှင့် မြို့စားကြီးတစ်ဦး။ လွတ်လပ်စွာ ရင်ခုန်ခံစားခွင့် ရှိပါသည်။

မြီးအနှစ်

"အဟင်း... အဟင်း... မယေဘု လင်နောက်လိုက်လားခဗျာယ်လတ် အဖသည်..."

"ဟင်... ဟုတ်လာ ဇာက အကောင်နန့်လဲချင့်"

"အဟင်း... အဟင်း... ရွာအနောက်ပိုင်းက ငနီအောင်ဆိုရေ ကလေချေနန့်လို့ အိမ်နားကလူတိပြောကတ်တေ အဖသည်"

"အဖသည်မှာက အမိသည်ကိုရာ အပြစ်တင်ဖို့ မြင်ရေမဟုတ်လားဂု။ ခွီးသမီးချေ အိမ်ကို လာဝံ့လာဘတ်စီ... အသီသတ်ပစ်လိုက်မေ"

နွားတစ်ကောင်ပြောပြသော သူ့သမိုင်းကြောင်း

"အမင်... အမင်"လို့ အော်ခေါ်ပြီးကေ ဒေဘ၀ထဲကို အကျွန်ရောက်လာလတ်ပါရေ။ ယှင်းယှင်းပြောရဖို့ ဆိုကေ အသားပါ၊ အရီပါ၊ လုပ်အားပါ ပီးရရေ နွားဘ၀ဆိုပါဖိ။ အဂေါင့်ဂေါင့်ပါလေ... လူတိ ဒေလောက် ရက်စက်တတ်မှန်း အစက အကျွန်မသိခပါ။ အကျွန်အငယ်သျှေခါက အမင့်နို့ချိုကို ၀၀လင်လင် မစို့ခရရေ ဘ၀ပါ။ သခင်က သူရို့လူသားတိအတွက် ဆိုပြီးကေ အမင်ပါးက နို့တိကို ယူကတ်တေ။ အမင်က သူရို့ကို မပီးချင်လို့ ရုန်းကန်လှုပ်ယှားကေလေ့ ဒေလူတိက အမင်ကို ကြိုးနန့် ချိုင်ပြီးကေ သတ်ကတ်ပြန်သိ့ရေ။ အမင်ခမျာ နို့မ၀လို့ အရိုးပြိုင်းပြိုင်းထနီရေ အကျွန့်ကိုကြည့်ပနာ လူတိမသိအောင် သူနို့တိကို ချန်ထား ပြီးကေ အကျွန့်ကို ခိုးတိုက်တတ်ပါသိ့ရေ။

စကေကြီးလာရေအချိန်မာ အကျွန်ဧ့ မျိုးဗီဇကို ဖျက်ပနာ နှာဝကိုလေ့ စူးနန့်ထိုးဗျာ နဖားကြိုး တတ် ကတ်ပြန်ပါရေ။

ရုပ်ကြည့်ပနာ မဆုံးဖြတ်ကဲ့

အရောင်မပြောင်ရေ ချည်သား အင်္ကျီကို ၀တ်ထားရေ ၀ါကြီးတစ်ယောက်နန့် အိပ်ခြုပ်အင်္ကျီနနွမ်း တစ် ထည်ကို ၀တ်ထားရေ ၀ါကြီးမတစ်ယောက် ဘော်စတွန်မြို့ ဘူတာထဲက ထွက်လာကတ်ပနာ ဟားဗတ် တက္ကသိုလ် ဥက္ကဌ ရုံးခန်းထဲကို ၀င်လားကတ်တေ။ ကျွန်းသား လင်မယားပုံ ပေါက်နိန်ရေ စုံတွဲကို အတွင်းရေးမှူးမက အပြင်ကို ထွက်လာပနာ ဥက္ကဌကြီးနန့် တွိဖို့ ချိန်းထားလားလို့ လာမိန်းပါရေ။ လင်မ ယားက ချိန်းထားစွာ မရှိပါ။ ယေကေလည်း ဥက္ကဌနန့် တခေါက်ဖြစ်အောင် တွိချင်ပါရေ လို့ ပြောလိုက် ပါရေ။

