ရခိုင်စာအရီးအသား ပြဿနာ - မောင်ဗသိန်း

ပြည်ထောင်စုခေတ် ရခိုင်အမျိုးသားရို့မာ တစ်မျိုးသားလုံး လက်ခံသုံးစွဲရေ ရခိုင်စာအရီးအသား တစ်ခုမဟိ သီးစွာကို ရခိုင်အမျိုးသားတိုင်း သတိထားမိဖို့ ထင်ပါရေ။ အများသုံး အရီးအသား မဟိရေအတွက် စာပီရီး ဖွဲ့ရေခါ သူတစ်မျိုး ငါတစ်ဖုံ ဖြစ်နိကတ်စွာကို တွိရရေ။

တတိုင်က ရခိုင်စာပီနန့် မြန်မာစာပီတူရေလို့ ယူဆပြီးကေ မြန်မာ အရီးအသားအတိုင်း ရီးကတ်တေ။

နောက်တတိုင်က စကားပြင် အရီးအသားကိစ္စမာ မြန်မာစကားပြေကို သုံးပြီးကေ ဇာတ်ကောင်ချင်း အချီ အချ စကားပြောစွာရို့မာကျကေ ရခိုင်စကားကို သုံးရေ။ အခြားတိုင်သားက စကားပြင် အရီးအသားမာ "၏ ၊ သည်၊ တည်း၊၍" စရေ ကြိယာ၊ ကြိယာဝိသေသန နောက်ဆက်တိ "သည်၊ က၊တင်၊ ၌"စရေ နာမ်နောက် ဆက်တိကို ခေတ်ဟောင်း (မြောက်ဦးခေတ်) အရီးအသားအတိုင်း သုံးပြီးကေ စကားအသုံးအနှုန်းမာ ရခိုင်ဝေါဟာရကို သုံးရေ။

နောက်တတိုင်က အေနိ ရခိုင်အပြော ဘာသာစကား (စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်)မာ အခြီခံပြီးကေ အပြောဘာသာ စကားနန့် အရီးဘာသာစကားကို ညီအောင်ညှိပနာ ရီးကတ်တေ။ စာလုံးပေါင်းစနစ် က မြောက်ဦးနှောင်းခေတ် အတိုင်း ဖြစ်တေ။

နောက်ဆုံးတတိုင်က အေနိ ရခိုင်အပြောဘာသာ စကားကို အခြီခံထားကေလေးသော့ တချို့စာလုံးပေါင်း စနစ်ကို အသံထွက်နန့် ညီအောင် ညှိဗျာ ရီးကတ်တေ။

အားလုံး (၅)မျိုးတောင် ကွဲနီပါရေ။ အေပိုင်ကွဲလာကတ်စွာကို ခြီရာခံဗျာ အတွက်ချကြည့်ကေ ၂၆-နှစ်တောင် ကြာပါယာ။ (၁၉၅၀-က ၁၉၇၆-ထိ) အေပိုင်ကွဲနီကတ်စွာကို အေတိုင်းကြည့်နီလို့ မဖြစ်ပါ။ ရှိကိုဆက်လို့ မကွဲရအောင် ကိုယ့်အမျိုးသားချင်း အရေးတကြီး ညှိလားရဖို့ ဖြစ်ပါရေ။ အများလက်ကိုင်ရေ အရီးအသား တစ်ခုဖြစ်လာအောင် သက်ဆိုင်ရေ ပုဂ္ဂိုလ်ရို့က အမျိုးသားစာပီ ညီလာခံခေါ်ဗျာ ညှိနှိုင်းမတ်ပီးဖို့ လိုပါရေ။

အမျိုးသားစာပီ ညီလာခံ မလုပ်နိုင်သီးခင် ကြားကာလမာ စာပီဝါသနာသျှင်ရို့က စာအုပ်စာတမ်းရို့မာ တင်ပြဗျာ အများစိတ်ဝင်စားလာအောင် နှိုးဆော်ပီးကေ အကျိုးများဖို့ ထင်ပါရေ။

အေဆောင်းပါးရေ အထက်မာဖော်ပြထားရေ အရီးအသား (၅)မျိုးကို ဝေဖန် စီးစစ်တင်ပြစွာ ဖြစ်ပါရေ။ အေ တင်ပြချက်ကို စာဖတ်ပရိသတ်အပေါင်းက ထပ်ဆင့် ဝေဖန်ဗျာ ပြင်ဆင်ဖြည့်စွက် ပီးကတ်ဖို့ ပန်ကြားပါရေ။

ပထမ အရီးအသား


အထက်မာ တင်ပြခရေပိုင် ပထမတိုင်သားက ရခိုင်စာပီနန့် မြန်မာစာပီတူရေလို့ ယူဆပြီးကေ အေနိ မြန်မာ အရီးအသားအတိုင်း လိုက်ပျာရီးကတ်တေ။

စာပီ တူ၊ မတူကိစ္စကို ပြောဖို့အတွက် ဘာသာစကားနှစ်ခုကို နှိုင်းယှဉ် စီးစစ်ကြည့်ဖို့ လိုပါရေ။

ဘာသာစကားဆိုစွာ အပြောကိစ္စ ဖြစ်ပါရေ။ အရီးအသားရို့ စာပီရို့ဆိုစွာက အပြောနောက်မာ ဖြစ်လာရေ အကျိုးဆက်တိရာ ဖြစ်တေ။ ယေဇူးနန့် ဘာသာစကားတစ်ခုကို လေ့လာကေ အသံကစလို့ လေ့လာရပါရေ။ ပြီမရာ စကားလုံးရို့၊ သဒ္ဒါရို့ကို အဆင့်ဆင့် လေ့လာရပါရေ။ အေနည်းရေ ကမ္ဘာသုံးနည်း ဘာသာဗေဒ နည်းဖြစ်တေ။

မျက်မှောက်ခေတ် ရခိုင်ဘာသာစကားနန့် မြန်မာဘာသာစကားရို့ တူ၊ မတူကို ဘာသာဗေဒနည်းနန့် သုံးသပ်ကြည့်ကတ်ပါမေ။

