ရခိုင်နှင့်တိုက်သာခြင်း

တိုက်သာခြင်းမှာ ကွဲခန်း၊လွမ်းခန်း၊ ဇာတ်လမ်းဇာတ်ကွက်တို့ကို ရေးဖွဲ့ရခြင်းမျိုးမဟုတ်။ ထိုကဲ့သို့လည်းမပါ။ ကျမ်းလာသာဓက၊ ထုံးပုံတ၀၊ ဇ၀န ဥာဏ်ချင်းပြိုင်ကြရသည်သာ ဖြစ်၏။ ထို့ကြောင့် တန်ခိုးဆရာထွန်းက "တိုက်သာခြင်း ကြော်ငြာခေါင်းစီးတွင်" ယခုအခါ၊ ပြုကဗျာက၊ အကွာအကဲ၊ အဆွေး အကျွမ်း၊ တေးအ ဆန်း နှင့်၊ အလွမ်းမပါ၊ ကျမ်းအလာဖြင့်၊ အဖြာဖြာနိဿရည် အခဲအခက်၊ အနက်အနည်း၊ အမေးအဖြေ၊ အထွေ ထွေတို့ကို ခွဲဝေသေချာ၊ ထွန်းဆရာလျှင်၊ ဆန်းကြယ်စွာ တန်ဆာဆင်လျက် စီရင်ကာပြလိုက်သော "တိုက် သာခြင်း" ဟုဆိုသည်။ သာခြင်းနှင့် တိုက်ဆိုင်ခဲ့ကြသကဲ့သို့ စကားစစ်ထိုး၍ ရှုံးနိုင်ပုံကို ၀စနယုဒ္ဓ လင်္ကာဟူ၍ လင်္ကာဖြင့်လည်း ရေးစပ်ချက်တွေ့ရသည်။ ဤတိုက်သာခြင်းသည် သာခြင်းအဖွဲ့နှင့် ဆက် သွယ်နေသော စာပေမိတ်ဆက်တစ်ခုပင် ဖြစ်သည်။ ဆရာထွန်းက တိုက်သာခြင်းအကြောင်း သဘောတရား ကို ဤသို့လျှင် ဖော်ထုတ်ပြခဲ့သည်။

"တိုက်သာခြင်း" ဆိုသည် တစ်ယောက်နှင့်တစ်ယောက် အတိုက်အခိုက်၊ အရစ်အစောင်း၊ အကောင်းအ ဆိုး ပေါင်းနှစ်မျိုးတို့တွင် အကျိုးအပြစ် ထိုက်သည့်အားလျော်စွာ မြင်မြော်ချင့်ထောက်၊ တစ်ယောက်မေး၊ တစ် ယောက်ဖြေ၊ အသေအချာ ကျမ်းဂန်လာစကားဖြင့် အမှားမယွင်းရအောင် ပြောဆိုကြသော သာခြင်း ကဗျာ အတတ်ဖြစ်သည်။

ထိုအတတ်သည် ယခု တိမ်ကောပျောက်ကွယ်၍ နောက်သာနောက်လား လူတကာတို့ ကဗျာအတတ်ကို အဖတ်အရွတ်၊ အဆိုအပြော ထိုစကားတို့ကိုနားမှမလည်၊ တိမ်ကောလွယ်မည်ကို ရည်ရွယ်ခြင်းဖြစ်၍ ကျွန်ုပ် ဆရာထွန်းက ခွဲခြမ်းစိတ်ဖြာ ဥာဏ်ပညာအလျောက် တစ်ယောက်မေး၊ တစ်ယောက်ဖြေ အသေအ ချာ ရှေး ရှေးဆရာတို့၏ နည်းနာများနှင့် ရောပြွန်းလျက် စီရင်ရေးသားသော "တိုက်သာခြင်း"ကို "အောင်ဗ လ(ခေါ်) တိုက်သာခြင်း"ဟု အမည်ပေး၍ စာအုပ်အဖြစ် ထုတ်ဝေတင်ပြခဲ့သည်။