လူမိုက် ဇာသူလဲ ဘားဘာ

ဘားဘာ-

သား မယှင်းလို့ ဘားဘာကို မီးချင်ရေ။ သား အဖြေမှန် မသိလို့ပါ။

"အမင်"လည်း လာပြီး နားထောင်ကေ ကောင်းပါဖို့။

"လူမိုက်နန့် ငွီ အတူမနီ"လို့ ဘားဘာလဲ ပြောရေ။ တခြားလူကြီးသူမတိလည်း ပြောကတ်၊ ဆိုကတ်၊ ရွီးကတ်တေ။ လူငယ်ချေတိကိုလည်း ဆုံးမကတ်တေ။ ရွာဦးကျောင်းထိုင် ဆရာတော်ကြီးတိကလည်း မိန့်ကတ် မြွတ်ကတ် ပါရေ။

အလှည့် (သို့) နောင်တ

တနင်္ဂနွီ ရုံးပိတ်ရက်ဖြစ်လို့ ဦးစိန်ထွီး ထိုင်ခုံမှာ ထိုင်ပနာ စာအုပ်တစ်အုပ် ဖတ်နီရေ။ ၁၀တန်း ၂ နှစ်ရှူ သားကြီး အနားမှာ လာထိုင်ရေ။

"ဘာဘာ၊ သားကို ကွန်ပျူတာတစ်လုံး ၀ယ်ပီးပလင့်" လတ်။

"ကွန်ပျူတာ ဇာလုပ်ဖို့လဲဝေ။ ကိုယ့်အခြေအနေကိုယ်သိ။ ငါ့မှာ ဒင်္ဂါးမဟိ။"

ကောလဟာလ

တစ်ခါက ၀ါကြီးမတစ်ယောက်ရေ အိမ်နီးနားချင်းမိသားစုနန့် ပတ်သတ်တေ ကောလဟာလ သတင်းတစ်ခု ကို အသိတိတစ်ယောက်ပြီးကေတစ်ယောက် ပြောပြနိန်မိရေ။ တစ်ပတ်လောက်အတွင်းမှာယင်းသတင်း ရေ မြို့ချေတစ်ခုလုံးကို ပျံ့နှံ့လားပါရေ။ အပြောခံရရေ မိသားစုက ဒေသတင်း မဟုတ်မမှန်ပါလို့ ပြောကေ လည်း လူတိက မယုံကတ်ပါဗျာယ်။ နောက်ဆုံးမှာ ယင်းမိသားစု ယင်းမြို့ချေက စွန့်ခွာလားရဖို့ အခြေအနေ ထိ ရောက်လားပါရေ။

နွားနို့တခွက်

တရက်နိန့် အကောင်ချေတယောက်စွာ ကျောင်းစရိတ်အတွက် တအိမ်ဝင် တအိမ်ထွက် သတင်းစာပို့ ယင်း၊ နောက်ဆုံး အိမ်အရောက်မှာ ကကောင်းဝမ်းဆာလာပါရေ။ စားစရာတခုခု တောင်းစားလိုက်မေ စိတ်ကူး ယင်း၊ အိမ်တံခါး ခေါက်လိုက်တေမှာ ကကောင်းလှရေ ရွယ်တူကလိမ့်မေချေတယောက် တံခါး ဖွင့်ပနာ သ တင်းစာ လှမ်းယူလာပါရေ။ ယင်း ကလိမ့်မေချေကို မြင်စွာနန့် စားစရာ မတောင်းဝံ့ဘဲ "ကျွန်တော့်ကို သောက် ရီတခွက်လောက် ပီးလို့ ရပါဖို့လား။"လို့ရာ မိန်းလိုက်ပါရေ။ ကလိမ့်မေချေက ယင်းကောင်ချေ ကကောင်း ဆာနိန်မှန်း သိလိုက်စွာနန့် အိမ်မှာရှိရေ နွားနို့အားလုံးကို မတ်ခွက်ကြီး တခွက်နန့် အပြည့်ထည့်ပနာ ပီးလိုက်ပါရေ။ အကောင်ချေက နွားနို့ကို တစက်မ ကျန်အောင် သောက် လိုက်ပြီးကေ "ကျွန်တော် ဘလောက်ပီးရပါဖို့ လဲ။" လို့ မိန်းလိုက်ပါရေ။