ပထမ အသံကို စစ်ကြည့်၊ အသံကိစ္စမာ ရခိုင်နန့် မြန်မာရို့ ရာနှုန်းပြည့်တူလား။ မတူပါ။ တူစွာ အချို့ဟိရေ ပိုင် မတူစွာတိလေး အများကြီး ဟိပါရေ။ ဇာနီရာမာ မတူလေး။ သရသံရင်း တိမာမတူ။ ဃောသအဃောသ သံတိမာ မတူ။ ၀ါကျနိမ့်မြင့်သံ တိမာ မတူ။ ပုံစံတစ်ခုနှစ်ခုလောက် ပြပါမေ။

"မီး" ဆိုရေ စကားကို ရခိုင်နန့် မြန်မာရို့ အသုံးတူတတ်တေ။ ယေဒါလေး အသံထွက်မာကျကေ မြန်မာက အီးသရသံနန့် "မီး"လို့ထွက်ပြီးကေ ရခိုင်က "မိန်း" လို့ရာ ထွက်တေ။ "စည်"ဆိုရေ စကားကို ရခိုင်က အေ သရသံနန့် "စေ"လို့ ထွက်ပြီးကေ၊ မြန်မာက အီးသရသံနန့် "စီ"လို့ ထွက်တေ။

"ဧခြင်း"ဆိုရေ စကားကို ရခိုင်က ရသံပီပီနန့် "ဧခြင်း"လို့ ထွက်ကေလေးသော့ မြန်မာက "ဧဂျန်း" လို့ရာ ထွက်တေ။

နောက်ပြီးကေ စကားလုံးတိကိုကြည့်။ ရခိုင်က "အဘာ၊ ဘားဘာ"လို့ ပြောစွာကို မြန်မာက "အဖေ၊ဖေဖေ" လို့ရာ ပြောရေ။ ရခိုင်က "ပီး၊ လား၊ ရီး၊ နောင်၊ နောင်း၊ ရက်ပြတ်"လို့ သုံးစွာကို မြန်မာက "ပေး၊ သွား၊ ရေး၊ မြဲမြဲ၊ ခဏခဏ"လို့ရာ သုံးရေ။ အေပိုင် မတူရေ စကားလုံးတိကို စစ်ထုတ်ကြည့်ကေ အဘိဓါန် တစ်စောင် ဖြစ်နိုင်ပါယင့်။

နောက်ဆုံး သဒ္ဒါကို စစ်ကြည့်။ မြန်မာ သဒ္ဒါမာ ပစ္စည်း (ရှိဆက်၊ နောက်ဆက်၊ စကားဆက်) တိ ကောင်းကောင်း အရေးကြီးရေလို့ ဆိုပါရေ။ ယင်းပစ္စည်းတိ ရခိုင်နန့်တူလားကြည့်။ လုံးဝမတူပါ။ (*ဦးဝန် မြန်မာစကား၊ မြန်မာမှု ပထမတွဲ၊ စာမျက်နှာ ၂၅)

ရခိုင်ဘာသာစကားနန့် မြန်မာဘာသာစကားရို့ သိသိသာသာ ကွဲပြားခြားနားစွာရေ အေပစ္စည်း အသုံး အနှုန်းမာ ဖြစ်ပါရေ။ သာဓက စိသျှေ ပြပါမေ။

နာမ် နောက်ဆက်မာ ရခိုင်က "ရေ"ကို သုံးပြီးကေ မြန်မာက "ဟာ"ကို သုံးပါရေ။ (မောင်လှရေ အသျှေဖြစ်တေ။ မောင်လှဟာ ကလေးဖြစ်တယ်။) ကြိယာနောက်ဆက်မာ ရခိုင်က "ရေ၊တေ"ရို့ကို သုံးကေလေးသော့ မြန်မာက "တယ်"တစ်လုံးတည်းကိုရာ သုံးရေ။ (စားရေ။ အိပ်တေ။ စားတယ်။ အိပ် တယ်။)

နာမ၀ိသေသန နောက်ဆက်မာ ရခိုင်က "တေ၊ရေ"ရို့ကို သုံးပြီးကေ မြန်မာက "တဲ့"ကို သုံးရေ။ (ထိုင်နီရေခုံ။ ကြိုက်တေအစာ။ ထိုင်နေတဲ့ခုံ။ ကြိုက်တဲ့အစာ။)

တခြားစကားဆက်တိကို စစ်ကြည့်ကေလေး မတူစွာတိ မကန်ဟိစွာကို တွိရဖို့ ဖြစ်ပါရေ။ သက်သီစိသျှေ ထုတ်ပြပါမေ။

ရခိုင်                                    မြန်မာ

ငါလုပ်စွာ                            ငါလုပ်တာ
ငါ့ပါးကို                               ငါ့ဆီကို
မင်းနန့်ငါ                             မင်းနဲ့ငါ
လုပ်ပျာ၊ ယာ                       လုပ်ပြီ
စားဗျာ၊ ယာ                        စားပြီ
ယင်းပိုင်ယှောင်                 အဲဒီလို
အေပိုင်                               ဒီလို
ဇာပိုင်                                ဘယ်လို
ယေဇူးနန့်                          အဲဒါကြောင့်
(ယေလေ့၊ယေဒါလေ့၊        ဒါပေမယ့်
ယေကေလေ့သော့)

အထက်မာတင်ပြရေယှောင် ဘာသာဗေဒနည်းနန့် စစ်ကြည့်ကေ ရခိုင်ဘာသာစကားနန့် မြန်မာဘာသာ စကားရို့ ထပ်တူ မဟုတ်ဆိုစွာကို ယှင်းလို့ မြင်နိုင်ပါရေ။ ဘာသာစကားချင်း မတူကေ အရီးအသားက တူနိုင်ဖို့ သီးလား။ စာပီက တူနိုင်ဖို့သီးလား။

ယေဇူးနန့် ရခိုင်စာပီနန့် မြန်မာစာပီတူဗျာ မြန်မာရေလို့ ယူဆစွာရေ ယုတ္တိမဟိရေ အယူအဆ ရာဖြစ်တေ။ အေ အယူအဆကို လက်ခံဗျာ မြန်မာအရီးအသားအတိုင်း လိုက်ရီးကေ မြန်မာ စာတတ်ပီတတ် တိ အတွက်တော့ခါ ခက်ဖို့မဟုတ်။ ခက်ဖို့စွာက အသျှေတိအတွက် ခက်ပါဖို့။ စာမဖတ်နိုင်ရေ တောင်သူ လယ်သမား လူများစုအတွက် ခက်ပါဖို့။ မြန်ာစာတတ်ပီတတ် ရခိုင်အမျိုးသားတိထဲမာတောင် (ကိုယ့်ဘာ သာစကားနန့် မတူရေအတွက်) မြန်မာပီသရေ အရီးအသားမျိုးကို ရီးနိုင်ဖို့မဟုတ်။ ရခိုင်စိတ်ကူး၊ ရခိုင်ခံစား မှုကို မြန်မာအရီးအသားနန့် ဘာသာပြန်ထားရေ စာမျိုးကိုရာ ရီးနိုင်ဖို့ဖြစ်ပါရေ။