ထိုစာအုပ်ထုတ်ဝေရန် စစ်တွေမြို့၊ ပသျှီကရာချပ်ရပ်၊ ပြည်ကြီးမဏ္ဍိုင်စာပုံနှိပ်တိုက်ပိုင်ရှင် ဆရာ ဦးမောင် ဘော်က နှိုးဆော်တိုက်တွန်းခြင်းကို အရင်းမူလပြု၍ (ယခင် အာရကန် ပုံနှိပ်တိုက်) ပြည်ကြီးမဏ္ဍိုင် သတင်း စာ ထုတ်ဝေခဲ့သော ပုံနှိပ်တိုက်လည်းဖြစ်သည်။ စစ်တွေမြို့၊ ပသျှီကရာချိပ်မှ ရိုက်နှိပ်ထုတ်ဝေ ခဲ့သည်။

ရခိုင်စာဆိုတော် ရွာချောင်းကြီး ဆရာဦးအောင်ထွန်းကလည်းရခိုင်သာခြင်းဆိုဓလေ့ကို တိုက်သာခြင်း တိုက် ဆိုင်ဆိုလေ့ရှိသည့်အဖြစ်၊ သာခြင်းဆုံးလျှင် ကြားဖြတ်၍ အထောက်တတ်က ရယ်စရာအဖြစ် အထောက်စာ ဆို၍ ထောက်လေ့ရှိသည်ဆို၏။

သာခြင်းဆိုဓလေ့

"ဤကဗျာသည်၊ သာခြင်းစာတို့၊ ရှေ့ခါပိုင်ပိုင်၊ ပျံ့နှံ့လှိုင်၍၊ ရခိုင်ပေစာ၊ မျိုအာသာဖြင့်၊ စဉ်လာ မပြတ်၊ မြင် မြင်သူတို့၊ အယုလှိုင်းဗျာ၊ လူတိုင်းတတ်လို့၊ အမှတ်စွဲလျက်၊ နှုတ်ကျင်လည်းရ၊ သာခြင်း ဆိုကေ၊ စောင်းကိုတီး ဗျာ၊ ပွဲကြီးလျလျက်၊ အကျအတင်၊ သဘင်ပျော်မှု၊ ရှေ့ခါတွင်ဝယ်၊ ရွာမြင်တိုင်းမှာ၊ လူတိုင်းစုလို့၊ ဆိုမှုမပြတ်၊ သာခြင်းသံတို့၊ ဆုံးပြန်မြောက်ကေ၊ အထောက်တတ်က၊ ကြားဖြတ်ပြီးခါ၊ ရယ်စရာဖြင့်၊ ထကာထောက်ငြား၊ နားထောင်သူလေ၊ လူအများမှာ၊ ဟားဟားလည်းရယ်၊ ပျော်ကောင်း ဘွယ်လျှင်၊ ပြည်နယ်အလိုက်၊ အခါအခါ လေ၊ ရွာလယ်တွင်းမှာ၊ သာခြင်းတိုက်လို့၊ ရှေ့၌အခါ၊ တို့ဘာ သာဖြင့်၊ ရှိပါလျက်သား၊ ယခုမူလေ၊ အယူပြင်း လို့၊ ရှေ့များစဉ်လာ၊ သာခြင်းစာတို့၊ ကွယ်ပါတော့မည်၊ သို့ဖြစ်သည်ကြောင်း၊ (လ)၊ ထို့ထုံးစံကို၊ ပြန်ကာ ကောက်လို့၊ မပျောက်စေချင် ရှိတော့သည်လေ"
ရွာချောင်းကြီးဆရာ ဦးအောင်ထွန်း
(ဆဒ္ဒန်ဆင်မင်း သာခြင်းသစ် နိဒါန်းမှ)

