ဒီမိုကရေစီအရေး၊ ဒီမိုကရေစီအတွေး

အကျွန် ဒေခေါင်းစဉ်နန့် ရွီးစော်ကို တတိုင်က နည်းနည်း ဘာသာရပ်ဆန်ရေဆိုပြီးကေ ဝေဖန်ကတ်တေ။ အ မှန်က ကျယ်ဝန်းနက်နဲရေ နိုင်ငံရေးနယ်ပယ်ထဲကို အကျွန့်ပိုင်အသျှေ သရုပ်ဆောင်အဖြစ်နန့် ရောက်လာ ကတ်တေ လက်သင်နိုင်ငံရေး မိတ်ဆွေတိအတွက် ဒီမိုကရေစီကျကျ လွတ်လွတ်လပ်လပ် စိုင်းစားတွေးခေါ် ပြီးကေ လေ့လာထားသမျှကို မျှဝေခံစား(Sharing) လုပ်ချင်လို့ ဒေခေါင်းစဉ်ကို တင်ရခြင်းပါ။

ဒီမိုကရေစီဆိုလို့  အခုမီဒီယာလောကမှာ ခေတ်အစားဆုံး၊ အသုံးအများဆုံးစကားလုံး သုံးလုံးကို လားလို့ အ တွက်ပေါ်ပါရေထော။ နိုင်ငံရေး(Politics)၊ ဒီမိုကရေစီ(Democracy)၊ သဘာဝပတ်ဝန်းကျင် (Environment ) ဆို ရေ စကားလုံးသုံးလုံးကို ကြားနိန်ရစော် နိန့်စိုင်နန့်အမျှ။ အမှန်က ဒေစကားလုံး(၃)လုံးစော် အဂုမှပေါ် လာရေ စကားလုံးအသစ်(Modern words)မဟုတ်။ ကမ္ဘာဦးက လူစဖြစ်တည်လာခါကပင် ရှိနိန်ပြီးသား။ လူတိနန့် ပတ် သက်ဆက်နွယ်နိန်ပြီးသား စကားလုံးဆိုစော် ယုံမှားသံသယမရှိ။

လူသားအစ ဗြဟ္မာက လို့ ယုံကြည်လက်ခံထားရေ ရခိုင်စာပီ၊ မြန်မာစာပီ အဆိုရေ ကမ္ဘာဦးမှာ သလေးစပါး ဆိုပြီး ဟိပါကြောင်း၊ အချိန်မရွီး အဆင်သင့်ခူးဆွတ်စားလို့ရရေ ယင်းသလေးစပါးကို လူတိလောဘ တရား ၀င်ရေခါ အိမ်မှာသိုလှောင်သိမ်းဆည်းဖို့။ ရသရွိ့ကို အပြိုင်အဆိုင်ရိတ်သိမ်းရေခါ အမြစ်တွယ်အစပြုဖြစ်တေ သဘာဝပတ်ဝန်းကျင်တိ ထိခိုက်ပျက်စီးလာလတ်ကြောင်း၊ ယင်းခါ အစည်းအဝေးတိခေါ်ယူ စုစည်းပနာ သူ့မြီ၊ ကိုယ့်မြီသတ်မှတ်ကြောင်း၊ တစစ လေဘတရားတိကြီးများလာရေခါ တစ်တိုင်က သူများနယ်ကို ကျူးကျော် ၀င်ရောက်ပြီးကေ ခိုးဆိုးလုယက်မှုတိ ဖြစ်လာကြောင်း၊ ယင်းပိုင်နန့် ကြီးနိုင်ငယ်ညှင်းဝါဒကို အခြီ ခံရေ ဥပဒေ (The Law Of Jungle)တိ စိုးမိုးပါလတ်တေခါ လူတိက စုဝေးတိုင်ပင်၊ နိုင်ငံရေး တိုင် ပင်ဆွေးနွေးပွဲ (Political Forums) တိလုပ်ပြီးကေ အရည်အချင်းပြည့်ဝသူ၊ အများကကြည်ညို လေးစားရေ လူတစ်ဦးကို ရွီးချယ်ပနာ ခေါင်းဆောင်ဖြစ်တေအတွက် သူ့ကို မဟာသမ္မတရာဇာ လို့ ခေါ်ပါကြောင်း ဖော်ပြ ထားပါရေ။ ဆိုလိုစော်က ပြည်သူအကျိုးအတွက် ပြည်သူ ကရွီးချယ်တင်မြှောက်လိုက်တေ ပြည်သူအစိုးရ (The government of the people for the people by the people)နန့် ကမ္ဘာအုပ်ချုပ်ရေး ယန္တရားကို စတင်လိုက်ခြင်း၊ တနည်းအားဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးနန့် ကမ္ဘာ့နိုင်ငံရေး တံခါးဝကြီးကို ဆွဲဖွင့် လိုက်ခြင်းဖြစ်တေ။ ယေဇုနန့် အဆိုပါစာပီ ကျမ်းဂန်လာအရ နိုင်ငံရေး၊ ဒီမိုကရေစီ၊ သဘာဝ ပတ်ဝန်းကျင် ဆိုရေ စကားလုံးတိစွာ ကမ္ဘာဦးကပင် လူနန့် ခေတ်ပြိုင် ပေါ်လာရေစကားလုံးတိဆိုစော် ထင်ရှားနိန် ယင့်။