လူတစ်မျိုး၏ ခံစားမှုကို ယင်းလူမျိုး၏ ဘာသားစကားနန့်ရာ ဖော်ထုတ်ရေဆိုစွာကို သတိပြုဖို့ လိုပါရေ။

ဒုတိယ အရီးအသား


ဒုတိယတိုင်သား အေပိုင်ရီးပါရေ။ (တစ်နေ့တွင် မစောဖြူသည် အလုပ်လုပ်ရန် သွားမည့်ဆဲဆဲတွင် မစောဖြူ ၏ မိချင်က "ဟေး... မစောဖြူ နင်မလိုက်ကေ ကောင်းဖို့ထင်ရေကာ... ")

အေ အရီးအသားကို စစ်ကြည့်ကေ စကားပြင် အရီးအသားကို အေနိ "မြန်မာ စကားပြေ"လို့ ခေါ်နီကတ်တေ အရီးအသားအတိုင်း ရီးထားစွာကို တွိနိုင်ပါရေ။ မြန်မာစကားပြေ အရီးအသားနန့် ရခိုင်စကားပြေ အရီးအ သား အတူတူရာ ဆိုရေ သဘောမျိုး ဖြစ်နီရေ။

အေ အရီးအသားရေ ပထမတိုင်သား အယူအဆ (မြန်မာစာပီနန့် ရခိုင်စာပီအတူတူ)မျိုး ဖြစ်တေ။ အေ အယူအဆမျိုးရေ အခြိခံမှားနီရေ အယူအဆဖြစ်လို့ လက်မခံသင့်ကြောင်း အထက်မာ တင်ပြခပါယာ။

အထက်က အရီးအသားမာ နောက်အမှားတစ်ခုကိုလေ့ တွိရသီးရေ။ ယင်းအများက စကားပြင် အရီးအ သားနန့် ဇာတ်ကောင်ချင်း အပြန်အလှန် အချီအချ စကားပြောရို့ လုံးဝကွဲနီစွာ ဖြစ်ပါရေ။ အေပိုင် ကွဲနီစွာ မျိုးရေ အရီးဘာသာ စကားတစ်ခုမာ မဟိအပ်တေ ကိစ္စတစ်ခု ဖြစ်ပါရေ။ မြန်မာစာပီလောကမာ ပြဿ နာဖြစ်နီရေ အရီးအသားကိစ္စမျိုးလေ့ အေသဘောမျိုးပင် ဖြစ်ပါရေ။

"ဘာသာစကားဆိုတာမှာ အရေးနဲ့အပြော ကွာခြားသင့်သလောက် ကွာခြားရမှာ ဖြစ်သောလည်း ဒီလောက်ကြီး ကွာခြားဖို့ မဟုတ်ပါဘူး။ ဘယ်ဘာသာမှ ကျွန်တော်တို့ ဘာသာစကားလောက် အရေနဲ့အပြော ကွာခြားတာ မရှိဘူး"

"လူတွေ ပြောတာဟာ ဘာသာစကား ဖြစ်ပါတယ်။ လူတွေ မပြောတော့ မသုံးတော့ရင် ခေတ်ကုန်သွားတဲ့ ဘာသာစကားပဲ ဖြစ်ပါတယ်။ ခေတ်ကုန်သွားတဲ့ ဘာသာစကားကို ဆက်လက်အသုံးပြုချင်နေတာ ဟာ ခေတ်နောက်ပြန်နေတာပါ"

အေ စိစစ်ချက်ကို နမူနာယူပြီးကေ အထက်က တင်ပြရေ ဒုတိယ အရေးအသားပုံစံကို ကြည့်ကတ်ပါမေ။ ယင်းပုံစံထဲက စကားပြင်အရီးအသားမာ "တစ်နေ့၊ သွားဆဲဆဲ၊ မိခင်"ဆိုရေ နာမ်၊ကြိယာ၊ ကြိယာဝိသေသန စကားတိ ပါရေ။ ပြီးကေ "တွင်၊ သည်၊ ရန်၊ မည့်" စရေ သဒ္ဒါပစ္စည်းတိပါရေ။ ယင်းစကား အသုံးအနှုန်း တိကို အေနိ ရခိုင်သားတိ သုံးနီလား စစ်ကြည့်ပါ။ မသုံးပါ။ ယင်းစကားတိတက်စား "တနိ၊ လား၊ အမင် (အမိ၊အီးယောင်)" တိကိုရာ သုံးပါရေ။

သဒ္ဒါပစ္စည်းတိမာလေ့သော့ "တွင်၊ သည်၊ ရန်၊ မည့်" စကားတိကို မသုံး။ "မာ၊ ရေ၊ ဖို့"ဆိုရေ စကားတိကိုရာ သုံးရေ။ ပြောစွာက တစ်မျိုး၊ ရိးစွာက တစ်မျိုး ဖြစ်နီရေ။ အေပိုင် အပြောနန့်အရီး ကွဲစွာ နည်းလမ်းမကျပါ။ ကမ္ဘာ့ဘာသာကြီးတိမာလေ့သော့ အပြောနန့် အရီးမကွဲရအောင် ညှိယူလားရေလို့ ဆိုပါရေ။ ယင်းသဘော ကို ဆရာကြီး ဦးဖေောမင်တင်က အေပိုငပြောပါရေ။

