ဆရာတော်ဦးဥတ္တမအကြောင်း


ဆရာတော်ဦးဥတ္တမ (ငယ်နာမည်-ပေါ်ထွန်းအောင်)ကို ၁၈၇၉၊ ဒီဇင်ဘာလ (၂၇)ရက်တွင် ရခိုင်ပြည်နယ် စစ်တွေ မြို့၊ ရူပရပ် အဖဦးမြ၊ အမိ ဒေါ်အောင်ကျော်သူ ရို့မှ မွီးဖွားပီးခသည်။ သက်တော် (၁၆) နှစ် အရွယ် မှာ မိဘများက မောင်သျှင်ဝတ်ပီး သဖြင့် ရှင်ဥတ္တမဟူသော ဘွဲ့နာမည်တွင်လာသည်။ နက်နဲရေ ပိဋ္ဋ ကတ် စာပီ များကို ပခုက္ကူမြို့ ရေစကြိုတိုက်တွင် လည်းကောင်း၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် လည်း ကောင်း ဆည်းပူး လေ့လာခဖူးသည်။ အိန္ဒိယနိုင်ငံတွင်ရှေးခိုက် အမျိုး သားကောလိပ်တစ်ခုမှာ ပါ ဠိနှင့် ဗုဒ္ဒဘာသာ စာပီဆိုင်ရာ ယာယီပါမောက္ခအဖြစ် ဝင်ရောက်ဆောင် ရွက်ခ သည်။ အိန္ဒိယတွင် ဟိန္ဒူမဟာဆပ်ဗာ အသင်း ကြီး၏ ဥက္ကဌအဖြစ် ရွေးကောက် တင်မြှောက်ခံ ခရသည်။

အိန္ဒိယနိုင်ငံတွင်၈ နှစ်ကြာနီထိုင်ခပြီးနောက် ပြင်သစ်နိုင်ငံသို့ပညာသင်လားရောက်ခသည်။ ပြင်သစ်နိုင်ငံ တွင် သင်ကြားနီစဉ် ရုရှား-ဂျပန်စစ်ပွဲ (၁၉ဝ၄-ဝ၅) တွင် ဂျပန်က အင်အား ကြီး မားသော ပြိုင် ဘက် ရုရှား ကို အနိုင်ရလိုက်သည်ကို တွိ့ရပြီး နောက်။ ယင်းအချိန်က အာရှသားရို့အတွက် ဂျပန် သည် ဂုဏ် ယူ စရာဖြစ်သည်လို့ ဆရာတော်ဦးဥတ္တမက ယုံကြည်စွာအတိုင်း ၁၉ဝ၇ ဖေဖော်ဝါရီ ၄ ရက်နိန့်မှာ ရန်ကုန် က ဂျပန်နိုင်ငံသို့ ထွက်ခွာခသည်။ ဂျပန်မှာ ၂ နှစ်ကြာ ပညာသင်ကြားခပြီး ၁၉ဝ၉ ခုနှစ်၌ ဂျပန်တွင် တရုတ်ပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နီရေ ဒေါက်တာဆွန်ယက်ဆင်က ဆရာတော် ကို လေး စားခပြီး တရုတ်ပြည်သို့ သူနှန့်အတူ လိုက်ဖို့ပင့်လို့ တရုတ်ပြည် သို့ လေ့ လာေ ရးအနီ နန့် လားရောက်ခသည်။ ယင်းအချိန်ကပင် ဦးဥတ္တမသည် အာရှအင်အား ကီးနိုင်ငံများ၏ အရေးပါမှု ကို လေ့ လာသိဟိသတိပြုနိုင်ခသည်။
၁၉ဝ၆ မေလမှာ ဖွဲ့စည်းခဲ့သော ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓွကလျာဏယုဝအသင်း၏ နိုင်ငံရေး လှုပ်ရှားမှုများ အရှိန်အဟုန်ရရန် ဆရာတော်ဦးဥတ္တမက ဝင်ရောက်အားပီးကူညီခသည်။ ယင်းအခါက သူရိယ သတင်း စာ မှာ ဆရာတော်၏ နိုင်ငံရေး ဆောင်ရွက်ပုံများကို အထူးအားပီး ဖော်ပြသော သတင်းစာ ကြီး ဖြစ်ခသည်။
ဆရာတော်ဦးဥတ္တမ၏ တိုက်တွန်းချက်ဖြင့် ၁၉၂ဝခုနှစ် ဇူလိုင်လတွင် သံဃာ့သမဂ္ဂ အဖွဲ့ပေါင်း (၃ဝ) ကျော်မှ ကိုယ်စားလှယ်များ အစည်းအဝေးကို ရန်ကုန်မြို့တွင် ကျင်းပနိုင်ခသည် ။ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစိချပီးခရေ အဟုန်ကြောင့် တက္ကသိုလ်ကျောင်းသားများ သပိတ် စတင်မှောက်ကြ သည်။ ယင်းပိုင် မြန်မာပြည်သူများ မကျေမနပ်ဖြစ်နီဂတ်ကေလေ့ မိမိရို့၏ ဆန္ဒကို ဖွင့်ဟ ထုတ်ပြခြင်း မပြုဝံ့ ဖြစ်နီချိန်တွင် ဆရာတော်က ဘုရင်ခံ ကရက်ဒေါက်ပါးကို စာတစ်စောင် ရွီးပို့လိုက်သည်။ ယင်းစာမှာ “ ဆာရယ် ဂျီနယ် ကရက်ဒေါက် မင်း- မြန်မာပြည်က ထွက်လား” ဟုဆိုထားသည်။ အဆိုပါနှင် စာကို သူရိယ သတင်းစာက ထည့် သွင်းဖော်ပြခရာမှာ တစ်တိုင်းပြည်လုံး မျက်လုံးပြူး အံ့အားသင့် လားခရေ။

