အပြစ်မဲ့အမှား


ဖြောင့်စင်းနေတဲ့ တုတ်တစ်ချောင်းကို
ရေဇလုံတစ်ခုအတွင်း
သက်ဆင်းနစ်မြှပ်စေတဲ့အခါ…
ရေထဲနစ်နေတဲ့တုတ်အပိုင်း
နဂိုအတိုင်းမနေ
မူလအခြေပျောက်ပျက်ပြီး
ကွေ့ကောက်တဲ့အသွင်နဲ့
အမြင်မှားရခြင်းဟာ…
ရေမှာအပြစ်ရှိသလား?
တုတ်မှာအပြစ်ရှိသလား?
မျက်စိမှာအပြစ်ရှိသလား?

              စစ်တွေ-ညိုသန့်

No comments:

Post a Comment