"အင်္ဂလိပ်စာ ကြီးပွားအောင်လုပ်တဲ့ နည်းစနစ်ကို ကြည့်ဖို့ အလွန်ကောင်းတယ်၊ အင်္ဂလိပ်တွေက သူတို့စာကို ကမ္ဘာ့ဘာသာ လုပ်တဲ့နည်းစနစ်ကို တို့မြန်မာတွေက အတုခိုးဖို့ မကောင်းပေဘူးလား။ အင်္ဂလိပ်စာမှာ နှုတ်ပြောစကားနဲ့ အရေးစကား မခြားနားလှဘူး။ တူနိုင်သမျှတူအောင် ကြိုးစားကြ တယ်။ မြန်မာမှာ နှုတ်ပြောစကားနဲ့ အရေးစကား ခြားနားနေတယ်။ ဒါဟာ အလွန်အရေးကြီးတဲ့ အချက်ပဲ။ ဘာသာစကားကို ထိခိုက်စေတဲ့အချက်ပဲ။

အေစကားအတိုင်း ရခိုင်အရီးဘာသာစကားလေ့သော့ အပြောဘာသာစကားနန့် တူနိုင်သရွိတူအောင် အားထုတ်ရဖို့ ဖြစ်ပါရေ။ အထက်က ပုံစံပိုင် စကားပြင် အရီးအသားတစ်မျိုး၊ အချီအချစကားပြော အရီးအ သားက တစ်မျိုး ကွဲမနီသင့်ပါ။ ယင်းပိုင်ယှောင် ကွဲနီကေ ဘာသာစကား တိုးတက်မှုကိုထိခိုက်ဖို့ ဖြစ်ပါရေ။ အထက်က ပုံစံမာ ဇာတ်ကောင်ချင်း အချီအချ စကားပြောဟန် အရီးသားကိုတော့ခါ ပြောဖို့မဟိပါ။

အေနိ ပြောနီရေ ရခိုင်ဘာသာစကားမာ အခြီခံဗျာ ရီးထားစွာဖြစ်လို့ သဘာဝကျရေ အရီးအသားဖြစ်ပါရေ။ အများနားလည် နှစ်သက်ဖို့ အရီးအသားမျိုးဖြစ်တေလို့ ဆိုနိုင်ပါရေ။

တတိယ အရီးအသား

တတိယတိုင်သား စကားပြင်အရီးအသားမာ "၏၊သည်၊ တည်း"စရေ ကြိယာနောက်ဆက်တိ၊ "သည်၊ အား၊ တွင်၊၌"စရေ နာမ်နောက်ဆက်တိကို ခေတ်ဟောင်း၊ အရီးအသားအတိုင်း သုံးပြီးကေ စကားအသုံးအနှုန်း မာ အေနိရခိုင် အသုံးအနှုန်းအတိုင်း သုံးရေ။ ဇာတ်ကောင်ချင်း အချီအချ စကားပြောစွာမာတော့ခါ အေ နိပြောတန်အတိုင်း သုံးရေ။ အောက်မာကြည့်ပါ။

(တရက်နိအခါ အကျွန်နန့် မိတ်ဆွေတစ်စုသည် ရွာခွဆုံတစ်ခုမာ ခြင်းလုံးခတ်နီကတ်ရာ အိမ်တစ်အိမ်က မမကြီးတစ်ယောက် ထွက်လာပြီးလျှင် "ဟေး... ကလေသျှေရို့၊ ငါရို့အိမ်နောက်ဖေးမာ ဗုံးတစ်လုံးကျလား ခရေ၊ တချက်ကူညီပီး ကတ်ဟေရို့" ဟု အကျွန်ရို့ကို အရးတကြီး ပြောလာပါသည်။)

အေ အရီးအသားမာ ဇာတ်ကောင်ချင်း စကားပြောဟန်ကို တခုလေ့ ပြောဖို့မဟိပါ။ စကားပြင် အရီးအသား ကိစ္စကိုရာ စီစစ်ရပါဖို့။

စကားပြင် အရီးအသားမှာ "နိ၊ ကလေသျှေ၊ နီ၊ လား၊ ပီး၊ အရေးတကြီး"ဆိုရေ ဝေါဟာရတိ၊ "နန့်၊ ကတ်၊ ရို့၊ မာ"ဆိုရေ သဒ္ဒါပစ္စည်းတိရေ အေနိရခိုင် အမျိုးသားပြောနီရေ စကားတိဖြစ်တေ။ ယေဇူးနန့် အဖတ်ရ လွယ်ပါရေ။ နားလည်လွယ်ပါရေ။ ယေကေလေ့ အထက်ပုံစံက "တစုသည်၊ ခတ်နီကတ်ရာ၊ ပြောပါသည်" ဆိုရေ စကားတိမာ သုံူးထားရေ နာမ်နောက်ဆက် "သည်" စကားဆက် "ရာ"ကြိယာနောက်ဆက် "သည်" ရို့ရေ ခေတ်ဟောင်း အသုံးအနှုန်းတိရာ ဖြစ်တေ။

ယင်းအသုံးအနှုန်းတိ တက်စား " တစုရေ၊ ခတ်နီကတ်တေခါ၊ ပြောပါရေ"လို့ အေခေတ် အသုံးအနှုန်း အတိုင်း သုံးလိုက်ကေ ပိုကောင်းလာဖို့၊ အဖတ်ရလေ့ လွယ်ဖို့၊ အလွယ်သျှေနန့်လေ့ နားလည်ဖို့ ဖြစ်ပါရေ။

အမှန်က "တေ၊ရေ၊ကေ" နောက်ဆက်တိကို ခေတ်အသုံးအနှုန်းလို့ နာမည်တပ်လိုက်ရကေလေ့ ယင်း စကားလုံးသျှေတိကို မြောက်ဦးခေတ်လယ်လောက်ကပင် စလို့ သုံးခကတ်ပါဗျာ။

ဥက္ကာပျံက သူ့ဆယ့်နှစ်ရာသီ ရတုမာ "ငှက်ဝါမူကဌာန၊ တြင်းဆော်သည်၊ လျင်စွာရောက်ပျော်လားဟု" "တမျက်တောင် မယှက်ချင် ဆုမ်းရေဆုမ်းရေ လာမည့်ညဥ့်ကို" လို့ ဖွဲ့ခပါရေ။