အကောင်းနန့် အဆိုးဒွန်တွဲပါလာရေ လောကသဘာဝတရားတိထဲမှာ ဒီမိုကရေစီအုပ်ချုပ်ရေးနန့် စတင်ခရေ ကမ္ဘာကြီးက နောက်ပိုင်း အရင်းရှင်ခေတ်၊ ပဒေသရာဇ်ခေတ်တိအထဲ တစ်မိန့်၊ တစ်သံ၊ တစ်အာဏာနန့် အုပ် ချုပ်တေ သက်ဦးဆံပိုင်ဘုရင်စနစ် (Auto Cracy) အုပ်ချုပ်ရေးတိကြောင့် စစ်မှန်ရေ အာဏာရှင်ပြည် သူတိက တဆတ်ဆတ် အောက်ဆုံးအခြေအနေကို ရောက်မှန်းမသိရောက်၊ အာဏာရှင်တိပါးမှာ အဟောက် ခံ၊ အ ငေါက်ခံပြီးကေ အကြောက်တရားနန့်အတူ ကျီးလန့်စာစားနိန်ရေ ပြည်သူတိအကြောင်းကို သမိုင်းစာ မျက်နှာ တိ ပစ္စက္ခအခြေအနေအရပ်ရပ်တိမှာ နိန့်စိုင်မြင်တွိနိန်ရစော်ဖြစ်တေအတွက် အဆန်းတစ်ခုတော့ မဟုတ် ဗျာယ်။ (ပြည်သူတိစော် လူတိုင်းပါးမှာ အထုခံလာရရေဘ၀ကို ရောက်လားလို့ ပြည်သူလူထုဆိုစော် စကား ပေါ်လာစော်လားလို့တောင် သံသယ၀င်စရာ။)