မုန့်သူခိုး

တရက်နိန့် အသက် ၃၀လောက်ရှိရေ ကလိမ့်မေ တယောက် စစ်တွေလေဆိပ်မှာ လေယာဉ်ပျံ ထွက်ဖို့အချိန် စောနိန်သိမ့်လို့ မဂ္ဂဇင်း တစ်စောင်နန့် ကွတ်ကီးမုန့် တထုတ် ၀ယ်ပနာ ထိုင်ဖို့နိန်ရာ ရှာလိုက်တေ။ ရှိဆုံး ခုံ တန်းမှာ ဒေါင့်ခုံနှစ်ခုံ လွတ်နိန်စွာ မြင်စွာနန့် ခုံနားကို အယင်လားပနာ "အေမှာ ထိုင်နိန်ရေလူ ရှိပါလား"လို့ ဘေးက အသက် ၃၅နှစ်လောက်ရှိရေ အရပ် ထထောင်မမောင်းနန့် ကလေကို မိန်းလိုက်တေ။ "မရှိပါ။"လို့ ယင်းကလေက ဖဖော်ရရွေ ပြန်ဖြေပါရေ။ ဒေါင့်ခုံမှာ ထိုင်ချလိုက်ယင်း လက်ထဲက အိတ်ကို ယင်းကလေနန့် ကြားက အလယ်ခုံမှာ တင်လိုက်တေ။

ဆုံးဖြတ်ချက်

၁၈၈၆ ခုနှစ်မှာ တီထွင်ကြံဆတတ်တေ အိန်ဂျင်နီယာ ဂျွန် ရိုးဘလိန်းက နယူးယောက်မြို့နန့် လွင်းအိုင်လန် ကို ဆက်ဖို့တန်းထားတခုကို ဆောက်ဖို့ အကြံရလာပါရေ။ တကဗာလုံးမှာရှိရေ တန်းထားဆောက် ကျွမ်း ကျင် ရေ အိန်ဂျင်နီယာတိက အယင်ကလည်း ယင်းပိုင်တန်းတား တခါလည်း မလုပ်ဖူး ၊ ဆောက်လည်း မဆောက် ဖူး၊ လုပ်ကေလည်း လက်တွိအကောင်အထည် တခုပိုင်လည်း ဖြစ်လာဖို့ မဟုတ်။ ယင်းစိတ်ကူး စိတ်သန်းကို မိန့် ပလိုက်လို့ အကြံပီးကတ်ပါရေ။

ဘ၀ ပတင်းပေါက်

လူနာနှစ်ယောက် ဆေးရုံအခန်းတစ်ခုမှာ အတူတူ ကျကတ်ပါရေ။ ပတင်းပေါက်နားက လူနာက တစ်ရက်ကို ညဇာဖက်တစ်နာရီဇီ ကဒင်မှာထိုင်ဗျာယ် အပေါ့အပါး လားရပါရေ။ ကျန်တစ်ယောက် လုံးဝအိပ်ယာက မထ နိုင်ပါ။

နှစ်ယောက်စလုံး အိပ်ယာထဲက နိန်ဗျာယ် မိသားစုအကြောင်း၊ အိမ်အကြောင်း၊ အလုပ်အကြောင်း ရောက် တတ်ရာရာ တစ်ရက်လုံး ပြောဖြစ်ကတ်ပါရေ။ ပတင်းပေါက်နားက လူနာက အပေါ့အပါးလားတိုင်း ပတင်း ပေါက် အပြင်က ရှုခင်းတိကို ကြည့်ဗျာယ် အပြင်မှာ မြင်ရသမျှကို အသေးစိတ်ပြောပြတတ်ပါရေ။

မေတ္တာကြေး

တခါက ဟော်တယ်စားသောက်ဆိုင် တဆိုင်ထဲကို ၁၀နှစ်သား အချေတယောက် ၀င်လာပနာ ဒေါင့်စပွဲခုံတ ခုံမှာ လားထိုင်ရေ။ စပွဲထိုး ကလိမ့်မေက မပီးချင်ပီးချင်နန့် သောက်ရီတခွက် လားချပီးရေ။

ယင်းခါ အချေက "စတော်ဘယ်ရီ အိုက်စကရိန်း တခွက်ကို ဘလောက်ပါလေ။"လို့ ခေါင်းမော့ပနာ မိန်းလာ ရေ။

