ကြိုးသုံးချောင်းတီးရေ ဂီတသံစဉ်

၁၉၉၅ခုနှစ်မှာ နာမည်ကြီးတယောဆရာ အဲ့ဇ ဟတ် ပါလ်မန်း(Itzhak Perlman)နယူးယောက်မြို့ လင်ကွန်း စင်တာ အဲလ်ဗာရီဖဲ့ချာခန်းမ (Avery Fisher Hall) မှာဂီတ ဖြေ ဖျော် ပွဲ တစ်ခု တင် ဆက်ခပါရေ။ ပါလ်မန်း ကပိုလီယိုရောဂါသယ်ဖြစ်လို့ ဖျော်ဖြေဖို့စင်မြင့်ထက်ကိုတရွိ့ရွိ့နန့်ဒရွတ် တိုက် ဆွဲ လားနိန်ရပါရေ။ တယော ထိုးဖို့ခုံထက် ကို ရောက် တေ အခါ ဂျိုင်း ထောက် နှစ် ဖက်က ဘေး ဖယ်၊ခြီ မှာ ကပ်ထား ရေ ဒေါက် တိ ကို ဖြုတ် ၊ ခြီ ထောက် တိကိုလက်နန့်ဆွဲ ပနာအနိန်ချရ ပါရေ။ ပရိတ် သတ် ကတော့ခါပါလ်မန်းလုပ်နိန် သမျှကို စိတ်ရှည် လက် ရှည်နန့် တတိတ်ဆဆိတ် ငေးကြည့်နိန် ကတ်ပါရေ။ ပါလ်မန်းကတယောကိုဆွဲ ယူပ နာတစ် ချက်နှစ်ချက်ထိုးကြည့်ပါရေ။ အပြီးကေ တီးဝိုင်း ဆရာ ဖက်ကိုလှည့်ပနာအဆင်သင့်ဆိုရေသဘော နန့်ခေါင်း ညိတ်ပြ လိုက်ပါ ရေ။ ပရိတ်သတ်ကတော့ခါကမ္ဘာကျော် တယော ဆ ရာ ထိုးရေ ဂီတ သံ စဉ်ကို နားထောင် ဖို့မီးကိုရီနန့် သတ်ပလိုက်တေပိုင် တိတ်ဆိတ် ငြိမ် သက် လားပါယင့်။

တယောစထိုးလိုက်လို့လက်ကွက်နှစ်ကွက်လောက်ရာရှိပါသိမ့်ရေ။“ဒေါက်”ဆိုပနာတယောကြိုးတစ်ပင် ပြတ် လား ခပါရေ။

ပရိတ်သတ်နားထဲမှာတော့ မိုးကြိုးပစ်သံကိုကြားရလိုက်တေပိုင်ပါ။ ပရိတ်သတ်တိက တယော အသစ်တစ်ခု မဟုတ်ကေ ကြိုးအသစ်တစ်ချောင်းလှဲဖို့အတွက် ပါလ်မန်းလားဖို့လာဖို့ကြာရေအချိန်ကိုမှန်းဆပနာစိတ်ပျက် လားကတ်ပါရေ။
ယကေလေ့ ပါလ်မန်းစွာ ပရိတ်သတ်တိထင်ထားစွာပိုင်လုံးဝမလုပ်ခပါ။ပါလ်မန်းတုံ့ခနဲ တစ်ခေါက် ရပ် လားခ ပါရေ။ မျက်စိကိုမှိတ်ပနာ တနားငြိမ်လားပါရေ။ အပြီးကေ တီးဝိုင်းဆရာကို ပြန်တီး ဖို့ အချက်ပြ လိုက်ပါရေ။ သံစုံတီးဝိုင်းကြီးကလည်း ရပ်လားခရေနိန်ရာကပြန်ဆက်တီးပါရေ။ ပါလ် မန်း က တယောကို ကိုယ်စိတ်ထပ်တူထပ်မျှ ကျပနာ စွမ်းအားပြည့် ပြန်ထိုးလိုက်ပါရေ။ တကမ္ဘာ လုံးက ကြိုးသုံးချောင်းနန့် တယောထိုးလို့ မဖြစ်နိုင်ဆိုစွာကို ပါလ်မန်းက မသိချင်ယောင် ဆောင်ပနာ မျက်ကွယ်ပြုလိုက်ပါရေ။

