ရခိုင်ဘလော့ဂ်ဂါရို့တာဝန်က ဇာချင့်လဲ


၂၁ ရာစု အိုင်တီခေတ်မှာ အသစ်ပေါ်လာရေ ဘလော့ဂ်ယိုင်ကျေးမှုကို ဒေနိန့်ကာလမှာဟိရေ ကွန်ပျူတာ နန့် အသက်ဆက်နိန်ကတ်တေ မျိုးဆက်နန့် လူတိုင်းက ကြားဖူးနားဝဟိပနာ သဘောပေါက်နားလည် ထား ကတ်ပြီးသားလို့ ယုံကြည်ပါယင့်။ ဘလော့ဂ်စွာ လူတယောက်၏ကိုယ်ပိုင်နယ်ပယ် ပုဂ္ဂိုလိကစာမျက်နှာ ခံစား ချက် ထင်မြင်ယူဆချက်တိကို ဖွင့်အန်ချပြရေ နီရာသစ်တခု တသီးပုဂ္ဂလဒိုင်ယာရီမှတ်တမ်းချေ ဆိုစွာ အ ပို ပြောစရာလိုလီဖို့ မထင်ပါ။

ယင်းအတွက်နန့် ဘလော့ဂ်စာမျက်နှာတိစွာ လွတ်လပ်တေ စူးရှရေ။ ရွီးရေ လူ ကိုမှီတည်လို့ ရွီးလိုက်တေ အကြောင်းအရာတိက ဆန်းသစ်တောက်ပရေ။ ကမ္ဘာ့သတင်း ကွန်ယှက် ကြီး တိ နန့်ပါ ဆက် ထားရေ အ တွက် ကမ္ဘာ့ရွာအနှံကိုပျံနှံ့ လွယ်ရေ။ ကိုယ်လိုချင်ရေ ပုံစံကို တပြားလေ့ အကုန်အကျခံစရာမလိုပဲ ဖန်တီးပုံ ဖော်နိုင်လို့ ဘလော့ဂ်ဂါလောကကြီးကဇကုန်တိုးတက်ကျယ်ပြန့်ပါလတ် တေ။

ယကေလေ့ အဂုကာလမှာ ရခိုင်ဘလော့ဂ်တိက ရာဂဏာန်းလောက်တောင် မပြည့်သိမ့် လို့ ပြော ကတ် ရ ပါဖို့။ ရခိုင်သားလူဦးရေနည်းရေပိုင် စီးပွါးရေး နိုင်ငံရေး လူမှုရေးအရ ဘက်ပေါင်းစုံက ဖိနှိပ်ခံနိန်ရရေ ဆိုး ကျိုး တိကြောင့် ပညာရေးဆိုင်ရာ နောက်ကျမှု နည်းပညာပိုင်းဆိုင်ရာနောက်ကျမှု အတွေးအခေါ်ပိုင်း ဆိုင် ရာေ နာက်ကျမှု စူးစမ်းဖန်တီးချင်ပြီးကေ အသစ်အဆန်းကိုရှာချင်ရေစိတ်တိအားပီးမခံရမှု စရေ အားနည်း ချက် တိက ဒေါင့်ပေါင်းစုံက အဟန့်အတားတိလုပ်နိန်လို့ အေပိုင်ကြန့်ကြာနှောင့်နှေး မဖွံ့ဖြိုး ရခြင်းဖြစ်တေ လို့ သုံးသပ်ကတ်ရဖို့ ထင်ပါရေ။ အယင်ထက်စာကေ တဖြည်းဖြည်းနန့်များပါလတ်တေ ရခိုင် ဘလော့ဂ်တိ ကို တွိလာနိန်ရခြင်းက တိုးတက်ခြင်းလမ်းစလို့ရာ ဖြေသိမ့်ကျေနပ်ကတ်ရပါဖို့။ အကြောင်း အရာတိ ရွီး သား ဖော် ပြမှု ကိုယ်ပိုင်စံ ကိုယ်ပိုင်ဟန်နန့် ထူးခြားရေ အသွင်သဏ္ဍာန်တိ ပေါ်လွင်ရေ အရောင်စုံ ဘလော့ဂ် တိ ရှားနီသိမ့်ကေလေ့ လားကြည့်ဖတ်ကြည့်လို့ကောင်းရေ ရခိုင်ဘလော့ဂ် တိ ပေါ် လာခြင်းက ရခိုင်တိ မညံ့ ကြောင်းကို ဖော်ထုတ်ပြသနိန်ခြင်းပင် ဖြစ်ပါရေ။