အကျွန်ရို့ရခိုင်ပြည်၊ ရခိုင်လူမျိုးစော် ထောင်စုနှစ်အများကြီးတိုင်အောင် ပဒေသရာဇ်အုပ်ချုပ်ရေးအောက်မှာ လုံခြုံမှု၊ လွတ်လပ်မှု၊ ကြီးပွားအောင်မြင်မှုတိကို ပိုင်ဆိုင်ယင်း အီးအီးချမ်းချမ်းနန့် အထင်ကရ လူမျိုးတစ်မျိုး အဖြစ် ရပ်တည်နိန်ထိုင်ခစော် ကမ္ဘာကအသိ။ ထူးဆန်းစော်တစ်ခုက အုပ်ချုပ်ရေးဆိုကေလေ့ သက်ဦးဆံပိုင် ဘုရင်စနစ် (Auto Cracy) သက်သက်မဟုတ်ဘဲ ပညာရှိ ပြည်ထိန်းအမတ်ကြီးရို့၊ သီလသမာဓိနန့် ပြည့် စုံရေ သံဃရာဇာဆရာတော်ကြီးရို့ အဆင့်ဆင့် ထိန်းကွပ် အုပ်ချုပ်တေစနစ်၊ တနည်းအားဖြင့် သူခမိန် သူကောင်း မျိုး အုပ်ချုပ်တေစနစ် (Aristo Cracy) အုပ်ချုပ်ရေးကို စီးဝင်နိန်စော် လေးစားအံ့သြ ဂုဏ်ယူ စရာအဖြစ် လေ့ လာ တွိရှိရပါရေထော။ မင်းဗာကြီး ဇာလောက်ပင်ဘုရင်ဖြစ်ဖြစ်၊ မဟာပညာကျော် စကား ကိုမပယ်၊ မင်းစော မွန် ဇာလောက်ပင်ဘုန်းတန်ခိုးကြီးကြီး ပညာရှိ ၀ိမလအမတ်စကားကို နားထောင်ရရေ။ ပညာရှိ ပြည်ထိန်း အမတ်ရို့ ဇာလောက်ပင်ပါဝါရှိရှိ သံဃရာဇာကို လွှမ်းမိုးလို့မရ။ မင်းမကောင်းကေ တိုင်းသူပြည်သားနန့် မှူးမတ်ရို့တိုင်ပင်လို့ မင်းအသစ်တင်ရေ။ ယင်းမင်းကို ပြည်ထိန်း သုခမိန်အမတ်ရို့ ထိန်းကွပ်တေ။ ပြည်ထိန်း သုခမိန်မတ်ရို့ မှားကေ သံဃရာဇာဆရာတော်ကြီးရို့က တည့်မတ်ပီးရေ။ ကမ္ဘာ မှာ အဂုပိုင် ပဒေသရာဇ် အုပ်ချုပ်ရေးထဲ အရစ်စတိုခရေစီ စီးဝင်နိန်ရေ အုပ်ချုပ်ရေးမျိုး၊ မရှိသလောက်ရှား ပါးရေလို့ ပညာရှင်တိက မှတ်ချက်ပီးကတ်တေ။ ပြီးကေ စစ်မက်ရေးရာကိစ္စ၊ တိုင်းပြုပြည်ပြုကိစ္စ၊ နန်းတွင်း ကိစ္စ၊ ဥပဒေပြုရေး ကိစ္စတိမှာ တိုင်းပြည်ထဲဝင်လို့ စနည်းနာကြောင်း၊ ရဟန်းရှင်လူ လူကြီးလူငယ်ရို့စကား (Public Voice)ကို ဂရုတစိုက် နားထောင်မှတ်သားပြီး ညီလာခံမှာ ဆွေးနွေး အတည်ပြုကြောင်းတိ ကိုလည်း လေ့လာတွိရှိ ရရေအတွက် ပဒေသရာဇ်ခေတ်မှာတောင် ပြည်သူ့ဆန္ဒကို အလေးထားမှု၊ ပြည်သူ တိကို တန်ဖိုးထားတတ်မှု (ဒီမိုကရေစီသဘောထား)တိကို ရခိုင်ရာဇ၀င်မှာ အထင်အရှားတွိရရေ။

မကြာခင်က မြန်မာနိုင်ငံ လွှတ်တော်အကြီးအကဲတစ်ဦးက "ဥပဒေအထက်မာ တစ်ယောက်လေ့မရှိ" (No ome is above the law)လို့ ပြောသံကြားလိုက်တေ။ အကျွန်ရို့စိတ်ထဲမှာ ရခိုင်ဘုရင် မင်းထီးကို အ တွက်ပေါ် လာပါရေထော။ ဥပဒေကို အတော်တဆချိုးဖောက်မိလို့ ကိုယ့်လက်ညိုးကို အများရှိမှာ ကိုယ် တိုင်ဖြတ်ပစ်ခရေပုဂ္ဂိုလ်။ ဥပဒေကိုမလိုက်နာရေ ကျေးဇူးရှင်ဝရီးကို ဥပဒေအတိုင်းသီမိန့်ချခရေ ဘုရင်၊ ထို ဘုရင်က ဥပဒေ အထက်မှာ တစ်ယောက်လေ့မရှိကြောင်း လွန်ခရေ နှစ်ပေါင်း (၇၀၀)ကျော်က လေး မြို့ခေတ်၊ လောင်းကြက် နန်းထဲမှာ အပြောမဟုတ်၊ လက်တွိကျကျ သက်သီပြုခဗျာယ်ဖြစ်တေ။