ဤတိုက်သာခြင်းကို အချို့က ဆရာထွန်းပင် တီထွင်ရေးစပ်ခဲ့သည်ဟု ထင်ကြမည်ဖြစ်သည်။ သို့သော် ဆ ရာထွန်း၏ တိုက်သာခြင်းအကြောင်းအရာ နိဒါန်းကပင် သက်သေခံပြီးဖြစ်သည်။ တိုက်သာခြင်းမှာ ထိုဆရာ တို့ မတိုင်မီးကပင် ရခိုင်ပြည်၌ သာခြင်းအတတ်တို့ အနှံ့အပြားသီဆိုလာခဲ့သော ပညာရပ်တစ်ခုအဖြစ် ထင်ရှားလာသည်မှာ ကြာပေပြီ။ ယခုခေတ် စကားရည်လုပွဲ ကျင်းပခဲ့ကြသကဲ့သို့ ရှေးခေတ်က တိုက်သာ ခြင်းဖြင့် ဆိုလိုရာကို လက်တန်းဖွဲ့စပ်ကာ ယှဉ်ပြိုင်စကားနိုင်ပြောဆိုခဲ့ကြသည်။

ဆရာထွန်း၏ ဆရာတ၀မိဘသဖွယ်ဖြစ်သော ပေါက်တောမြို့နယ် အရှေ့ဘက်ပြားကျွန်းခေါ် ဆားပြင်ရွာမှ သာခြင်းဆရာ ဦးအောင်ထွန်းလှတို့လည်း ဦးစွာရေးဖွဲ့ခဲ့ကြောင်း ၄င်းဆရာထွန်း၏ ကော်ကာနု သာခြင်းသစ် တွင် ဖော်ပြထားချက် တွေ့နိုင်သည်။

"ယခုအခါ ဤသာခြင်းကို ("ဆရာအောင်ထွန်း" ရေး "ကော်ကာနုသာခြင်း"မူဟောင်းကို ဆိုလိုသည်။) အလင်းသိလို့၊ တွေ့ရှိတုံလျှင်၊ အောင်ထွန်းဆရာ၊ စီခဲ့ပါသည်၊ တိုက်သာခြင်း၌ သွင်းစပ်ကာရန်၊ စီကုံးဟန်ကို၊ အကျွန်ကြည်နူး၊ အသစ်ပေါ်ကေ၊ ဆရာထွန်းလျှင်၊ ချီးမွှမ်းပြုလျက် ... "ဟု ဆိုထားသည်ကပင် ထင်ရှား သည်။

ဤတိုက်သာခြင်းမှာ သာခြင်းအရွေ့ခြင်းမှ အမျိုးအစားဝင်ဖြစ်ပြီး သဘောအရ အသုံးပြုပုံအခြင်း အရာကို လိုက်၍သာ "တိုက်သာခြင်း" ဟု အမည်တပ် ခေါ်တွင်လာရခြင်းဖြစ်သည်မှာ သေချာသည်။ ရှေးက သာခြင်း အတတ်တို့သည် လှည့်လည်သီဆိုခဲ့ကြရာ ဤသို့ အတိုက်အဆိုင်ယှဉ်ပြိုင်မှုသဘော တိုက်သာခြင်းတို့ကို ဖွဲ့ဆို၍လည်း ရပ်ရွာတကာတွင် သီဆိုဥာဏ်စမ်း အနိုင်အထလုပွဲပါ ကျင်းပခဲ့ရသေးသည်။

ဤတိုက်သာခြင်းမျိုးကို တစ်ယောက်တည်းဖြင့် သီဆို၍ သဘာဝမကျ။ မိန်းမ၊ ယောက်ျားစုံတွဲအလိုက် ယှဉ် ပြိုင်သီဆိုကြရသည်။ အထူးသဖြင့် သာခြင်းတတ်စုံတွဲ လင်မယားတို့သည် တိုက်သာခြင်းကို သီဆိုခဲ့ကြလေ သည်။ တိုက်သာခြင်း တစ်ခန်းရပ်တို့တွင်ဆိုလျှင် အထောက်စာတစ်မျိုးကိုလည်း ယခုလူပြက် (လူရွှင်တော်) တို့ ပြက်လုံးထုတ်သဘောမျိုး တစ်နည်းကဲ့သို့ဆိုကာ ဖြေဖျော်ပေးထားသည်။ ထိုအခါ ပရိသတ်မှာ များစွာ သဘောကျ၍ ပွဲမှာလည်း စိုပြေလျက်ပင်ရှိနေသည်။ တိုက်သာခြင်းနှင့်တွဲဖက်လျက် သီဆိုကြသော ဘိန်းစား ထမင်းငတ်၊ ပွဲလှဲ့ဖို့ခေါ်ကေ မလိုက်ကေ့၊ ကွဲမင်းအထောက်စသော အထောက်စာများစွာတို့ကို တွေ့ရသည်။ ဆရာထွန်းတို့လက်ထက်က အထောက်စာများကို စာအုပ်ငယ်(တစ်မတ်တန်စာအုပ်)ထုတ်သပ်ဖြန့်ချိ ရောင်း ချခဲ့သည်ဟု မြို့ဟောင်းဘုရားပေါ်ရွာမှ ဒုံးဆရာကြီးအောင်ဖြူ ပြောပြ၍ သိရပေသေး၏။