လက်ဟိရခိုင်လူ့အဖွဲ့ အစည်းမှာ ဖြစ်ပျက်နိန်ရေ အကြောင်းအရာတိ ကမ္ဘာ့လူ့ဘောင်ထဲက သတင်း အချက် အလက် ဗဟုသုတတိ ပညာရပ်ပိုင်းဆိုင်ရာ စာအုပ်စာတမ်းတိ အနုပညာဖျော်ဖြေရေး ရုပ်သံဗီဒီယို ဂီတ တေးခြင်းတိ အစဟိစွာတိအားလုံးကို ဖလှယ်နိုင်ရေ မျှဝီခံစားနိုင်ရေ အလုပ်တိကို လုပ်ကိုင်ဆောင် ရွက်ပီး နိန်ရေ ဘလော့ဂ်ဂါတိ အကျိုးကျေးဇူးက ကြီးမားရေလို့ ပြောရပါဖို့။ ရခိုင်ရို့ ခေတ်သစ်စာပီ ဖွံ့ ဖြိုး တိုးတက် လာရေးကိုပါ တဖက်တလမ်းက ထမ်းဆောင်ပီးနိန်လို့ ရခိုင်ဘလော့ဂ် ဂါရို့ တာဝန်က ပိုလို့ကြီး ပါလတ်ပါရေ။ ယကေလေ့ ဇာနီရာပင်မဆို အကန့်အသတ် အတား အဆီးက ဟိနီ တတ်လို့ ဘလော့ဂ် ဂါတိ လုပ်နိုင်ရေ လက်တံကလေ့ သူ့ စည်းနန့် သူ ဟိနိန်ပါရေ။

ဥပမာပီးရဖို့ဆိုကေ ဘလော့ဂ်စာမျက်နှာထက်မှာ တရားစီရင်လို့မရနိုင်ပါ။ ကျွန်တော့်ဘလော့ဂ်ကို လာ ဖတ် တေ အာဂန္တုတယောက်ကဆိုကေ ရခိုင်ဘလော့ဂ်ဂါတိပေါင်းပနာ ရခိုင်အမျိုးသားနိနန့်ရခိုင်အောင် လံတော် အကြောင်းတိကိုပါ ဆွေးနွေးဆုံးဖြတ်ကတ်ဖို့ ပြောလာပြန်ရေ။ အလွတ်သဘော ပို့စ်တင်ပနာ ကိုယ့်သဘော ထား ဆန္ဒကိုထုတ်ဖော်ပြလို့ ရကေလေ့ တမျိုးသားလုံးနန့်ဆိုင်ရေ ကိစ္စကို ဘလော့ဂ် စာမျက်နှာထက်မှာ ဆုံး ဖြတ်ချက်ချဖို့ ဆိုစွာက ဖြစ်နိုင်ဖို့မဟုတ်ပါ။ အေချင့်စွာ လူထု လူတန်း စားအားလုံးကို ကိုယ်စားပြုရေ နိုင်ငံ ရေးပါတီအဖွဲ့ အစည်းတိနန့် တိုက်ရိုက်သက်ဆိုင်နီရေ နိုင်ငံရေးကိစ္စဖြစ်တေပိုင် ရခိုင်လူထုညီလာခံ ခေါ်ပနာ အတည်ပြုပြဌါန်းကတ်ရဖို့ အပိုင်းရာဖြစ်ပါရေ။ ၀မ်းနည်းဖို့ ကောင်းစွာတခုက ရခိုင်နိုင်ငံရေး တော်လှန်ရေး ပါတီ အဖွဲ့အစည်းတိရေ ၂၁ ရာစု လူထုမီဒီယာနန့်  အလှမ်းဝီးနီစွာ ကို မြင် တွိနီကတ်ရရေ။ ပါတီ အဖွဲ့ အစည်းတိ တည်ထောင်ပါ လတ်စွာ နှစ်ကာလ တိကြာ လာကေလေ့ လူထု ဆက်ဆံစည်းရုံးရေးနန့် သတင်း အချက်အလက်ဖြန့်  ၀ီရေး အပိုင်း မှာ အားနည်းနီစွာကို တွိကတ်ရရေ။ တချို့ ပါတီအဖွဲ့အစည်းတိ ဆိုကေ ကိုယ်ပိုင်ဝက်ဆိုဒ်ချေ တခုတောင် လွှင့်တင်မထားနိုင်ကတ်စွာကို တွိရလို့ စိတ်မ ကောင်းဖြစ်မိရေ။

ကျိန်းသီနီစွာတခုက ဘီလူးစည်း လူ့စည်းဆိုရေ စကားပိုင် သူ့ တာဝန်နန့် သူ လုပ်ကတ်လားကတ်ရပါဖို့။ ဘ လော့ဂ်ဂါတယောက်စွာ နိုင်ငံရေးပါတီတိ၏၀ါဒဖြန့်ချီရေးအပိုင်းကို တာဝန်ယူပနာ လုပ်ပီးချင်မှလေ့ လုပ် ပီး နိုင်ပါဖို့။ စာဖတ်တေလူတိ နားမျက်စိပွင့်ဖို့ နိုင်ငံရေးအကြောင်းအရာတိကို ဘလော့ဂ်စာ မျက်နှာ ထက်မှာ ရွီးနီကေလေ့ နိုင်ငံရေးပါတီအဖွဲ့ အစည်းတိနန့် ဆက်စပ်မှုမဟိ အဖွဲ့ဝင်မဟုတ်ကေ နိုင်ငံရေးအလုပ်တိကို လုပ်ရဖို့လို့ လာပြောလို့ ရနိုင်ဖို့ မဟုတ်ပါ။ တာဝန်ကို ခွဲခြားသိမြင်တတ်မှုရေ လူ့အဖွဲ့အစည်းအတွက် အရေး ကြီးရေ ကျင့်ဝတ်တခုပင် ဖြစ်တေလို့ ယူဆမိလိုက်ပါယင့်။ ။ ။

ခိုင်အောင်အောင်
၂၄၊၀၅၊၂၀၀၉

No comments:

Post a Comment