ယပြီးကေ လွန်ခရေ နှစ်ပေါင်း (၂၀၀)ကျော်က ကမ္ဘာ့နိုင်ငံအားလုံးနီးပါး အာဏာရှင်စနစ် (Auto Cracy) လွှမ်းမိုးနိန်ခရေအချိန်။ ရခိုင်ပြည်မှာ ဒီမိုကရေစီအုပ်ချုပ်ရေးကို အပြည့်အ၀စတင်မျိုးစိချခစော်ကို ထူးဆန်း အံ့ သြဖွယ်ရာ တွိရှိရပါရေ။ ရခိုင်ရို့၏မြောက်ဦးခေတ် နောက်ဆုံးဘုရင်ကို မှူးမတ်ပြည်သူရို့၏ဆန္ဒနန့် ဒီမိုက ရေစီကျကျ ရွီးချယ်တင်မြှောက်ပြီးကေ ပဒေသရာဇ်အုပ်ချုပ်ရေးကို ပြောင်းလဲဖို့ ကြိုးစားခစော်ကို အားလုံး အ သိပင်ဖြစ်တေ။ ဒီမိုကရေစီကျကျ ရွီးချယ်တင်မြှောက်လိုက်တေ ဘုရင်ဖြစ်တေအတွက် မဟာသ မ္မတရာဇာ (The Great President) ဘွဲ့ကို ပီးအပ်ခြင်းဖြစ်တေ။

နိုင်ငံရေး၊ အုပ်ချုပ်ရေးနယ်ပယ်တိမှာ ခေတ်မီအထက်တန်းကျခရေလူမျိုးတစ်မျိုးက နှစ်ပေါင်း(၂၀၀)ကျော် ချခြူသတ်တေ မြန်မာ့နိုင်ငံရေးရီစီကြောင်းထဲမှာ တုံးမှတ်သတ်၊ တိုင်မှာသတ်နန့် ကျွဲကူးရီးပါ လိုက်ပါ လာစော် အဂုနိုင်ငံရေးဆိုစော် မကြားကောင်း၊ မကြားသင့်ရေ အမင်္ဂလာစကားတစ်ခွန်းပိုင် အကျွန်ရို့ပြည် သူတိနားနန့် အလှမ်းဝီးလားစော် စိတ်မကောင်းစရာပါ။ တစ်မိန့်တစ်သံ၊ တစ်အာဏာနန့် အကြောက် တရား လွှမ်းမိုးအောင်၊ တစ်နည်း (လိပ်ပြာစိုင်အောင်) ဖိနှိပ်အုပ်ချုပ်ခံရပြီးကေ၊ LDC စာရင်းထဲက ထမင်းပျောက် လိုက်ရှာယင်း အချိန်ဖြုန်းနိန်ရရေ ပြည်သူတိက နိုင်ငံရေးလို့ပြောလိုက်စွာနန့် လက်ထိပ်၊ အချုပ်၊ ထောင်တိ ကို မြင်ယောင် လာကတ်တေ။ ယင်းချင့်ကို သတ္တိမရှိ၊ သူရဲဘောကြောင်ရေလို့လေ့ ပြောလို့မရ။ အရာရာ တိုင်းမှာ အကြောင်း နန့်အကျိုး ရှိနိန်ပြီးသား။