ဆရာတော် ဦးဥတ္တမသည်၁၉၂၁ ခုနှစ် မတ်လ ၂၃ ရက်နိန့်တွင် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဆူးကလပ်ရွာတွင် “လိပ်အခွံ ခွာရမည်” ဟူသော ခေါင်းစဉ် ဖြင့် တရားဟောပြောမှုကြောင့် မတ်လ ၃ဝ ရက်နေ့တွင် အစိုးရ အကြည်ညိုပျက်အောင် တရားဟောသည်ဟုဆိုကာ ရာဇသတ် ဥပဒေ ပုဒ်မ ၁၂၄ (က) အရ ကျောင်း ကုန်းမြို့နယ်မှာဆရာတော်ကိုအင်္ဂလိပ်အစိုးရက ဖမ်းခသည်။ ဆရာတော် သည် မြန် မာပြည် တွင် နိုင်ငံရေး မှုဖြင့် ပထမဆုံး အပြစ်ပီး ခံရသောသူဖြစ်သည်။ ယင်းပိုင် မြန် မာပြည်သူ အားလုံး အတွက် ကိုယ်ကျိုးစွန့် ပမာ နိုင်ငံရေး မျက်စိဖွင့်ပီးခသူဖြစ်သည်။ ၁၉၂၄ ခုနှစ် အောက်တိုဘာလ တွင် မြို့လုံး ကျွတ်အစည်း အဝေး ကြီးခေါ်၍ “အစိုးရလုပ်စွာမကောင်းလျှင် မကောင်း ဟု ဝေဖန်ခွင့်စွာ လူ့ အခွင့်အရေးပဲ၊ ယင်းအခွင့်အရေး စွာ ငါရို့မှာဟိရမည်။ ယင်းကြောင့် ငုံ့မခံကေ့”ဲ စသော အစိုးရဆန့် ကျင်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့် အရေး တရားတော်ကို အကြီးကျယ် ဟောခသည်။

ယင်းပိုင်ဟောပြောပြီး ၇ ရက်အတွင်းမှာပင် ဆရာတော်စွာ အစိုးရကို ဆန့်ကျင်ပြီး အကြည်ညို ပျက်ပြားအောင် လှုံ့ဆော်ရေဆိုဗျာ ရန်ကုန်တွင် ဖမ်းဆီးခံရသည်။ ဆရာတော်သည် အလုပ်ကြမ်း နန့် ထောင်ဒဏ် သုံးနှစ် ဒုတိယအကြိမ် အပြစ်ပီး ခံခရသည်။