စပွဲထိုး ကလိမ့်မေက "ဆင့်၅၀။"လို့ တတိုပပြတ် ပြောလိုက်တေ။

ပညာမာန

တခါက ပညာမန တက်နိန်ရေ လူငယ်တယောက် မြစ်ဆိပ်တခုကို ရောက်လာရေခါ ကဒိုးလောင်းက မြစ် လယ်ကို ရောက်နိန်ပါဗျာယ်။ နောက်ကဒိုးလောင်းကိုမစောင့်ချင်စွာနန့်အနားမှာချိုင်ထားရေလောင်း ဟောင်း
တစီးကို ငှားပနာ မြစ်ကို ဖြစ်ပါရေ။

မြစ်လယ်ကို ရောက်တေခါ လောင်းလှော်လာရေ ၀ါကြီးဖက်ကို လှည့်ပနာ " အခင်ကြီး ဒဿနိကဗေဒ ဆိုစွာ ကို သိပါလား။" လို့ မိန်းလိုက်ပါရေ။

"ကြားတောင် မကြားဖူးဝေ တူချေ။"လို့ လောင်းသမား ၀ါကြီးက ပြောလိုက်ပါရေ။

ဖြစ်သမျှအကြောင်း အကောင်းဘာရာ

တခါက ရှင်ဘုရင်တပါးမှာ လိမ္မာပါးနပ်တေ အမတ်ကြီးတယောက် ရှိပါရေ။ ယင်းအမတ်ကြီးစွာ ရှင်ဘုရင် လားသမျှ နိန်ရာကို နောက်က တဂေါက်ဂေါက် လိုက်ရဘာရေ။ အမတ်ကြီး လက်သုံးစကားက "ဖြစ်သမျှ အကြောင်း အကောင်းဘာရာ"လို့ ဇာဗင်ဖြစ်ဖြစ် ပြောလေ့ပြောထ ရှိဘာရေ။ တရက်နိန့်ခါ ရှင်ဘုရင် အမဲပစ် လားယင်း အမှုမဲ့ အမှတ်မဲ့ ကိုယ့်ခြီထောက်ကို ကိုယ့်လေးနန့် ပစ်မိပနာ အနာတရ ဖြစ်လားဘာရေ။ အမတ် ကြီးနန့် တိုင်ဗင်ကြည့်ရေမှာ အမတ်ကြီးက "ဖြစ်သမျှ အကြောင်း အကောင်းလို့ရာ မှတ်ပါ အရှင်ဘုရား။" လို့
ပြန်ပြောလိုက်လို့ ရှင်ဘုရင်က မာန်ပါဗနာ အမတ်ကြီးကို ထောင်ချပလိုက်ဘာရေ။

စကားလုံးမလိုရေ မေတ္တာစစ်

"အကျွန့်အချေကို တစ်ခေါက်လောက် ကြည့်ချင်ပါရေ။"ဖဖြူဖဖွေးချေ အနှီးဟတ်ချေနန့် ထုတ်ထားရေ အချေ ကို အားအင် ကုန်ခမ်းနိန်ရေ အမိဘားကို ကမ်းပီးလိုက်ပါရေ။ မပွင့် တပွင့် ဖွင့်ထားရေ မျက်နှာပေါက်ချေကို တယုတယ ဖွင့်ကြည့်လိုက်ပါရေ။ ကြည့်နိန်ယင်းနန့် အမိမျက်နှာစွာ ပြာနှမ်းလားခပါရေ။ မြင်ကွင်းတိေ၀၀ါး လားဗျာယ် အရည်ကြည်တိ မျက်လုံးအိမ်ထဲက တလိမ့်လိမ့် ကျဆင်း လာပါရေ။ ဆရာဝန်က ကျောခိုင်းပနာ သံတိုင်ကာထားရေ ပြတင်းပေါက်အပြင်က မြင်ကွင်းကို မျက်နှာ လွှဲလိုက်ပါရေ။ မွီးခါစ အချေမှာ နားနှစ်ဖက် က မပါလို့ ထင်ရလောက်အောင် ငယ်နိန်ပါရေ။ ခြောက်လလောက် ကြာရေခါ အချေစွာ အမြင်ဆိုးကေ လည်း အကြားအာရုံ ကောင်းရေဆိုစွာ သိလိုက်ရလို့ အမိအတွက် စိတ်သက်သာရာ တစ်ခု ရလားပါရေ။

