ဘ၀အမြင်

တစ်ရက်နိခါ ချမ်းသာရေသူဌေးတစ်ယောက်က (၇)နှစ်အရွယ် သားချေကို ဆင်းရဲသားတိ အတိ ဒုက္ခကို မြင် သိစီဖို့နန့် လက်ရှိချမ်းသာရေဘ၀ကိုအားကျစီချင်ရေ ရည်ရွယ်ချက်နန့်ဆင်းရဲရေရွာချေတစ်ရွာကိုခေါ် လား ခ ပါရေ။ ရွာပြင်က လယ်သမားမိသားစု အိမ်ချေ တစ် အိမ် မှာ တစ်ရက်နားဗျာလ်ညဥ့် အိပ်ကတ်ပါရေ။

ရွာကပြန်လာလို့ အိမ်ကိုပြန်ရောက်တေခါ အဖသည်က “အဝေ သားချေ၊ ပါပါရို့ခရီးထွက်ခစွာက ဇာအတွီ့ အကြုံတိရခလေ” လို့မိန်း လိုက်တေ။

သားချေက “ကကောင်း ကောင်းရေ အတွီ့အကြုံတိရခပါရေ၊ ပါပါ” လို့ပြန်ဖြေလိုက်ပါရေ။

“ယင်းလူတိ ဘလောက်ဆင်းရဲလေဆိုစွာကို သားချေ မြင်ခရေမနား” လို့ အဖသယ်က မိန်းလိုက်တေ။

ယင်းခါ ”မြင်ခပါရေ ပါပါ” လို့ သားချေက ဖြေလိုက်တေ။

“ပါပါကို မြင်ခရစွာတိ ပြောပြစမ်” လို့ အဖသယ်က မိန်းလိုက်တေ။


ယင်းခါသားချေက”သားချေရို့အိမ်မှာပေါက်စနချေအမွှီးစုတ်ဖွားနန့် ခွီးချေတစ်ကောင်ရာရှိပါရေ။ ယင်းအိမ် မှာ ခွီးအကြီးသန် လေးကောင်တောင်ရှိပါရေ။”

“သားရို့အိမ်ရှေ့ကပန်းခြံထဲမှာရီဘန်းချေတစ်ခုရာရှိကေလေ့ယင်းအိမ်မှာ အဆုံးအစမရှိရေ ချောင်းချေ တစ် ခုက ဖြတ်စီးနိန်ပါယင့်”

“သားရို့အိမ်ရှေ့မှာ ဓါတ်မီးတိုင်တိ ထွန်းဗျာလ်ညဥ့်အလင်းရောင်ပီးထားရကေလေ့ ယင်းအိမ်မှာ ထောင်   သောင်းချီရေ ကြယ်စင်တိနန့် ၀ိုင်းဝန်းအီးမြနိန်ရေ လတစ်စင်းက အလင်းရောင်ပီးထား ပါ ယင့်”

“သားရို့ပိုင်ရေခြံကို တပ်ထရံတိကာဗျာလ် နယ်နိမိတ် ပိုင်းခြားထားကေလေ့ ယင်းတိုင်သားတိခြံက တော့ ခါ ထိုးမိုးကုတ်စက်ဝိုင်းထိတိုင် ဘောင်ခတ်ထားစွာကို မတွီ့ခရပါ။”

အဖသယ်မှာ သားပြောရေစကားကို နားထောင်ပနာ ငေးနိန်မိပါရေ။ ပြန်ပြောဖို့ စကားလေ့ ရှာမရပါ။

“သားရို့ဘလောက်ဆင်းရဲလေဆိုစွာကို သားကိုခေါ်ပြပီးလို့ပါပါကိုကကောင်းကျေးဇူးတင်ပါရေ” လို့ သားက ပြန်ပြောလိုက်ပါရေ။

ဇာအကြောင်းအရာကိုမဆို ကြည့်ရေလူအမြင်နန့်ရာ ဆိုင်ပါရေ။လူအားလုံးအမြင်တူဖို့ဆိုစွာမ ဖြစ်နိုင်ပါ။လူ တိစွာ ဇာအကြောင်းအရာကိုမဆို ယင်းလူဖြတ်သန်းလာခရရေ ဘ၀အမြင်နန့်ရာဆုံးဖြတ် တတ် ကတ်ပါရေ။ လူတိုင်း ဖြတ်သန်းလာခရရေ ဘ၀ခရီးမတူရေအတွက်နန့် ဘ၀ အမြင်တိလေ့ တူနိုင် ဖို့ မဟုတ်ပါ။

ဘ၀ကို နနာဖြတ်သန်းဖူးရေ လူတိဆုံးဖြတ်ချက်က အမှန်နန့်အနီးစပ်ဆုံးအဖြေကိုထုတ်နိုင် ပါကေလေ့ တသ မတ် ဘ၀လမ်းကို ဖြတ်နိန်ရေ လူတိဆုံးဖြတ်ချက်က အဖြေ မှန်နန့် ၀ီးနိန်ပါ လိမ့်မယ်။

ဘ၀မှာမှန်ကန်ရေဆုံးဖြတ်ချက်တိကို ချက်မှတ်နိုင်ဖို့ ဘ၀အမြင် အကျယ်ပြန့်ဆုံးကျယ်ပြန့် အောင် ကြိုးစား ကတ်ပါမေ သူငယ်ချင်းရို့…။

KWKhaing(AMP)

No comments:

Post a Comment