ဆရာထွန်းရေးခဲ့သမျှစာပေတို့ကို စပ်ဆိုပြရာ၌လည်း "တိုက်သာခြင်းက၊ သစီးရေသောက်၊ ထိုသည်နောက် ၌၊ အထောက်တစွ"ဟူ၍ အထောက်စာရေးခဲ့ကြောင်း တွေ့ရသည်။ တိုက်သာခြင်းတတ်တို့သည် အကြောင်း အရာတစ်ုခုကို အနိုင်အထ အပြန်အလှန်ဆိုင်ပြု၍မဆိုမီ ရတနာသုံးပါးကို ဦးချလေသည်။ ယင်းသို့ ကန်တော့ ခြင်းမျိုး၊ ချီးမွှန်းသော အဟိန်းမျိုးကိုပြုပြီးလျှင် မိမိ၏လုပ်စားမှု သက်မွေးမှုပညာဖြင့် သာခြင်းတတ်ဖြစ် ကြောင်းကို ကြေငြာလျက် ယှဉ်ပြိုင်ဘက်ကို စိန်ခေါ်ပြီး တစ်ခန်းရပ်အနားပေးလေသည်။

ထိုအခါ ယှဉ်ပြိုင်လိုသူ မိန်းမကလည်း ကန်တော့ခြင်း အချိန်းအဟိန်းတို့ဖြင့် ချီလျက် ပြိုင်ပွဲဝင် လိုကြောင်း ယောက်ျားကသာသည်၊ မိန်းမကသာသည်စသည်ဖြင့် အချက်အလက် တစ်ခုခုကို ယှဉ်ပြိုင် ကြတော့သည်။ ဤနေရာ၌ တိုက်ခိုက်ဆိုကြပုံ အစုံအလင်ကို တင်ပြရန် အခွင့်မသာချေ။ ဆရာထွန်း ၏ အောင်ဗလ တိုက် သာခြင်းမှ လေ့လာကြည့်ရှုကြရန် ညွန်ပြရပေ၏။ တိုက်သာခြင်း၏သဘောကို ဤမျှဖြင့် ချိန်ဆကြည့်လျှင် မည်မျှ အာဝဇ္ဇန်းပါမည်ကို သိလောက်ပေ၏။ သို့သော်လည်း (တရားမဆိုင် သင့်ရန် သင်ခန်းစာပေးထား သော) အထောက်စာ တစ်ခုကို ရှာဖွေရရှိထားရာ ဤနေရာ၌ မှတ်တမ်း တင်ဖော်ပြ ၏လိုက်ရပေသည်။

