နွားနို့တခွက်

တရက်နိန့် အကောင်ချေတယောက်စွာ ကျောင်းစရိတ်အတွက် တအိမ်ဝင် တအိမ်ထွက် သတင်းစာပို့ ယင်း၊ နောက်ဆုံး အိမ်အရောက်မှာ ကကောင်းဝမ်းဆာလာပါရေ။ စားစရာတခုခု တောင်းစားလိုက်မေ စိတ်ကူး ယင်း၊ အိမ်တံခါး ခေါက်လိုက်တေမှာ ကကောင်းလှရေ ရွယ်တူကလိမ့်မေချေတယောက် တံခါး ဖွင့်ပနာ သ တင်းစာ လှမ်းယူလာပါရေ။ ယင်း ကလိမ့်မေချေကို မြင်စွာနန့် စားစရာ မတောင်းဝံ့ဘဲ "ကျွန်တော့်ကို သောက် ရီတခွက်လောက် ပီးလို့ ရပါဖို့လား။"လို့ရာ မိန်းလိုက်ပါရေ။ ကလိမ့်မေချေက ယင်းကောင်ချေ ကကောင်း ဆာနိန်မှန်း သိလိုက်စွာနန့် အိမ်မှာရှိရေ နွားနို့အားလုံးကို မတ်ခွက်ကြီး တခွက်နန့် အပြည့်ထည့်ပနာ ပီးလိုက်ပါရေ။ အကောင်ချေက နွားနို့ကို တစက်မ ကျန်အောင် သောက် လိုက်ပြီးကေ "ကျွန်တော် ဘလောက်ပီးရပါဖို့ လဲ။" လို့ မိန်းလိုက်ပါရေ။

ကလိမ့်မေချေက "တပြားလည်း ပီးစရာ မလိုပါ။ မေမေက စေတနာနန့် ပီးစွာကို ဖေ့သာနန့် တန်ဖိုးမဖြတ်ရ လို့ မှာထားပါရေ။"လို့ ပြောလိုက်ပါရေ။

"ကျွန်တော် ကကောင်း ကျေးဇူးတင်ပါရေ။"လို့ ပြောပနာ မောင်ကောင်းစံ အိမ်က ပြန်ထွက်လား ပါရေ။ မောင် ကောင်းစံရေ ရုပ်ပိုင်းဆိုင်ရာ လန်းဆန်းလားရေပိုင်၊ စိတ်ပိုင်းဆိုင်ရာ အရလည်း တခုခုကို မဖြစ်ဖြစ်အောင် လုပ်လားဖို့လို့ သန္ဓိဌာန် ချက်ချင်း ချလိုက်ပါရေ။

နှစ်ကကောင်းကြာလားရေ တရက်မှာ

နွားနို့တိုက်လိုက်တေ ကလိမ့်မေစွာ ကကောင်း နိန်မကောင်း ဖြစ်ပါရေ။ ယင်းအတွက်နန့် မြို့နယ်ဆရာ ၀န်တိ က လက်လျှော့ပနာ စစ်တွေဆေးရုံကြီးကို ပို့လိုက်ပါရေ။ ယင်းရောဂါကို ကိုင်တွယ်ဖို့ အထူးကု ဆရာဝန်ကြီး ဒေါက်တာကောင်းစံ တာဝန်ကျပါရေ။ ယင်း ကလိမ့်မေ နိန်ရေ မြို့နာမေ ကို မြင်စွာ နန့် ဒေါက် တာကောင်းစံ စွာ လူနာခန်းထဲကို ချက်ချင်း ဆင်းလာပါရေ။ မျက်နှာကိုမြင်လိုက်စွာနန့် ဒေါက်တာကောင်းစံ လုံးဝ မှတ်မိ လိုက်ပါရေ။ ကိုယ့်အခန်းထဲကို ပြန်ပနာ အေလူနာကို အသက်ရှင်အောင် ရအောင်လုပ်လားဖို့ လို့ ဆုံးဖြတ် လိုက်ပါရေ။ ယင်းနိန့်က စပနာ လူနာကို ကကောင်း ဂရုတစိုက် ပြုစုကုသပီးပါရေ။

တလခွဲလောက် ကြာရေခါ လူနာ လုံးဝ ရောဂါ ပျောက်လားပါရေ။ လူနာ ကုန်ကျစရိတ်တိကို သူ့ကိုတင်ပြ ဖို့ ဒေါက်တာကောင်းစံက ဆေးရုံငွေစာရင်းဌာနကို တောင်းဆိုလိုက်ပါရေ။

လူနာကုန်ကျရေ ပြေစာကို ကြည့်ပနာ ဒေါက်တာကောင်းစံက ဒေါင့်ချေမှာ မှတ်ချက်တစ်ခု ကောက်ရီးလိုက် ပါရေ။ အပြီးကေ လူနာခန်းကို ယင်းပြေစာကို ပို့လိုက်ပါရေ။ လူနက ပြေစာထည့်ထားရေ စာအိတ်ကို မြင်ရေ ခါ ကကောင်းလန့်လားပါရေ။ အေလောက် အဆင့်မြင့်မြင့် ကုသထားမှ မနင့်တပိုး ပီးရဖို့ဗျာယ်လို့လည်း သိ လိုက်ပါရေ။ ဇာတတ်နိုင်ဖို့လဲယေ။ ရှိသမျှကို ပေါင်နှံ၊ ရောင်းချပနာ ပီးလိုက်ဖို့ဗျာယ်လို့ အားတင်းပနာ စာအိတ်ကို ဖွင့်လိုက်ပါရေ။

ကျသင့်ရေ ကုန်ကျစရိတ်ကို မြင်ရေခါ ကကောင်း အံ့သြလားပါရေ။ ကြည့်ယင်း ကြည့်ယင်းနန့် မျက်ရည်တိ တသောသော ကျလာပါရေ။

ပြေစာမှာ ရီးထားစွာက "ကုန်ကျစရိတ် အားလုံးကို နွားနို့တခွက်နန့် တန်ဖိုးဖြတ် ရှင်းထားပြီး။" ပါလတ်။

ဘ၀သင်ခန်းစာ။     ။ ဘ၀ မျှော်လင့်ချက် ကင်းမဲ့နိန်ရေ အချိန်မှာ ကိုယ့်ကို အကူအညီပီးရေလူစွာ၊ ကိုယ့် အတွက် စစ်မှန်ရေ မိတ်ဆွေ(၀ါ) ကျေးဇူးရှင်ဆိုစွာကို သတိထားကတ်ပါ။ ယင်းလူတိကို ကိုယ်တတ်နိုင်ရေ အချိန်မှာ ပြန်ပြီး ကျေးဇူးဆပ်တတ်ကတ်ဖို့စွာကိုလည်း သတိရကတ်ပါ သူငယ်ချင်းရို့။ စေတနာ အတိမ်အ နက်ကို ဖေ့သာနန့် တန်ဖိုးမဖြတ်ကတ်ပါကေ့။

KWKhaing (AMP)

No comments:

Post a Comment