လတစ်ခြမ်း

သပေါက်ထက်မှာ အဓိပတိနက္ခတ်နန့်
ပြိုင်မွီးလာရေလူ
လမ်းလျှောက်တတ်ချိန်မှာ
စည်တော်တီးသံကြားခရရေ။

ညဥ့်နက်သိုင်ခေါင်မှာ
လမ်းလျှောက်ထွက်ရေလူ
ကြယ်ရောင်မမြင်
လမ်းမှားနီဗျာယ်ကား။

မြောက်ဘက်တည့်တည့်ကို ကြည့်ဗျာယ်
အော်လိုက်ချင်ရေ
အို ဓူဝံကြယ် ဇာလားနီလေ
လမ်းပြဖိပလင်
လတစ်ခြမ်းနန့် လောင်းတစ်စီး
ငပြီအရိုး ဆတ်ကိုမထိုးခင်
သဇင်ရနံ့ မွှီးစီချင်ဗျာယ်။

မက်လုံးပီးဗျာယ်
လိမ်ပြောတတ်တေ မင်းကို
လကွယ်ညဥ့်မှာ တစ္ဆီမကြောက်အောင်
ဂါထာတစ်ပုဒ် သင်ပီးလိုက်ချင်ရေ
(၂၂၇)ခေါက်ဆိုဖို့။

ခိုင်ဖြိုးလင်း

အောင်တံခွန် ၀ံသရက္ခိတမဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၂)မှ- 

No comments:

Post a Comment