တရားတဘောင် တက်တက်ပြောင်မွဲ အထောက်စာ

ဟူးဟူး ရေရေဟူး...
အထောက်ကေလည်းမထောက်၊ ထောက်လုပ်ပြီးသော်၊ နောက်ကိုလည်း တမျိုးတဆွေ ထောက်လိုက်မည်ပ၊ ဆံခြည်ညိုမြ (ကြာကန်ရွာ) အပျိုမတို့၊ ရင်စတင်ဆစ်၊ ရဲစစ်လည်းဝင်၊ မိနံပါးနှင့် ဖနံပါးမှာ မအိပ်ချင်ဟု၊ ကိုယ်တွင်းအထည်၊ ပဲနံသာကို ဖုံဖုံနှီးဗျာ၊ ကိုယ့်သပေါ့ချေနှင့်၊ ကိုယ်အိပ်ချင်ရေ၊ ရွာတွင်ကလွေ၊ လူပျိုချေ ရို့ ကလည်း၊ သိလတ်မည် မကြောက်၊ ချွေးတပေါက်ပေါက်ကေမို့၊ နီဝင်လတ်သော်၊ ထိုအိမ်နားကို၊ ရစ်ကာဝင် ဟု၊ ထရံပေါက်က၊ ချစ်ကတ်မေ ကြိုက်ကတ်မေဟု၊ ပြောလတ်သောခါ၊ မိအိုမက၊ နီးလတ်သောခါ၊ ခွီးယောင် ၀တ်ယောင်၊ ဇာယောင်တစ်ခု၊ တရုရုဟု၊ ငါ့အိမ်နားမှာ၊ တခါတရံ၊ ခါရံတထူး၊ မကြားဖူးဟု၊ ဆိုလတ်သောခါ၊ ထိုကလွေချေက၊ စိတ်ဆိုးမာန်ပေါက်၊ ဒေါသရောက်၍၊ ယင်းဝါကြီးမသမီး၊ ညဇာတွင်က၊ ကန်ဘောင်အောက် မာ၊ ဇာလီးပျင်းဖို့၊ မှာခရေဟု၊ ပြောသံဆိုသံ၊ ကြားပြန်လတ်သော်၊ ၀ါကြီးဘိုက၊ နိုးလတ်သောခါ၊ ကျွန်ယုန်မ သား၊ ထိုးသတ်ပစ်မည်ဟု၊ ဆင်းလို့အလိုက်၊ မောင်းကာအတွင်း တိုင်တွင်ထိခိုက်၊ ၀ါကြီးဘိုထိပ်မှာ၊ ကြက်ဥ လောက်တစ်လုံးဖြစ်တေ၊ တရိပ်လွန်မြောက်၊ မိုးလင်းသောက်လတ်သော်၊ ကာလုံတတ်ပါးမှာ၊ တိုင် အဲထား မည်ဟာကလွေ၊ တရိပ်လွန်မြောက်၊ မိုးလင်းသောက်ခါ၊ မာတာပီတ၊ မိနှင့်ဖကိုလည်း မရှက် ၊ ခြောင်းဟတ်လို့ လည်းမကြား၊ အကျွန်ထိပ်ကို၊ ခဲကောက်ပစ်တေ၊ ကာလုံတတ်ဟု၊ ဆိုလတ်တေခါ၊ ထို ကလွေချေက၊ ချေဆို ပြန်ရေမှာ၊မြက်မွန်ဟိရာ၊ နွားမွန်လာ၊ အပျိုဟိရာ လူပျိုလာ၊ မလာရဘဲ၊ ၀ါကြီးမက၊ တ လီဆဲ၊ ၀ါကြီးဘိုက၊ နိုး လတ်သောခါ၊ ကျွန်ယုမသား၊ ထိုးသတ်ပစ်မည်ဟု၊ ဆင်းလို့အလိုက်၊ မောင်းကာလ အတွင်း၊ တိုင်တွင်ထိခိုက်၊ ယင်းအဖြစ်ကို ကျွန်မျိုးသာမသိပါ၊ ခဲကောက်လို့ လန်သည်မြောက်ကေက၊ ၀ါကြီး သမီးကိုပီးလီ၊ မင်းကေက၊ ဒဏ်ငွေခြောက်ဆယ် လျော်ရမေ၊ မလျော်ကေက၊ တရားတဘောင် ရုံး ကိုဆောင်ကေ၊ ၀ါကြီးမအိမ်ထောင်၊ တက်တက်ပြောင်မွဲ။    ။

နတ်မြစ် စန်းအောင်

(အသျှင်စက္ကိန္ဒ- ရခိုင်ယဉ်ကျေးမှုများ အမှတ်(၂) မှ-)

No comments:

Post a Comment