ဥက္ကာအဲမာလေ့ "ပြောင်းပစ်သံ၊ တရံမြို့လုံးချံခရေ၊ ဆင်ကျွီးသံ၊ တရုံနန်းဖျား ထိန့်လှာရေ။ ပဒေါကြော်သံ ခွန်းမညံလေ၊ ကြားရေရေ"လို့ ဖွဲ့ပါရေ။ အေဖွဲ့တိမာ သုံးထားရေ "ပျာ၊ ရေ၊ လေ" နောက်ဆက်တိကို ကြည့်ကေ အေနိသုံးနီရေ "တေ၊ရေ၊ လေ၊ ကေ" နောက်ဆက်တိရေ မြောက်ဦးခေတ်ကပင် သုံးလာ စွာဖြစ်တေလို့ ကောက်ချက်ချနိုင်ပါရေ။

မြောက်ဦးနှောင်းခေတ်မာ ရီးဖွဲ့ခရေ "ပိုးဝါဖွဲ့" မာလေ့သော့ အရုပ်ဆင်းဝါ၊ လှပိုးဝါမာ ၀တ်လတ် ပါရေ၊ ဘောင်းနက်ကေထပိန်၊ သုံးနှစ်သုံးပင် ၀တ်မကြီးကေ"လို့ "တေ၊ရေ၊ကေ" နောက်ဆက်တိကို အားရပါးရ သုံးဗျာ ဖွဲ့ထားစွာကို ကဗျာ တလျှောက်လုံးမာ တွိရပါရေ။

ပြည်သူ့ကဗျာလို့ ခေါ်နိုင်ရေ အရွေ့သာခြင်းတိမာလေ့သော့ "တေ၊ ရေ၊ လေ၊ ကေ"စရေ နောက်ဆက်တိကို ရာ သုံးပါရေ။ သာဓက ပြဖို့ဆိုကေ ပြမကုန်ပါ။ အသျှင်စက္ကိန္ဒ သုတေသနပြုဗျာ ပုံနှိပ်ထုတ်ဝီထားရေ "ရခိုင်သဘာဝ တေးကဗျာများ"စာအုပ် ဦးမင်းနိုင် စီစဉ်ထုတ်ဝီရေ "ရခိုင်တေးသံ" စာအုပ်တိရေ "တေ၊ရေ၊ လေ၊ကေ"စရေ နောက်ဆက်အသုံးအနှုန်းတိအတွက် ခိုင်လုံရေ သက်သီတိ ဖြစ်ပါရေ။ ယင်းသက်သီတိကို ကြည့်ကေ "မြောက်ဦးနှောင်းက ရခိုင်ပြည်သူတိရေ "၏၊ သည်၊ တည်း"စရေ နောက် ဆက်တိကို မသုံးဘဲနန့် "တေ၊ ရေ၊ ကေ" စရေ နောက်ဆက်တိကိုရာ သုံးကြောင်း တွိနိုင်ပါရေ။

မြောက်ဦးခေတ်ပြီးကေ အင်္ဂလိပ်ခေတ်က လူထုအသည်းစွဲ စာဆိုတန်ခိုး ဆရာထွန်း အရီးအသားတိကို လိုက်ကြည့်ပါ။ ဆရာထွန်း အရီးအသားမာလေ့သော့ "တေ၊ရေ၊ လေ၊ ကေ"စရေ အသုံးအနှုန်းတိ အားရပါးရ သုံးထားကြောင်း တွိရဖို့ ဖြစ်ပါရေ။

ယေဇူးနန့် "တေ၊ ရေ၊ လေ၊ကေ"စရေ နောက်ဆက်အသုံးအနှုန်းတိရေ ရခိုင်သားတိ နှစ်ပေါင်းရာနန့်ချီလို့ သုံးလာရေ သဒ္ဒါပစ္စည်းတိ ဖြစ်ပါရေ။ အေနိ နက်ဖြန်ပေါ်လာရေ စကားမျိုးမဟုတ်ပါ။ ရခိုင်ဘာသာမာ မသုံးမဖြစ် ကောင်းကောင်း အရာရောက်တေ စကားတိ ဖြစ်ပါရေ။

ယင်းပိုင် အသုံးတွင် အရာရောက်တေ စကားအသုံးအနှုန်းကို မသုံးဘဲနန့် အေနိရခိုင် ဘာသာစကားမာ လုံးဝမကြားရ၊ မတွိရရေ "သည်၊၏၊ တွင်၊ ၍" စရေ စကားတိကို သုံးစွာရေ လွယ်စွာကို ခက်အောင် လုပ်တေယှောင် ဖြစ်နီပါရေ။ အရီးဘာသာစကားကို လူအများ သုံးစီချင်ရေ လူအများ တတ်စီချင်ရေဆိုကေ  အများပြည်သူတိ ပြောဆိုသုံးစွဲနီရေ အသုံးအနှုန်းကိုထည့်ဗျာ သုံးရဖို့ ဖြစ်ပါရေ။ ယင်းပိုင် သုံးမရခေတ်နန့် ညီပြီးကေ ပြည်သူကို အကျိုးပြုနိုင်ဖို့ ဖြစ်တေ။

ယေဒါလေ့ တစ်ခုတော့ သတိထားရပါဖို့။ ဇာလေ့ဆိုကေ ခေတ်ဟောင်းအသုံးအနှုန်းကို ခေတ်သစ်အရီး အသားမာ မသုံးသင့် ဆိုစွာရေ တရားသီသဘော မဟုတ်ဆိုစွာ ဖြစ်ပါရေ။ ခေတ်ဟောင်း အသုံးအနှုန်း ပင်ဖြစ်ကေလေ့ ကဗျာရို့မာ ကာရန်လွတ်လပ်အောင် ကဗျာဟန်ကို စိတ်ကြိုက်ထွင်နိုင်အောင် ကဗျာ ဆရာရို့ သဘောကျ သုံးသင့်ပါရေ။

ပြီးကေ စကားပြင် အရီးအသားမာလေ့သော့ ခေတ်ဟောင်း အသုံးအနှုန်းကို သုံးလို့နားလည်သွယ်ဖို့ဆိုကေ (မသုံးမဖြစ်တေ ကိစ္စရို့မာ) သုံးသင့်ပါရေ။ စကားပုံ ပြောပါမေ။ ခေတ်ဟောင်း အရီးအသားမာ “မောင်ဖြူ၏အိမ်” လို့ ရီးကေ နားလည်ပါရေ။ ယေကေလေ့ “မောင်ဖြူ၏ လှပသောအိမ်” ကိုကျကေ “မောင်ဖြူ လှပရေ အိမ်” လို့ မရီးနိုင်ပါ။ ယင်းယှောင်ရီးကေ အဓိပ္ပာယ်မယှင်းပါ။ ခေတ်ဟောင်း “၏” ကို ယူပနာ “မောင်ဖြူ၏ လှပရေအိမ်” လို့ ရီးမရာ အဓိပ္ပာယ်ယှင်းထားပါရေ။ နားလည်လွယ်ပါရေ။

