ကောလဟာလ

တစ်ခါက ၀ါကြီးမတစ်ယောက်ရေ အိမ်နီးနားချင်းမိသားစုနန့် ပတ်သတ်တေ ကောလဟာလ သတင်းတစ်ခု ကို အသိတိတစ်ယောက်ပြီးကေတစ်ယောက် ပြောပြနိန်မိရေ။ တစ်ပတ်လောက်အတွင်းမှာယင်းသတင်း ရေ မြို့ချေတစ်ခုလုံးကို ပျံ့နှံ့လားပါရေ။ အပြောခံရရေ မိသားစုက ဒေသတင်း မဟုတ်မမှန်ပါလို့ ပြောကေ လည်း လူတိက မယုံကတ်ပါဗျာယ်။ နောက်ဆုံးမှာ ယင်းမိသားစု ယင်းမြို့ချေက စွန့်ခွာလားရဖို့ အခြေအနေ ထိ ရောက်လားပါရေ။

နှစ်ပတ်လောက်အကြာမှာ ပထမဆုံးကြားခရရေ သတင်းရေ မဟုတ်မမှန်ဆိုစွာကို ၀ါကြီးမ သိလိုက်ပါရေ။ ယင်းအချိန်မှာ အပြောခံရရေ မိသားစုလည်း ယင်းမြို့ချေကို စွန့်ခွာလားခကတ်ပါဗျာယ်။ ၀ါကြီးမလည်း ကိုယ် အစပျိုးခရေ ကောလဟာလ သတင်းတစ်ခုအတွက်နန့် တစ်ခြားလူတိ နစ်နာလားစွာကို သိလိုက်ရလို့ ယူကျုံး မရ စိတ်ဆင်းရဲလားပါရေ။ နောက်နိန့်မှာယင်းမြို့က ပညာရှိဝါကြီးဘားကိုလားလို့ ဒေပြောလိုက်မိရေ သတင်း မှားကို ဇာပိုင် ပြန်ချေဖျက်ရဖို့လဲလို့  တိုင်ပင်ပါရေ။

ပညာရှိဝါကြီးက " ဈီးကို လားပြီးကေ ကြက်တစ်ကောင်ဝယ်ပါ။ ယင်းကြက်ကို သတ်ဗျာယ် အိမ်ပြန်လာရေ လမ်းတစ်လျှောက်မှာ ကြက်အမွီးတစ်ပင် တစ်ပင်ဇီ ဆွဲနုတ်ဗျာယ် ချထားခပါ။"လို့ ပြောလိုက်ပါရေ။

ပညာရှိဝါကြီးပြောရေ စကားကို ဟုတ်တိပတ်တိ နားမလည်ကေလည်း ပြောရေအတိုင်း လိုက်လုပ်လိုက် ပါရေ။

နောက်တစ်နိန့်မှာ ပညာရှိဝါကြီးက "ညဇာက ချထားခရေ ကြက်တောင်တိအားလုံးကို ဒေနိန့် ကောက်ဗျာယ် ငါ့ဘားကို ယူလာခပါ။"လို့ ပြောလိုက်ပါရေ။

ညဇာက ချထားခရေ လမ်းတစ်လျှောက်မှာ တစ်ရက်လုံး လိုက်ကောက်ကေလည်း အားလုံး လီနန့် လွင့်ပါ လားခလို့ ၀ါကြီးဘားကို ပြန်ရောက်တေအချိန်မှာ ကြက်မွီး သုံးပင်ရာ ပါလာပါရေ။

ပညာရှိဝါကြီးက "အေး...ချထားခခါ လွယ်သလောက်၊ ပြန်ကောက်ရခါ ခက်တေဆိုစွာကို တွိပါဗျာယ်လာ။ ကောလဟာလ သတင်းဆိုစွာလည်း ယင်းပိုင်ပါ။ သတင်းဖြန့်ရေခါ အင်အားစိုက်ထုတ်စရာ မလိုကေလည်း၊ ယင်းပျံ့နှံ့လားခရေ သတင်းကို ပြန်ပိတ်ဖို့ဆိုစွာ အင်အား ဘလောက်စိုက်စိုက် လုံးဝမဖြစ်နိုင်ပါဗျာယ်။" "သီ လားခရေ ကြက်ကို အသက်သွင်းလို့ မရနိုင်ရေပိုင် နစ်နာလားခရေ လူကိုလည်း ဘလောက် တောင်းပန် တောင်းပန် မရနိုင်ပါဗျာယ်။"

အဝေ သူငယ်ချင်းရို့... မသေချာ၊ မရေရာဗျာယ် အခြားလူကို ထိခိုက်နစ်နာလားဖို့ စကားတိကို ဒေနိန့်က စဗျာယ် အတတ်နိုင်ဆုံး ရှောင်ကတ်ပါမေ။

သတင်းက မှန်ပါယင့်။ ကိုယ့်အတွက်လည်း အကျိုးမရှိ။ အခြားလူတိကိုလည်း ထိခိုက် နစ်နာလားနိုင်ကေ၊ ယင်းသတင်းကိုလည်း မပြောကတ်ပါကေ့။ မှန်တိုင်းလည်း အကျိုးမရှိကေ ပြောစရာမလိုပါ။

"လူမျိုးတစ်မျိုး နိမ့်ကျရေ၊ မြင့်တက်ရေ၊ ပျောက်ကွယ်လားရေ ဆိုစွာ ယင်းလူမျိုး အသိစိတ်ဓါတ်နန့်ရာ ဆိုင်ပါ ရေ။"

ရခိုင်တစ်မျိုးသားလုံးကို မြှင့်တင်လားဖို့ ပထမဆုံး ကိုယ့်စိတ်ဓါတ်ကို မြှင့်တင်ကတ်ပါမေ သူငယ်ချင်းရို့။

KWKhaing (AMP)

No comments:

Post a Comment