အမိ ဈီးက ငါးပလိုင်းဆွဲဗျာလ်အလာ
အိမ်ဝကစောင့်ဗျာလ် တိုင်ပြောစွာက
ခြောက်နှစ်သားချေ မောင်ကောင်းဇံ။
” မေမေ၊ ညီချေ အုတ်နံရံအသစ်မှာ
နှုတ်ခမ်းနီတိနန့် စာတိရီးပလိုက်ပါရေ၊
ကောင်းကောင်း ပြောလို့လေ့ မရပါ။”
ဝုန်းခနဲ ရင်ဝကို ဒေါသကလာဆောင့်ရေ။
အုတ်နံရံဆီးသုတ်စွာ နှစ်ပတ်တောင်မပြည့်သိမ့်။
” ဇာမှာလေ ငအောင်ဇံ”
နာမည်အော်ခေါ်လိုက်စွာနန့်
တန်းခါးနောက်က ကလာကာ တုန်နိန်စွာကိုမြင်လိုက်ရရေ။
စိတ်ပပေါက်နန့် လေးနှစ်သားမျောက်ချေကို
နာနာချေ ငါးခါ ခြောက်ခါ လက်ဝါးနန့် သတ်ပလိုက်တေ။
ပြန်ဆီးသုတ်ရဖို့ ကုန်ကျစရိတ်ကိုတွက်ယင်း
ပေနိန်ရေ အုတ်နံရံကိုကြည့်ဖို့ အိမ်ထက်ကိုတက်လာရေ။
အုတ်နံရံကိုမြင်လိုက်စွာနန့် မျက်ရည်တိ တသောသောကျလာရေ။
ခေါင်းထဲမှာ မိုက်ခနဲဖြစ်ဗျာလ် ရင်ဝက အောင့်လာရေ။
အုတ်နံရံမှာ နှုတ်ခမ်းနီနန့် မရီးတတ် ရီးတတ် ရီးထားစွာက
ကကြီး ခခွေ တတ်ခါစသားချေ ရီးထားရေ ပထမဆုံး ၀ါကျ။
ယူကြုံးမရဖြစ်ဗျာလ် အဖသယ်ကိုပြောလိုက်လို့
နောက်ထပ် အေအမှားမျိုးမမှားစီဖို့
ဓါတ်ပုံဘောင်အလွတ်တစ်ခုနန့် ယင်းစာကိုအခုထိ ဘောင်ခတ်ထားပါယင့်။
ဘ၀သင်ခန်းစာ။ ။ ဇာအကြောင်းအရာကိုမဆို ဇစ်မြစ်နန့် အကျိုးအပြစ်ကိုမသိရသိမ့်ခင် အယင်စလို မဆုံးဖြတ်ပါကေ့ သူငယ်ချင်းရို့…။
KWKhaing(AMP)
No comments:
Post a Comment