ယေဇူးနန့် ခေတ်သစ်အရီးအသားမာ ခေတ်ဟောင်းအသုံး အနှုန်းကို လုံးဝမသုံးသင့်ဆိုရေသဘောမျိုးကို တရားသီကိုင်မထားသင့်ပါ။ အသုံးဝင်အရာရောက်ဖို့မြင်ကေ ရဲရဲဝံ့ဝံ့ သုံးသင့်ပါရေ။

ချုံပြောရကေ စာအရီးအသားဆိုစွာရေ အေနိပြောစကားမာ အခြီခံပနာ ခေတ်ဟောင်းအသုံးအနှုန်းအချို့ကို ဆက်ခံရီးသားစွာမျိုး ဖြစ်ပါရေ။ ခေတ်ဟောင်းသပ်သပ် ခေတ်သစ်သပ်သပ် စည်းခြားပစ်လို့ မရပါ။ ဘာသာစကားဆိုစွာ အမြင်ပြောင်းနီရေအတွက် အေဆယ်စုနှစ်မာ အသုံးတွင်နီရေ စကားတစ်လုံးကို နောက်ဆယ်စုနှစ်မာ သုံးချင်မသုံးပါဖို့။ စာပီရီးဖွဲ့ရေ ပုဂ္ဂိုလ်တိလေ့သော့ ပြောင်းရွီနီရေ အခြေအနေကို လိုက်ပျာ ကိုယ့်အရီးအသားခေတ်မီအောင် ပြောင်းပီးရပါရေ။ အေကိစ္စရေ ယှောင်မရရေ နိယာမတရားတစ်ခု ဖြစ်ပါရေ။

စတုတ္ထအရီးအသား

စတုတ္ထတိုင်းသားတိက အေပိုင်ရီးကတ်ပါရေ။

(အဖိုးမာ ကွမ်းမမွားနိုင်လို့ ကွမ်းမစားဘဲ ၀ါးရိုးပန်းဒူကိုရာ သောက်ပါရေ။ ယေနန့် အဖိုးလားရာတိုင်းမာ မီးခတ်ကျောက်နန့် ပန်းဒူရေ အဖော်အဖြစ်ပါနီရပါရေ။ အခုလည်း အကျွန်နန့် အကျွန့် သူငယ်ချင်းကို ရှီးဟောင်းအဖြစ်အပျက်နန့် အဖိုးကိုယ်တွိအဖြစ်တိ ကို ပြောပြနီယင့်ပင် ပန်းဒူကို တချက်ချက်စီ သောက် နီပါရေ။

““မင်းရို့ ငါရို့မာ ယဉ်ကျေးမှုစာပေ အနုပညာရို့ရေ။ အခုဆိုကေ ပျောက်ချင်ချင်ဖြစ်နီဗျာ၊ ယဉ်ကျေး မှုပျောက်ကေ လူမျိုးပါ ပျောက်လီဖို့၊ ယေနန့်ရေ အမျိုးကို စောင့်ထိန်းကတ်ရဖို့အတွက် ယဉ်ကျေးမှုကို အယင်ဆုံး ဖော်ထုတ်ရတတ်ဖို့စွာမာ မင်းရို့ လူငယ်ပိုင်းက တာဝန်အရှိရှိစီယူလို့ လုပ်ကိုင်ရ ကတ်ဖို့ဝေး။ ယင်းပိုင်ယှောင် လုပ်ကတ်စွာမာလည်း အချင်းချင်း ပဋိပက္ခမဖြစ်ရအောင် ရှောင်နိုင် သမျှ ရှောင်””

အေ အရီးအသားကို စာဖတ်ပရိသတ် အများစုက စကားပြောရေယှောင် ရီးထားရေလို့ ဆိုကတ်ဖို့။ အမှန်က အေအရီးအသားရေ အပြောကို အခြီခံလို့ ရီးထားရေ စကားပြင် အရီးအသားတစ်ခုရာ ဖြစ်တေ။ ရခိုင်စကားပြောတတ်တေ ရခိုင်အမျိုးသားတိုင်း ကြီးငယ်မဟူ နားလည်နိုင်ရေ အရီးအသားမျိုး ဖြစ်ပါရေ။ စကားပြောရေပိုင်း ရီးသားစွာ မဟုတ်ပါ။ စကားပြောရေပိုင် ရီးဖို့ မဖြစ်နိုင်လို့ ဘာသာဗေဒပညာသျှင်တိက ဆိုပါရေ။

““အရီးဘာသာစကားဆိုစွာ အခြီခံသဘောအရ အပြောဘာသာစကား၏ ကိုယ်စားပြုချက် ရာဖြစ်တေ။ ယေကေလေ့ အရီးရေ အပြော၏ပုံတူ တုပချက်တစ်ခုဖြစ်ဖို့ ခဲယဉ်းရေ””

အေအဆိုအတိုင်းပင် ပကတိစကားပြောရေပိုင် စာရီးဖို့ဆိုစွာ မဖြစ်နိုင်ပါ။ စကားပြောရေဆိုစွာက ကိုယ့်ရှိ မာ ဖြစ်ပျက်လာရေ ကိစ္စကို ရင်ဆိုင်ဗျာ ချိန်းချင်း ကောက်ပြောရစွာဖြစ်တေ ပြင်ဆင်ဖို့ အချိန်မရ။

ယေဇူးနန့် အစီအစိုင်မကျနိုင်။ တိကျရေ ဝေါဟာရတိကို အခါတိုင်းမရနိုင်။ အပြောဝါကျမာ သုံးရေစကားလုံး တိလေ့ နီရာတကျ မဖြစ်နိုင်။ စာရီးရေဆိုစွာမျိုးက စကားပြောရေပိုင် မဟုတ်။ ကိုယ်ရီးချင်ရေ အကြောင်း အရာ၊ ပြောချင်ရေစကား၊ သုံးချင်ရေ၀ါကျ ကြိုက်တေစာဟန်တိအတွက် ပြင်ဆင်ချိန် လုံလုံလောက်လောက် ရရေ။ အကြောင်းအရာမာဖြစ်ဖြစ်၊ အရီးအသားမာ ဖြစ် ဖြစ် ရှိနောက်ညီအောင် ပြုပြင်နိုင်ရေ။ ယေနန့် စကားပြောရေ ယှောင် စာရီးဖို့ဆိုစွာရေ မဖြစ်နိုင်ရေ ကိစ္စဖြစ်တေ။