၂၀၁၀-ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းရေခါ အကျွန်ရို့ကို တချို့မိသားစုဝင်တိတွိလို့ နှုတ်မဆက်ဝံ့။ အိမ်ကိုသတင်းမိန်းဖို့ ၀င်ခီကေပင် မျက်စိမျက်နှာပျက်လို့၊ နိုင်ငံရေးသမားတိနန့် အရောတ၀င်လုပ်ကေ အ ဖမ်းခံရဖို့ ကြောက်လို့လတ်။ ကိုယ်တိုင် နိုင်ငံရေးလုပ်ဖို့စော်ထား၊ လုပ်တေလူတိကိုပင် အတွိမခံဝံ့ဆိုစော် ကြွီ ကွဲစရာတစ်ခု ပါဗျာယ်ယေ။ ဒေစိတ်ဓါတ်၊ ဒေနှလုံးသားတိကို ပြန်လည်တည့်မတ် သိဒ္ဒိတင်ဖို့ ဆိုစော်လေ့ နောက်ခိုင်းထားလို့မရရေ ကိစ္စတစ်ခုလို့ ထင်ပါရေ။ ဂရိအတွေးအခေါ်ရှင် အရစ္စတို တယ် ပြောစော်ပိုင် "လူဆို စော် သဘာဝအားဖြင့် နိုင်ငံရေးသတ္တ၀ါ" (Man is by nature a Political animal) ဖြစ်တေ။ နိုင်ငံရေးနယ်ပယ် ထဲမှာ (Politicians, activists, statemen) ဆိုပြီးကေ နိုင်ငံရေး သတ္တ၀ါ(၃)မျိုးရှိစော်မှာ အဓိက အရေးကြီးဆုံးက ပြည်သူ(Politicians)တိပင်ဖြစ်တေ။ ယင်းအတွက်နန့် ဒီမို ကရေစီအုပ်ချုပ်ရေးအတွက် ပြည်သူ့စိတ်ဓါတ်၊ ပြည် သူ့နှလုံးသားတိစော် အခြေခံအဆောက်အဦး (Infrastructure)ဆိုကေ မှားပါဖို့လား။ ကိုယ်၊ကိုယ့်မိသားစု၊ ကိုယ့် အသိုင်းအ၀ိုင်း၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည် ၏ အနာဂါတ်ကို တခြားလူပုံဖော်ဖို့စော်ကို ထိုင်စောင့်နိန်ဖို့ ဆို ကေ အကျွန်ရို့ ဘ၀တိစော် ...။ နိုင်ငံတစ်နိုင်ငံကို ပြုပြင်ပြောင်းလဲမှု (Reform)ပဲလုပ်လုပ်၊ တော်လှန်ပြောင်း လဲခြင်း (Revolution) ပဲလုပ်လုပ်၊ ပြည်သူတိမပါလို့မဖြစ်။ ပြည်သူတိက အဓိကမဟုတ်ပါလားနန်း။ ယင်းကြောင့် မိမိရို့ ယုံကြည်လက်ခံထားရေ ကမ္ဘာဦးသမိုင်း စာမျက်နှာကိုကြည့်ကြည့်၊ မိမိလူမျိုးဖြတ်သန်းလာရေ အုပ်ချုပ် ရေး ကိုပဲ လေ့လာလေ့လာ၊ မိမိရို့လက်ရှိအနေအထားမှာ ဇာပိုင်စိတ်ဓါတ်၊ ဇာပိုင်နှလုံးသားတိနန့် ဇာပိုင်ဟိ ဆက် ခရီးလားကတ်ဖို့လေ့ဆိုစော် အကျွန်ရို့မိန့်မောသီသတ်ထားလို့မရရေ ကိစ္စ။

လောလောဆယ် ဒေလောက်နန့်တန့်ကတ်ပါမေ။ ဒေအပတ်မှာ ပုဂ္ဂိုလ်တစ်ယောက်၏ အဆိုအမိန့်နန့် စကား လက်ဆောင်ပါးလိုက်ပါယင့်။

"Happiness depends on being free and freedom depends on being couragenous." (ပျော်ရွှင်မှုဆိုစော် လွတ်လပ်ခြင်းမှာမူတည်ရေ။ လွတ်လပ်မှုဆိုစော် သတ္တရှိခြင်းမှာ မူတည်ရေလတ်။

အကျွန်ရို့ ရခိုင်ပြည်သူတိ ယုံကြည်မှု သတ္တခွန်အားတိနန့် လွတ်လပ်တေ ပျော်ရွှင်မှုအရသာကို ထာဝစဉ် ပိုင်ဆိုင်နိုင်ဖို့အရေး...။

ဗျာလာခိုင်

ကိုးကား-
    -ရခိုင်ရာဇ၀င်သစ်ကျမ်း(ပ-တွဲ)၊ တောင်ကျောင်းဆရာတော်
    -ရခိုင်ကဗျာနန့် ရခိုင်အတွေအခေါ်၊ စံကျော်ထွန်း
    -ရခိုင်ညွန့်ဖူး မြို့မြောက်ဦးမှ သုတရတနာများ၊ မင်းပြားမင်းသိန်းဇံ
    -ကမ္ဘာ့နိုင်ငံရေးအတွေးအခေါ်များ
    -The Voice Weekly ဂျာနယ်များ
    -မိမိ၏ မှတ်စုအတိုအထွာများ

တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁)မှ-

No comments:

Post a Comment