နောက်ဆုံးတယောသံရပ်လားရေအချိန်ထိတခန်းလုံးတိတ်ဆိတ်ငြိမ်သက်နိန်ပါရေ။ပရိတ်သတ်တစ်ယောက် လက်ထဲက ရီဗူးပြုတ်ကျသံ”ဒိန်း” ခနဲ အသံ  ခန်းမတစ်ခုလုံးကို ပျံ့နှံ့လာမှရာ ပရိတ် သတ်တိ အသက် ၀င်လာကတ်ပါရေ။ လက်ခုသြဘာသံတိက ခန်းမထဲမှာ မဆုံးနိုင်အောင် ပျံ့ ထွက် လာပါရေ။ ရင်ထဲက အံ့သြမှုကို မထိန်းနိုင်လို့ အော်သံကျွီးသံတိပါ ရောယောင်ပါ နိန် ပါယင့် ။ မျက် ရည်သုတ်ပနာ လက်ခုပ် သြ ဘာပီးရေလူတိက မရွီမတွက်နိုင်အောင်ပါ။

ယင်းနိ့က ပါလ်မန်းတီးခရေ ကြိုးသုံးချောင်းတယော ဂီတသံစဉ်လောက်ကောင်းရေဂီတလက်ရာစွာ ကမ္ဘာမှာ တခါလေ့ မရှိခဖူးပါ။

ပါလ်မန်းစွာ အပြုံးမျက်နှာထက်က ချွေးတိကိုသုတ်ပနာပရိတ်သတ်တိကိုငငြိမ်နိန်ကတ်ဖို့လက်ပြလိုက် ပါရေ။ အပြီးကေ တည်ငြိမ်အီးချမ်းရေ မျက်နှာနန့် ” လုံးဝမဖြစ်နိုင်ရေအချိန်မှာဂီတသံစဉ်တစ်ခု ကိုရအောင် ဇာပိုင် ညှစ်ထုတ်ရဖို့လဲဆိုစွာ အနုပညာသမားတိ တာဝန်ပါ။” လို့ပြော လိုက်ပါရေ။

ဘ၀သင်ခန်းစာ ။       ။ ကျွန်တော်ရို့စွာလည်း တယောဆရာတိပိုင်ဗျာလ် ဘ၀မှာ ဇာကိုလုပ်လုပ် ကြိုးလေးပင်နန့်တီးရရေ တယောပိုင် သံစဉ်ကောင်းဖို့အတွက် အစစအရာရာ ကိုပြင်ဆင် လား ကတ်ပါ ရေ။ လုပ်ယင်းကိုင်ယင်း ပြင်ယင်းဆင်ယင်းနန့်တယောကြိုးတစ်ပင် ပြတ်လားခရေပိုင်၊ ကိုယ်အားကြိုးမာန် တက် ပြင် ဆင်ထားစွာတစ်ခု ကိုယ့်ဘ၀မှာ မချွတ်ယွင်းနိုင် မပြည့်စုံလာနိုင်လို့ ဇာသူ ပြောနိုင်ပါဖို့လဲ။ မပြည့် စုံကေပင် ငါ့အလုပ်မဖြစ်နိုင်ဗျာလ်လို့ထင်မှတ်နိန်ကတ်ဖို့အစားပါလ်မန်းတီးလားခရေပိုင်ရှိစွာနန့် အ ကောင်း ဆုံး ကိုလုပ်လားကတ်ပါမေ။

ကြိုးသုံးချောင်းနန့်တီးလိုက်တေ ဂီတသံစဉ်စွာ ကြိုးလေးချောင်းနန့်ပုံမှန်တီးနိန်ရေ ဂီတသံစဉ်ထက် အဆ ထောင်သောင်းပိုကောင်းပနာ ဘ၀ဂ်ထိတိုင်အောင် ချီးကျူးသြဘာခံရနိုင်ရေဆိုစွာကိုသတိပြု ကတ်ပါ။ လုံးဝ မဖြစ်နိုင်ရေအချိန်မှာ အကောင်းဆုံးဂီတသံစဉ်တစ်ခုကို ရအောင်ညှစ်ထုတ်ရဖို့စွာက ကျွန်တော်ရို့ တာဝန်ပါ သူငယ်ချင်းရို့…။

KWKhaing(AMP)

1 comment:

  1. မောင်တောသားJanuary 14, 2012 at 10:12 AM

    ” လုံးဝမဖြစ်နိုင်ရေအချိန်မှာဂီတသံစဉ်တစ်ခု ကိုရအောင် ဇာပိုင် ညှစ်ထုတ်ရဖို့လဲဆိုစွာ အနုပညာသမားတိ တာဝန်ပါ။”

    ReplyDelete