အထက်မာ တင်ပြရေ စတုတ္ထအရီးအသားမျိုးရေ စစ်တွေ ခရိုင်သုံးစကားကို အခြီခံဗျာ ကျောက်ဖြူခရိုင်သုံး စကားက အသုံးအနှုန်းအချို့ကို ရောနှောရီးထားရေ အရီးအသားမျိုးဖြစ်တေ။ ရခိုင် စကားပြောတတ်တေ ရခိုင်အမျိုးသားတိုင်း လက်ခံနိုင်ရေ အရီးအသားမျိုး ဖြစ်ပါရေ။ ဇာအတွက်လေးဆိုကေ ရခိုင်ပြည်နယ် ဒေသ ကွဲစကား၂ (ဒေသိယ စကား) အများဟိကေလေး ချုံလို့ကြည့်ကေ ၂ မျိုးရာ ထွက်လာရေ။ တမျိုးက စစ်တွေ ခရိုင်သုံး စကား။ နောက်တစ်မျိုးက ကျောက်ဖြူခရိုင်သုံး စကား။ ရခိုင်ဘာသာစကားဆိုစွာ ယင်း စကားနှစ်မျိုးကို ရီးရဖို့ ဖြစ်တေ။

ယေဇူးနန့် အထက်က အရီးအသားမျိုးရေ အများလက်ခံနိုင်ရေ စံပြရခိုင်အရီးအသားမျိုး ဖြစ်တေလို့ ဆိုနိုင် ပါရေ။

ယေပြီးကေ အရီးအသားမာ သုံးထားရေ ဝေါဟာရတိလေ့ ရခိုင်သားတိ နိစိုင်သုံးနီကတ်စွာဖြစ်ပါရေ။ စာလုံးပေါင်းပုံ စနစ်လေ့ ရခိုင်သားတိ အကျွမ်းဝင်နီရေ မြောက်ဦးခေတ်နှောင်း စာလုံးပေါင်းစနစ် မျိုး ဖြစ်တေ။ မျက်မှောက်ခေတ်အတွက် အရီးအသားသစ်တစ်ခု မသတ်မှတ်နိုင်ခင် အရီးအသားဟောင်းက စာလုံးပေါင်းစနစ်ကို ယာယီလက်ခံ အသုံးပြုသင်ပါရေ။

အေအရီးအသားမာ သဘာဝမကျရေ ရီးဟန်တစ်ခုတော့ ပါပါရေ။ ယင်းရီးဟန်က အရီးဘာသာစကားနန့် ဇာတ်ကောင်ချင်း အပြန်အလှန် အချီအချပြောစကားရို့ မတူစွာကို ပုံပေါ်အောင် ရီးမပြတတ်စွာ ဖြစ်ပါရေ။

အေခေတ် ရခိုင်ဘာသာစကားမာ အရီးနန့် အချီအချပြောရို့ ကွဲစွာကို သဘာဝကျအောင်ပြဖို့အတွက် စာလုံးပေါင်းစနစ်ကို စည်းခြားထားဖို့ လိုပါရေ။ အင်္ဂလိပ်စာအရီးနန့် အချီအချစကားပြောရို့ ကွဲစွာကို ကော်မာသျှေတိနန့် စကားလုံးပုံပြောင်းဗျာ ပြရေပိုင်။ ရခိုင်မာလေ့သော့ ကိုယ့်နည်းကိုယ့်ဟန်နန့် စာလုံးကို ပုံပြောင်းဗျာ ပြနိုင်ပါရေ။ ပုံပြောင်းနိုင်စွာကို သာဓကစိသျှေ ပြပါမေ။ စကားပြင် အရီးအသားမာ ““နောင်းနောင်းကိုင်၊ ရွတ်ရွတ်၊ စိုက်စိုက်၊ ရီအိုးခွက်၊ ဦးရစ်တောင်၊ ပြန်လားခဗျာ”” လို့ ရီးထားစွာကို အချီ အချပြောစကားမာ ““နနောင်းကိုင်၊ ရရွတ်၊ စစိုက်၊ ရီဝခွက်၊ ၀ရစ်တောင်၊ ပြန်လခဗျာ”” လို့ စကားလုံး ပုံပြောင်းဗျာ ရီးနိုင်ပါရေ။

အေဖြည့်စွက်ချက်သျှေကို အထက်က အရီးအသားမာ ပေါင်းထည့်လိုက်ကေ၊ အေအရီး အသားရေ ခေတ်သစ်ရခိုင်စာ အရီးအသားအတွက် နမူနာထားသင့်ရေ အရီးအသားမျိုး၊ အများလက်ခံနှစ်သက်နိုင်ရေ အရီးအသားမျိုး ဖြစ်လာနိုင်ပါရေ။

ပဉ္စမ အရီးအသား


ပဉ္စမတိုင်းသား အေပိုင်ရီးပါရေ။

(အကျွန်ရို့ရေ ကွယ်ပျောက်လုဖြိုက်နီရေ မိမိယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်ဖို့နန့် တချိန်တေး မာ ခေတ်နန့်အညီ တိုးတက်လာစီဖို့လေး ကြံဆောင် ကြိုးပမ်းရတတ်ဖို့ ဖြိုက်ပါရေ။ အေပိုင် ကြိုးပမ်း ကတ်စွာမာ စာပီလက်နက်၊ တေးဂီတ အနုပညာလက်နက်၊ သုခုမလက်နက်တိအပြင် အခြား အခြားသော နည်းပရိယာယ်တိကိုပါ သုံးစွဲပြီး ဖော်ဆောင်လားရဖို့ ဖြိုက်ပါရေ။) အေအရီးအသားကို သုံးသပ်ကြည့်ကေ စတုတ္ထတိုင်သား အရီးအသားနန့် များကာတူနီ စွာကို တွိရပါရေ။ အေအရီးအသားရေ စတုတ္ထတိုင် သားပိုင် အေနိ ရခိုင်အပြောဘာသာစကားမာ အခြီခံဗျာ ရီးထားစွာမျိုးဖြစ်တေ။