ဦးဥတ္တမသည် ၁၉၂၇ ဖေဖော်ဝါရီလတွင် ၃နှစ်အကျဉ်းကျခံဘဝမှ လွတ်မြောက်လာပြီး မတ်လ (၂ဝ) ရက်နေ့ ၌ ပဲခူးမြို့တွင် ကျင်းပသော သံဃာတော်များသြဝါဒခံ ဦးစိုးသိမ်းကြီး မှူးသော မြန်မာ အသင်း ချုပ် ကြီး (ဂျီစီ ဘီအေ)၏ ၁၄ ကြိမ်မြောက် အစည်း အဝေးသို့ တတ်ရောက်ပြီး သင်္ကန်းရုံကိုဖယ် ၍ ထောင် ဝတ်ထောင်စားဖြင့် မိန့်ခွန်းပြောကြားခသည်။

ဦးစိုးသိမ်းက “ပရိသတ်တိမြင်ဂတ်လား။ မျက်ရည်ကျရုံနှင့် အိမ်ပြန်လားသင့်လား။ အများကြီး အရေးကြီး သည်။ ယခု မျက်ရည်ကျ ခြင်းစွာ အမျိုးသားရေးအတွက် မျက်ရည်ကျခြင်းဖြစ်သည်။သာသ နာတော်ကြောင့် မျက်ရည်ကျခြင်းဖြစ်သည်။ ဘုရားရှင် ခွင့်ပြုသောသင်္ကန်းကို ချွတ်၍ အာဏာတန်ခိုးဖြင့် ဦးဥတ္တမကို ညှဉ်း ပမ်းနှိပ်စက်သည်။ အဂု အချိန်ကစ၍ မိမိအသက်ကို မငဲ့ဘဲ ဆောင်ရွက်ရမည်” ဟု ငို၍ပြောလေသည် ဟု စစ်ကိုင်းဟန်တင်၏ မြန်မာနိုင်ငံတော်မှတ်တမ်း (၃) တွင် ဖော်ပြထားသည်။

မိမိတွင်ရှိသမျှ ဉာဏ်အား ခွန်အားတိနန့် အစွမ်းကုန်ထုတ်သုံးပီးဆပ်ခရေ ဆရာတော် ဦးဥတ္တမသည် ဗမာလွတ်လပ်ရေးမရခင် (၉)နှစ်အလို ၁၉၃၉ခုနှစ်တွင် ပျံလွန်တော်မူလခပါသည်။ ဆရာတော်ပျံလွန်တော် မူရေနိန့်ကို ထိုစဉ်ကရှိခဲ့သော ပြည်သူ့လွှတ်တော်က “ဦးဥတ္တမနေ့” အဖြစ် တရားဝင်သတ်မှတ်ကြေ ညာပေး ခဲ့သည်။ ရွှေတိဂုံ ခြေတော်ရင်း တော်ဖက်မုခ်အနီးရှိ ကန်တော်မင် ပန်းခြံကို “ဦးဥတ္တမ ပန်းခြံ” အဖြစ်သတ် မှတ်ပီးခသည်။ အလားတူ စစ်တွေမြို့တွင်ဦးဥတ္တမပန်းခြံ တခု ပြုလုပ်ပီးခပါ သည်။ ယေကေလေ့ဂနိခါ ကန်တော်မင်ပန်းခြံက “ဦးဥတ္တမ အရုပ်ကိုဖယ်ပနာ မထင်မရှား ဗမာနိုင် ငံရေး သမား ဦးဝိစာရကိုအစားထိုး ပလိုက်ဗျာလ်။ ကန်တော်မင်္ဂလာ ပန်းခြံထဲကဆရာတော် အရုပ် သည်ချောက် ထဲကျနိဂုံးချုပ်လခဗျာလ်။ ............

လန်းဆန်း
မှက်ချက်...(ဆရာတော်လမ်းစဉ်ကိုကြိုက်လို့မဟုတ်..ဒေပိုင်တော်ခရေကိုယ့်အမျိုးသားပုဂ္ဂိုလ်ကြီးတယောက်အကြောင်း ကိုငါရို့မထိန်းသိမ်ကေ ထိန်းသိမ်းဖို့လူမဟိဗျာလ် ဆိုရေစိတ်ဓါတ်နန့် တင်ပီးလိုက်သည်။)

http://thelightofaisa.blogspot.com/2009/09/blog-post_5479.html
http://thelightofaisa.blogspot.com/2009/09/blog-post_1940.html

1 comment:

  1. ကောင်းပါရေ ကော်ပီါ်ကူးပြီးကေ ရှယ်လိုက်ပါရေ

    ReplyDelete