ဘာ့ခ်ျ အိုဟာရီ

ဒုတိယကမ္ဘာစစ်မှာ နာမေကျော် ပုဂ္ဂိုလ်တိ ကကောင်း ပေါ်ထွန်းခပါရေ။ ယင်းအထဲမှာ တယောက်က ဘာ့ခ်ျ အိုဟာရီပါ။ ယင်းသူက တိုက်လေယာဉ်မှူးတစ်ယောက်ဖြစ်ပြီးကေ ပစိဖိတ်သမုဒ္ဓရာထဲက လေယာဉ်တင် ဘ င်္ဘောတစ်စီးမှာ တာဝန်ပီးထားခြင်းခံခရပါရေ။ တရက်စစ်ဆင်ရေး တစ်ခုအတွက် ဘာ့ခ်ျရို့လေယာဉ် အုပ်စု ပျံနိန်ရေ ခရီးလမ်းတ၀က်လောက်မှာ လေယာဉ်ပျံကို တာဝန်ရှိရေလူတိ ဆီမဖြည့်ထားမှန်း သိလိုက်ရရေ။ တာဝန်ဆက်ထမ်းဆောင်ဖို့ ဆီမလုံလောက်မှန်းသိလိုက်စွာနန့် လေယာဉ်အုပ်စုမှူးကို အကြောင်းကြားပနာ လေယာဉ်ပျံကို အမိသင်္ဘောဖက်ကို ပြန်လှည့်လိုက်တေ။ လမ်းတ၀က်လောက်မှာရန်သူဂျပန် ဇီးယိုးစစ်လေ ယာဉ်အုပ်စုတစု အမိသင်္ဘောအုပ်စုကိုဖျက်ဆီးဖို့ ဦးတည်ပျံနိန်စွာကို မြင်လိုက်ရရေ။ အမိသင်္ဘောက လေ ယာဉ်ပျံတိအားလုံး အပြင်ကိုပျံနိန်ရေအတွက် အမိသင်္ဘောအုပ်စုအတွက် အကာအကွယ်မဲ့နိန်ရေ အချိန်။

အုတ်နံရံ

တစ်ခါသော် အလွန်ဒေါသထွက်လွယ်သော ကောင်းလေးတစ်ယောက်ရှိလေသည်။ တစ်နေ့တွင် ဖခင်ဖြစ်သူ မှ ခရုများထည့်ထားသော အိတ်တစ်အိတ်ပေးကာ "သား၊ ဒေါသထွက်တိုင်း အိတ်ထဲက ခရုတစ်ကောင်စီဆွဲ ထုတ်ပြီး နောက်ဖေးက ဆေးသုတ်ထားတဲ့ အုတ်နံရံကို ပစ်ပေါက်လိုက်ပါ"ဟုပြောလေသည်။ 

ကောင်လေးသည် ပထမနေ့တွင် အိတ်ထဲမှခရ ၃၇ကောင်တိတိ ထုတ်ကာ အုတ်နံရံကို ပစ်ပေါက်ခဲ့လေ သည်။

ရက်သတ္တပတ် အနည်းငယ် ကြာသောအခါ ပစ်ပေါက်သော ခရုကောင်ရေ သိသိသာသာကျ ဆင်းလာလေ သည်။

Who is the doer?

လင်မယားနှစ်ယောက် အချေ လိုချင်အားကြီးလို့ လက်ထပ်တေနိန့်ကဗင် အခြေအနေပီးကေ ပီးရေပိုင် နိန့်မ ရှောင်ညမလွဲကြိုး စားလိုက်ကတ်စွာ ၁၁နှစ်ကြာခါမှရာ သားချေတစ်ယောက် မွီးလာရေ။ ရတောင့်ရခဲသား ရွှေခဲကို မျက်စိအောက်ကကို အပျောက်မခံနိုင်ကတ်။ 

သားချေအသက်၂နှစ့်ပြည့်ခါစ တရက်မှာ လင်သယ်ရုံးလားဖို့အိတ်ဆွဲဗနာ အိမ်အောက်ထပ်ကိုဆင်းလာရေ။ အမိသယ် သောက် နိန်ကျ အဆစ်အမြစ်ကိုက်ပျောက် ဆီးရည်ပလင်း ပွင့်နိန်စွာကို တွိလိုက်တေ။ ရုံးချိန် နောက်ကျနိန်လို့ နောက်ဖေး ထမင်းချက်ခန်းက အမိသယ်ကိုလှမ်းဗနာ"အေမှာ အမိသယ်ဆီးပလင်း ပွင့်နိန် ရေဂါး၊ တချက်လာသိမ်းလိုက်ပလင်။" ဆိုပနာ လှမ်းအော်လိုက်တေ။