ယေကေလေ့ စာလုံးပေါင်းစနစ်မာ စတုတ္ထတိုင်သားနန့် မတူစွာတိ ပါနီရေ။ စတုတ္ထတိုင်သားက မြောက် ဦးခေတ်နှောင်း စာလုံးပေါင်းစနစ်ကို ဆက်ခံထားရေ။ အေတိုင်းသားက ယင်းပိုင် မဟုတ်။ မြောက်ဦးခေတ်နှောင်း စာလုံးပေါင်းက စာလုံးပေါင်းစနစ်ကိုရာ လက်ခံရေ။ တချို့နီရာမာကျကေ၊ အေနိ ရခိုင်အသံထွက်နန့်ညီအောင် စာလုံးပေါင်းစနစ်ကို ထွင်ထားရေ။ “ဖြစ်” ကို “ဖြိုက်”၊ “ယဉ်” ကို “ယိုင်၊ “တည်း” ကို “တေး” ၊ “လည်း” ကို “လေး” ၊ “နည်း” ကို “နေး” လို့ ပျင်ထားရေ။ အေစာလုံးပေါင်းထွင်ရေကိစ္စကို စီစစ်ဖို့ လိုပါရေ။

အရီးဘာသာစကားမာ အက္ခရာရို့၊ စာလုံးပေါင်းရို့ဆိုစွာက အများသဘောတူ သတ်မှတ်လက်ခံ အသုံးချရေ သင်္ကေတတိရာ ဖြစ်ပါရေ။ ယင်းသင်္ကေတတိကို အများသဘောတူ ဖျက်ချင်ရေ ဆိုကေလေ့ ဖျက်လို့ရရေ။ ပြုပြင်ရေဆိုကေလေ့ ပြုပြင်လို့ရပါရေ။ ယေဒါလေ့ ပြုပြင်ပြောင်းလဲစွာမာ အကြောင်းအကျိုးညီဖို့တော့ခါ လိုအပ်ပါရေ။ ယင်းပြုပြင်တီထွင်လိုက်တေ သင်္ကေတသစ်ကို လူအများက လက်ခံအသုံးချအောင် လုပ်ပီးဖို့လေ့ လိုပါသီးရေ။ အများလက်ခံလာအောင် လုပ်ဖို့ဆိုစွာ လွယ်ရေကိစ္စ မဟုတ်ပါ။ အများသိအောင် လုပ်ဖို့ဆိုစွာ လွယ်ရေကိစ္စမဟုတ်ပါ။ အများသိအောင် နီရာတိုင်းမာ အခွင့် ရတိုင်း သုံးပီးဖို့ လိုပါရေ။

ယင်းပိုင်မဟုတ်ကေ အကျိုးမဟိနိုင်ပါ။ အချိန်ကုန်၊ ငွေကုန် လူပင်ပန်းစွာရာ အမြတ်ထွက်လာဖို့ ဖြစ်ပါရေ။

အထက်က စာလုံးပေါင်းသစ်တိကို သုံးသပ်ကြည့်ကေ၊ အကြောင်းအကျိုးညီညွတ်တေ စာလုံးပေါင်းတိ ပါပါရေ။ “ယဉ်” ကို “ယိုင်” လို့ ပျင်ထားစွာ။ “လည်း” ကို “လေး” လို့ ပျင်ထားစွာတိရေ အများနှစ်သက် လက်ခံနိုင်ရေ စာလုံးပေါင်းမျိုး ဖြစ်ပါရေ။ ယေဒါလေ့သော့ “ဖြစ်” ကို “ဖြိုက်” လို့ ထွင်စွာကတော့ခါ အကျိုးမဟိရေ ပြုပြင်ချက်တိရာ ဖြစ်ပါရေ။ ဇာအတွက်လေ့ဆိုကေ “ဖြစ်” ကို “အိုက်” သရသံထွက်စီချင်လို့ “ဖြိုက်” လို့ ထွင်ကေလေ့ တချို့ဒေသမာ “ဖြိုက်” ကို “ဖြိတ်” လို့ရာ အသံထွက်ဖို့ဖြစ်တေ။ ယေနန့် နဂိုအတိုင်းထား စွာက ပိုကောင်းပါရေ။

အတိုနန့်ပြောရကေ အထက်က အရီးအသားမျိုးရေ တချို့ စာလုံးပေါင်း စနစ်ကလွဲကေ စတုတ္ထအရီးအသား ပိုင် အများနှစ် သက်လက်ခံနိုင်ရေ ခေတ်မီအရီးအသားမျိုး ဖြစ်ပါရေ။

နိဂုံး

အားလုံး ခြုံကြည့်ကေ အထက်မာတင်ပြခရေ အရီးအသား ၅ မျိုးမာ စတုတ္ထအရီးအသားနန့် ပဉ္စမအရီး အသားရို့ရေ ဘာသာဗေဒနည်းနန့် ကိုက်တေ အရီးအသားတိ ဖြစ်ပါရေ။ အမှန်က စာလုံးပေါင်းနည်း တချို့ကလွဲကေ ယင်းအရီးအသား ၂-ခုရေ အခြီခံလေ့ အတူတူ၊ ရီးပုံရီးနည်းလေ့ အတူတူရာ ဖြစ်တေ။ အေ အရီး အသား ၂-မျိုးကို တစ်ခုတည်းဖြစ်အောင် ညှိဗျာ၊ ကလောင်သျှင် အပေါင်းက လက်လှမ်းမီရေ ရခိုင် စာစောင်တိမာ တညီတညွတ် ရီးပီးကတ်ဖို့ဆိုကေ ခေတ်မီရခိုင်စာ အရီးအသားတစ်ခု အောင်မြင် ဖြစ်ထွန်း လာဖို့ ထင်ပါရေ။ အေပိုင် အောင်မြင်လာကေ တစ်မျိုးသားလုံး လက်ခံရေစာ အရီးအသားတစ်ခု သတ်မှတ်နိုင်ဖို့ ဖြစ်ပါရေ။

မောင်ဗသိန်း

ရခိုင်စာအရီးအသားနှင့် ပြဿနာများ စာအုပ်မှ-

No comments:

Post a Comment